ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ်

ကင်မ်ကာဒါရှီယန်က စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ဒေါ်လာသန်း ၇၀ ကျော်ဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
3 Oct 2022 10:04 am တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရုပ်သံစူပါကြယ်ပွင့် ကင်မ်ကာဒါရှီယန်သည် စူပါမော်ဒယ် စင်ဒီကရောဖို့ဒ်၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၇၀ ကျော်ဖြင့် ဝယ်ယူခဲ့ရာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်၏ စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့သည်။

လော့စ်အိန်ဂျလိမြို့ဇာတိဖြစ်သူ ကင်မ်ကာဒါရှီယန်သည် ၄၁ နှစ်တာကာလအတွင်း စံအိမ်များစွာ၌ နေထိုင်ခဲ့သော်လည်း လော့စ်အိန်ဂျလိနှင့် နီးနီးနားနားတွင်သာ အမြဲနေသည်။

ယခုဝယ်ယူလိုက်သော စင်ဒီကရောဖို့ဒ်၏ စံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်မှ တစ်နာရီခရီးသာ ဝေးသည်။

ယခုနှစ်ပိုင်းများသည် ကင်မ်ကာဒါရှီယန်အတွက် အလွန်အလုပ်များသော နှစ်ကာလများဖြစ်သည်။

ရက်ပ်အဆိုတော် ကင်ညေးဝက်စ်နှင့် ကွာရှင်းပြတ်စဲမှု အပြီးသတ်ခြင်းများ ပြုလုပ်ရသည့်အပြင် ပီတီ ဒေးဗစ်ဆန်နှင့် တွဲခြင်း၊ လမ်းခွဲခြင်းများပြုလုပ်ခဲ့သည်။

ယင်းနောက် ဘီလျံနာတစ်ဦး တရားဝင်ဖြစ်လာခဲ့အပြီးတွင် အာဖဂန်နစ္စတန် အမျိုးသမီးဘောလုံးအသင်းကို တာလီဘန်တို့လက်မှလွတ်ကင်းအောင် ကူညီမှု ပြုလုပ်ပေးခဲ့သည်။

ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမနှစ် ဥပဒေပညာ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။

(မှတ်ချက်။ ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမနှစ်ဥပဒေစာမေးပွဲကို Baby bar ဟုခေါ်ကြသည်။ တစ်နာရီ essay မေးခွန်းလေးခုနှင့် အမှတ် ၁၀၀ ပေးသော အမှား၊ အမှန်ရွေးမေးခွန်းများ ဖြေရသည်။ အထက်ပါမေးခွန်းများမှာ ဘာသာရပ် ၃ ခုကို ဖြန့်ကျက်မေးမြန်းထားသည့် မေးခွန်းများဖြစ်ပြီး ပဋိဉာဉ်ဥပဒေ၊ ရာဇသတ်ကြီးနှင့် တရားမနစ်နာမှုများဆိုင်ရာ မေးခွန်းများ ဖြစ်သည်။)

သူ၏ အထူးအောင်မြင်သည့် ကုန်စည်အမှတ်တံဆိပ်များဖြစ်သော KKW Beauty, KKW Fragrance နှင့် Skims လုပ်ငန်းများကို ကိုင်တွယ်စီမံရင်း သားသမီး ၄ ဦးကို ပျိုးထောင်ပေးနေရသူ ကင်မ်ကာဒါရှီယန်သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများတွင်လည်း ကြီးမားသည့်ခြေလှမ်းများ လှမ်းခဲ့သည်။

ဗိသုကာပညာရှင် Vincent Van Duysen ဒီဇိုင်းရေးဆွဲပေးထားသော ကာလာဘာဆက်စ်အရပ်မှ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ကင်မ်ကာဒါရှီယန်က အရောင်းဈေးကွက်တင်၏။

 

(အဆိုပါအခန်းသည် သူ၏ကုန်စည်အမှတ်တံဆိပ်တစ်ခုဖြစ်သော Skims ၏ ရုံးခန်းနေရာဟောင်းလည်း ဖြစ်သည်။)

ထို့နောက် သားသမီးများနှင့်အတူ ကင်ညေးဝက်စ်နှင့်အတူရှိစဉ်က နေထိုင်ခဲ့သော ကာလာဘာဆက်စ်အရပ်မှ စံအိမ်ကြီးအတွက် ကင်ညေးဝက်စ်၏ ပူးတွဲပိုင်ဆိုင်မှု ကန်ဒေါ်လာ ၂၃ သန်းကို ကင်မ်ကာဒါရှီယန်က ခွဲဝေပေး၏။

