အော်စကာ ၄ ဆုရှင် ကလင့်အိစ်ဝုဒ်၏ ၂၂ ဧက အပန်းဖြေစခန်း

အော်စကာ ၄ ဆုရှင် ကလင့်အိစ်ဝုဒ်၏ ၂၂ ဧက အပန်းဖြေစခန်း - Property News in Myanmar from iMyanmarHouse.com
11 Oct 2022 10:16 am တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကလင့်အိစ်ဝုဒ် (မွေး ၁၉၃၀) သည် အမေရိကန်ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယောက်ျားဆန်ဆန် ရုပ်ဖြောင့်သူတစ်ဦးအဖြစ် ယဉ်ကျေးမှုပြယုဂ်ဖြစ်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Carmel-by-the-Sea မြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရကာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကလင့်စ်အိစ်ဝုဒ်၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများတွင် Westerns Hang 'Em High (၁၉၆၈)၊ Pale Rider (၁၉၈၅)၊ အက်ရှင်စစ်ကား Where Eagles Dare (၁၉၆၈)၊ အကျဉ်းထောင်ဇာတ်ကား Escape from Alcatraz (၁၉၇၉)၊ စစ်ကား Heartbreak Ridge (၁၉၈၆)၊ အက်ရှင်ကား In the Line of Fire (၁၉၉၃) နှင့် အချစ်ဒရာမာ The Bridges of Madison County (၁၉၉၅) တို့ အပါအဝင် ဖြစ်သည်။

ကလင့်အိစ်ဝုဒ်သည် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးခဲ့ရာ လျှို့ဝှက်ဆန်းကြယ်ဒရာမာ Mystic River (၂၀၀၃) နှင့် စစ်ကား Letters from Iwo Jima (၂၀၀၆) ဇာတ်ကားများ အပါအဝင်ဖြစ်သည်။

Letters from Iwo Jima ဇာတ်ကားအတွက် အော်စကာဆု အမည်စာရင်းတင်သွင်းခံရသည်။

ကလင့်အိစ်ဝုဒ်သည် အမျိုးသမီး ၆ ဦးနှင့် လူသိထင်ရှား ကလေး ၈ ဦး ရှိသည်။

ကလင့်အိစ်ဝုဒ်သည် သူ၏ သားသမီးအရေအတွက် အတိအကျကို အတည်ပြုရန် ငြင်းဆန်လေ့ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ်မှ ၎င်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Carmel-by-the-Sea မြို့ကလေးမှ Mission Ranch အမည်ရှိ ဟိုတယ်နှင့်စားသောက်ဆိုင်ကို ပိုင်ဆိုင်ထားသည်။

အဆိုပါဟိုတယ်သည် ၂၂ ဧကကျယ်သော မွေးမြူရေးခြံကြီးလည်း ဖြစ်သည်။

ဟိုတယ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ “ကလင့်အိစ်ဝုဒ်သည် ဤအထင်ကရနေရာကို ကွန်ဒို ဆောက်လုပ်မည့်သူများလက်မှ ကယ်တင်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် တမူထူးသော အပန်းဖြေ စခန်းအရသာ ရရှိစေရန် ခြံဝန်းကြီးတစ်ခုလုံးကို မွမ်းမံမှုများ ပြုလုပ်ခဲ့သည်”ဟု ဖော်ပြထားသည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဤခြံဝန်းကြီးရှိ အဆောက်အအုံများကို ဖြိုဖျက်ကာ ကွန်ဒိုမီနီယံ အဆောက်အအုံများ ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များ ရှိခဲ့သည်။

သို့သော ကလင့်အိစ်ဝုဒ်က ထိုသို့ဖြစ်မလာစေရန် တားဆီးခဲ့သည်။

Mission Ranch ဟိုတယ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ “ကလင့်အိစ်ဝုဒ်သည် ဟိုတယ်ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် အကောင်းဆုံးလက်မှုပညာရှင်များ ရှာဖွေခဲ့ကာ ဖောင်းရစ်များ၊ တံခါးဖရိန်များနှင့် အခြားလက်ရာများကို အဆောက်အအုံများ၏ မူလဟန်နှင့် သဟဇာတဖြစ်စေရန် ဖန်တီးခဲ့သည်။”ဟု ဖော်ပြသည်။

