အဲလစ်ဇဘက်ဘုရင်မကြီး နှစ်သက်တော်မူသည့် ကြက်ဥမွှေကြော် ကြော်နည်း
အဲလစ်ဇဘက်ဘုရင်မကြီး နှစ်သက်တော်မူသည့် ကြက်ဥမွှေကြော် ကြော်နည်း - Property News in Myanmar from iMyanmarHouse.com
20 Sep 2022 11:51 am တွင် တင်ခဲ့သည်
4940 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သြစတေးလျ အာဟာရပညာရှင်တစ်ဦးက ဗြိတိန်၏ အဲလစ်ဇဘက်ဘုရင်မကြီး အနှစ်သက်ဆုံး ကြက်ဥမွှေကြော် ကြော်နည်းကို ဖော်ထုတ်ပြောကြားခဲ့သည်။
သမားရိုးကျမဟုတ်သော ပါဝင်ပစ္စည်း ၂ မျိုးကို အရသာအတွက် တော်ဝင်စားတော်ကဲကြီးက ထည့်သွင်းခဲ့ရာ ဇာတိပ္ဖိုလ်သီးနှင့် သံပုရာခွံတို့ ဖြစ်သည်။
ဘုရင်မကြီးအနှစ်သက်ဆုံး ကြက်ဥမွှေကြော်နည်းကို တင်ပြသူ လီဟုမ်းစ် (Lee Holmes) သည် စားဖိုမှူးတစ်ဦး ဖြစ်သည့်အပြင် Supercharged Food ၏ တည်ထောင်သူလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဟုမ်းစ်သည် နတ်ရွာစံသွားသော ဘုရင်မကြီးအတွက် လွမ်းဆွတ်ကြေကွဲနေသူများနှင့် အတူတကွဖြတ်သန်းရန် ဗြိတိန်သို့ ရောက်ရှိနေသည်။ အဲလစ်ဇဘက်ဘုရင်မကြီးသည် ပြီးခဲ့သော စက်တင်ဘာလ ၈ ရက်က ကံတော်ကုန်ခဲ့ခြင်းဖြစ်ပြီး သက်တော် ၉၆ နှစ်ဖြစ်သည်။
ဘုရင်မကြီး၏ တော်ဝင်စားတော်ကဲကြီးတစ်ဦးသည် ဟုမ်းစ်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ရာ ၎င်းထံမှ နည်းရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“လွန်ခဲ့တဲ့ နှစ်ကာလအချို့က ကျွန်မရဲ့ ချစ်ရတဲ့မိတ်ဆွေတွေဟာ ကံကောင်းထောက်မစွာနဲ့ ဘုရင်မကြီးအတွက် ချက်ပြုတ်ပေးခွင့်ရခဲ့ပါတယ်။ သူ့ဆီကနေ ဘုရင်မကြီး အနှစ်သက်တော်မူဆုံး ကြက်ဥမွှေကြော် ကြော်နည်းရခဲ့ပါတယ်”ဟု လီဟုမ်းစ်က သူ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။
(လီဟုမ်းစ်သည် လက်ရှိတွင် အဲလစ်ဇဘက်ဘုရင်မကြီးအား လွမ်းဆွတ်သူများနှင့်အတူတကွ ဖြတ်သန်းရန် ဗြိတိန်သို့ ရောက်နေသည်။)
(အဲလစ်ဇဘက်ဘုရင်မကြီးအား အထူးစီမံပေးရသော ကြက်ဥမွှေကြော် ကြော်နည်း) (ပါဝင်ပစ္စည်းများ)
တောကြက်ဥ ၃ လုံး (အညိုရောင်)
နွားနို့ လဘက်ရည် ၁ ဇွန်း
ပင်လယ်ဆား (သင့်ရုံ)
ထောပတ် စားပွဲဇွန်း ၁ ဇွန်း (သို့မဟုတ်) သံလွင်ဆီအသုံးပြုနိုင်
-ခြစ်ထားသော သံပုရာခွံ လဘက်ရည် ၁ ဇွန်းစာ
-ဇာတိပ္ဖိုလ်သီး အနည်းငယ်
-လတ်လတ်ဆတ်ဆတ်ထောင်းထားသော ငရုတ်နက် (သင့်ရုံ)
-ရိတ်ရိတ်လှီးထားသော ကြက်သွန်မြိတ်နှင့် ဆယ်လ်မွန်ငါး (မိမိအကြိုက်အတိုင်းသာ)
(ပြုလုပ်နည်း)
ကြက်ဥများနှင့် နွားနို့ကို ခွက်တစ်လုံးတွင်ထည့်ကာ သမသွားသည်အထိ နာနာမွှေပါ။ ပြီးလျှင် အရသာအတွက် ဆားထည့်ပါ။
