ဆန်ဒရာဘူးလော့ခ်၏ ၉၁ ဧကကျယ်သော ထောပတ်၊ ရှောက်ခြံ ကန်ဒေါ်လာ ၆ သန်းဖြင့် ရောင်းမည်

ဆန်ဒရာဘူးလော့ခ်၏ ၉၁ ဧကကျယ်သော ထောပတ်၊ ရှောက်ခြံ ကန်ဒေါ်လာ ၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
27 Sep 2022 10:50 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဆန်ဒရာဘူးလော့ခ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စိုက်ပျိုးရေးခြံကြီးကို အရောင်းဈေးကွက်တင်လာသည်။

ဆန်ဒီဂိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိပြီး မြေကွက် ၃ ခုကို ပေါင်းစည်းထားသည့် ခြံကြီးဖြစ်သည်။

ခြံကြီးအတွင်းရှိ ပင်မစံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀၀ ရှိပြီး မျိုးအလွန်ကောင်းသည့် ထောပတ်သီးပင်ပေါင်း ၁၂၀၀ ခန့် စိုက်ပျိုးထားကာ ကန်ဒေါ်လာ ၆ သန်း ဈေးခေါ်ထားသည်။

ထောပတ်သီးပင်များမှာ အသီးသီးမည့် သက်တမ်းသို့ ရောက်နေပြီဖြစ်ပြီး ခြံဝန်းကြီးအတွင်း အခြားသော စံအိမ်များနှင့် ပန်းဥယျာဉ်များလည်း ရှိသေးသည်။

အရောင်းဈေးကွက်တင်ပေးသူများမှာ Avenue 8 အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Alan Long ၊ Willis Allen Real Estate အိမ်ခြံမြေကုမ္ပဏီမှ Melissa Russell နှင့် HomeSmart Realty West အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Kay O’Hara တို့ ဖြစ်သည်။

“ကားထဲကထွက်လိုက်တာနဲ့ ပထမဆုံး ခံစားရမှာက တောင်တန်းကြီးတွေရဲ့ အံ့မခန်းရှုမျှော်ခင်းတွေနဲ့ ဆိတ်ငြိမ်အေးချမ်းမှုကို ခံစားရမှာဖြစ်ပါတယ်”ဟု မစ္စတာ Long က ပြောသည်။

“အဲ့နောက် ခြံထဲကို ဝင်လာရင် ထူထဲတဲ့ ရွှံ့ကျက်နံရံတွေနဲ့ ရေတံခွန်ကို တွေ့ရမှာဖြစ်ပြီး အိမ်ရှေ့တံခါးနားကို ရောက်ရင် စံပယ်နဲ့ wisteria ပန်းတွေရဲ့ မွှေးပျံ့တဲ့ရနံ့တွေက ဆီးကြိုနှုတ်ဆက်နေမှာ ဖြစ်ပါတယ်”

(မှတ်ချက်။ wisteria ကို မြန်မာပြည်တွင် ရေတံခွန်ပန်းဟု ခေါ်ကြပြီး တစ်ပင်လျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိသည်)

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်သော ဆန်ဒရာဘူးလော့ခ်သည် အော်စကာဆုရှင်တစ်ဦးဖြစ်ပြီး ယခုနှစ် မတ်လအတွင်းကမှ ရုံတင်ထားသော The Lost City ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

Property Shark ၏ မှတ်တမ်းများအရ ဆန်ဒရာဘူးလော့ခ်သည် ယခုစိုက်ခင်းခြံနေရာကို ၂၀၀၇ ခုနှစ်ကတည်းက ဝယ်ယူပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နေရာ ၃ ခုကို ပေါင်းစည်းထားသော ထိုခြံကို ဆန်ဒရာဘူးလော့ခ်က ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ကိုမူ မသိရချေ။

ထောပတ်နှင့် ရှောက်ပင်များမှာ ဆန်ဒရာဘူးလော့ခ်ဝယ်ယူချိန်ကတည်းက သက်တမ်းရပြီးသည့် အပင်များဖြစ်သော်လည်း ဆန်ဒရာဘူးလော့ခ်က အော်ဂဲနစ်ခြံအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မစ္စတာ Long က ပြောသည်။ ခြံအတွင်း ဆားရေ ရေကူးကန်၊ တောင်တန်းရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် Spa တို့ပါဝင်သည်။