အဆောက်အအုံတစ်ခုစီသည် ကွဲပြားသောဗိသုကာ ခေတ်ကာလများကို ထင်ဟပ်ပြသနေရာ ၁၈၄၀ ပြည့်လွန်ကာလများ၏ ဟန်ပန်များရှိသည့် စားသောက်ဆိုင်နှင့် ကျေးလက်ကပွဲကျင်းပရာ အဆောက်အအုံမှသည် ရာစုနှစ်ချီ သက်တမ်းရှိပြီဖြစ်သော Martin Farmhouse နှင့် Bunkhouse စံအိမ်များအထိ တွေ့ရမည် ဖြစ်သည်။

၁၈၅၀ ပြည့်လွန်ကာလများအတွင်း ဤမွေးမြူရေးခြံကြီးသည် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမဆုံးသော နို့ထွက်ပစ္စည်းထုတ်လုပ်ရာနေရာများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီး ဒိန်ခဲနှင့် ထောပတ်တို့ကဲ့သို့ ထုတ်ကုန်များ ခရိုင်တစ်ခုလုံးကို ဖြန့်ချိခဲ့သည်။

ခြံဝန်းကြီးအတွင်း စားသောက်ဆိုင်တစ်ခုလည်း ထည့်သွင်းပေးထားရာ ဒေသခံတို့အနေဖြင့် စားရင်းသောက်ရင်း မွေးမြူရေးခြံကြီး၏ ရှုခင်းများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

ထိုခေတ်က ပိုင်ရှင်များသည် ခြံဝန်းကြီးအတွင်း အာလူးများလည်း စိုက်ပျိုးခဲ့ကာ Sierra ရွှေတွင်းမှ တွင်းသားများကို စားနပ်ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး အကူအညီပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မွေးမြူရေးခြံကြီးကို အမေရိကန်စစ်တပ်နှင့် ရေတပ်အရာရှိများအတွက် သီးသန့်ကလပ်နေရာအဖြစ် အသုံးပြုခြင်းခဲ့သည်။

မွေးမြူရေးခြံဝန်းကြီးအတွင်းရှိ အဆောက်အအုံ ၁၀ လုံးတွင် ဟိုတယ်ခန်း ၃၁ ခန်း၊ စားသောက်ဆိုင်တစ်ခုနှင့် သန်စွမ်းကျန်းမာသော သိုးတစ်အုပ်ရှိပြီး ခြံအတွင်းသို့ ဧည့်သည်များ ဝင်လာသည့်လမ်းတစ်လျှောက်၌ သိုးများကို တွေ့ရမည် ဖြစ်သည်။

Mission Ranch မွေးမြူရေးခြံကြီးအတွင်းမှတဆင့် Point Lobos သဘာဝဘေးမဲ့တော၊ Carmel River ကမ်းခြေနှင့် ပစိဖိတ်သမုဒ္ဒရာ၏ ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။

အမေရိကန်အစားအစာနှင့် Piano Bar တို့ဖြင့် နာမည်ကြီးသည့် စားသောက်ဆိုင်တွင် ညစာစားရင်း အပြင်ဘက်ဆီ၌ မြက်ခင်းပြင်တွင် မြက်စားနေသော သိုးများကို ကြည့်ရှုနိုင်သည်။

