ဗုဒ္ဓလက်ထက် ရဟန္တာ ၁၆ ပါး သီတင်းသုံးခဲ့သည့် ဟိမဝန္တာတောင်တန်းပေါ်က လူသူပေါက်ရောက်ရန် အလွန်ခက်ခဲသော Phugtal Gompa ထွက်ရပ်လမ်း လှိုဏ်ဂူကြီး

ဗုဒ္ဓလက်ထက် ရဟန္တာ ၁၆ ပါး သီတင်းသုံးခဲ့သည့် ဟိမဝန္တာတောင်တန်းပေါ်က လူသူပေါက်ရောက်ရန် အလွန်ခက်ခဲသော Phugtal Gompa ထွက်ရပ်လမ်း လှိုဏ်ဂူကြီး - Property News in Myanmar from iMyanmarHouse.com
20 Sep 2022 9:49 am တွင် တင်ခဲ့သည်
2980 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်းကြီးပေါ်တွင် ဖုတား ဂုဏ်ပါအမည်ရှိ ဘုန်းတော်ကြီးကျောင်း အသိုက်အဝန်းကလေးတစ်ခုရှိပြီး ဟိမဝန္တာတောင်တန်း၏ တောင်ကမ်းပါးစွန်းမှ လှိုဏ်ဂူကြီးတစ်ခုဝန်းကျင်တွင် တည်ရှိသည်။

အလွန်တသီးတခြားဖြစ်နေကာ လူသူပေါက်ရောက်ရန် အလွန်ခက်ခဲသည့်နေရာဖြစ်သောကြောင့် ဗုဒ္ဓလက်ထက်ကတည်းက အရိယာပုဂ္ဂိုလ်တို့ တရားကျင့်ကြံရာနေရာအဖြစ် လူသိများခဲ့သည်။

လက်ရှိအချိန်တွင် ဟိမဝန္တာတောင်တန်းပေါ်ရှိ အဆိုပါ လှိုဏ်ဂူစခန်းတွင် သံဃာ အပါး ၇၀ သီတင်းသုံး တရားကျင့်ကြံလျက်ရှိသည်။

ဖုတား ဘုန်းတော်ကြီးကျောင်း (သို့မဟုတ်) ဖုတား ဂုဏ်ပသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းဒေသမှ Ladakh အပိုင်း၊ အရှေ့တောင်ပိုင်း Zanskar ၏ လူသူမနီး Lungnak တောင်ကြားတွင် တည်ရှိသည်။

ဖုတားဂုဏ်ပါသို့ ခြေလျင်ခရီးဖြင့်သာ ပေါက်ရောက်နိုင်သည်။

ရာသီဥတုနွေးထွေးသောလများတွင် ဟိမဝန္တာတောင်ပေါ်မှ ဘုန်းတော်ကြီးကျောင်းအတွက် လိုအပ်သည့်ရိက္ခာ ၊ ပစ္စည်းပစ္စယများကို မြင်းများ၊ မြည်းများ၊ လားများဖြင့် သယ်ရ၏။ အေးခဲနေသော ဆောင်းလများတွင်ကား Zanskar ရေခဲမြစ်မှတဆင့် သယ်ယူပို့ဆောင်မှုများ ပြုလုပ်သည်။

ဘုန်းတော်ကြီးကျောင်းရှိရာသို့ လမ်းတစ်ခုဖောက်လုပ်ရန် မျှော်မှန်းထားသည်။ လက်ရှိတွင်မူ Khangsaar ရွာမှ တစ်နေ့ခရီးလမ်းလျှောက်ရသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် Global Himalayan Expedition (GHE) အဖွဲ့က ဖုတားကျောင်းတွင် ဆိုလာများ လာရောက်တပ်ဆင်ပေးသွားသည်။