ယင်းနောက်တွင် ပိုမိုခမ်းနားသော မာလီဘူးအရပ်မှ စင်ဒီကရောဖို့ဒ်၏ စံအိမ်ကြီးကို ကန်ဒေါ်လာ ၇၀ ဒသမ ၄ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

စင်ဒီကရောဖို့ဒ်သည် ယခုရောင်းချလိုက်သော စံအိမ်ကြီးဘေးချင်းကပ်တွင် နေထိုင်လျက်ရှိဆဲဖြစ်သည်။

ယခုရောင်းချလိုက်သော စံအိမ်ကို Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jade Mills က ပထမဆုံးဈေးကွက်တင်ပေးခဲ့သည့်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉၉ သန်း ဖြစ်သည်။

အရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇၀ ဒသမ ၄ သန်းဖြစ်ပြီး အဆိုပါဈေးနှုန်းမှာပင် မာလီဘူးတွင် ယခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သမျှ၌ ဈေးအကြီးဆုံးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၏ စတုတ္ထမြောက်ဈေးအကြီးဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

စံအိမ်မှာ ၂ ထပ်ဖြစ်ပြီး အမိုးအနီမိုးထားကာ မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

စံအိမ်အကျယ် ၇၄၅၀ စတုရန်းပေရှိပြီး ခြံဝန်းအတွင်း လှပစွာမြေယာအလှပြုပြင်ထားကာ ခြံဝန်းအကျယ်မှာ ၃ ဒသမ ၂ ဧက ရှိသည်။

အခန်းဖွဲ့မှာ လေဝင်လေထွက်ကောင်းသော အခင်းအကျင်းဖြစ်ပြီး ဧည့်ခန်း၊ Den ၊ ညစာစားနေရာနှင့် မီးဖိုဆောင်တို့ပေါင်းစပ်ထားသည့် အခန်းကျယ်ကြီးတစ်ခုဖြင့် မြေညီထပ်ကို ဖွဲ့စည်းထားသည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော လျှောမှန်တံခါးများမှတဆင့် ကမ်းရိုးတန်းရှုခင်းများကို တမျှော်တခေါ်တွေ့မြင်နိုင်ပြီး ထိုမှတဆင့် အိမ်ပတ်လည်ဝန်းပတ်ထားကာ မီးဖိုတွင်းတစ်ခုရှိသော ရင်ပြင်နေရာဆီသို့ ရောက်သည်။

Master bedroom တွင် မီးလင်းဖိုတစ်ခုနှင့် နားနေ နေရာတို့အပြင် spa ဟန် ရေချိုးခန်းနှင့် လမ်းလျှောက်ဝင်နိုင်သော အဝတ်ထားသိုရန်နေရာတို့ ရှိသည်။

အခြားသော အိပ်ခန်းများတွင် သီးခြားရေချိုးခန်းများအပြင် အခန်းတစ်ခန်းတွင်ဆိုလျှင် သီးသန့်ဝင်ပေါက်၊ ရေချိုးခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။

ထို့အပြင် ထုတ်တန်းဖော်မျက်နှာကြက်များရှိသော အားကစားလေ့ကျင့်ခန်းမနှင့် မီဒီယာခန်းတို့မှာ စံအိမ်ကြီးကို ပြီးပြည့်စုံစေသည်။

ခမ်းနားလှပသော ရေကူးကန်နှင့် သီးသန့်မီးလင်းဖိုပါသော ရေကူးကန်ဘေးအိမ်၊ တင်းနစ်ကွင်းတို့အပြင် မာလီဘူးအရပ်၏ နာမည်ကျော် ဆည်းဆာချိန်များကို ကြည့်ရှုခံစားနိုင်ရန်နှင့် ဖျော်ဖြေရေးနေရာအတွက် အသုံးပြုနိုင်မည့် outdoor deck နေရာများစွာလည်း ရှိသည်။

El Sol ကမ်းခြေ၏ ဖြူလွလွသဲသောင်များဆီသို့ ဆင်းသွားသော သီးသန့်လမ်းကလေးတစ်ခုလည်း ရှိသည်။

အဆိုပါကမ်းခြေသည် အနီးဝန်းကျင်ရှိ လက်တစ်ဆုပ်စာခန့်သာရှိသော စံအိမ်များမှတဆင့်သာ သွားနိုင်သော သီးသန့်နေရာတစ်ခုလည်း ဖြစ်သည်။

