လိပ်နက်ကျိန်စာလား - တရုတ်ပြည်က လူပုကျေးရွာ

လိပ်နက်ကျိန်စာလား - တရုတ်ပြည်က လူပုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
14 Sep 2022 10:22 am တွင် တင်ခဲ့သည်
1918 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် နေထိုင်သူအများစုမှာ အလွန်အရပ်ပုကြသော လူပုကျေးရွာတစ်ခု ရှိသည်။

ယခုအခါ လူပုကျေးရွာတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့ ရှိနေပြီဖြစ်ပြီး ဝင်ငွေရင်းမြစ်တစ်ခု ဖန်တီးရန် လိုအပ်လာသည်။

သို့ကြောင့် ကျေးရွာအတွင်းနေထိုင်သူများက ၎င်းတို့၏ နေအိမ်များကို သမားရိုးကျမဟုတ်သော ပုံစံများဖြင့် ဆောက်လုပ်ရန် ဆုံးဖြတ်လိုက်ကြကာ ရွာကလေးကို ကမ္ဘာလှည့်ခရီးသည်တို့အား ဆွဲဆောင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ထို့ကြောင့်ပင် လူပုရွာကလေးသည် လူများနေထိုင်ကြသော အပန်းဖြေဥယျာဉ်ကြီးသဖွယ် ဖြစ်လာသည်။

ရွာကလေး၏ အမည်မှာ ယန်စီဖြစ်ပြီး သိပ္ပံပညာရှင်တို့အတွက် ဆယ်စုနှစ်များစွာ ပု စ္ဆာတစ်ရပ် ဖြစ်နေခဲ့သည်။

တည်နေရာမှာ တရုတ်ပြည် အနောက်တောင်ဘက် ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့၊ မြို့ပြင်တွင် တည်ရှိသည်။

ရွာကလေးတွင် နေထိုင်သူ ၈၀ ဦးအနက် ၃၆ ဦးမှာ အရပ်ပုသူများဖြစ်ကြပြီး ၎င်းတို့အနက် အရပ်အရှည်ဆုံးမှာ ၃ ပေ ၁၀ လက်မသာရှိပြီး အရပ်အပုဆုံးမှာ ၂ ပေ ၁ လက်မ ဖြစ်သည်။

အဘယ်ကြောင့် အရပ်ပုသူများစွာဖြစ်နေသည်ကို ယနေ့အထိ ကျေနပ်လောက်သည့် အဖြေမရှိချေ။ ယင်းအချက်မှာ လစ်လျူရှုမထားသည့်သည့် ပု စ္ဆာတစ်ရပ် ဖြစ်၏။

သိပ္ပံပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်တို့က ရွာကလေးသို့ သွားရောက်ကာ ရွာကလေးအတွင်း နေထိုင်သူများကို စမ်းသပ်မှုများပြုလုပ်ခြင်းအပြင် ထိုဒေသ၏ အစေ့အဆန်များ၊ မြေဆီလွှာနှင့် ရေတို့ကို စမ်းသပ်ခြင်းများပြုလုပ်ကာ သဲလွန်စ အဖြေတစ်ခုရရန် ကြိုးပမ်းခဲ့ကြဖူးသည်။ သို့သော် ယနေ့တိုင် အဖြေရှာမရဘဲ ထူးဆန်းသောပု စ္ဆာတစ်ရပ်အဖြစ်သာ တည်ရှိနေဆဲ ဖြစ်၏။

ရွာကလေးတွင် နေထိုင်လျက်ရှိသော အသက်အရွယ်ကြီးရင့်သူတို့၏ ပြောကြားချက်အရ လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်ခုသောနွေတစ်ညတွင် ရွာကလေး၏ ငြိမ်းချမ်းသာယာပျော်ရွှင်သောဘဝမှာ ဆိုးရွားသော ရောဂါတစ်မျိုးကျရောက်လာမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ရွာသူရွာသားများစွာမှာ ဆန်းကြယ်သော ရောဂါလက္ခဏာတစ်မျိုးခံစားခဲ့ကြရပြီး အထူးသဖြင့် ဖြစ်ပွားကြသူ များမှာ အသက် ၅ နှစ်မှ ၇ နှစ်ကြားအရွယ် ကလေးငယ်များဖြစ်သည်။

