သခင်ရဲ့ အုတ်ဂူကို ၂ နှစ်ကျော် နေ့တိုင်းသွားတဲ့ မလေးရှားက သစ္စာရှိကြောင်မလေး

သခင်ရဲ့ အုတ်ဂူကို ၂ နှစ်ကျော် နေ့တိုင်းသွားတဲ့ မလေးရှားက သစ္စာရှိကြောင်မလေး - Property News in Myanmar from iMyanmarHouse.com
7 Oct 2022 10:44 am တွင် တင်ခဲ့သည်
855 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ကမ္ဘာတစ်လွှား သစ္စာရှိသော ကြောင်ကလေးများ)

သခင်ဖြစ်သူကို ရထားဘူတာရုံတွင် ၉ နှစ်တိုင် စောင့်မျှော်နေခဲ့သော ဂျပန်နိုင်ငံမှ ခွေးကလေး ဟာချီကိုအကြောင်း လူတိုင်းကြားဖူးကြသည်။

မလေးရှားနိုင်ငံတွင်လည်း သစ္စာရှိ ကြောင်ကလေးတစ်ကောင်အကြောင်းမှာ လူသိများနေသည်။

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း ကီလန်တန်ပြည်နယ်တွင် သခင်ဖြစ်သူ ကွယ်လွန်သွားသည့်တိုင် သစ္စာရှိနေဆဲဖြစ်ပြီး သခင်၏အုတ်ဂူသို့ ၂ နှစ်ကျော် နေ့တိုင်းသွားသည့် ကြောင်မကလေးတစ်ကောင် အကြောင်းမှာ အင်တာနက်သတင်းများတွင် ကျော်ကြားလျက်ရှိသည်။

ကွယ်လွန်သွားသော သခင်ဖြစ်သူ၏ သမီး Hazlynn Nozi က နာနာအမည်ရှိ အသက် ၆ နှစ်အရွယ် နီဝါရောင် ကြောင်မလေး၏ ဓာတ်ပုံနှင့်တကွ ဖြစ်ရပ်များကို မလေးရှားနိုင်ငံသားများ စုဝေးရာ ဖေ့စ်ဘုတ်ဂရုတစ်ခုဖြစ်သည့် Kelab Pencinta Kucing Malaysia တွင် မျှဝေခဲ့ရာမှတဆင့် ကြောင်မလေးနာနာမှာ ကမ္ဘာကျော်သွားသည်။

“နာနာက ဖေဖေ့အုတ်ဂူကို မနက်တိုင်းသွားတယ်။ ပြီးရင် အုတ်ဂူဘေးမှာ ထိုင်ရင်လည်းထိုင်နေတတ်တယ်။ တခါတလေမှာ အုတ်ဂူဘေးမှာ အိပ်နေတတ်တယ်” ဟု Nozi က Malay Mail သတင်းဌာနသို့ ပြောသည်။ ကွယ်လွန်သွားသော သခင်ဖြစ်သူ၏ အုတ်ဂူသို့ မနက်ပိုင်း သွားပြီးလျှင် နာနာသည် အိမ်သို့ ပြန်လာကာ အစာတောင်းလေ့ရှိကြောင်း၊ သူ၏ လက်များတွင် မနက်စောစောကျသည့် နှင်းတို့ဖြင့် စိုရွှဲကာ ပြန်လာတတ်ကြောင်း Nozi က ပြောသည်။

Nozi ၏ ဖခင်မှာ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးဖြစ်ပြီး ကြောင်ကလေးများကို အလွန်ချစ်တတ်သူဖြစ်ကာ သူ၏ကြောင်လေးများကို ကိုယ်တိုင်အစာကျွေးပြုစုစောင့်ရှောက်လေ့ရှိသည်။

“ဒါပေမယ့် နာနာက ဖေဖေနဲ့ တွယ်တာမှုနှောင်ကြိုးပိုရှိပါတယ်”ဟု သမီးဖြစ်သူက ပြောသည်။

မနက်ပိုင်းတွင် နာနာကို အစာကျွေးပြီးလျှင် အိမ်ဘေးရှိ ဗလီသို့သွားကာ ဝတ်ပြုလေ့ရှိသည်။

ကွယ်လွန်ချိန်တွင် ဗလီဝန်းအတွင်း ဂူသွင်းမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

