အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ထံမှ အိမ်ငှားလိုပါသလား

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ထံမှ အိမ်ငှားလိုပါသလား - Property News in Myanmar from iMyanmarHouse.com
12 Oct 2022 10:39 am တွင် တင်ခဲ့သည်
540 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပိုင်ဆိုင်သော ဖလော်ရီဒါပြည်နယ်မှ ဘာမြူဒါဗိသုကာဟန် စံအိမ်တစ်လုံးကို အငှားဈေးကွက်တင်ထားရာ ယခုအခါ တစ်လလျှင် ကန်ဒေါ်လာ ၁၉၅၀၀၀ သို့ ဈေးလျှော့ပေးလိုက်ပြီ ဖြစ်သည်။

ထရမ့်၏ နာမည်ကျော် မာရာလာဂို ကမ်းခြေစံအိမ်ကြီးနှင့် ကပ်လျက်တွင် တည်ရှိသော ယခုအိမ်အတွက် ထရမ့်မိသားစုက ငှားခလျှော့ချပေးလိုက်ခြင်းဖြစ်သည့်အပြင် မာရာလာဂိုကလပ်သို့ ဝင်ရောက်ခွင့်လည်း ပါဝင်သည်ဟု ဆိုသည်။

ဘာမြူဒါဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါစံအိမ်ကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်မိသားစု ပိုင်ဆိုင်ထားသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုစံအိမ်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ထရမ့်၏ အစ်မဖြစ်သူ Maryanne Trump Barry က ပိုင်ဆိုင်ခဲ့သည်။

Maryanne သည် အငြိမ်းစား ပြည်ထောင်စုအယူခံတရားရုံး တရားသူကြီးတစ်ဦး ဖြစ်သည်။

နောက်ပိုင်းတွင် Maryanne က အိပ်ခန်း ၈ ခန်းပါ ထိုစံအိမ်ကို ထရမ့်၏သား Eric Trump ကွပ်ကဲသော ကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့သည်။

Eric Trump ၏ ကုမ္ပဏီလိပ်စာမှာ Trump Organization ရုံးချုပ်စိုက်ရာ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်မှ ထရမ့်တာဝါတွင် ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ထိုအရောင်းအဝယ်ဖြစ်ခဲ့ချိန်က Eric Trump ပြောခဲ့သည်မှာ “Palm Beach မှာရှိတဲ့ အကောင်းဆုံးစံအိမ်တွေထဲက တစ်လုံးကို ဝယ်ယူခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်”ဟု ပြောခဲ့သည်။

ယခု လစဉ်ငှားခ ကန်ဒေါ်လာ ၁၉၅၀၀၀ ဖြင့်ဆိုလျှင် ငှားရမ်းမည့်သူသည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့် ပေးရမည် ဖြစ်သည်။

ယခုနှစ် မေလအတွင်းကခေါ်ဈေးမှာ တစ်လလျှင် ကန်ဒေါ်လာ ၂၀၈၀၀၀ ဖြစ်ရာ ထိုဈေးဖြင့်ဆိုလျှင် တစ်နှစ်တာ ငှားခမှာ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့်ရှိမည် ဖြစ်သည်။

ငှားရမ်းမည့်အိမ်မှာ ၂ ထပ်အိမ်ဖြစ်ပြီး အကျယ်အဝန်း ၁၀၄၅၅ စတုရန်းပေရှိကာ ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်အတွင်း စကျင်ကျောက်ပြားခင်းကြမ်းပြင်များ၊ ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများ၊ လူနေ နေရာများစွာ၊ ညစာစားခန်းတို့ပါဝင်ကာ ပင်လယ်ကမ်းခြေနှင့် မျက်နှာစာထိတွေ့မှု ပေ ၂၀၀ ကျော် ပိုင်ဆိုင်ထားကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ဈေးကွက်တင်ပေးသူမှာ Premier Estate Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Margit Brandt ဖြစ်သည်။

ကာလပိုမိုကြာရှည်စွာနေထိုင်လိုသူများအနေဖြင့်လည်း ယခုစံအိမ်ကို ကန်ဒေါ်လာ ၅၉ သန်းဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trumps Cut Price on Florida Rental That Includes Access to Mar-a-Lago Beach Club (mansionglobal)

 

[Zawgyi]

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ထံမွ အိမ္ငွားလိုပါသလား

 