ဖုတားဂုဏ်ပါ၏ အဓိပ္ပာယ်မှာ အပန်းဖြေဂူဟုလည်းကောင်း၊ လွတ်မြောက်ငြိမ်းအေးရာဂူဟုလည်းကောင်း အမျိုးမျိုးအဓိပ္ပာယ်ရသည်။

ဤဂူကြီးတွင် အစောဆုံးနေထိုင်သီတင်းသုံးခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ရဟန္တာ ၁၆ ပါးဖြစ်ပြီး ဗုဒ္ဓ၏ သားတော်ရဟန်းတော်များ ဖြစ်ကြသည်ဟု ဆိုသည်။

(Believed to be one of the earliest residents of the cave are the 16 Arhats, or the legendary followers of Buddha.)

ရဟန္တာ ၁၆ ပါး၏ ပုံတော်များကို လှိုဏ်ဂူနံရံများတွင် တွေ့ရှိနိုင်သည်။

တိဘက်ဗုဒ္ဓဘာသာ၏ မီးရှူးတန်ဆောင်ဖြစ်သူ ပဒ္ဒမာ သမ္ဘဝသည် ယခုလှိုဏ်ဂူထဲတွင် နေထိုင်သွားခဲ့ဖူးသည်ဟု ယုံကြည်ရသည်။

ယနေ့ကာလတွင်ကား ကျောင်းတော်အတွင်း ပင်မကျောင်းနေရာ၊ တရားထိုင်ခန်းများ၊ ရှားပါးအထွတ်အမြတ် ထားရသော ပေမူများထားရှိသည့် စာကြည့်တိုက်၊ သီတင်းသုံးရာနေရာများ၊ ဧည့်ဆောင်နေရာများ၊ တရားဓမ္မ သင်ကြားပို့ချရာနေရာများ၊ ဆွမ်းချက်ဆောင်တို့အပြင် အထွတ်အမြတ်ထားသည့် စမ်းချောင်းငယ်တစ်ခုလည်း ရှိပြီး သံဃာတော် အပါး ၇၀ ခန့် သီတင်းသုံးလျက် ရှိသည်။

ဖုတားဂုဏ်ပါကျောင်းတွင် အဘိဓာန်ကျမ်းပြုဆရာ Alexander Csoma de Kőrös နေထိုင်သွားခဲ့ဖူးပြီး ၎င်းနေထိုင်ခဲ့သည့်အထိမ်းအမှတ်အဖြစ် အမှတ်ရဖွယ် ကမ္ဗည်းကျောက်စာတိုင်တစ်ခုလည်းရှိသည်။

Alexander သည် ကမ္ဘာ့ပထမဆုံး အင်္ဂလိပ်-တိဗက်အဘိဓာန်ကို ၁၈၂၆ ခုနှစ်မှ ၁၈၂၇ ခုနှစ်ကြား Ladakh ဒေသတွင် စူးစမ်းလေ့လာမှုများပြုလုပ်ရင်း ပြုစုခဲ့သူ ဖြစ်သည်။

(ဖုတား ကျောင်းတော်- နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ထွက်ရပ်လမ်းဂူ)

နှစ်ထောင်ချီသက်တမ်းရှိပြီဖြစ်သော လှိုဏ်ဂူကြီးရှိရာ ဖုတားကျောင်းတော်သို့ သွားမည်ဆိုလျှင် Zanskar တောင်ကြားကို ၃ နာရီခြေလျင် တောင်တက်ရမည့်အပြင် ဖုတားကျောင်းတော်ဆီသို့ တွဲလွဲဆွဲ သစ်သားတံတားကို ဖြတ်သန်းကာ သွားရောက်ရမည် ဖြစ်သည်။

(ဖုတားကျောင်းတော် စတင်ရာ…)

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဖုတားသည် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သာမာန်လှိုဏ်ဂူကြီး တစ်ခုသာ ဖြစ်၏။