“နာနာက ဖေဖေ ဗလီတက်ရင် အမြဲလိုက်သွားတယ်။ ဝတ်ပြုပြီးချိန်အထိ ထိုင်စောင့်တယ်။ ပြီးရင် ဖေဖေနဲ့အတူ အိမ်ပြန်လာပါတယ်”ဟု Nozi က ဆက်လက်ပြောကြားသည်။

“အိမ်မှာရှိတဲ့ တခြားကြောင်တွေထက်စာရင် နာနာနဲ့ ဖေဖေ့ကြားမှာ စည်းနှောင်မှုတစ်ခုရှိနေတယ်”

Nozi ၏ ဖခင်ကွယ်လွန်သောအခါ ကြောင်မလေး နာနာမှာ များစွာထိခိုက်ခံစားခဲ့ရသည်။

နာနာ၏ အစာစားလိုစိတ် ပျောက်ဆုံးသွားသည်။ လပေါင်းအနည်းငယ်ကြာသည်အထိ အစာကို ပုံမှန်မစားတော့ချေ။

“၃ လလောက်ကြာတော့ အခြေအနေ ကောင်းလာတယ်။ အစာကို ပုံမှန်အတိုင်း ပြန်စားလာတယ်။ ဒါပေမယ့် ဖေဖေနေတတ်တဲ့နေရာတွေမှာပဲ သွားသွားနေလေ့ရှိပါတယ်။ ဖေဖေအကြိုက်ဆုံးနေရာဖြစ်တဲ့ ဒန်းပေါ် (ဒါမှမဟုတ်) ဖေဖေ့ရဲ့ ကားဟောင်းကြီးပေါ်မှာ သွားနေတတ်တယ်”

“ပြီးတော့ ဖေဖေဆုံးသွားချိန်ကတည်းက အုတ်ဂူကို နေ့တိုင်းသွားနေတာ ၂ နှစ်လောက်ရှိပါပြီ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Loyal Cat Visits Late Owner’s Grave Every Day for 2 Years in Malaysia (nextshark)

 

 

 

 

[Zawgyi]

သခင္ရဲ႕ အုတ္ဂူကို ၂ ႏွစ္ေက်ာ္ ေန႔တိုင္းသြားတဲ့ မေလးရွားက သစၥာရွိေၾကာင္မေလး

(ကမၻာတစ္လႊား သစၥာရွိေသာ ေၾကာင္ကေလးမ်ား)

သခင္ျဖစ္သူကို ရထားဘူတာရံုတြင္ ၉ ႏွစ္တိုင္ ေစာင့္ေမွ်ာ္ေနခဲ့ေသာ ဂ်ပန္ႏိုင္ငံမွ ေခြးကေလး ဟာခ်ီကိုအေၾကာင္း လူတိုင္းၾကားဖူးၾကသည္။

မေလးရွားႏိုင္ငံတြင္လည္း သစၥာရွိ ေၾကာင္ကေလးတစ္ေကာင္အေၾကာင္းမွာ လူသိမ်ားေနသည္။

မေလးရွားႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကီလန္တန္ျပည္နယ္တြင္ သခင္ျဖစ္သူ ကြယ္လြန္သြားသည့္တိုင္ သစၥာရွိေနဆဲျဖစ္ျပီး သခင္၏အုတ္ဂူသို႔ ၂ ႏွစ္ေက်ာ္ ေန႔တိုင္းသြားသည့္ ေၾကာင္မကေလးတစ္ေကာင္ အေၾကာင္းမွာ အင္တာနက္သတင္းမ်ားတြင္ ေက်ာ္ၾကားလ်က္ရွိသည္။

ကြယ္လြန္သြားေသာ သခင္ျဖစ္သူ၏ သမီး Hazlynn Nozi က နာနာအမည္ရွိ အသက္ ၆ ႏွစ္အရြယ္ နီဝါေရာင္ ေၾကာင္မေလး၏ ဓာတ္ပံုႏွင့္တကြ ျဖစ္ရပ္မ်ားကို မေလးရွားႏိုင္ငံသားမ်ား စုေဝးရာ ေဖ့စ္ဘုတ္ဂရုတစ္ခုျဖစ္သည့္ Kelab Pencinta Kucing Malaysia တြင္ မွ်ေဝခဲ့ရာမွတဆင့္ ေၾကာင္မေလးနာနာမွာ ကမၻာေက်ာ္သြားသည္။