ထိုသို့ ခံစားခဲ့ရသော ကလေးငယ်များသည် ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့ပြီး ထိုအရွယ်တွင် ရှိခဲ့သော အရပ်အမြင့်အတိုင်းသာ တစ်သက်လုံး နေထိုင်ရှင်သန်ခဲ့ရသည်။

အရပ်မြင့်မားမှု ရပ်တန့်ခြင်းအပြင် အချို့သောကလေးငယ်များမှာ အခြားသော မသန်စွမ်းမှု အမျိုးမျိုး ဖြစ်ပေါ်ခံစားလာခဲ့ကြရသည်။

ယခုကဲ့သို့ဖြစ်ရပ် ရင်ဆိုင်ရခြင်းနှင့်စပ်လျဉ်းပြီး ရွာသားများ ယူဆကြသည့် အယူအဆအမျိုးမျိုးရှိသည်။

အချို့ရွာသားများက ပြောသည်မှာ တရုတ်ပြည်သို့ ဂျပန်များ ကျူးကျော်သိမ်းပိုက်ခဲ့စဉ်က အဆိပ်ငွေ့ အမျိုးမျိုးနှင့် ထိတွေ့ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ အရပ်ပုကြရခြင်းဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ယန်စီရွာကလေးသို့ ဂျပန်များ တစ်ခါမျှ မရောက်ခဲ့ကြချေ။ အချို့က ပြောသည်မှာကား ရှေးယခင်ဘိုးဘေးဘီဘင်တို့က ၎င်းတို့အား ကောင်းစွာသဂြိုဟ်မပေးခဲ့သည့် အတွက် ရွာသားများကို အမျက်ထွက်ခဲ့သောကြောင့် ရွာသားများကို အပြစ်ပေးခြင်းဖြစ်ကြောင်း ယူဆကြသည်။ အချို့ကမူ ရွာနေရာသည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါသည့် ဖုန်းရွှေညံ့နေခြင်းကြောင့်ဟု ပြောကြသည်။

၎င်းတို့၏ ယူဆချက်များမှာ ထူးဆန်းနေသော်လည်း အဆန်းကြယ်ဆုံး ယူဆချက်ကား လိပ်နက်တစ်ကောင်၏ ကျိန်စာကြောင့် ယခုလို ဘေးသင့်ခြင်းဖြစ်ကြောင်း ယူဆချက် ဖြစ်၏။

(လိပ်နက် ဒဏ္ဍာရီ)

တစ်ခါက ဝမ်အမည်ရှိ အမျိုးသားတစ်ဦးသည် ထူးဆန်းသော ခြေထောက်များပါသည့် လိပ်နက်ကြီးတစ်ကောင်ကို တွေ့ခဲ့သည်ဟု ဆိုသည်။ ရွာသားများအကြား လိပ်ကို လွှတ်ပေးမည်၊ ချက်စားမည်ဟု အချေအတင်ငြင်းခုံကြသည်။ နောက်ဆုံးတွင်ကာ လိပ်ကို သတ်ကာ မီးကင်စားလိုက်ကြ၏။

အဆိုပါလိပ်၏ ကျိန်စာကြောင့် ရွာကလေးရှိ ကလေးငယ်များနှင့် အနာဂတ်မျိုးဆက်များ ကျိန်စာသင့်ခဲ့ရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ အရပ်ပုခြင်းမှာ မူလရောဂါခံစားခဲ့ရသူများတွင် မရပ်တန့်ဘဲ နောင်မျိုးဆက်များအထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ယနေ့အခြေအနေ)

၁၉၈၅ ခုနှစ် သန်းခေါင်စာရင်းအရ လူပုရွာလေးတွင် လူဦးရေ ၁၁၉ ဦးရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရွာကလေး၏ လူဦးရေမှာ ၈၀ ဦးအထိ ကျဆင်းသွားသည်။

၁၉၉၇ ခုနှစ်တွင် ယင်းဒေသ၏ မြေဆီလွှာ၌ ပြဒါးပါဝင်မှု မြင့်မားကြောင့်ဖြစ်နိုင်ကြောင်း ယူဆချက်ပေါ်ပေါက်ခဲ့သော်လည်း သက်သေအထောက်အထား မတွေ့ရချေ။