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ပိုင္ဆိုင္ေသာ ဖေလာ္ရီဒါျပည္နယ္မွ ဘာျမဴဒါဗိသုကာဟန္ စံအိမ္တစ္လံုးကို အငွားေစ်းကြက္တင္ထားရာ ယခုအခါ တစ္လလွ်င္ ကန္ေဒၚလာ ၁၉၅၀၀၀ သို႔ ေစ်းေလွ်ာ့ေပးလိုက္ျပီ ျဖစ္သည္။

ထရမ့္၏ နာမည္ေက်ာ္ မာရာလာဂို ကမ္းေျခစံအိမ္ၾကီးႏွင့္ ကပ္လ်က္တြင္ တည္ရွိေသာ ယခုအိမ္အတြက္ ထရမ့္မိသားစုက ငွားခေလွ်ာ့ခ်ေပးလိုက္ျခင္းျဖစ္သည့္အျပင္ မာရာလာဂိုကလပ္သို႔ ဝင္ေရာက္ခြင့္လည္း ပါဝင္သည္ဟု ဆိုသည္။

ဘာျမဴဒါဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ အဆိုပါစံအိမ္ကို သမၼတေဟာင္း ေဒၚနယ္ထရမ့္မိသားစု ပိုင္ဆိုင္ထားသည္မွာ ကာလၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

ယခုစံအိမ္ကို ၂၀၀၄ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ထရမ့္၏ အစ္မျဖစ္သူ Maryanne Trump Barry က ပိုင္ဆိုင္ခဲ့သည္။

Maryanne သည္ အျငိမ္းစား ျပည္ေထာင္စုအယူခံတရားရံုး တရားသူၾကီးတစ္ဦး ျဖစ္သည္။

ေနာက္ပိုင္းတြင္ Maryanne က အိပ္ခန္း ၈ ခန္းပါ ထိုစံအိမ္ကို ထရမ့္၏သား Eric Trump ကြပ္ကဲေသာ ကုမၸဏီတစ္ခုထံ ကန္ေဒၚလာ ၁၈ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

Eric Trump ၏ ကုမၸဏီလိပ္စာမွာ Trump Organization ရံုးခ်ဳပ္စိုက္ရာ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္မွ ထရမ့္တာဝါတြင္ ျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ထိုအေရာင္းအဝယ္ျဖစ္ခဲ့ခ်ိန္က Eric Trump ေျပာခဲ့သည္မွာ “Palm Beach မွာရွိတဲ့ အေကာင္းဆံုးစံအိမ္ေတြထဲက တစ္လံုးကို ဝယ္ယူခြင့္ရတဲ့အတြက္ အလြန္ဂုဏ္ယူမိပါတယ္”ဟု ေျပာခဲ့သည္။

ယခု လစဥ္ငွားခ ကန္ေဒၚလာ ၁၉၅၀၀၀ ျဖင့္ဆိုလွ်င္ ငွားရမ္းမည့္သူသည္ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၂ ဒသမ ၃ သန္းခန္႔ ေပးရမည္ ျဖစ္သည္။ ယခုႏွစ္ ေမလအတြင္းကေခၚေစ်းမွာ တစ္လလွ်င္ ကန္ေဒၚလာ ၂၀၈၀၀၀ ျဖစ္ရာ ထုိေစ်းျဖင့္ဆိုလွ်င္ တစ္ႏွစ္တာ ငွားခမွာ ကန္ေဒၚလာ ၂ ဒသမ ၅ သန္းခန္႔ရွိမည္ ျဖစ္သည္။

ငွားရမ္းမည့္အိမ္မွာ ၂ ထပ္အိမ္ျဖစ္ျပီး အက်ယ္အဝန္း ၁၀၄၅၅ စတုရန္းေပရွိကာ ၁၉၅၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္အတြင္း စက်င္ေက်ာက္ျပားခင္းၾကမ္းျပင္မ်ား၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ား၊ လူေန ေနရာမ်ားစြာ၊ ညစာစားခန္းတို႔ပါဝင္ကာ ပင္လယ္ကမ္းေျခႏွင့္ မ်က္ႏွာစာထိေတြ႔မႈ ေပ ၂၀၀ ေက်ာ္ ပိုင္ဆိုင္ထားေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေစ်းကြက္တင္ေပးသူမွာ Premier Estate Properties အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Margit Brandt ျဖစ္သည္။

ကာလပိုမိုၾကာရွည္စြာေနထုိင္လိုသူမ်ားအေနျဖင့္လည္း ယခုစံအိမ္ကို ကန္ေဒၚလာ ၅၉ သန္းျဖင့္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trumps Cut Price on Florida Rental That Includes Access to Mar-a-Lago Beach Club (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service