သက်ကြီး သံလွင်ပင်များ ပြည်ပမှ မှာယူတင်သွင်းခြင်း၊ မူလရှိရင်းစွဲ မိသားစု သစ်ခွနှင့် ပန်းဥယျာဉ်များကို ချဲ့ထွင်ခြင်း၊ ရေထိန်းသိမ်းမှုနှင့် ရေပေးစနစ်အတွက် ထားရှိသည့် ရေကန်ဆီသို့ နိမ့်ဆင်းသွားသည့် လျှောက်လမ်းကလေးများ ထည့်သွင်းခြင်းတို့လည်း ဆန်ဒရာဘူးလော့ခ်က ပြုလုပ်ထားသည်။

“ဒါတွေကို သူလုပ်ခဲ့တာက အမြတ်အစွန်းအတွက် မဟုတ်ပါဘူး။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ဆူညံပွက်လောရိုက်တဲ့ မြို့ပြဘဝကနေ ရုန်းထွက်ပြီး အပန်းဖြေနိုင်ကြဖို့အတွက် ဖြစ်ပါတယ်”ဟု မစ္စတာ Long က ပြောသည်။

စံအိမ်ကြီးတွင် အိမ်တွင်း အိမ်ပြင် အပန်းဖြေရန် နေရာများရှိသော ရေတံခွန်တစ်ခုပါသည့် စိုက်ပျိုးရေးဗဟိုပြု ခြံဝန်းကြီးဖြစ်ကာ စံအိမ်တွင် ပြင်သစ်တံခါးများ များစွာပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ မီးလင်းဖို ၉ ခုပါပြီး ၃ ခုမှာ ခြံဝန်းအတွင်း ယူကလစ်၊ အုန်းနှင့် သံလွင်ပင်များနှင့် ပန်းဥယျာဉ်များအတွင်း တည်ရှိသည်။

စားသောက်ရန်နေရာ တွဲဖက်ပါဝင်သည့် ပျဉ်ခင်းမီးဖိုဆောင်တွင် La Cornue မုန့်ဖုတ်ဖိုတစ်ခုရှိပြီး ထုတ်တန်းဖော် မျက်နှာကြက်ရှိသည့် ညစာစားရန်နေရာတစ်ခုလည်း ပါဝင်သည်။

အိပ်ခန်း ၄ ဆောင်ပါဝင်ပြီး အခန်းတိုင်းတွင် သီးသန့်အိမ်ဝင်ပေါက်နှင့် Outdoor နေရာတို့ပါကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ ပင်မအိမ်ခန်းတွင် မီးလင်းဖိုတစ်ခုရှိပြီး ပြင်သစ်တံခါးများတပ်ဆင်ထားကာ အဝေးဆီမှ အရောင်သွေးစုံ တောင်တန်းကြီး၏ လှပခမ်းနားသော ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည်။

အခြားပါဝင်သည့်အရာများမှာ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါ စံအိမ်တစ်လုံး၊ ဆိုလာပြားများ၊ လျှပ်စစ်အားသွင်းရုံ၊ ကြက်လှောင်အိမ်တစ်ခုတို့လည်း ပါဝင်သည်။ ထို့အပြင် ထပ်တိုး အဆောက်အအုံများ ဆောက်လုပ်နိုင်မည့်နေရာများစွာရှိသေးရာ မျိုးဆက်များစွာ အခြေချနေထိုင်သည့်နေရာတစ်ခုအဖြစ် တည်ထောင်နိုင်မည်လည်း ဖြစ်သည်။

ဆန်ဒရာဘူးလော့ခ်က ရုပ်ရှင်လောကမှ ခေတ္တအနားယူမည်ဖြစ်ကြောင်း ယခုနှစ် မတ်လက ကြေညာထားပြီး ညီမဖြစ်သူနှင့် နီးနီးကပ်ကပ်ရှိမည့် ယာတောခြံတစ်ခု ရှာဖွေလျက်ရှိသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sandra Bullock Seeks $6 Million for 91-Acre Farm Outside San Diego (mansionglobal)

 

 

 

 

[Zawgyi]

ဆန္ဒရာဘူးေလာ့ခ္၏ ၉၁ ဧကက်ယ္ေသာ ေထာပတ္၊ ေရွာက္ျခံ ကန္ေဒၚလာ ၆ သန္းျဖင့္ ေရာင္းမည္

 

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီး ဆန္ဒရာဘူးေလာ့ခ္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ရွိ စိုက္ပ်ဳိးေရးျခံၾကီးကို အေရာင္းေစ်းကြက္တင္လာသည္။