ခြံကြီး၏ ခမ်းနားသောရှုမျှော်ခင်းများနှင့် အေးချမ်းဆိတ်ငြိမ်မှုတို့ကြောင့် ချစ်သူများတွေ့ဆုံရာ၊ လက်ထပ်မင်္ဂလာပွဲများ၊ ကုမ္ပဏီညစာစားပွဲများ၊ မိသားစုအပန်းဖြေခြင်းများအတွက် အထူးကောင်းမွန်သော နေရာတစ်ခုဖြစ်စေသည်။ ထို့အပြင် Mission Ranch တင်းနစ်နှင့် Fitness ကလပ်လည်းရှိရာ လာရောက်တည်းခိုလည်ပတ်သူများ အသုံးပြုနိုင်မည် ဖြစ်သည်။

မွေးမြူရေးခြံကြီး (သို့မဟုတ်) ဟိုတယ်၏လိပ်စာ-

Mission Ranch

26270 Dolores Street

Carmel, CA 93923

တည်းခိုလည်ပတ်ရန် ဆက်သွယ်လိုပါက

Direct Line: (831) 624-6436

Toll Free: (800) 538-8221

Email: info@missionranchcarmel.com

https://www.missionranchcarmel.com/

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Clint Eastwood is the owner of a stunning 22-acre ranch in California (metv, wikipedia,missionranchcarmel)

 

 

 

[Zawgyi]

ေအာ္စကာ ၄ ဆုရွင္ ကလင့္အိစ္ဝုဒ္၏ ၂၂ ဧက အပန္းေျဖစခန္း

 

ကလင့္အိစ္ဝုဒ္ (ေမြး ၁၉၃၀) သည္ အေမရိကန္ရုပ္ရွင္မင္းသား၊ ရုပ္ရွင္ဒါရိုက္တာ၊ ထုတ္လုပ္သူျဖစ္သည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ေယာက်္ားဆန္ဆန္ ရုပ္ေျဖာင့္သူတစ္ဦးအျဖစ္ ယဥ္ေက်းမႈျပယုဂ္ျဖစ္ခဲ့သည္။

၁၉၈၆ ခုႏွစ္တြင္ ကယ္လီဖုိးနီးယားျပည္နယ္၊ Carmel-by-the-Sea ျမိဳ႕ကေလး၏ ျမိဳ႕ေတာ္ဝန္အျဖစ္ ေရြးေကာက္ခံရကာ ၂ ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ကလင့္စ္အိစ္ဝုဒ္၏ ထင္ရွားေသာ ရုပ္ရွင္ဇာတ္ကားမ်ားတြင္ Westerns Hang 'Em High (၁၉၆၈)၊ Pale Rider (၁၉၈၅)၊ အက္ရွင္စစ္ကား Where Eagles Dare (၁၉၆၈)၊ အက်ဥ္းေထာင္ဇာတ္ကား Escape from Alcatraz (၁၉၇၉)၊ စစ္ကား Heartbreak Ridge (၁၉၈၆)၊ အက္ရွင္ကား In the Line of Fire (၁၉၉၃) ႏွင့္ အခ်စ္ဒရာမာ The Bridges of Madison County (၁၉၉၅) တို႔ အပါအဝင္ ျဖစ္သည္။

ကလင့္အိစ္ဝုဒ္သည္ ဒါရိုက္တာအျဖစ္ ရုပ္ရွင္ဇာတ္ကားမ်ားလည္း ရိုက္ကူးခဲ့ရာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ဒရာမာ Mystic River (၂၀၀၃) ႏွင့္ စစ္ကား Letters from Iwo Jima (၂၀၀၆) ဇာတ္ကားမ်ား အပါအဝင္ျဖစ္သည္။ Letters from Iwo Jima ဇာတ္ကားအတြက္ ေအာ္စကာဆု အမည္စာရင္းတင္သြင္းခံရသည္။