ထိုကာလက ရဟန်းတော်များ၊ ပညာရှိများ၊ ထွက်ရပ်လမ်းကို မြန်းလိုသူများသည် ဤဂူကြီးထဲတွင် နှစ်ပေါင်းများစွာ ဧကစာ ကျင့်ကြံအားထုတ်ခဲ့ကြသည်။ “ဖု”၏ အဓိပ္ပာယ်မှာ လှိုဏ်ဂူဖြစ်ပြီး တား၏ အဓိပ္ပာယ်မှာ လွတ်မြောက်ခြင်းဖြစ်ရာ ထွက်ရပ်လမ်းလှိုဏ်ဂူဟု အဓိပ္ပာယ်ရသည်။

ဖုတားလှိုဏ်ဂူကြီးသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် လူသူမနီးဆုံးဘုန်းတော်ကြီးကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ကာ ကျောင်းတော်တည်ရာမှာ ကျောက်ဆောင်များပေါများကာ မြေမျက်နှာပြင်ကြမ်းတမ်းလှသည်။

(လှိုဏ်ဂူကြီးတစ်ခုဘေးတွင် ဆောက်လုပ်ထားသော ဖုတားဂုဏ်ပါ။ ဓာတ်ပုံ- Global Himalayan Expedition)

ယနေ့ကာလတွင် ဖုတားဂုဏ်ပါ၌ လားမား (ရဟန်းတော်) အပါး ရာဂဏန်းခန့် သီတင်းသုံးနေသည်။

(ဖုတားဂုဏ်ပါကို ဘယ်လိုသွားမလဲ)

ဖုတားဂုဏ်ပါသို့ မကြာသေးမီကမှ ဖောက်လုပ်ထားသည့် မြေလမ်းကလေးတစ်ခှုရိသည်။ Zanskar ပြည်နယ်၏ မြို့တော် Padum မှ တောင်ကြားထဲမှ Purne ကျေးရွာလေးသို့ ဦးစွာရောက်အောင်သွားရမည် ဖြစ်သည်။

ယင်းနောက်တွင် ဖုတားဂုဏ်ပါသို့ ၃ နာရီကြာခြေလျင်ခရီးသွားရမည်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် အဆုံးမရှိလှပသော မြေမျက်နှာပြင်အခင်းအကျင်းများ၊ စိမ်းလန်းသောရှုမျှော်ခင်းများ ရောယှက်ထားသည့် ညိုရင့်ရင့်တောင်တန်းများကို တွေ့ရမည် ဖြစ်သည်။

လမ်းတစ်လျှောက်တွင် အကြောက်အလန့်မရှိ မြက်စားနေကြသော တောင်ဆိတ်များ၊ အပြာရောင်သိုးများကို တွေ့ရနိုင်သည်။

ဖုတားဂုဏ်ပါကျောင်းတော်၏ တောင်ခြေဆီတွင် Tsarap မြစ်က တသွင်သွင်စီးဆင်းနေသည်။ ကျောင်းတော်ရှိရာ ကမ်းဘက်ဆီသို့ တွဲလောင်းဆွဲ သစ်သားတံတားမှ ဖြတ်ကူးရမည်ဖြစ်ရာ အသည်းမကောင်းသူတို့အတွက်ကား မဖြစ်နိုင်ချေ။

(လားမားကြီးများသည် ဤကျောင်းတော်သို့ အသက် ၅ နှစ်သားအရွယ်ခန့်ကတည်းက ရောက်ရှိနေထိုင်ခဲ့ကြခြင်း ဖြစ်၏။ ဓာတ်ပုံ- Lynn Harles )

ဖုတားတံတားဟု လူသိများသော ဤတံတားသည် Zanskar မြစ်၏ မြစ်ကမ်းနှစ်ဘက်ကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်းက Tsarap မြစ်တွင် မြေပြိုမှုများ၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အခြားတံတားများအားလုံး မြောပါသွားခဲ့ကြသည်။

ထိုနောက်ပိုင်း ဖုတားဂုဏ်ပါကျောင်းသို့ ရိက္ခာပို့ဆောင်ရေးအတွက် ဖုတားတံတားတစ်စင်းတည်းသာ လမ်းပေါက်ရှိတော့သည်။

