သတင်းစာစက္ကူများဖြင့် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ နေအိမ်

သတင်းစာစက္ကူများဖြင့် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ နေအိမ် - Property News in Myanmar from iMyanmarHouse.com
13 Sep 2022 11:00 am တွင် တင်ခဲ့သည်
975 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စုတွင် သမားရိုးကျမဟုတ်သောနေအိမ်များစွာရှိသည်။ သို့သော် နေအိမ်တစ်ခုလုံးကို သတင်းစာများဖြင့် ပြုလုပ်ထားသည့်နေအိမ်တစ်လုံးတည်းသာ ရှိသည်။

မှန်ပါသည်။ သတင်းစာများဖြင့် ဖြစ်ပါသည်။

သင်တွေးထင်ဖွယ်ရှိသည်မှာ အဆိုပါအိမ်မှာ အိမ်သစ်တစ်လုံးဖြစ်ပြီး ကြာကြာခံမည်မဟုတ်ဟု တွေးဖွယ်ရှိသည်။

သို့သော် အဆိုပါအိမ်မှာ သက်တမ်းနှစ်ပေါင်း ၁၀၀ ရှိပြီဆိုသည်ကို သိရလျှင် သင်အံ့သြသွားမည် ဖြစ်၏။

ထိုအိမ် မည်သည့်နေရာတွင် ကြည့်လို့ရမလဲ။

နေအိမ်တည်ရှိသည်မှာ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ Rockport မြို့၊ Pigeon Hill လမ်းတွင် တည်ရှိသည်။

မူလအိမ်ပိုင်ရှင် Elis F. Stenman က ၁၉၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ယခု ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း ၁၀၀ ပြည့်ပြီ ဖြစ်၏။

ကိုယ်တိုင်လည်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ Stenman အတွက် ယခုအိမ်သည် သူ၏ အကြီးမားဆုံး ဖန်တီးမှုလက်ရာလည်း ဖြစ်သည်။

Stenman သည် ယခုအိမ်တွင် ၂ နှစ်ခန့် နေထိုင်သွားခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ၎င်းကွယ်လွန်သွားပြီးနောက်ပိုင်း နေအိမ်မှာ ပြတိုက်ဖြစ်လာခဲ့သည်။

ယခုအခါ အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ပြသထားသည်။

အကယ်၍ သင်သည် Rockport အရပ်သို့ ရောက်ခဲ့မည်ဆိုပါက ဝင်ရောက်လေ့လာလည်ပတ်သင့်သော နေရာလေးတစ်ခု ဖြစ်လေသည်။

နေအိမ်တစ်ခုလုံးကို သတင်းစာဖြင့် ဖန်တီးပုံဖော်ရန် Stenman အား လှုံ့ဆော်မှုပေးခဲ့ပါသနည်း။ ထိုအချက်ကို မည်သူမျှ မသိပါ။

Stenman ၏ သားမြေးမြစ်များသည်ပင် ထိုအချက်ကို မသိကြ။

(နေအိမ် ၂ လုံးအကြားတည်ရှိသော သတင်းစာစက္ကူအိမ်)

 

(နေအိမ်အပြင်ဘက်ကို နှစ်စဉ်နှစ်တိုင်း အရောင်တင်ပေးသည်)

အချို့သူများက ယူဆသည့်အချက်တစ်ခုကားရှိသည်။

Stenman သည် ဈေးပေါသည့်အိမ်ဆောက်ပစ္စည်းများကို အသုံးပြုလိုခဲ့ခြင်းဖြစ်နိုင်ကြောင်း မှန်းဆကြသည်။

သတိပြုရမည့်တစ်ချက်မှာ ဤအဆောက်အအုံကို မဟာစီးပွားပျက်ကပ်ဘေးကာလကြီးအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟူသော အချက်ပင်။

Stenman အနေဖြင့် သတင်းစာစက္ကူများဖြင့် ဖန်တီးရခြင်းကို မြတ်နိုးခြင်းမျိုးလည်း ဖြစ်နိုင်သည်။

သတင်းစာစက္ကူစာရွက်များကို ကပ်ရန်အတွက်အသုံးပြုခဲ့သော ကော်သည်ပင်လျှင် မိမိဘာသာကြိုထားသော လက်ဖြစ်ကော်များ ဖြစ်၏။

