ခင်ပွန်းနှင့် သစ္စာမဖောက်ကြေး ၅ သန်းတန် စာချုပ်ချုပ်ထားသူ ဂျနီဖာလိုပက်ဇ်၏ စံအိမ်များ

ခင်ပွန်းနှင့် သစ္စာမဖောက်ကြေး ၅ သန်းတန် စာချုပ်ချုပ်ထားသူ ဂျနီဖာလိုပက်ဇ်၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
7 Oct 2022 11:18 am တွင် တင်ခဲ့သည်
2248 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာလိုပက်ဇ်သည် Pearl Harbor ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် မကြာသေးမီက လက်ထပ်ခဲ့သည်။ (အဆိုပါသတင်းကို iMyanmarHouse.com တွင် ဖော်ပြခဲ့ပြီးဖြစ်)

ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် အိမ်ထောင်ဖက်အပြင် အခြားသူနှင့် လိင်ဆက်ဆံကြမည်ကို တစ်ဦးနှင့်တစ်ဦး ရတက်မအေးဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးအကြား ဒေါ်လာ ၅ သန်းတန်ကြေးရှိ သစ္စာမဖောက်ကြေးစာချုပ် ချုပ်ဆိုလိုက်ကြသည် ဟု သိရသည်။

စပိန်သတင်းစာ Marca တွင် ဖော်ပြချက်အရ ဂျနီဖာလိုပက်ဇ်က ဘင်အက်ဖလက်၏ စိတ်အပြောင်းအလဲမြန်မှုကို သဘောမတွေ့ဟု ဆိုသည်။

ခင်ပွန်းဖြစ်သူက မိမိအား ငြီးငွေ့ကာ စွန့်ခွာသွားမည်ကိုလည်း ဂျနီဖာလိုပက်ဇ်က စိုးရိမ်သည်။

စာချုပ်တွင် ဖော်ပြထားချက်အရ သစ္စာဖောက်သူက ဒေါ်လာ ၅ သန်း ပေးလျော်ရမည်ဟူသော အချက် ပါဝင်သည်။

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့သည် လွန်ခဲ့သော ဇူလိုင်လ ၁၇ ရက်က လာ့စ်ဗီးဂပ်စ်မြို့တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

(မီယာမီမှသည် နယူးယောက်မြို့၊ မန်ဟက်တန်အထိ ဖြန့်ကျက်တည်ရှိသော ဂျနီဖာလိုပက်ဇ်၏ ကန်ဒေါ်လာ ၉၇ သန်းဖိုးရှိ အိမ်ခြံမြေများ)

ဂျနီဖာလိုပက်ဇ်သည် အမေရိကန်ပြည်ထောင်စု၊ မီယာမီကမ်းခြေမှသည် နယူးယောက်မြို့လယ် မန်ဟက်တန်အထိ သူ၏အိမ်ခြံမြေများ နိုင်ငံအနှံ့ဖြန့်ကျက် ပိုင်ဆိုင်ထားကာ စုစုပေါင်းခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ ၉၇ သန်း ခန့်ရှိသည်။

အဆိုပါအိမ်ခြံမြေများအနက် အချို့မှာ ခင်ပွန်းဟောင်း အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် ပူးတွဲပိုင်ဆိုင်ခြင်း ဖြစ်သည်။

(၁) Star Island မှ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းတန် စံအိမ်

ဂျနီဖာလိုပက်ဇ်သည် မီယာမီကမ်းခြေ၊ Star Island ရှိ ကမ်းခြေစံအိမ်ကြီးကို ခင်ပွန်းဟောင်း အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် ပူးတွဲပိုင်ဆိုင်ခြင်း ဖြစ်သည်။ ဂျေလိုနှင့် ရိုဒရီဂွက်ဇ်တို့က အဆိုပါစံအိမ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စံအိမ်အတွင်း အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ကာ လှပသော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

(၂) လော့စ်အိန်ဂျလိစံအိမ်- ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း

 

အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် လော့စ်အိန်ဂျလိမြို့၊ Encino အရပ်ရှိ တစ်ထပ်အိမ်ကလေး ကို ပူးတွဲပိုင်ဆိုင်ထားကြသည်။

အဆိုပါအိမ်မှာ ၎င်းတို့၏ အခြားအိမ်များနှင့် နှိုင်းယှဉ်လျှင် အတော်သေးငယ်သည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော်အတွင်းပိုင်းမှာ မညံ့။ အတွင်းပိုင်းတစ်ခုလုံးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး ခေတ်မီ မီးဖိုဆောင်တစ်ခု၊ အိပ်ခန်း ၃ ခန်းတို့ဖြင့် ဖွဲ့စည်းထားသည်။

Master Bedroom တွင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုရာနေရာ၊ အသစ်ပြန်လည်မွမ်းမံထား သော ရေချိုးခန်းတို့ ပါဝင်သည်။

 

(၃) Bel-Air မှ ကန်ဒေါ်လာ ၂၈ သန်းတန် စံအိမ်

 

ဂျနီဖာလိုပက်ဇ်သည် ကမ္ဘာကျော်များစွာ နေထိုင်ကြသည့်နေရာဖြစ်သော လော့စ်အိန်ဂျလိမြို့၊ Bel-Air အရပ်တွင် အခြေချနေထိုင်ရန် ၂၀၁၆ ခုနှစ်အတွင်း ဆုံးဖြတ်ခဲ့သည်။

ကျယ်ပြောသော Bel-Air မှ စံအိမ်တွင် အရက်ဘား၊ ဧည့်ဂေဟာအိမ် ၂ လုံးနှင့် ထိုင်ခုံ ၁၀၀ ဆန့် ပွဲကြည့်စင်တစ်ခုပင် ပါဝင်သေးသည်။

အဆိုပါအိမ်ကို ဂျနီဖာလိုပက်ဇ်က သူ၏အမြွှာ သားငယ် ၂ ဦးဖြစ်သော Max, Emme တို့နှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင်ပိုင်ဆိုင်ထားဆဲဖြစ်သည်ဟု ယုံကြည်ရသည်။

(မှတ်ချက်။ ထိုအမြွှာကလေး ၂ ဦးသည် ဂျနီဖာလိုပက်ဇ်နှင့် သူ၏ တတိယခင်ပွန်း မာ့ခ် အန်သိုနီနှင့် ရခဲ့သော ကလေးများ ဖြစ်သည်။ ဂျနီဖာလိုပက်ဇ်တွင် ချစ်သူ/ခင်ပွန်း စုစုပေါင်း ၇ ဦးရှိသည်)

(၄) နယူးယောက်မြို့၊ မန်ဟက်တန်မှ ဒေါ်လာ ၂၅ သန်းတန် စံအိမ်

ဂျနီဖာလိုပက်ဇ်သည် တတိယမြောက်ခင်ပွန်းနှင့် ၂၀၁၄ ခုနှစ်တွင် ကွာရှင်းပြီးနောက် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်ရှိ ရင်သပ်ရှုမောဖွယ် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့သည်။

နယူးယောက်၏ နာမည်ကျော် Madison Square ပန်းခြံကို အပေါ်စီးမှ တွေ့မြင်ရသည့် ကြီးမားသော နားနေဆောင်တစ်ခုပါဝင်ပြီး အိပ်ခန်း ၄ ခန်းအပြင် ဂေါက်ရိုက်လေ့ကျင့်သည့်နေရာတစ်ခုပင် ပါဝင်သေးသည်။

ဂျနီဖာလိုပက်ဇ်က အဆိုပါအခန်းကို ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂၇ သန်းဖြင့် အရောင်းဈေးကွက်တင် ခဲ့သည်။