ဆန္ဒီဂိုျမိဳ႕၏ အေရွ႕ေျမာက္ဘက္ မိုင္ ၄၀ ခန္႔အကြာတြင္ တည္ရွိျပီး ေျမကြက္ ၃ ခုကို ေပါင္းစည္းထားသည့္ ျခံၾကီးျဖစ္သည္။

ျခံၾကီးအတြင္းရွိ ပင္မစံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၆၀၀၀ ရွိျပီး မ်ဳိးအလြန္ေကာင္းသည့္ ေထာပတ္သီးပင္ေပါင္း ၁၂၀၀ ခန္႔ စိုက္ပ်ဳိးထားကာ ကန္ေဒၚလာ ၆ သန္း ေစ်းေခၚထားသည္။

ေထာပတ္သီးပင္မ်ားမွာ အသီးသီးမည့္ သက္တမ္းသို႔ ေရာက္ေနျပီျဖစ္ျပီး ျခံဝန္းၾကီးအတြင္း အျခားေသာ စံအိမ္မ်ားႏွင့္ ပန္းဥယ်ာဥ္မ်ားလည္း ရွိေသးသည္။

အေရာင္းေစ်းကြက္တင္ေပးသူမ်ားမွာ Avenue 8 အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Alan Long ၊ Willis Allen Real Estate အိမ္ျခံေျမကုမၸဏီမွ Melissa Russell ႏွင့္ HomeSmart Realty West အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Kay O’Hara တို႔ ျဖစ္သည္။

“ကားထဲကထြက္လိုက္တာနဲ႔ ပထမဆံုး ခံစားရမွာက ေတာင္တန္းၾကီးေတြရဲ႕ အံ့မခန္းရႈေမွ်ာ္ခင္းေတြနဲ႔ ဆိတ္ျငိမ္ေအးခ်မ္းမႈကို ခံစားရမွာျဖစ္ပါတယ္”ဟု မစၥတာ Long က ေျပာသည္။

“အဲ့ေနာက္ ျခံထဲကို ဝင္လာရင္ ထူထဲတဲ့ ရႊံ႕က်က္နံရံေတြနဲ႔ ေရတံခြန္ကို ေတြ႔ရမွာျဖစ္ျပီး အိမ္ေရွ႕တံခါးနားကို ေရာက္ရင္ စံပယ္နဲ႔ wisteria ပန္းေတြရဲ႕ ေမႊးပ်ံ႕တဲ့ရနံ႕ေတြက ဆီးၾကိဳႏႈတ္ဆက္ေနမွာ ျဖစ္ပါတယ္”

(မွတ္ခ်က္။ wisteria ကို ျမန္မာျပည္တြင္ ေရတံခြန္ပန္းဟု ေခၚၾကျပီး တစ္ပင္လွ်င္ က်ပ္ ၅၀၀၀၀ ဝန္းက်င္ခန္႔ ေပါက္ေစ်းရွိသည္)

အသက္ ၅၈ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ဆန္ဒရာဘူးေလာ့ခ္သည္ ေအာ္စကာဆုရွင္တစ္ဦးျဖစ္ျပီး ယခုႏွစ္ မတ္လအတြင္းကမွ ရံုတင္ထားေသာ The Lost City ဇာတ္ကားတြင္လည္း ပါဝင္သရုပ္ေဆာင္ထားသည္။

Property Shark ၏ မွတ္တမ္းမ်ားအရ ဆန္ဒရာဘူးေလာ့ခ္သည္ ယခုစိုက္ခင္းျခံေနရာကို ၂၀၀၇ ခုႏွစ္ကတည္းက ဝယ္ယူပိုင္ဆိုင္ထားခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ေနရာ ၃ ခုကို ေပါင္းစည္းထားေသာ ထိုျခံကို ဆန္ဒရာဘူးေလာ့ခ္က ေစ်းႏႈန္းမည္မွ်ျဖင့္ ဝယ္ယူခဲ့သည္ကိုမူ မသိရေခ်။

ေထာပတ္ႏွင့္ ေရွာက္ပင္မ်ားမွာ ဆန္ဒရာဘူးေလာ့ခ္ဝယ္ယူခ်ိန္ကတည္းက သက္တမ္းရျပီးသည့္ အပင္မ်ားျဖစ္ေသာ္လည္း ဆန္ဒရာဘူးေလာ့ခ္က ေအာ္ဂဲနစ္ျခံအျဖစ္ ေျပာင္းလဲခဲ့ျခင္းျဖစ္ေၾကာင္း မစၥတာ Long က ေျပာသည္။ ျခံအတြင္း ဆားေရ ေရကူးကန္၊ ေတာင္တန္းရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ Spa တို႔ပါဝင္သည္။