ကလင့္အိစ္ဝုဒ္သည္ အမ်ဳိးသမီး ၆ ဦးႏွင့္ လူသိထင္ရွား ကေလး ၈ ဦး ရွိသည္။

ကလင့္အိစ္ဝုဒ္သည္ သူ၏ သားသမီးအေရအတြက္ အတိအက်ကို အတည္ျပဳရန္ ျငင္းဆန္ေလ့ရွိသည္။

ကယ္လီဖိုးနီးယားျပည္နယ္မွ ၎ျမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ Carmel-by-the-Sea ျမိဳ႕ကေလးမွ Mission Ranch အမည္ရွိ ဟိုတယ္ႏွင့္စားေသာက္ဆိုင္ကို ပိုင္ဆိုင္ထားသည္။

အဆိုပါဟိုတယ္သည္ ၂၂ ဧကက်ယ္ေသာ ေမြးျမဴေရးျခံၾကီးလည္း ျဖစ္သည္။

ဟိုတယ္၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္အရ “ကလင့္အိစ္ဝုဒ္သည္ ဤအထင္ကရေနရာကို ကြန္ဒို ေဆာက္လုပ္မည့္သူမ်ားလက္မွ ကယ္တင္ထားခဲ့ျခင္းျဖစ္သည္။ ယင္းေနာက္ တမူထူးေသာ အပန္းေျဖ စခန္းအရသာ ရရွိေစရန္ ျခံဝန္းၾကီးတစ္ခုလံုးကို မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္”ဟု ေဖာ္ျပထားသည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း ဤျခံဝန္းၾကီးရွိ အေဆာက္အအံုမ်ားကို ျဖိဳဖ်က္ကာ ကြန္ဒိုမီနီယံ အေဆာက္အအံုမ်ား ေဆာက္လုပ္လိုသည့္ လုပ္ငန္းရွင္မ်ား ရွိခဲ့သည္။

သို႔ေသာ ကလင့္အိစ္ဝုဒ္က ထိုသို႔ျဖစ္မလာေစရန္ တားဆီးခဲ့သည္။

Mission Ranch ဟိုတယ္၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ “ကလင့္အိစ္ဝုဒ္သည္ ဟိုတယ္ကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ရန္အတြက္ အေကာင္းဆံုးလက္မႈပညာရွင္မ်ား ရွာေဖြခဲ့ကာ ေဖာင္းရစ္မ်ား၊ တံခါးဖရိန္မ်ားႏွင့္ အျခားလက္ရာမ်ားကို အေဆာက္အအံုမ်ား၏ မူလဟန္ႏွင့္ သဟဇာတျဖစ္ေစရန္ ဖန္တီးခဲ့သည္။”ဟု ေဖာ္ျပသည္။

အေဆာက္အအံုတစ္ခုစီသည္ ကြဲျပားေသာဗိသုကာ ေခတ္ကာလမ်ားကို ထင္ဟပ္ျပသေနရာ ၁၈၄၀ ျပည့္လြန္ကာလမ်ား၏ ဟန္ပန္မ်ားရွိသည့္ စားေသာက္ဆိုင္ႏွင့္ ေက်းလက္ကပြဲက်င္းပရာ အေဆာက္အအံုမွသည္ ရာစုႏွစ္ခ်ီ သက္တမ္းရွိျပီျဖစ္ေသာ Martin Farmhouse ႏွင့္ Bunkhouse စံအိမ္မ်ားအထိ ေတြ႔ရမည္ ျဖစ္သည္။

၁၈၅၀ ျပည့္လြန္ကာလမ်ားအတြင္း ဤေမြးျမဴေရးျခံၾကီးသည္ ကယ္လီဖုိးနီးယားျပည္နယ္၏ ပထမဆံုးေသာ ႏို႔ထြက္ပစၥည္းထုတ္လုပ္ရာေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္ခဲ့ျပီး ဒိန္ခဲႏွင့္ ေထာပတ္တို႔ကဲ့သို႔ ထုတ္ကုန္မ်ား ခရိုင္တစ္ခုလံုးကို ျဖန္႔ခ်ိခဲ့သည္။