ဖုတား တံတားနှင့် တံတားဆီသို့ ရောက်မည့် တောင်ပေါ်လမ်းကို ကျောင်းမှ လားမားဘုန်းတော်ကြီးများနှင့် အနီးဆုံးကျေးရွာဖြစ်သော Cha မှ ရွာသူရွာသားများက ဖောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

(ဖုတားကျောင်းတော်သို့ သွားရာ ခြေလျင်လမ်း။ ဓာတ်ပုံ- Global Himalayan Expedition)

ကျောင်းတော်တွင် သီတင်းသုံးနေသော လားမားကြီးများသည် အလွန်ငယ်ရွယ်စဉ်ကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အချို့ဆိုလျှင် အသက် ၅ နှစ်သားကတည်းက ရောက်ရှိခဲ့ကြခြင်း ဖြစ်၏။

ဆရာတော်ကြီးများက ကိုရင်ငယ်များကို ဗုဒ္ဓဘာသာနှင့် တရားဓမ္မများ သင်ကြားပို့ချပေးသည်။

ယင်းဒေသရှိ ကလေးများအတွက် တစ်ခုတည်းသော ပညာရေးမှာ ဖုတားဂုဏ်ပါကျောင်းမှ တရားစာတို့သာ ဖြစ်သည်။

(ဖုတားဂုဏ်ပါ၏ ဆွမ်းချက်ဆောင်ရှိရာ ဂူ။ ဓာတ်ပုံ- Global Himalayan Expedition)

ဖုတားဂုဏ်ပါသည် ဆိတ်ငြိမ် ငြိမ်းချမ်းသောနေရာတစ်ခုဖြစ်ပြီး ကျောင်းမှကြည့်လျှင် အောက်ဆီရှိ Tsarap မြစ်နှင့် မြစ်ကမ်း ၂ ဘက်ရှိ ရွာငယ်လေးများကို တွေ့မြင်နိုင်သည်။

ဆွမ်းချက်ဆောင်၏ သစ်သားတံခါးတွင် ကျည်ဆန်ရာတစ်ခုကို တွေ့နိုင်သည်။ ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဤကျောင်းတော်နေရာကို မွန်ဂိုလီယန်း (သို့မဟုတ်) တိဗက်တို့၏ တိုက်ခိုက်မှုများကြောင့် ဖြစ်၏။

(ဖုတားဂုဏ်ပါ၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Global Himalayan Expedition)

(နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ထွက်ရပ်ပေါက်လှိုဏ်ဂူ- ယခုအခါ ဘုန်းတော်ကြီးကျောင်း။ ဓာတ်ပုံ- Global Himalayan Expedition)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Phugtal Monastery: The 2500 Year Old Cave of Liberation (voicesofruralindia, wikipedia)

 

 

 

[Zawgyi]

ဗုဒၶလက္ထက္ ရဟႏၱာ ၁၆ ပါး သီတင္းသံုးခဲ့သည့္ ဟိမဝႏၱာေတာင္တန္းေပၚက လူသူေပါက္ေရာက္ရန္ အလြန္ခက္ခဲေသာ Phugtal Gompa ထြက္ရပ္လမ္း လႈိဏ္ဂူၾကီး

 

အိႏိၵယႏိုင္ငံ၊ ဟိမဝႏၱာေတာင္တန္းၾကီးေပၚတြင္ ဖုတား ဂုဏ္ပါအမည္ရွိ ဘုန္းေတာ္ၾကီးေက်ာင္း အသိုက္အဝန္းကေလးတစ္ခုရွိျပီး ဟိမဝႏၱာေတာင္တန္း၏ ေတာင္ကမ္းပါးစြန္းမွ လႈိဏ္ဂူၾကီးတစ္ခုဝန္းက်င္တြင္ တည္ရွိသည္။