စံအိမ်ဝန်းကျင်ကို သစ်ကြီးဝါးကြီးများ၊ အုန်းပင်များက ဝန်းပတ်ထားရာ ဆိတ်ငြိမ်သည့် သဘာဝ၏ အရသာကို ခံစားနိုင်သည်။ စံအိမ်အနီးဝန်းကျင်သို့ထွက်မည်ဆိုလျှင် မာလီဘူး မြင်းစီးနှင့် တင်းနစ်ကလပ်၊ နာမည်ကျော် Paradise Cove ကမ်းခြေကော်ဖီဆိုင်၊ Malibu Country Mart ရှိ ဖက်ရှင်ဆိုင်များနှင့် စားသောက်ဆိုင်များသို့ ကမ်းရိုးတန်း အတိုင်း ကားမောင်းသွားလျှင် ၁၅ မိနစ်သာ သွားရသည်။

ယခုစံအိမ်အနီးတွင် အခြားသော ကမ္ဘာကျော်ကြယ်ပွင့်များလည်း နေထိုင်လျက်ရှိရာ လေဒီဂါဂါ၊ ကော့တ်နေး ကော့ဇ်၊ လီယိုနာဒို ဒီကာပရီယိုနှင့် ရှားတို့ အပါအဝင်ဖြစ်သည်။

လော့စ်အိန်ဂျလိ၏ နာမည်ကြီး Beverly Hills နှင့် Bel Air အရပ်များသို့ ကားမောင်းသွားလျှင် ၁ နာရီခန့်သာ သွားရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kim Kardashian Buys Cindy Crawford Malibu Mansion (toptenrealestatedeals)

 

 

 

[Zawgyi]

ကင္မ္ကာဒါရွီယန္က စင္ဒီကေရာဖို႔ဒ္၏ စံအိမ္ကို ေဒၚလာသန္း ၇၀ ေက်ာ္ျဖင့္ဝယ္

 

ရုပ္သံစူပါၾကယ္ပြင့္ ကင္မ္ကာဒါရွီယန္သည္ စူပါေမာ္ဒယ္ စင္ဒီကေရာဖို႔ဒ္၏ စံအိမ္ကို ကန္ေဒၚလာ သန္း ၇၀ ေက်ာ္ျဖင့္ ဝယ္ယူခဲ့ရာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္၏ စံခ်ိန္တင္ေစ်းႏႈန္း ျဖစ္ခဲ့သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕ဇာတိျဖစ္သူ ကင္မ္ကာဒါရွီယန္သည္ ၄၁ ႏွစ္တာကာလအတြင္း စံအိမ္မ်ားစြာ၌ ေနထိုင္ခဲ့ေသာ္လည္း ေလာ့စ္အိန္ဂ်လိႏွင့္ နီးနီးနားနားတြင္သာ အျမဲေနသည္။

ယခုဝယ္ယူလိုက္ေသာ စင္ဒီကေရာဖို႔ဒ္၏ စံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္မွ တစ္နာရီခရီးသာ ေဝးသည္။

ယခုႏွစ္ပိုင္းမ်ားသည္ ကင္မ္ကာဒါရွီယန္အတြက္ အလြန္အလုပ္မ်ားေသာ ႏွစ္ကာလမ်ားျဖစ္သည္။

ရက္ပ္အဆုိေတာ္ ကင္ေညးဝက္စ္ႏွင့္ ကြာရွင္းျပတ္စဲမႈ အျပီးသတ္ျခင္းမ်ား ျပဳလုပ္ရသည့္အျပင္ ပီတီ ေဒးဗစ္ဆန္ႏွင့္ တြဲျခင္း၊ လမ္းခြဲျခင္းမ်ားျပဳလုပ္ခဲ့သည္။

ယင္းေနာက္ ဘီလ်ံနာတစ္ဦး တရားဝင္ျဖစ္လာခဲ့အျပီးတြင္ အာဖဂန္နစၥတန္ အမ်ဳိးသမီးေဘာလံုးအသင္းကို တာလီဘန္တို႔လက္မွလြတ္ကင္းေအာင္ ကူညီမႈ ျပဳလုပ္ေပးခဲ့သည္။

ထို႔ေနာက္ ကယ္လီဖိုးနီးယားျပည္နယ္၏ ပထမႏွစ္ ဥပေဒပညာ စာေမးပြဲကို ေျဖဆိုေအာင္ျမင္ခဲ့သည္။