ျခံဝန္းၾကီးအတြင္း စားေသာက္ဆိုင္တစ္ခုလည္း ထည့္သြင္းေပးထားရာ ေဒသခံတို႔အေနျဖင့္ စားရင္းေသာက္ရင္း ေမြးျမဴေရးျခံၾကီး၏ ရႈခင္းမ်ားကို ၾကည့္္ရႈခံစားႏိုင္မည္ ျဖစ္သည္။

ထိုေခတ္က ပိုင္ရွင္မ်ားသည္ ျခံဝန္းၾကီးအတြင္း အာလူးမ်ားလည္း စိုက္ပ်ဳိးခဲ့ကာ Sierra ေရႊတြင္းမွ တြင္းသားမ်ားကို စားနပ္ရိကၡာျဖန္႔ျဖဴးေပးႏိုင္ေရး အကူအညီေပးခဲ့သည္။

ဒုတိယကမၻာစစ္ၾကီးအတြင္း ေမြးျမဴေရးျခံၾကီးကို အေမရိကန္စစ္တပ္ႏွင့္ ေရတပ္အရာရွိမ်ားအတြက္ သီးသန္႔ကလပ္ေနရာအျဖစ္ အသံုးျပဳျခင္းခဲ့သည္။ ေမြးျမဴေရးျခံဝန္းၾကီးအတြင္းရွိ အေဆာက္အအံု ၁၀ လံုးတြင္ ဟိုတယ္ခန္း ၃၁ ခန္း၊ စားေသာက္ဆိုင္တစ္ခုႏွင့္ သန္စြမ္းက်န္းမာေသာ သိုးတစ္အုပ္ရွိျပီး ျခံအတြင္းသို႔ ဧည့္သည္မ်ား ဝင္လာသည့္လမ္းတစ္ေလွ်ာက္၌ သိုးမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

Mission Ranch ေမြးျမဴေရးျခံၾကီးအတြင္းမွတဆင့္ Point Lobos သဘာဝေဘးမဲ့ေတာ၊ Carmel River ကမ္းေျခႏွင့္ ပစိဖိတ္သမုဒၵရာ၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ႏိုင္သည္။

အေမရိကန္အစားအစာႏွင့္ Piano Bar တို႔ျဖင့္ နာမည္ၾကီးသည့္ စားေသာက္ဆိုင္တြင္ ညစာစားရင္း အျပင္ဘက္ဆီ၌ ျမက္ခင္းျပင္တြင္ ျမက္စားေနေသာ သိုးမ်ားကို ၾကည့္ရႈႏိုင္သည္။

ျခံၾကီး၏ ခမ္းနားေသာရႈေမွ်ာ္ခင္းမ်ားႏွင့္ ေအးခ်မ္းဆိတ္ျငိမ္မႈတို႔ေၾကာင့္ ခ်စ္သူမ်ားေတြ႔ဆံုရာ၊ လက္ထပ္မဂၤလာပြဲမ်ား၊ ကုမၸဏီညစာစားပြဲမ်ား၊ မိသားစုအပန္းေျဖျခင္းမ်ားအတြက္ အထူးေကာင္းမြန္ေသာ ေနရာတစ္ခုျဖစ္ေစသည္။ ထို႔အျပင္ Mission Ranch တင္းနစ္ႏွင့္ Fitness ကလပ္လည္းရွိရာ လာေရာက္တည္းခိုလည္ပတ္သူမ်ား အသံုးျပဳႏိုင္မည္ ျဖစ္သည္။

ေမြးျမဴေရးျခံၾကီး (သို႔မဟုတ္) ဟိုတယ္၏လိပ္စာ-

Mission Ranch

26270 Dolores Street

Carmel, CA 93923

တည္းခိုလည္ပတ္ရန္ ဆက္သြယ္လိုပါက

Direct Line: (831) 624-6436

Toll Free: (800) 538-8221

Email: info@missionranchcarmel.com

https://www.missionranchcarmel.com/

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Clint Eastwood is the owner of a stunning 22-acre ranch in California (metv, wikipedia,missionranchcarmel)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service