အလြန္တသီးတျခားျဖစ္ေနကာ လူသူေပါက္ေရာက္ရန္ အလြန္ခက္ခဲသည့္ေနရာျဖစ္ေသာေၾကာင့္ ဗုဒၶလက္ထက္ကတည္းက အရိယာပုဂၢိဳလ္တို႔ တရားက်င့္ၾကံရာေနရာအျဖစ္ လူသိမ်ားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ဟိမဝႏၱာေတာင္တန္းေပၚရွိ အဆိုပါ လႈိဏ္ဂူစခန္းတြင္ သံဃာ အပါး ၇၀ သီတင္းသံုး တရားက်င့္ၾကံလ်က္ရွိသည္။

ဖုတား ဘုန္းေတာ္ၾကီးေက်ာင္း (သို႔မဟုတ္) ဖုတား ဂုဏ္ပသည္ အိႏိၵယႏိုင္ငံေျမာက္ပိုင္း၊ ဟိမဝႏၱာေတာင္တန္းေဒသမွ Ladakh အပိုင္း၊ အေရွ႕ေတာင္ပိုင္း Zanskar ၏ လူသူမနီး Lungnak ေတာင္ၾကားတြင္ တည္ရွိသည္။

ဖုတားဂုဏ္ပါသို႔ ေျခလ်င္ခရီးျဖင့္သာ ေပါက္ေရာက္ႏိုင္သည္။

ရာသီဥတုေႏြးေထြးေသာလမ်ားတြင္ ဟိမဝႏၱာေတာင္ေပၚမွ ဘုန္းေတာ္ၾကီးေက်ာင္းအတြက္ လိုအပ္သည့္ရိကၡာ ၊ ပစၥည္းပစၥယမ်ားကို ျမင္းမ်ား၊ ျမည္းမ်ား၊ လားမ်ားျဖင့္ သယ္ရ၏။ ေအးခဲေနေသာ ေဆာင္းလမ်ားတြင္ကား Zanskar ေရခဲျမစ္မွတဆင့္ သယ္ယူပို႔ေဆာင္မႈမ်ား ျပဳလုပ္သည္။

ဘုန္းေတာ္ၾကီးေက်ာင္းရွိရာသို႔ လမ္းတစ္ခုေဖာက္လုပ္ရန္ ေမွ်ာ္မွန္းထားသည္။ လက္ရွိတြင္မူ Khangsaar ရြာမွ တစ္ေန႔ခရီးလမ္းေလွ်ာက္ရသည္။

၂၀၁၆ ခုႏွစ္၊ ဇူလိုင္လတြင္ Global Himalayan Expedition (GHE) အဖြဲ႔က ဖုတားေက်ာင္းတြင္ ဆိုလာမ်ား လာေရာက္တပ္ဆင္ေပးသြားသည္။

ဖုတားဂုဏ္ပါ၏ အဓိပၸာယ္မွာ အပန္းေျဖဂူဟုလည္းေကာင္း၊ လြတ္ေျမာက္ျငိမ္းေအးရာဂူဟုလည္းေကာင္း အမ်ဳိးမ်ဳိးအဓိပၸာယ္ရသည္။

ဤဂူၾကီးတြင္ အေစာဆံုးေနထိုင္သီတင္းသုံးခဲ့ၾကသည္မွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က ရဟႏၱာ ၁၆ ပါးျဖစ္ျပီး ဗုဒၶ၏ သားေတာ္ရဟန္းေတာ္မ်ား ျဖစ္ၾကသည္ဟု ဆိုသည္။

(Believed to be one of the earliest residents of the cave are the 16 Arhats, or the legendary followers of Buddha.)