ယင်းနောက် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၂၅ သန်းသို့ ဈေးလျှော့ပေးခဲ့ပြီး နောက်ဆုံးတွင်မူ အရောင်းပြန်လည်ရုပ်သိမ်းခဲ့သည်။

(၅) နယူးယောက်မြို့၊ Hamptons မှ ကန်ဒေါ်လာ ၁၀ သန်းတန် စံအိမ်

နယူးယောက်မြို့၊ Hamptons အရပ်သည် ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ အနှစ်သက်ဆုံး နေရာများတွင် ပါဝင်ရာ ဂျနီဖာလိုပက်ဇ်လည်း ယင်းပုဂ္ဂိုလ်များထဲတွင် အပါအဝင် ဖြစ်၏။

ဂျနီဖာလိုပက်ဇ်က အဆိုပါအရပ်ရှိ အိပ်ခန်း ၈ ခန်းပါ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။

စံအိမ်အတွင်း Sauna ၊ ရေနွေးငွေ့ခန်း၊ ရေကူးကန်၊ အိမ်တွင်းရုပ်ရှင်ရုံတို့ ပါဝင်ပြီး ယနေ့တိုင် ပိုင်ဆိုင်ထားဆဲဖြစ်သည်ဟု သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez's $97million property portfolio spans from Miami to Manhattan (hellomagazine, wionews)

 

 

 

[Zawgyi]

ခင္ပြန္းႏွင့္ သစၥာမေဖာက္ေၾကး ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ထားသူ ဂ်နီဖာလိုပက္ဇ္၏ စံအိမ္မ်ား

ဂ်နီဖာလိုပက္ဇ္သည္ Pearl Harbor ရုပ္ရွင္ဇာတ္ကားၾကီးျဖင့္ ကမၻာေက်ာ္ခဲ့သူ ရုပ္ရွင္မင္းသား ဘင္အက္ဖလက္ႏွင့္ မၾကာေသးမီက လက္ထပ္ခဲ့သည္။ (အဆိုပါသတင္းကို iMyanmarHouse.com တြင္ ေဖာ္ျပခဲ့ျပီးျဖစ္)

ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ အိမ္ေထာင္ဖက္အျပင္ အျခားသူႏွင့္ လိင္ဆက္ဆံၾကမည္ကို တစ္ဦးႏွင့္တစ္ဦး ရတက္မေအးျဖစ္ၾကသည္။ ထို႔ေၾကာင့္ ၎တုိ႔ႏွစ္ဦးအၾကား ေဒၚလာ ၅ သန္းတန္ေၾကးရွိ သစၥာမေဖာက္ေၾကးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၾကသည္ ဟု သိရသည္။

စပိန္သတင္းစာ Marca တြင္ ေဖာ္ျပခ်က္အရ ဂ်နီဖာလိုပက္ဇ္က ဘင္အက္ဖလက္၏ စိတ္အေျပာင္းအလဲျမန္မႈကို သေဘာမေတြ႔ဟု ဆိုသည္။

ခင္ပြန္းျဖစ္သူက မိမိအား ျငီးေငြ႔ကာ စြန္႔ခြာသြားမည္ကိုလည္း ဂ်နီဖာလိုပက္ဇ္က စိုးရိမ္သည္။

စာခ်ဳပ္တြင္ ေဖာ္ျပထားခ်က္အရ သစၥာေဖာက္သူက ေဒၚလာ ၅ သန္း ေပးေလ်ာ္ရမည္ဟူေသာ အခ်က္ ပါဝင္သည္။

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔သည္ လြန္ခဲ့ေသာ ဇူလိုင္လ ၁၇ ရက္က လာ့စ္ဗီးဂပ္စ္ျမိဳ႕တြင္ လက္ထပ္ခဲ့ၾကျခင္း ျဖစ္သည္။

(မီယာမီမွသည္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အထိ ျဖန္႔က်က္တည္ရွိေသာ ဂ်နီဖာလိုပက္ဇ္၏ ကန္ေဒၚလာ ၉၇ သန္းဖိုးရွိ အိမ္ျခံေျမမ်ား)