သက္ၾကီး သံလြင္ပင္မ်ား ျပည္ပမွ မွာယူတင္သြင္းျခင္း၊ မူလရွိရင္းစြဲ မိသားစု သစ္ခြႏွင့္ ပန္းဥယ်ာဥ္မ်ားကို ခ်ဲ႕ထြင္ျခင္း၊ ေရထိန္းသိမ္းမႈႏွင့္ ေရေပးစနစ္အတြက္ ထားရွိသည့္ ေရကန္ဆီသို႔ နိမ့္ဆင္းသြားသည့္ ေလွ်ာက္လမ္းကေလးမ်ား ထည့္သြင္းျခင္းတို႔လည္း ဆန္ဒရာဘူးေလာ့ခ္က ျပဳလုပ္ထားသည္။

“ဒါေတြကို သူလုပ္ခဲ့တာက အျမတ္အစြန္းအတြက္ မဟုတ္ပါဘူး။ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြအတြက္ ဆူညံပြက္ေလာရိုက္တဲ့ ျမိဳ႕ျပဘဝကေန ရုန္းထြက္ျပီး အပန္းေျဖႏိုင္ၾကဖုိ႔အတြက္ ျဖစ္ပါတယ္”ဟု မစၥတာ Long က ေျပာသည္။

စံအိမ္ၾကီးတြင္ အိမ္တြင္း အိမ္ျပင္ အပန္းေျဖရန္ ေနရာမ်ားရွိေသာ ေရတံခြန္တစ္ခုပါသည့္ စိုက္ပ်ဳိးေရးဗဟိုျပဳ ျခံဝန္းၾကီးျဖစ္ကာ စံအိမ္တြင္ ျပင္သစ္တံခါးမ်ား မ်ားစြာပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ မီးလင္းဖို ၉ ခုပါျပီး ၃ ခုမွာ ျခံဝန္းအတြင္း ယူကလစ္၊ အုန္းႏွင့္ သံလြင္ပင္မ်ားႏွင့္ ပန္းဥယ်ာဥ္မ်ားအတြင္း တည္ရွိသည္။

စားေသာက္ရန္ေနရာ တြဲဖက္ပါဝင္သည့္ ပ်ဥ္ခင္းမီးဖုိေဆာင္တြင္ La Cornue မုန္႔ဖုတ္ဖိုတစ္ခုရွိျပီး ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္ရွိသည့္ ညစာစားရန္ေနရာတစ္ခုလည္း ပါဝင္သည္။

အိပ္ခန္း ၄ ေဆာင္ပါဝင္ျပီး အခန္းတိုင္းတြင္ သီးသန္႔အိမ္ဝင္ေပါက္ႏွင့္ Outdoor ေနရာတို႔ပါေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ ပင္မအိမ္ခန္းတြင္ မီးလင္းဖိုတစ္ခုရွိျပီး ျပင္သစ္တံခါးမ်ားတပ္ဆင္ထားကာ အေဝးဆီမွ အေရာင္ေသြးစံု ေတာင္တန္းၾကီး၏ လွပခမ္းနားေသာ ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည္။

အျခားပါဝင္သည့္အရာမ်ားမွာ အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါ စံအိမ္တစ္လံုး၊ ဆိုလာျပားမ်ား၊ လွ်ပ္စစ္အားသြင္းရံု၊ ၾကက္ေလွာင္အိမ္တစ္ခုတို႔လည္း ပါဝင္သည္။ ထို႔အျပင္ ထပ္တိုး အေဆာက္အအံုမ်ား ေဆာက္လုပ္ႏိုင္မည့္ေနရာမ်ားစြာရွိေသးရာ မ်ဳိးဆက္မ်ားစြာ အေျခခ်ေနထုိင္သည့္ေနရာတစ္ခုအျဖစ္ တည္ေထာင္ႏိုင္မည္လည္း ျဖစ္သည္။

ဆန္ဒရာဘူးေလာ့ခ္က ရုပ္ရွင္ေလာကမွ ေခတၱအနားယူမည္ျဖစ္ေၾကာင္း ယခုႏွစ္ မတ္လက ေၾကညာထားျပီး ညီမျဖစ္သူႏွင့္ နီးနီးကပ္ကပ္ရွိမည့္ ယာေတာျခံတစ္ခု ရွာေဖြလ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sandra Bullock Seeks $6 Million for 91-Acre Farm Outside San Diego (mansionglobal)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service