ရဟႏၱာ ၁၆ ပါး၏ ပံုေတာ္မ်ားကို လႈိဏ္ဂူနံရံမ်ားတြင္ ေတြ႔ရွိႏိုင္သည္။

တိဘက္ဗုဒၶဘာသာ၏ မီးရွဴးတန္ေဆာင္ျဖစ္သူ ပဒၵမာ သမၻဝသည္ ယခုလႈိဏ္ဂူထဲတြင္ ေနထုိင္သြားခဲ့ဖူးသည္ဟု ယံုၾကည္ရသည္။

ယေန႔ကာလတြင္ကား ေက်ာင္းေတာ္အတြင္း ပင္မေက်ာင္းေနရာ၊ တရားထိုင္ခန္းမ်ား၊ ရွားပါးအထြတ္အျမတ္ ထားရေသာ ေပမူမ်ားထားရွိသည့္ စာၾကည့္တိုက္၊ သီတင္းသံုးရာေနရာမ်ား၊ ဧည့္ေဆာင္ေနရာမ်ား၊ တရားဓမၼ သင္ၾကားပို႔ခ်ရာေနရာမ်ား၊ ဆြမ္းခ်က္ေဆာင္တို႔အျပင္ အထြတ္အျမတ္ထားသည့္ စမ္းေခ်ာင္းငယ္တစ္ခုလည္း ရွိျပီး သံဃာေတာ္ အပါး ၇၀ ခန္႔ သီတင္းသံုးလ်က္ ရွိသည္။

ဖုတားဂုဏ္ပါေက်ာင္းတြင္ အဘိဓာန္က်မ္းျပဳဆရာ Alexander Csoma de Kőrös ေနထိုင္သြားခဲ့ဖူးျပီး ၎ေနထိုင္ခဲ့သည့္အထိမ္းအမွတ္အျဖစ္ အမွတ္ရဖြယ္ ကမၺည္းေက်ာက္စာတိုင္တစ္ခုလည္းရွိသည္။

Alexander သည္ ကမၻာ့ပထမဆံုး အဂၤလိပ္-တိဗက္အဘိဓာန္ကို ၁၈၂၆ ခုႏွစ္မွ ၁၈၂၇ ခုႏွစ္ၾကား Ladakh ေဒသတြင္ စူးစမ္းေလ့လာမႈမ်ားျပဳလုပ္ရင္း ျပဳစုခဲ့သူ ျဖစ္သည္။

(ဖုတား ေက်ာင္းေတာ္- ႏွစ္ေပါင္း ၂၅၀၀ သက္တမ္းရွိ ထြက္ရပ္လမ္းဂူ)

ႏွစ္ေထာင္ခ်ီသက္တမ္းရွိျပီျဖစ္ေသာ လိႈဏ္ဂူၾကီးရွိရာ ဖုတားေက်ာင္းေတာ္သို႔ သြားမည္ဆိုလွ်င္ Zanskar ေတာင္ၾကားကို ၃ နာရီေျခလ်င္ ေတာင္တက္ရမည့္အျပင္ ဖုတားေက်ာင္းေတာ္ဆီသို႔ တြဲလြဲဆြဲ သစ္သားတံတားကို ျဖတ္သန္းကာ သြားေရာက္ရမည္ ျဖစ္သည္။

(ဖုတားေက်ာင္းေတာ္ စတင္ရာ…)

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က ဖုတားသည္ ဟိမဝႏၱာေတာင္တန္းၾကီးေပၚမွ သာမာန္လႈိဏ္ဂူၾကီး တစ္ခုသာ ျဖစ္၏။

ထိုကာလက ရဟန္းေတာ္မ်ား၊ ပညာရွိမ်ား၊ ထြက္ရပ္လမ္းကို ျမန္းလိုသူမ်ားသည္ ဤဂူၾကီးထဲတြင္ ႏွစ္ေပါင္းမ်ားစြာ ဧကစာ က်င့္ၾကံအားထုတ္ခဲ့ၾကသည္။ “ဖု”၏ အဓိပၸာယ္မွာ လႈိဏ္ဂူျဖစ္ျပီး တား၏ အဓိပၸာယ္မွာ လြတ္ေျမာက္ျခင္းျဖစ္ရာ ထြက္ရပ္လမ္းလႈိဏ္ဂူဟု အဓိပၸာယ္ရသည္။