တရုတ်အစိုးရက တရုတ်ပြည်တွင် အဆိုပါရွာလေးရှိ၊ မရှိကို ငြင်းဆိုမှု မလုပ်ဖူးသော်လည်း ရွာကလေးသို့ နိုင်ငံခြားသားများ လည်ပတ်ခြင်းကိုမူ ခွင့်မပြုချေ။

၁၉၄၇ ခုနှစ်က အင်္ဂလိပ် သိပ္ပံပညာရှင် ဒေါက်တာ Karyl Robin သည် တရုတ်ပြည်၏ ဝေးလံခေါင်သီသော တောင်ကြားတစ်ခုတွင် ရာနှင့်ချီသော လူပုလေးများနေထိုင်သည့်ရွာတစ်ရွာကို တွေ့ခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။

ဒေါက်တာ Robin ရောက်ရှိခဲ့သည့်နေရာကား ယနေ့ခေတ် ယန်စီကျေးရွာကလေး တည်ရှိသည့် နေရာပင် ဖြစ်လေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Truth About The Astonishing Dwarf Village of China (panarmenian)

 

 

[Zawgyi]

လိပ္နက္က်ိန္စာလား - တရုတ္ျပည္က လူပုေက်းရြာ

တရုတ္ျပည္တြင္ ေနထိုင္သူအမ်ားစုမွာ အလြန္အရပ္ပုၾကေသာ လူပုေက်းရြာတစ္ခု ရွိသည္။

ယခုအခါ လူပုေက်းရြာတြင္ ကိုယ္ပိုင္ရဲတပ္ဖြဲ႔၊ မီးသတ္ဌာနတို႔ ရွိေနျပီျဖစ္ျပီး ဝင္ေငြရင္းျမစ္တစ္ခု ဖန္တီးရန္ လိုအပ္လာသည္။

သို႔ေၾကာင့္ ေက်းရြာအတြင္းေနထုိင္သူမ်ားက ၎တို႔၏ ေနအိမ္မ်ားကို သမားရိုးက်မဟုတ္ေသာ ပံုစံမ်ားျဖင့္ ေဆာက္လုပ္ရန္ ဆံုးျဖတ္လိုက္ၾကကာ ရြာကေလးကို ကမၻာလွည့္ခရီးသည္တို႔အား ဆြဲေဆာင္ႏိုင္ရန္ ၾကိဳးပမ္းခဲ့ၾကသည္။

ထို႔ေၾကာင့္ပင္ လူပုရြာကေလးသည္ လူမ်ားေနထိုင္ၾကေသာ အပန္းေျဖဥယ်ာဥ္ၾကီးသဖြယ္ ျဖစ္လာသည္။

ရြာကေလး၏ အမည္မွာ ယန္စီျဖစ္ျပီး သိပၸံပညာရွင္တို႔အတြက္ ဆယ္စုႏွစ္မ်ားစြာ ပု စၦာတစ္ရပ္ ျဖစ္ေနခဲ့သည္။

တည္ေနရာမွာ တရုတ္ျပည္ အေနာက္ေတာင္ဘက္ ယူနန္ျပည္နယ္၏ျမိဳ႕ေတာ္ ကူမင္းျမိဳ႕၊ ျမိဳ႕ျပင္တြင္ တည္ရွိသည္။

ရြာကေလးတြင္ ေနထုိင္သူ ၈၀ ဦးအနက္ ၃၆ ဦးမွာ အရပ္ပုသူမ်ားျဖစ္ၾကျပီး ၎တို႔အနက္ အရပ္အရွည္ဆံုးမွာ ၃ ေပ ၁၀ လက္မသာရွိျပီး အရပ္အပုဆံုးမွာ ၂ ေပ ၁ လက္မ ျဖစ္သည္။

အဘယ္ေၾကာင့္ အရပ္ပုသူမ်ားစြာျဖစ္ေနသည္ကို ယေန႔အထိ ေက်နပ္ေလာက္သည့္ အေျဖမရွိေခ်။ ယင္းအခ်က္မွာ လစ္လ်ဴရႈမထားသည့္သည့္ ပု စၦာတစ္ရပ္ ျဖစ္၏။