(မွတ္ခ်က္။ ကယ္လီဖိုးနီးယားျပည္နယ္၏ ပထမႏွစ္ဥပေဒစာေမးပြဲကို Baby bar ဟုေခၚၾကသည္။ တစ္နာရီ essay ေမးခြန္းေလးခုႏွင့္ အမွတ္ ၁၀၀ ေပးေသာ အမွား၊ အမွန္ေရြးေမးခြန္းမ်ား ေျဖရသည္။ အထက္ပါေမးခြန္းမ်ားမွာ ဘာသာရပ္ ၃ ခုကို ျဖန္႔က်က္ေမးျမန္းထားသည့္ ေမးခြန္းမ်ားျဖစ္ျပီး ပဋိဥာဥ္ဥပေဒ၊ ရာဇသတ္ၾကီးႏွင့္ တရားမနစ္နာမႈမ်ားဆိုင္ရာ ေမးခြန္းမ်ား ျဖစ္သည္။)

သူ၏ အထူးေအာင္ျမင္သည့္ ကုန္စည္အမွတ္တံဆိပ္မ်ားျဖစ္ေသာ KKW Beauty, KKW Fragrance ႏွင့္ Skims လုပ္ငန္းမ်ားကို ကိုင္တြယ္စီမံရင္း သားသမီး ၄ ဦးကို ပ်ဳိးေထာင္ေပးေနရသူ ကင္မ္ကာဒါရွီယန္သည္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ားတြင္လည္း ၾကီးမားသည့္ေျခလွမ္းမ်ား လွမ္းခဲ့သည္။

ဗိသုကာပညာရွင္ Vincent Van Duysen ဒီဇိုင္းေရးဆြဲေပးထားေသာ ကာလာဘာဆက္စ္အရပ္မွ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ကင္မ္ကာဒါရွီယန္က အေရာင္းေစ်းကြက္တင္၏။

(အဆိုပါအခန္းသည္ သူ၏ကုန္စည္အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Skims ၏ ရံုးခန္းေနရာေဟာင္းလည္း ျဖစ္သည္။) ထို႔ေနာက္ သားသမီးမ်ားႏွင့္အတူ ကင္ေညးဝက္စ္ႏွင့္အတူရွိစဥ္က ေနထိုင္ခဲ့ေသာ ကာလာဘာဆက္စ္အရပ္မွ စံအိမ္ၾကီးအတြက္ ကင္ေညးဝက္စ္၏ ပူးတြဲပိုင္ဆိုင္မႈ ကန္ေဒၚလာ ၂၃ သန္းကို ကင္မ္ကာဒါရွီယန္က ခြဲေဝေပး၏။

ယင္းေနာက္တြင္ ပိုမိုခမ္းနားေသာ မာလီဘူးအရပ္မွ စင္ဒီကေရာဖို႔ဒ္၏ စံအိမ္ၾကီးကို ကန္ေဒၚလာ ၇၀ ဒသမ ၄ သန္းျဖင့္ ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

စင္ဒီကေရာဖို႔ဒ္သည္ ယခုေရာင္းခ်လုိက္ေသာ စံအိမ္ၾကီးေဘးခ်င္းကပ္တြင္ ေနထိုင္လ်က္ရွိဆဲျဖစ္သည္။

ယခုေရာင္းခ်လိုက္ေသာ စံအိမ္ကို Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jade Mills က ပထမဆံုးေစ်းကြက္တင္ေပးခဲ့သည့္ေခၚေစ်းမွာ ကန္ေဒၚလာ ၉၉ သန္း ျဖစ္သည္။

အေရာင္းအဝယ္ျဖစ္သြားေသာ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၇၀ ဒသမ ၄ သန္းျဖစ္ျပီး အဆိုပါေစ်းႏႈန္းမွာပင္ မာလီဘူးတြင္ ယခုႏွစ္အတြင္း အေရာင္းအဝယ္ျဖစ္ခဲ့သမွ်၌ ေစ်းအၾကီးဆံုးျဖစ္ျပီး ကယ္လီဖိုးနီးယားျပည္နယ္၏ စတုတၳေျမာက္ေစ်းအၾကီးဆံုးအျဖစ္ ရပ္တည္လ်က္ရွိသည္။

စံအိမ္မွာ ၂ ထပ္ျဖစ္ျပီး အမိုးအနီမိုးထားကာ ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည္။

စံအိမ္အက်ယ္ ၇၄၅၀ စတုရန္းေပရွိျပီး ျခံဝန္းအတြင္း လွပစြာေျမယာအလွျပဳျပင္ထားကာ ျခံဝန္းအက်ယ္မွာ ၃ ဒသမ ၂ ဧက ရွိသည္။