ဖုတားလႈိဏ္ဂူၾကီးသည္ ကမၻာ့သက္တမ္းအရင့္ဆံုးႏွင့္ လူသူမနီးဆံုးဘုန္းေတာ္ၾကီးေက်ာင္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ကာ ေက်ာင္းေတာ္တည္ရာမွာ ေက်ာက္ေဆာင္မ်ားေပါမ်ားကာ ေျမမ်က္ႏွာျပင္ၾကမ္းတမ္းလွသည္။

(လႈိဏ္ဂူၾကီးတစ္ခုေဘးတြင္ ေဆာက္လုပ္ထားေသာ ဖုတားဂုဏ္ပါ။ ဓာတ္ပံု- Global Himalayan Expedition)

ယေန႔ကာလတြင္ ဖုတားဂုဏ္ပါ၌ လားမား (ရဟန္းေတာ္) အပါး ရာဂဏန္းခန္႔ သီတင္းသံုးေနသည္။

(ဖုတားဂုဏ္ပါကို ဘယ္လိုသြားမလဲ)

ဖုတားဂုဏ္ပါသို႔ မၾကာေသးမီကမွ ေဖာက္လုပ္ထားသည့္ ေျမလမ္းကေလးတစ္ခုွရိသည္။ Zanskar ျပည္နယ္၏ ျမိဳ႕ေတာ္ Padum မွ ေတာင္ၾကားထဲမွ Purne ေက်းရြာေလးသို႔ ဦးစြာေရာက္ေအာင္သြားရမည္ ျဖစ္သည္။

ယင္းေနာက္တြင္ ဖုတားဂုဏ္ပါသို႔ ၃ နာရီၾကာေျခလ်င္ခရီးသြားရမည္ျဖစ္ျပီး လမ္းတစ္ေလွ်ာက္တြင္ အဆံုးမရွိလွပေသာ ေျမမ်က္ႏွာျပင္အခင္းအက်င္းမ်ား၊ စိမ္းလန္းေသာရႈေမွ်ာ္ခင္းမ်ား ေရာယွက္ထားသည့္ ညိဳရင့္ရင့္ေတာင္တန္းမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

လမ္းတစ္ေလွ်ာက္တြင္ အေၾကာက္အလန္႔မရွိ ျမက္စားေနၾကေသာ ေတာင္ဆိတ္မ်ား၊ အျပာေရာင္သိုးမ်ားကို ေတြ႔ရႏိုင္သည္။

ဖုတားဂုဏ္ပါေက်ာင္းေတာ္၏ ေတာင္ေျခဆီတြင္ Tsarap ျမစ္က တသြင္သြင္စီးဆင္းေနသည္။ ေက်ာင္းေတာ္ရွိရာ ကမ္းဘက္ဆီသို႔ တြဲေလာင္းဆြဲ သစ္သားတံတားမွ ျဖတ္ကူးရမည္ျဖစ္ရာ အသည္းမေကာင္းသူတုိ႔အတြက္ကား မျဖစ္ႏိုင္ေခ်။

(လားမားၾကီးမ်ားသည္ ဤေက်ာင္းေတာ္သို႔ အသက္ ၅ ႏွစ္သားအရြယ္ခန္႔ကတည္းက ေရာက္ရွိေနထုိင္ခဲ့ၾကျခင္း ျဖစ္၏။ ဓာတ္ပံု- Lynn Harles )

ဖုတားတံတားဟု လူသိမ်ားေသာ ဤတံတားသည္ Zanskar ျမစ္၏ ျမစ္ကမ္းႏွစ္ဘက္ကို ဆက္သြယ္ေပးထားသည့္ တစ္ခုတည္းေသာအရာ ျဖစ္သည္။

