ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ

ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ စံအိမ်အမွေရ - Property News in Myanmar from iMyanmarHouse.com
4 Oct 2022 11:31 am တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တော်ဝင်တို့၏ သေတမ်းစာများကို မည်သည့်အခါမျှ အများပြည်သူအကြား ချမပြချေ။

ထို့ကြောင့် အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံသွားပြီးနောက် သူ၏ ကိုယ်ပိုင်ကြွယ်ဝမှုအရပ်ရပ်မှာ မည်သို့ စီမံခန့်ခွဲမည်မှာ မိသားစုလျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေသည်။

Forbes မဂ္ဂဇင်းကြီးက ပြီးခဲ့သောနှစ်တွင် ခန့်မှန်းချက်အရ ဘုရင်မကြီး၏ ကိုယ်ပိုင်ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိပြီး ကျောက်မျက်ရတနာများ၊ အနုပညာလက်ရာစုဆောင်းထားမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စံအိမ် ၂ လုံးတို့ ပါဝင်သည်။

စံအိမ် ၂ လုံးမှာ စကော့တလန်ရှိ ဘယ်မိုးရယ်လ် ရဲတိုက်ကြီး (Balmoral Castle) နှင့် နော်ဖော့ခ်အရပ်ရှိ ဆန်ဒရင်းဟမ်အိမ်တော် (Sandringham House) တို့ ဖြစ်သည်။

ဘုရင်မကြီးသည် အဆိုပါစံအိမ်တော်များကို ခမည်းတော် ဂျော့ဘုရင် VI ထံမှ အမွေဆက်ဆံရရှိခဲ့ခြင်း ဖြစ်သည်။

“တော်ဝင်သေတမ်းစာက လျှို့ဝှက်ထားတာဖြစ်တာကြောင့် ဘာတွေရေးထားတယ်၊ ဘယ်လောက်တန်တယ် ဆိုတာ ကျွန်မတို့ မသိရပါဘူး။ ဒါတွေက ဘယ်တော့မှ အများပြည်သူထံ ချပြလေ့ မရှိပါဘူး”ဟု လန်ကက်စတာ တက္ကသိုလ်မှ ကထိက လော်ရာကလန်စီက CNN Business သို့ ပြောသည်။

လော်ရာကလန်စီ၏ တော်ဝင်မိသားစုဘဏ္ဍာရေးနှင့် ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးသားခဲ့သူလည်း ဖြစ်သည်။

တော်ဝင်မိသားစု၏ ကြွယ်ဝမှုမှာ အလွန်များပြားကျယ်ပြန့်လှပြီး မြေယာ၊ အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပေါင်းလျှင် စုစုပေါင်း အနည်းဆုံး ပေါင် ၁၈ ဘီလီယံ (ကန်ဒေါ်လာ ၂၁ ဘီလီယံ) ရှိသည်။

ယင်းပိုင်ဆိုင်မှုများသည် ယခုအခါ ချားလ်စ်ဘုရင်နှင့် သူ၏ အမွေခံတို့ထံ လက်ဆင့်ကမ်းသွားခဲ့ပြီ ဖြစ်သည်။

ဗြိတိန်ထီးနန်းအရိုက်အရာဆက်ခံရေးတွင် ယခုအခါ မင်းသားဝီလျံမှာ နံပါတ် ၁ နေရာသို့ ရောက်ရှိလာသည်။

(မင်းသားဝီလျံ အမွေရခြင်း)

အနာဂတ်တွင် ဗြိတိန်ဘုရင်ဖြစ်လာမည့် မင်းသားဝီလျံသည် ခမည်းတော် ချားလ်စ်ဘုရင်ထံမှ နှစ်ပေါင်း ၆၈၅ နှစ် သက်တမ်းရှိပြီဖြစ်သော Cornwall မြို့စားအိမ်တော်ကို အမွေဆက်ခံရရှိခဲ့သည်။

Cornwall မြို့စားပိုင် မြေယာနှင့် အိမ်ခြံမြေအများစုမှာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ဧကပေါင်း ၁၄၀၀၀၀ နီးပါး ရှိသည်။

Cornwall အိမ်တော်ကို ၁၃၃၇ ခုနှစ်တွင် အက်ဒ်ဝပ်ဘုရင် III က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပေါင် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ဝန်းကျင် တန်ကြေးရှိသည်။

ယခုအခါ Cornwall မြို့စားအရိုက်အရာကို မင်းသားဝီလျံက ဆက်ခံခဲ့ပြီ ဖြစ်သည်။

 