သိပၸံပညာရွင္မ်ားႏွင့္ ကၽြမ္းက်င္ပညာရွင္တို႔က ရြာကေလးသို႔ သြားေရာက္ကာ ရြာကေလးအတြင္း ေနထုိင္သူမ်ားကို စမ္းသပ္မႈမ်ားျပဳလုပ္ျခင္းအျပင္ ထိုေဒသ၏ အေစ့အဆန္မ်ား၊ ေျမဆီလႊာႏွင့္ ေရတို႔ကို စမ္းသပ္ျခင္းမ်ားျပဳလုပ္ကာ သဲလြန္စ အေျဖတစ္ခုရရန္ ၾကိဳးပမ္းခဲ့ၾကဖူးသည္။ သို႔ေသာ္ ယေန႔တိုင္ အေျဖရွာမရဘဲ ထူးဆန္းေသာပု စၦာတစ္ရပ္အျဖစ္သာ တည္ရွိေနဆဲ ျဖစ္၏။ ရြာကေလးတြင္ ေနထိုင္လ်က္ရွိေသာ အသက္အရြယ္ၾကီးရင့္သူတို႔၏ ေျပာၾကားခ်က္အရ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက တစ္ခုေသာေႏြတစ္ညတြင္ ရြာကေလး၏ ျငိမ္းခ်မ္းသာယာေပ်ာ္ရႊင္ေသာဘဝမွာ ဆိုးရြားေသာ ေရာဂါတစ္မ်ဳိးက်ေရာက္လာမႈေၾကာင့္ ပ်က္စီးခဲ့ရသည္ဟု ဆိုသည္။

ရြာသူရြာသားမ်ားစြာမွာ ဆန္းၾကယ္ေသာ ေရာဂါလကၡဏာတစ္မ်ဳိးခံစားခဲ့ၾကရျပီး အထူးသျဖင့္ ျဖစ္ပြားၾကသူ မ်ားမွာ အသက္ ၅ ႏွစ္မွ ၇ ႏွစ္ၾကားအရြယ္ ကေလးငယ္မ်ားျဖစ္သည္။

ထိုသို႔ ခံစားခဲ့ရေသာ ကေလးငယ္မ်ားသည္ ၾကီးထြားဖြံ႔ျဖိဳးမႈ ရပ္တန္႔သြားခဲ့ျပီး ထိုအရြယ္တြင္ ရွိခဲ့ေသာ အရပ္အျမင့္အတိုင္းသာ တစ္သက္လံုး ေနထိုင္ရွင္သန္ခဲ့ရသည္။

အရပ္ျမင့္မားမႈ ရပ္တန္႔ျခင္းအျပင္ အခ်ဳိ႕ေသာကေလးငယ္မ်ားမွာ အျခားေသာ မသန္စြမ္းမႈ အမ်ဳိးမ်ဳိး ျဖစ္ေပၚခံစားလာခဲ့ၾကရသည္။

ယခုကဲ့သို႔ျဖစ္ရပ္ ရင္ဆိုင္ရျခင္းႏွင့္စပ္လ်ဥ္းျပီး ရြာသားမ်ား ယူဆၾကသည့္ အယူအဆအမ်ဳိးမ်ဳိးရွိသည္။

အခ်ဳိ႕ရြာသားမ်ားက ေျပာသည္မွာ တရုတ္ျပည္သို႔ ဂ်ပန္မ်ား က်ဴးေက်ာ္သိမ္းပိုက္ခဲ့စဥ္က အဆိပ္ေငြ႔ အမ်ဳိးမ်ဳိးႏွင့္ ထိေတြ႔ခဲ့ရျခင္းေၾကာင့္ ယခုကဲ့သို႔ အရပ္ပုၾကရျခင္းျဖစ္သည္ဟု ဆိုၾကသည္။

သို႔ေသာ္ ယန္စီရြာကေလးသို႔ ဂ်ပန္မ်ား တစ္ခါမွ် မေရာက္ခဲ့ၾကေခ်။ အခ်ဳိ႕က ေျပာသည္မွာကား ေရွးယခင္ဘိုးေဘးဘီဘင္တို႔က ၎တို႔အား ေကာင္းစြာသျဂိဳဟ္မေပးခဲ့သည့္ အတြက္ ရြာသားမ်ားကို အမ်က္ထြက္ခဲ့ေသာေၾကာင့္ ရြာသားမ်ားကို အျပစ္ေပးျခင္းျဖစ္ေၾကာင္း ယူဆၾကသည္။ အခ်ဳိ႕ကမူ ရြာေနရာသည္ ၾကီးထြားဖြံ႔ျဖိဳးမႈအတြက္ အေရးပါသည့္ ဖုန္းေရႊညံ့ေနျခင္းေၾကာင့္ဟု ေျပာၾကသည္။