၂၀၁၅ ခုႏွစ္အတြင္းက Tsarap ျမစ္တြင္ ေျမျပိဳမႈမ်ား၊ ေရၾကီးမႈမ်ား ျဖစ္ေပၚခဲ့ရာ အျခားတံတားမ်ားအားလံုး ေျမာပါသြားခဲ့ၾကသည္။

ထိုေနာက္ပိုင္း ဖုတားဂုဏ္ပါေက်ာင္းသို႔ ရိကၡာပို႔ေဆာင္ေရးအတြက္ ဖုတားတံတားတစ္စင္းတည္းသာ လမ္းေပါက္ရွိေတာ့သည္။

ဖုတား တံတားႏွင့္ တံတားဆီသို႔ ေရာက္မည့္ ေတာင္ေပၚလမ္းကို ေက်ာင္းမွ လားမားဘုန္းေတာ္ၾကီးမ်ားႏွင့္ အနီးဆံုးေက်းရြာျဖစ္ေသာ Cha မွ ရြာသူရြာသားမ်ားက ေဖာက္လုပ္ခဲ့ၾကျခင္း ျဖစ္သည္။

(ဖုတားေက်ာင္းေတာ္သို႔ သြားရာ ေျခလ်င္လမ္း။ ဓာတ္ပံု- Global Himalayan Expedition)

ေက်ာင္းေတာ္တြင္ သီတင္းသံုးေနေသာ လားမားၾကီးမ်ားသည္ အလြန္ငယ္ရြယ္စဥ္ကတည္းက ေရာက္ရွိခဲ့ျခင္းျဖစ္ျပီး အခ်ဳိ႕ဆိုလွ်င္ အသက္ ၅ ႏွစ္သားကတည္းက ေရာက္ရွိခဲ့ၾကျခင္း ျဖစ္၏။

ဆရာေတာ္ၾကီးမ်ားက ကိုရင္ငယ္မ်ားကို ဗုဒၶဘာသာႏွင့္ တရားဓမၼမ်ား သင္ၾကားပို႔ခ်ေပးသည္။

ယင္းေဒသရွိ ကေလးမ်ားအတြက္ တစ္ခုတည္းေသာ ပညာေရးမွာ ဖုတားဂုဏ္ပါေက်ာင္းမွ တရားစာတို႔သာ ျဖစ္သည္။

(ဖုတားဂုဏ္ပါ၏ ဆြမ္းခ်က္ေဆာင္ရွိရာ ဂူ။ ဓာတ္ပံု- Global Himalayan Expedition) ဖုတားဂုဏ္ပါသည္ ဆိတ္ျငိမ္ ျငိမ္းခ်မ္းေသာေနရာတစ္ခုျဖစ္ျပီး ေက်ာင္းမွၾကည့္လွ်င္ ေအာက္ဆီရွိ Tsarap ျမစ္ႏွင့္ ျမစ္ကမ္း ၂ ဘက္ရွိ ရြာငယ္ေလးမ်ားကို ေတြ႔ျမင္ႏိုင္သည္။

ဆြမ္းခ်က္ေဆာင္၏ သစ္သားတံခါးတြင္ က်ည္ဆန္ရာတစ္ခုကို ေတြ႔ႏိုင္သည္။ ယင္းမွာ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ဤေက်ာင္းေတာ္ေနရာကို မြန္ဂိုလီယန္း (သို႔မဟုတ္) တိဗက္တို႔၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ျဖစ္၏။

(ဖုတားဂုဏ္ပါ၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Global Himalayan Expedition)

(ႏွစ္ေပါင္း ၂၅၀၀ သက္တမ္းရွိ ထြက္ရပ္ေပါက္လႈိဏ္ဂူ- ယခုအခါ ဘုန္းေတာ္ၾကီးေက်ာင္း။ ဓာတ္ပံု- Global Himalayan Expedition)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Phugtal Monastery: The 2500 Year Old Cave of Liberation (voicesofruralindia, wikipedia)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service