(အဲလစ်ဇဘက်ဘုရင်မကြီး၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ရပ်ဖြစ်သော စကော့တလန်မှ ဘယ်မိုးရယ်လ် ရဲတိုက်ကြီး)

တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုများအနက် အကြီးမားဆုံးဖြစ်သော Crown Estate ဟုခေါ်သော တော်ဝင်အိမ်ခြံမြေပိုင်ဆိုင်မှုများမှာ ပေါင် ၁၆ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၉ ဘီလီယံ) ခန့်ရှိပြီး ယခုအခါ ချားလ်စ်ဘုရင်က ဆက်လက်ပိုင်ဆိုင်ထားသည်။

သို့သော် ၁၇၆၀ ပြည့်နှစ်မှ စတင်ခဲ့သည့် အစဉ်အလာအရ အဆိုပါအိမ်ခြံမြေများမှ ရရှိလာသည့် အမြတ်အစွန်းများကို ဘုရင်က အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးသည်။

တော်ဝင်မိသားစု အိမ်ခြံမြေများမှာ လန်ဒန်မြို့လယ်မှ အိမ်ခြံမြေများမှသည် အင်္ဂလန်နိုင်ငံတစ်လွှား၊ ဝေလပြည်နှင့် မြောက်အိုင်ယာလန်တို့အထိ ဖြန့်ကျက်တည်ရှိသည်။

ယင်းအိမ်ခြံမြေများကို အမှုဆောင်အရာရှိချုပ်တစ်ဦးနှင့် ဝန်ရှင်တော်မင်းကြီးများမှ စီမံခန့်ခွဲပေးသည်။

၎င်းတို့ကို ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် ဘုရင်က ခန့်ထားသည်။

ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း တော်ဝင်အိမ်ခြံမြေများမှ အသားတင် အမြတ်အစွန်း ပေါင် ၃၁၃ သန်း (ကန်ဒေါ်လာ ၃၆၁ သန်း ) ရရှိခဲ့သည်။

အဆိုပါငွေမှ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘုရင်မကြီးအား ပေါင် ၈၆ သန်း (ကန်ဒေါ်လာ သန်း ၁၀၀ ) ပြန်လည်ဆက်သခဲ့ပြီး Sovereign Grant ဟုခေါ်သည်။

အဆိုပါ ပမာဏမှာ ဗြိတိန်နိုင်ငံသားတစ်ဦးလျှင် ၁ ဒသမ ၂၉ ပေါင် (ကန်ဒေါ်လာ ၁ ဒသမ ၅၀ ) ပေးဆောင်ရမှုနှင့် ညီမျှသည်။

အဆိုပါငွေမှ အများစုကို တော်ဝင်မိသားစု၏ အိမ်ခြံမြေများ ထိန်းသိမ်းရန်နှင့် အမှုတော်ထမ်းများအား လစာပေးရန် အသုံးပြုသည်။

ဘုရင်မကြီးအား ဆက်သရသည့်ငွေပမာဏမှာ အိမ်ခြံမြေများမှရရှိသည့် အမြတ်အစွန်း၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင်မူ ဘက်ကင်ဟမ် နန်းတော်ကို ပြန်လည်ပြုပြင်မှုများပြုလုပ်ရန် အတွက် ၂၅ ရာခိုင်နှုန်းအထိပေးခဲ့ရသည်။

ထို့သို့ပိုင်ဆိုင်မှု က်ိန်းဂဏန်းများပြားသော်လည်း ဘုရင်နှင့် သူ၏ အရိုက်အရာဆက်ခံမည့်သူများမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ မည်မျှ သုံးစွဲနိုင်သည်ကို ကန့်သတ်ထားသည်။

ဘုရင်သည် Sovereign Grant ကို တော်ဝင် တာဝန်များ ထမ်းဆောင်ရာတွင်သာ အသုံးပြုနိုင်သည်။

မိမိတို့အပိုင်စားရသော ဒေသများမှ ပိုင်ဆိုင်မှုများကို ရောင်းချသည့် အကျိုးအမြတ်များအား ဘုရင်နှင့် အရိုက်အရာဆက်ခံမည့်သူများ သုံးစွဲခွင့်မရှိချေ။

ရောင်းချရာမှာ ရရှိသည့် အမြတ်အစွန်းအားလုံးကို သက်ဆိုင်ရာအိမ်ခြံမြေများတွင် ပြန်လည်ရင်းနှီးမြှပ်နှံရသည်။

တန်ဖိုးကြီးမားသည့် အိမ်ခြံမြေ အရောင်းအဝယ်အားလုံးကို ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အတည်ပြုချက်ပေးရန်လိုသည်။