၎တို႔၏ ယူဆခ်က္မ်ားမွာ ထူးဆန္းေနေသာ္လည္း အဆန္းၾကယ္ဆံုး ယူဆခ်က္ကား လိပ္နက္တစ္ေကာင္၏ က်ိန္စာေၾကာင့္ ယခုလို ေဘးသင့္ျခင္းျဖစ္ေၾကာင္း ယူဆခ်က္ ျဖစ္၏။

(လိပ္နက္ ဒ႑ာရီ)

တစ္ခါက ဝမ္အမည္ရွိ အမ်ဳိးသားတစ္ဦးသည္ ထူးဆန္းေသာ ေျခေထာက္မ်ားပါသည့္ လိပ္နက္ၾကီးတစ္ေကာင္ကို ေတြ႔ခဲ့သည္ဟု ဆိုသည္။ ရြာသားမ်ားအၾကား လိပ္ကို လႊတ္ေပးမည္၊ ခ်က္စားမည္ဟု အေခ်အတင္ျငင္းခံုၾကသည္။ ေနာက္ဆံုးတြင္ကာ လိပ္ကို သတ္ကာ မီးကင္စားလိုက္ၾက၏။ အဆိုပါလိပ္၏ က်ိန္စာေၾကာင့္ ရြာကေလးရွိ ကေလးငယ္မ်ားႏွင့္ အနာဂတ္မ်ဳိးဆက္မ်ား က်ိန္စာသင့္ခဲ့ရျခင္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။ အရပ္ပုျခင္းမွာ မူလေရာဂါခံစားခဲ့ရသူမ်ားတြင္ မရပ္တန္႔ဘဲ ေနာင္မ်ဳိးဆက္မ်ားအထိ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

(ယေန႔အေျခအေန)

၁၉၈၅ ခုႏွစ္ သန္းေခါင္စာရင္းအရ လူပုရြာေလးတြင္ လူဦးေရ ၁၁၉ ဦးရွိခဲ့ေသာ္လည္း ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းတြင္ ရြာကေလး၏ လူဦးေရမွာ ၈၀ ဦးအထိ က်ဆင္းသြားသည္။

၁၉၉၇ ခုႏွစ္တြင္ ယင္းေဒသ၏ ေျမဆီလႊာ၌ ျပဒါးပါဝင္မႈ ျမင့္မားေၾကာင့္ျဖစ္ႏိုင္ေၾကာင္း ယူဆခ်က္ေပၚေပါက္ခဲ့ေသာ္လည္း သက္ေသအေထာက္အထား မေတြ႔ရေခ်။

တရုတ္အစိုးရက တရုတ္ျပည္တြင္ အဆိုပါရြာေလးရွိ၊ မရွိကို ျငင္းဆိုမႈ မလုပ္ဖူးေသာ္လည္း ရြာကေလးသို႔ ႏိုင္ငံျခားသားမ်ား လည္ပတ္ျခင္းကိုမူ ခြင့္မျပဳေခ်။

၁၉၄၇ ခုႏွစ္က အဂၤလိပ္ သိပၸံပညာရွင္ ေဒါက္တာ Karyl Robin သည္ တရုတ္ျပည္၏ ေဝးလံေခါင္သီေသာ ေတာင္ၾကားတစ္ခုတြင္ ရာႏွင့္ခ်ီေသာ လူပုေလးမ်ားေနထုိင္သည့္ရြာတစ္ရြာကို ေတြ႔ခဲ့ေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ေဒါက္တာ Robin ေရာက္ရွိခဲ့သည့္ေနရာကား ယေန႔ေခတ္ ယန္စီေက်းရြာကေလး တည္ရွိသည့္ ေနရာပင္ ျဖစ္ေလသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Truth About The Astonishing Dwarf Village of China (panarmenian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service