ဂ်နီဖာလိုပက္ဇ္သည္ အေမရိကန္ျပည္ေထာင္စု၊ မီယာမီကမ္းေျခမွသည္ နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အထိ သူ၏အိမ္ျခံေျမမ်ား ႏိုင္ငံအႏွံ႔ျဖန္႔က်က္ ပိုင္ဆိုင္ထားကာ စုစုေပါင္းခန္႔မွန္းတန္ဖိုး ကန္ေဒၚလာ ၉၇ သန္း ခန္႔ရွိသည္။

အဆိုပါအိမ္ျခံေျမမ်ားအနက္ အခ်ဳိ႕မွာ ခင္ပြန္းေဟာင္း အဲလက္စ္ ရိုဒရီဂြက္ဇ္ႏွင့္ ပူးတြဲပိုင္ဆိုင္ျခင္း ျဖစ္သည္။

(၁) Star Island မွ ကန္ေဒၚလာ ၃၂ ဒသမ ၅ သန္းတန္ စံအိမ္

ဂ်နီဖာလိုပက္ဇ္သည္ မီယာမီကမ္းေျခ၊ Star Island ရွိ ကမ္းေျခစံအိမ္ၾကီးကို ခင္ပြန္းေဟာင္း အဲလက္စ္ ရိုဒရီဂြက္ဇ္ႏွင့္ ပူးတြဲပိုင္ဆိုင္ျခင္း ျဖစ္သည္။ ေဂ်လိုႏွင့္ ရိုဒရီဂြက္ဇ္တို႔က အဆိုပါစံအိမ္ကို ၂၀၂၀ ျပည့္ႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

စံအိမ္အတြင္း အိပ္ခန္း ၁၀ ခန္း၊ ေရခ်ဳိးခန္း ၁၀ ခန္းပါဝင္ကာ လွပေသာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

(၂) ေလာ့စ္အိန္ဂ်လိစံအိမ္- ကန္ေဒၚလာ ၁ ဒသမ ၄ သန္း

အဲလက္စ္ ရိုဒရီဂြက္ဇ္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Encino အရပ္ရွိ တစ္ထပ္အိမ္ကေလး ကို ပူးတြဲပိုင္ဆိုင္ထားၾကသည္။ အဆိုပါအိမ္မွာ ၎တုိ႔၏ အျခားအိမ္မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ အေတာ္ေသးငယ္သည္ဟု ဆိုရမည္ ျဖစ္သည္။

သို႔ေသာ္အတြင္းပိုင္းမွာ မညံ့။ အတြင္းပိုင္းတစ္ခုလံုးကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားျပီး ေခတ္မီ မီးဖိုေဆာင္တစ္ခု၊ အိပ္ခန္း ၃ ခန္းတုိ႔ျဖင့္ ဖြဲ႔စည္းထားသည္။

Master Bedroom တြင္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုရာေနရာ၊ အသစ္ျပန္လည္မြမ္းမံထား ေသာ ေရခ်ဳိးခန္းတို႔ ပါဝင္သည္။

(၃) Bel-Air မွ ကန္ေဒၚလာ ၂၈ သန္းတန္ စံအိမ္

ဂ်နီဖာလိုပက္ဇ္သည္ ကမၻာေက်ာ္မ်ားစြာ ေနထုိင္ၾကသည့္ေနရာျဖစ္ေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Bel-Air အရပ္တြင္ အေျခခ်ေနထိုင္ရန္ ၂၀၁၆ ခုႏွစ္အတြင္း ဆံုးျဖတ္ခဲ့သည္။

က်ယ္ေျပာေသာ Bel-Air မွ စံအိမ္တြင္ အရက္ဘား၊ ဧည့္ေဂဟာအိမ္ ၂ လံုးႏွင့္ ထိုင္ခံု ၁၀၀ ဆန္႔ ပြဲၾကည့္စင္တစ္ခုပင္ ပါဝင္ေသးသည္။