ချားလ်စ်ဘုရင်နှင့် မင်းသားဝီလျံတို့မှာ ၎င်းတို့၏ အိမ်ခြံမြေများနှင့် စပ်လျဉ်းပြီး မည်သည့်အကောက်ခွန်မှ ပေးရန်မလိုချေ။

သို့သော် ၁၉၉၃ ခုနှစ်မှစတင်ပြီး ၎င်းတို့ဆန္ဒအလျောက် ဝင်ငွေခွန်ကို ပေးဆောင်ခဲ့ကြသည်။

၁၉၉၂ ခုနှစ်တွင် မီးသင့်ခဲ့သော ဝင်ဆာရဲတိုက်ကြီးကို ပြည်သူ့ငွေများဖြင့် ပြန်လည်ပြုပြင်မှုပေါ် အပြင်းအထန် ဝေဖန်ခံရပြီးနောက်ပိုင်း ၎င်းတို့ဆန္ဒအလျောက် ဝင်ငွေခွန်ပေးဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prince William just inherited a 685-year-old estate worth $1 billion (edition)

 

 

 

[Zawgyi]

ျဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံ ေဒၚလာ ၁ ဘီလီယံတန္ေၾကးရွိ စံအိမ္အေမြရ

ေတာ္ဝင္တို႔၏ ေသတမ္းစာမ်ားကို မည္သည့္အခါမွ် အမ်ားျပည္သူအၾကား ခ်မျပေခ်။

ထို႔ေၾကာင့္ အဲလစ္ဇဘက္ဘုရင္မၾကီး နတ္ရြာစံသြားျပီးေနာက္ သူ၏ ကိုယ္ပိုင္ၾကြယ္ဝမႈအရပ္ရပ္မွာ မည္သို႔ စီမံခန္႔ခြဲမည္မွာ မိသားစုလွ်ိဳ႕ဝွက္ခ်က္တစ္ခုအျဖစ္ ရွိေနသည္။

Forbes မဂၢဇင္းၾကီးက ျပီးခဲ့ေသာႏွစ္တြင္ ခန္႔မွန္းခ်က္အရ ဘုရင္မၾကီး၏ ကိုယ္ပိုင္ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၅၀၀ ခန္႔ရွိျပီး ေက်ာက္မ်က္ရတနာမ်ား၊ အႏုပညာလက္ရာစုေဆာင္းထားမႈမ်ား၊ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားႏွင့္ စံအိမ္ ၂ လံုးတို႔ ပါဝင္သည္။

စံအိမ္ ၂ လံုးမွာ စေကာ့တလန္ရွိ ဘယ္မိုးရယ္လ္ ရဲတိုက္ၾကီး (Balmoral Castle) ႏွင့္ ေနာ္ေဖာ့ခ္အရပ္ရွိ ဆန္ဒရင္းဟမ္အိမ္ေတာ္ (Sandringham House) တု႔ိ ျဖစ္သည္။

ဘုရင္မၾကီးသည္ အဆိုပါစံအိမ္ေတာ္မ်ားကို ခမည္းေတာ္ ေဂ်ာ့ဘုရင္ VI ထံမွ အေမြဆက္ဆံရရွိခဲ့ျခင္း ျဖစ္သည္။

“ေတာ္ဝင္ေသတမ္းစာက လွ်ိဳ႕ဝွက္ထားတာျဖစ္တာေၾကာင့္ ဘာေတြေရးထားတယ္၊ ဘယ္ေလာက္တန္တယ္ ဆိုတာ ကၽြန္မတို႔ မသိရပါဘူး။ ဒါေတြက ဘယ္ေတာ့မွ အမ်ားျပည္သူထံ ခ်ျပေလ့ မရွိပါဘူး”ဟု လန္ကက္စတာ တကၠသိုလ္မွ ကထိက ေလာ္ရာကလန္စီက CNN Business သို႔ ေျပာသည္။

ေလာ္ရာကလန္စီ၏ ေတာ္ဝင္မိသားစုဘ႑ာေရးႏွင့္ ပတ္သက္ျပီး စာအုပ္တစ္အုပ္ေရးသားခဲ့သူလည္း ျဖစ္သည္။

ေတာ္ဝင္မိသားစု၏ ၾကြယ္ဝမႈမွာ အလြန္မ်ားျပားက်ယ္ျပန္႔လွျပီး ေျမယာ၊ အိမ္ျခံေျမႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ေပါင္းလွ်င္ စုစုေပါင္း အနည္းဆံုး ေပါင္ ၁၈ ဘီလီယံ (ကန္ေဒၚလာ ၂၁ ဘီလီယံ) ရွိသည္။ ယင္းပိုင္ဆိုင္မႈမ်ားသည္ ယခုအခါ ခ်ားလ္စ္ဘုရင္ႏွင့္ သူ၏ အေမြခံတို႔ထံ လက္ဆင့္ကမ္းသြားခဲ့ျပီ ျဖစ္သည္။