“နာနာက ေဖေဖ့အုတ္ဂူကို မနက္တိုင္းသြားတယ္။ ျပီးရင္ အုတ္ဂူေဘးမွာ ထိုင္ရင္လည္းထိုင္ေနတတ္တယ္။ တခါတေလမွာ အုတ္ဂူေဘးမွာ အိပ္ေနတတ္တယ္” ဟု Nozi က Malay Mail သတင္းဌာနသို႔ ေျပာသည္။ ကြယ္လြန္သြားေသာ သခင္ျဖစ္သူ၏ အုတ္ဂူသို႔ မနက္ပိုင္း သြားျပီးလွ်င္ နာနာသည္ အိမ္သို႔ ျပန္လာကာ အစာေတာင္းေလ့ရွိေၾကာင္း၊ သူ၏ လက္မ်ားတြင္ မနက္ေစာေစာက်သည့္ ႏွင္းတို႔ျဖင့္ စိုရႊဲကာ ျပန္လာတတ္ေၾကာင္း Nozi က ေျပာသည္။

Nozi ၏ ဖခင္မွာ အျငိမ္းစားေက်ာင္းဆရာၾကီးတစ္ဦးျဖစ္ျပီး ေၾကာင္ကေလးမ်ားကို အလြန္ခ်စ္တတ္သူျဖစ္ကာ သူ၏ေၾကာင္ေလးမ်ားကို ကိုယ္တိုင္အစာေကၽြးျပဳစုေစာင့္ေရွာက္ေလ့ရွိသည္။

“ဒါေပမယ့္ နာနာက ေဖေဖနဲ႔ တြယ္တာမႈေႏွာင္ၾကိဳးပိုရွိပါတယ္”ဟု သမီးျဖစ္သူက ေျပာသည္။

မနက္ပိုင္းတြင္ နာနာကို အစာေကၽြးျပီးလွ်င္ အိမ္ေဘးရွိ ဗလီသို႔သြားကာ ဝတ္ျပဳေလ့ရွိသည္။

ကြယ္လြန္ခ်ိန္တြင္ ဗလီဝန္းအတြင္း ဂူသြင္းျမွဳပ္ႏွံခဲ့ျခင္း ျဖစ္သည္။

“နာနာက ေဖေဖ ဗလီတက္ရင္ အျမဲလိုက္သြားတယ္။ ဝတ္ျပဳျပီးခ်ိန္အထိ ထိုင္ေစာင့္တယ္။ ျပီးရင္ ေဖေဖနဲ႔အတူ အိမ္ျပန္လာပါတယ္”ဟု Nozi က ဆက္လက္ေျပာၾကားသည္။

“အိမ္မွာရွိတဲ့ တျခားေၾကာင္ေတြထက္စာရင္ နာနာနဲ႔ ေဖေဖ့ၾကားမွာ စည္းေႏွာင္မႈတစ္ခုရွိေနတယ္”

Nozi ၏ ဖခင္ကြယ္လြန္ေသာအခါ ေၾကာင္မေလး နာနာမွာ မ်ားစြာထိခိုက္ခံစားခဲ့ရသည္။

နာနာ၏ အစာစားလိုစိတ္ ေပ်ာက္ဆံုးသြားသည္။ လေပါင္းအနည္းငယ္ၾကာသည္အထိ အစာကို ပံုမွန္မစားေတာ့ေခ်။

“၃ လေလာက္ၾကာေတာ့ အေျခအေန ေကာင္းလာတယ္။ အစာကို ပံုမွန္အတုိင္း ျပန္စားလာတယ္။ ဒါေပမယ့္ ေဖေဖေနတတ္တဲ့ေနရာေတြမွာပဲ သြားသြားေနေလ့ရွိပါတယ္။ ေဖေဖအၾကိဳက္ဆံုးေနရာျဖစ္တဲ့ ဒန္းေပၚ (ဒါမွမဟုတ္) ေဖေဖ့ရဲ႕ ကားေဟာင္းၾကီးေပၚမွာ သြားေနတတ္တယ္”

“ျပီးေတာ့ ေဖေဖဆံုးသြားခ်ိန္ကတည္းက အုတ္ဂူကို ေန႔တုိင္းသြားေနတာ ၂ ႏွစ္ေလာက္ရွိပါျပီ”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Loyal Cat Visits Late Owner’s Grave Every Day for 2 Years in Malaysia (nextshark)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service