အကြော်အိုးငယ်တစ်ခုတွင် မီးအေးအေးဖြင့် ထောပတ် (သို့မဟုတ်) သံလွင်ဆီကို အပူပေးပါ။
ထို့နောက်မွှေထားသော ကြက်ဥများ ထည့်ပေးပြီး မီးဖိုအပူချိန်ကို Low အထိ လျှော့ချပါ။ ကြက်ဥများ အိုးမကပ်စေရန် ဇွန်းပြားဖြင့် ဖြည်းဖြည်းမွှေပေးပါ။
အိုးမချမီတွင် သံပုရာခွံ၊ ဇာတိပ္ဖိုလ်သီးနှင့် ဆားအနည်းငယ် ထည့်ပါ။ မွှေလိုက မွှေပေးနိုင်ပါသည်။
ဘုရင်မကြီးသည် ပြည်တွင်းဖြစ် အစားအစာများ၊ ဒေသတွင်းတွင် ထုတ်လုပ်သော ကုန်ပစ္စည်းများကို အထူးနှစ်သက်မြတ်နိုးတော်မူကြောင်း မစ္စဟုမ်းစ်က ရှင်းပြသည်။
“ဘုရင်မကြီးဟာ ဟင်းခတ်အမွှေးအကြိုင်တွေ စားရတာ နှစ်သက်တော်မူပါတယ်”
(ဘုရင်မကြီးက ပြည်တွင်းဖြစ်အစားအစာများကို မြတ်နိုးတော်မူကြောင်း မစ္စဟုမ်းစ်က ရှင်းပြသည်။)
(ဘုရင်မကြီးအား သတိရလွမ်းဆွတ်သူတို့ ဂါရဝပြုထားရှိကြသည့် ပန်းများ)
ကြက်ဥမွှေကြော်တွင် အသုံးပြုသည့် ကြက်ဥများသည် အညိုရောင်ဖြစ်ရမည်ဖြစ်ပြီး အဖြူရောင်မရပါ။ ဘုရင်မကြီးက အညိုရောင်ကြက်ဥများ၏ အရသာကိုသာ ကြိုက်သောကြောင့် ဖြစ်သည်။
ကြက်ဥမွှေကြော် ကြော်ရာတွင် အခဲလိုက်ဖြစ်မနေစေရန် မီးအေးအေးဖြင့် ဖြည်းဖြည်းချင်းကြော်ရ၏။
အခါအားလျော်စွာ ကြက်ဥမွှေကြော်ကို ဘုရင်မကြီးနှစ်သက်သော ဆယ်လ်မွန်ငါးနှင့် တွဲဖက် ပြင်ဆင်ပေးကြသည်။ ဘုရင်မကြီးသည် အများအားဖြင့် နံနက်စာကို ဘက်ကင်ဟမ်နန်းတော်အတွင်းရှိ သူ၏သီးသန့် ညစာစားခန်းတွင်သာ စားတော်ခေါ်လေ့ရှိပြီး Earl Grey လဘက်ရည်ကို နို့အနည်းငယ်နှင့် သောက်လေ့ရှိသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဒီကြက်ဥကြော်နည်းကို ရပြီးကတည်းက ကျွန်မ ပုံမှန်ကြော်စားဖြစ်တယ်။ အလည်လာတဲ့ သူငယ်ချင်းတွေကိုလည်း ကျွန်မ ကြော်ကြော်ကျွေးဖြစ်ပါတယ်။”ဟု မစ္စဟုမ်းစ်က ပြောသည်။
(ဘုရင်မကြီးမှာ အညိုရောင်ကြက်ဥ၏ အရသာကိုသာ နှစ်သက်သည်။)
မိမိလေးစားဦးညွှတ်ခဲ့ရသည့် ဘုရင်မကြီးအား ဂါရဝပြုရန် ပန်းဂါရဝပြုရာ Green Park Floral tribute Garden နှင့် ဘက်ကင်ဟမ်နန်းတော်တို့သို့ ထောင်သောင်းချီသော ပြည်သူများနှင့်အတူ ပါဝင်ခွင့်ရခဲ့ကြောင်း မစ္စဟုမ်းစ်က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: How to make the Queen's favourite scrambled eggs: Palace chef reveals the two VERY 'unusual' ingredients used to add flavour to the royal's breakfast (dailymail)
[Zawgyi]
ပင်လယ်ဆား (သင့်ရုံ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service