ျဗိတိန္ထီးနန္းအရိုက္အရာဆက္ခံေရးတြင္ ယခုအခါ မင္းသားဝီလ်ံမွာ နံပါတ္ ၁ ေနရာသို႔ ေရာက္ရွိလာသည္။

(မင္းသားဝီလ်ံ အေမြရျခင္း)

အနာဂတ္တြင္ ျဗိတိန္ဘုရင္ျဖစ္လာမည့္ မင္းသားဝီလ်ံသည္ ခမည္းေတာ္ ခ်ားလ္စ္ဘုရင္ထံမွ ႏွစ္ေပါင္း ၆၈၅ ႏွစ္ သက္တမ္းရွိျပီျဖစ္ေသာ Cornwall ျမိဳ႕စားအိမ္ေတာ္ကို အေမြဆက္ခံရရွိခဲ့သည္။ Cornwall ျမိဳ႕စားပိုင္ ေျမယာႏွင့္ အိမ္ျခံေျမအမ်ားစုမွာ အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ တည္ရွိျပီး ဧကေပါင္း ၁၄၀၀၀၀ နီးပါး ရွိသည္။

Cornwall အိမ္ေတာ္ကို ၁၃၃၇ ခုႏွစ္တြင္ အက္ဒ္ဝပ္ဘုရင္ III က တည္ေထာင္ခဲ့ျခင္းျဖစ္ျပီး ေပါင္ ၁ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ) ဝန္းက်င္ တန္ေၾကးရွိသည္။

ယခုအခါ Cornwall ျမိဳ႕စားအရိုက္အရာကို မင္းသားဝီလ်ံက ဆက္ခံခဲ့ျပီ ျဖစ္သည္။

(အဲလစ္ဇဘက္ဘုရင္မၾကီး၏ ကိုယ္ပိုင္ ပိုင္ဆိုင္မႈတစ္ရပ္ျဖစ္ေသာ စေကာ့တလန္မွ ဘယ္မိုးရယ္လ္ ရဲတိုက္ၾကီး)

ေတာ္ဝင္မိသားစု၏ ပိုင္ဆိုင္မႈမ်ားအနက္ အၾကီးမားဆံုးျဖစ္ေသာ Crown Estate ဟုေခၚေသာ ေတာ္ဝင္အိမ္ျခံေျမပိုင္ဆိုင္မႈမ်ားမွာ ေပါင္ ၁၆ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁၉ ဘီလီယံ) ခန္႔ရွိျပီး ယခုအခါ ခ်ားလ္စ္ဘုရင္က ဆက္လက္ပိုင္ဆိုင္ထားသည္။

သို႔ေသာ္ ၁၇၆၀ ျပည့္ႏွစ္မွ စတင္ခဲ့သည့္ အစဥ္အလာအရ အဆိုပါအိမ္ျခံေျမမ်ားမွ ရရွိလာသည့္ အျမတ္အစြန္းမ်ားကို ဘုရင္က အစိုးရအဖြဲ႔သို႔ လႊဲေျပာင္းေပးသည္။

ေတာ္ဝင္မိသားစု အိမ္ျခံေျမမ်ားမွာ လန္ဒန္ျမိဳ႕လယ္မွ အိမ္ျခံေျမမ်ားမွသည္ အဂၤလန္ႏိုင္ငံတစ္လႊား၊ ေဝလျပည္ႏွင့္ ေျမာက္အိုင္ယာလန္တို႔အထိ ျဖန္႔က်က္တည္ရွိသည္။

ယင္းအိမ္ျခံေျမမ်ားကို အမႈေဆာင္အရာရွိခ်ဳပ္တစ္ဦးႏွင့္ ဝန္ရွင္ေတာ္မင္းၾကီးမ်ားမွ စီမံခန္႔ခြဲေပးသည္။

၎တို႔ကို ဝန္ၾကီးခ်ဳပ္၏ ေထာက္ခံခ်က္ျဖင့္ ဘုရင္က ခန္႔ထားသည္။

ျပီးခဲ့ေသာ ဘ႑ာေရးႏွစ္အတြင္း ေတာ္ဝင္အိမ္ျခံေျမမ်ားမွ အသားတင္ အျမတ္အစြန္း ေပါင္ ၃၁၃ သန္း (ကန္ေဒၚလာ ၃၆၁ သန္း ) ရရွိခဲ့သည္။