အဆိုပါအိမ္ကို ဂ်နီဖာလိုပက္ဇ္က သူ၏အျမႊာ သားငယ္ ၂ ဦးျဖစ္ေသာ Max, Emme တို႔ႏွင့္အတူ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယေန႔တိုင္ပိုင္ဆိုင္ထားဆဲျဖစ္သည္ဟု ယံုၾကည္ရသည္။

(မွတ္ခ်က္။ ထိုအျမႊာကေလး ၂ ဦးသည္ ဂ်နီဖာလိုပက္ဇ္ႏွင့္ သူ၏ တတိယခင္ပြန္း မာ့ခ္ အန္သိုနီႏွင့္ ရခဲ့ေသာ ကေလးမ်ား ျဖစ္သည္။ ဂ်နီဖာလိုပက္ဇ္တြင္ ခ်စ္သူ/ခင္ပြန္း စုစုေပါင္း ၇ ဦးရွိသည္)

(၄) နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္မွ ေဒၚလာ ၂၅ သန္းတန္ စံအိမ္

ဂ်နီဖာလိုပက္ဇ္သည္ တတိယေျမာက္ခင္ပြန္းႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ကြာရွင္းျပီးေနာက္ နယူးေယာက္ျမိဳ႕လယ္ မန္ဟက္တန္အရပ္ရွိ ရင္သပ္ရႈေမာဖြယ္ Penthouse ခန္းကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ဝယ္ယူခဲ့သည္။

နယူးေယာက္၏ နာမည္ေက်ာ္ Madison Square ပန္းျခံကို အေပၚစီးမွ ေတြ႔ျမင္ရသည့္ ၾကီးမားေသာ နားေနေဆာင္တစ္ခုပါဝင္ျပီး အိပ္ခန္း ၄ ခန္းအျပင္ ေဂါက္ရိုက္ေလ့က်င့္သည့္ေနရာတစ္ခုပင္ ပါဝင္ေသးသည္။

ဂ်နီဖာလိုပက္ဇ္က အဆိုပါအခန္းကို ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ ခဲ့သည္။

ယင္းေနာက္ ေရာင္းမထြက္ေသာေၾကာင့္ ကန္ေဒၚလာ ၂၅ သန္းသို႔ ေစ်းေလွ်ာ့ေပးခဲ့ျပီး ေနာက္ဆံုးတြင္မူ အေရာင္းျပန္လည္ရုပ္သိမ္းခဲ့သည္။

(၅) နယူးေယာက္ျမိဳ႕၊ Hamptons မွ ကန္ေဒၚလာ ၁၀ သန္းတန္ စံအိမ္

နယူးေယာက္ျမိဳ႕၊ Hamptons အရပ္သည္ ခ်မ္းသာၾကြယ္ဝသူမ်ားႏွင့္ ကမၻာေက်ာ္မ်ား အႏွစ္သက္ဆံုး ေနရာမ်ားတြင္ ပါဝင္ရာ ဂ်နီဖာလိုပက္ဇ္လည္း ယင္းပုဂၢိဳလ္မ်ားထဲတြင္ အပါအဝင္ ျဖစ္၏။

ဂ်နီဖာလိုပက္ဇ္က အဆိုပါအရပ္ရွိ အိပ္ခန္း ၈ ခန္းပါ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၀ သန္းျဖင့္ ၂၀၁၃ ခုႏွစ္အတြင္း ဝယ္ယူခဲ့သည္။

စံအိမ္အတြင္း Sauna ၊ ေရေႏြးေငြ႔ခန္း၊ ေရကူးကန္၊ အိမ္တြင္းရုပ္ရွင္ရံုတို႔ ပါဝင္ျပီး ယေန႔တိုင္ ပိုင္ဆိုင္ထားဆဲျဖစ္သည္ဟု သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez's $97million property portfolio spans from Miami to Manhattan (hellomagazine, wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service