အခန္းဖြဲ႔မွာ ေလဝင္ေလထြက္ေကာင္းေသာ အခင္းအက်င္းျဖစ္ျပီး ဧည့္ခန္း၊ Den ၊ ညစာစားေနရာႏွင့္ မီးဖိုေဆာင္တို႔ေပါင္းစပ္ထားသည့္ အခန္းက်ယ္ၾကီးတစ္ခုျဖင့္ ေျမညီထပ္ကို ဖြဲ႔စည္းထားသည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ေလွ်ာမွန္တံခါးမ်ားမွတဆင့္ ကမ္းရိုးတန္းရႈခင္းမ်ားကို တေမွ်ာ္တေခၚေတြ႔ျမင္ႏိုင္ျပီး ထိုမွတဆင့္ အိမ္ပတ္လည္ဝန္းပတ္ထားကာ မီးဖိုတြင္းတစ္ခုရွိေသာ ရင္ျပင္ေနရာဆီသို႔ ေရာက္သည္။

Master bedroom တြင္ မီးလင္းဖိုတစ္ခုႏွင့္ နားေန ေနရာတို႔အျပင္ spa ဟန္ ေရခ်ဳိးခန္းႏွင့္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္ထားသိုရန္ေနရာတို႔ ရွိသည္။

အျခားေသာ အိပ္ခန္းမ်ားတြင္ သီးျခားေရခ်ဳိးခန္းမ်ားအျပင္ အခန္းတစ္ခန္းတြင္ဆိုလွ်င္ သီးသန္႔ဝင္ေပါက္၊ ေရခ်ဳိးခန္းႏွင့္ မီးဖိုေဆာင္တို႔ ပါဝင္သည္။

ထို႔အျပင္ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ားရွိေသာ အားကစားေလ့က်င့္ခန္းမႏွင့္ မီဒီယာခန္းတို႔မွာ စံအိမ္ၾကီးကို ျပီးျပည့္စံုေစသည္။ ခမ္းနားလွပေသာ ေရကူးကန္ႏွင့္ သီးသန္႔မီးလင္းဖိုပါေသာ ေရကူးကန္ေဘးအိမ္၊ တင္းနစ္ကြင္းတို႔အျပင္ မာလီဘူးအရပ္၏ နာမည္ေက်ာ္ ဆည္းဆာခ်ိန္မ်ားကို ၾကည့္ရႈခံစားႏိုင္ရန္ႏွင့္ ေဖ်ာ္ေျဖေရးေနရာအတြက္ အသံုးျပဳႏိုင္မည့္ outdoor deck ေနရာမ်ားစြာလည္း ရွိသည္။

El Sol ကမ္းေျခ၏ ျဖဴလြလြသဲေသာင္မ်ားဆီသို႔ ဆင္းသြားေသာ သီးသန္႔လမ္းကေလးတစ္ခုလည္း ရွိသည္။

အဆိုပါကမ္းေျခသည္ အနီးဝန္းက်င္ရွိ လက္တစ္ဆုပ္စာခန္႔သာရွိေသာ စံအိမ္မ်ားမွတဆင့္သာ သြားႏိုင္ေသာ သီးသန္႔ေနရာတစ္ခုလည္း ျဖစ္သည္။

စံအိမ္ဝန္းက်င္ကို သစ္ၾကီးဝါးၾကီးမ်ား၊ အုန္းပင္မ်ားက ဝန္းပတ္ထားရာ ဆိတ္ျငိမ္သည့္ သဘာဝ၏ အရသာကို ခံစားႏိုင္သည္။ စံအိမ္အနီးဝန္းက်င္သို႔ထြက္မည္ဆိုလွ်င္ မာလီဘူး ျမင္းစီးႏွင့္ တင္းနစ္ကလပ္၊ နာမည္ေက်ာ္ Paradise Cove ကမ္းေျခေကာ္ဖီဆိုင္၊ Malibu Country Mart ရွိ ဖက္ရွင္ဆိုင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ားသို႔ ကမ္းရိုးတန္း အတိုင္း ကားေမာင္းသြားလွ်င္ ၁၅ မိနစ္သာ သြားရသည္။

ယခုစံအိမ္အနီးတြင္ အျခားေသာ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားလည္း ေနထိုင္လ်က္ရွိရာ ေလဒီဂါဂါ၊ ေကာ့တ္ေနး ေကာ့ဇ္၊ လီယိုနာဒို ဒီကာပရီယိုႏွင့္ ရွားတို႔ အပါအဝင္ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိ၏ နာမည္ၾကီး Beverly Hills ႏွင့္ Bel Air အရပ္မ်ားသို႔ ကားေမာင္းသြားလွ်င္ ၁ နာရီခန္႔သာ သြားရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kim Kardashian Buys Cindy Crawford Malibu Mansion (toptenrealestatedeals)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service