အဆိုပါေငြမွ ျဗိတိန္ဘ႑ာေရးဝန္ၾကီးဌာနက ဘုရင္မၾကီးအား ေပါင္ ၈၆ သန္း (ကန္ေဒၚလာ သန္း ၁၀၀ ) ျပန္လည္ဆက္သခဲ့ျပီး Sovereign Grant ဟုေခၚသည္။

အဆိုပါ ပမာဏမွာ ျဗိတိန္ႏိုင္ငံသားတစ္ဦးလွ်င္ ၁ ဒသမ ၂၉ ေပါင္ (ကန္ေဒၚလာ ၁ ဒသမ ၅၀ ) ေပးေဆာင္ရမႈႏွင့္ ညီမွ်သည္။

အဆိုပါေငြမွ အမ်ားစုကို ေတာ္ဝင္မိသားစု၏ အိမ္ျခံေျမမ်ား ထိန္းသိမ္းရန္ႏွင့္ အမႈေတာ္ထမ္းမ်ားအား လစာေပးရန္ အသံုးျပဳသည္။ ဘုရင္မၾကီးအား ဆက္သရသည့္ေငြပမာဏမွာ အိမ္ျခံေျမမ်ားမွရရွိသည့္ အျမတ္အစြန္း၏ ၁၅ ရာခိုင္ႏႈန္းျဖစ္သည္။

သို႔ေသာ္ ၂၀၁၇ ခုႏွစ္တြင္မူ ဘက္ကင္ဟမ္ နန္းေတာ္ကုိ ျပန္လည္ျပဳျပင္မႈမ်ားျပဳလုပ္ရန္ အတြက္ ၂၅ ရာခိုင္ႏႈန္းအထိေပးခဲ့ရသည္။

ထို႔သို႔ပုိင္ဆိုင္မႈ ကိ္န္းဂဏန္းမ်ားျပားေသာ္လည္း ဘုရင္ႏွင့္ သူ၏ အရိုက္အရာဆက္ခံမည့္သူမ်ားမွာ ၎တို႔၏ ပိုင္ဆိုင္မႈမ်ားမွ မည္မွ် သံုးစြဲႏိုင္သည္ကို ကန္႔သတ္ထားသည္။

ဘုရင္သည္ Sovereign Grant ကို ေတာ္ဝင္ တာဝန္မ်ား ထမ္းေဆာင္ရာတြင္သာ အသံုးျပဳႏိုင္သည္။

မိမိတို႔အပုိင္စားရေသာ ေဒသမ်ားမွ ပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်သည့္ အက်ိဳးအျမတ္မ်ားအား ဘုရင္ႏွင့္ အရိုက္အရာဆက္ခံမည့္သူမ်ား သံုးစြဲခြင့္မရွိေခ်။

ေရာင္းခ်ရာမွာ ရရွိသည့္ အျမတ္အစြန္းအားလံုးကို သက္ဆိုင္ရာအိမ္ျခံေျမမ်ားတြင္ ျပန္လည္ရင္းႏွီးျမွပ္ႏွံရသည္။

တန္ဖိုးၾကီးမားသည့္ အိမ္ျခံေျမ အေရာင္းအဝယ္အားလံုးကို ျဗိတိန္ ဘ႑ာေရးဝန္ၾကီးဌာနမွ အတည္ျပဳခ်က္ေပးရန္လိုသည္။

ခ်ားလ္စ္ဘုရင္ႏွင့္ မင္းသားဝီလ်ံတို႔မွာ ၎တို႔၏ အိမ္ျခံေျမမ်ားႏွင့္ စပ္လ်ဥ္းျပီး မည္သည့္အေကာက္ခြန္မွ ေပးရန္မလိုေခ်။

သို႔ေသာ္ ၁၉၉၃ ခုႏွစ္မွစတင္ျပီး ၎တို႔ဆႏၵအေလ်ာက္ ဝင္ေငြခြန္ကို ေပးေဆာင္ခဲ့ၾကသည္။

၁၉၉၂ ခုႏွစ္တြင္ မီးသင့္ခဲ့ေသာ ဝင္ဆာရဲတိုက္ၾကီးကို ျပည္သူ႔ေငြမ်ားျဖင့္ ျပန္လည္ျပဳျပင္မႈေပၚ အျပင္းအထန္ ေဝဖန္ခံရျပီးေနာက္ပိုင္း ၎တို႔ဆႏၵအေလ်ာက္ ဝင္ေငြခြန္ေပးေဆာင္ခဲ့ၾကျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Prince William just inherited a 685-year-old estate worth $1 billion (edition)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service