ဂျုံမှုန့်၊ ရေ၊ ပန်းသီးခေါက်တို့ဖြင့် ကော်ကြိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယနေ့ခေတ်တွင်ကား Stenman ဖန်တီးခဲ့သလို လုပ်ဆောင်သူမရှိတော့။ သို့သော် Stenman ဖန်တီးဆောက်လုပ်ခဲ့သော သတင်းစာအိမ်၏ အထင်ရှားဆုံးအချက်မှာ ယနေ့တိုင် တည်မြဲနေခြင်း ဖြစ်သည်။

ကွန်ကရစ် (သို့မဟုတ်) သစ်ကို အသုံးပြုကာဆောက်လုပ်ထားသည့် နေအိမ်များစွာပင်လျှင် ယခုလောက် သက်တမ်းကြာရှည်မခံကြ။

ယခုအိမ်ကို စတင်ဆောက်လုပ်မှုမှာမူ အခြားနေအိမ်များ နည်းတူသာဖြစ်သည်။

ကျွန်းတိုင်များ၊ ယက်မများ ထောင်ကာ ဆောက်လုပ်၊ ယင်းနောက် သစ်အုပ်ကြွပ်ပြား အမိုးတပ်ဆင်မှုများ ပြုလုပ်၏။

သို့သော် နံရံများအတွက်မူ Stenman တွင် ထူးခြားသောစိတ်ကူးပေါ်လာသည်။

နံရံများကို သတင်းစာစက္ကူစာရွက်များအား ထပ်ကာထပ်ကာ နံရံအဖြစ် ဖန်တီးရန် အကြံရခဲ့သည်။

စက္ကူနံရံကို အရောင်တင်ဆီဖြင့် အုပ်ပေးထားသည်။ သို့ကြောင့် အပြင်မှကြည့်လျှင် ပုံမှန်သမားရိုးကျ သစ်အိမ်သဖွယ်သာ မှတ်ထင်ရမည် ဖြစ်၏။ ပြင်ပနံရံကိုလည်း နှစ်စဉ် အရောင်တင်ဆီသုတ်ပေးသည်။

ဤအဆောက်အအုံတွင် နံရံများကိုသာ သတင်းစာစက္ကူဖြင့် ဖန်တီးထားသည်မဟုတ်သေး။

နေအိမ်တွင်းရှိ အရာအားလုံးကို သတင်းစာစက္ကူစာရွက်များ၊ မဂ္ဂဇင်းစာမျက်နှာများကို ကော်ဖြင့်အလွှာများ ထပ်ကာထပ်ကာ ဖန်တီးပြုလုပ်ထားသည်။

စားပွဲများ၊ ကုလားထိုင်များ၊ စာအုပ်စင်များ၊ နာရီနှင့် လိုက်ကာများသည်ပင်လျှင် သတင်းစာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သတင်းစာစက္ကူစာရွက်တို့ဖြင့် အလှဆင်ထားသည့် စန္ဒယားတစ်လုံးပင် ရှိသေးသည်။

နေအိမ်အတွင်း မီးလင်းဖိုတစ်ခုလည်းရှိ၏။ မီးလင်းဖိုကိုမူ အုတ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ယခုအိမ်ကို ဆောက်လုပ်ရန်အတွက် Stenman သည် သတင်းစာစောင်ရေ ၁၀၀,၀၀၀ ခန့် အသုံးပြုခဲ့ဖွယ်ရာ ရှိသည်ဟု ခန့်မှန်းရသည်။

(စန္ဒယားကို သတင်းစာဖြင့် ပြုလုပ်ထားခြင်းမဟုတ်သော်လည်း သတင်းစာ စာရွက်များဖြင့် မွမ်းမံအလှဆင်ထားသည်)

(Lindbergh သတင်းစာခေါင်းကြီး စာမျက်နှာများဖြင့် ပြုလုပ်ထားသော စားပွဲတစ်လုံး)

သတင်းစာစက္ကူအိမ်တွင် အချို့သောသတင်းစာစာရွက်အလွှာများမှာ ကွာစပြုလာနေပြီဖြစ်သည်။ သတင်းစာများဖြင့်သာပြုလုပ်ထားပြီး နှစ်ပေါင်း ၁၀၀ ရှိခဲ့ပြီဖြစ်ရာ ထိုအချက်ကို နားလည်လက်ခံရမည်သာ ဖြစ်၏။

နေအိမ်တစ်ခုလုံးတွင် လာရောက်လည်ပတ်သူတို့သည် သတင်းစာစာရွက်များမှ သတင်းများကို စိတ်ဝင်တစား ဖတ်ကြည့်လေ့ရှိပြီး ရှေးယခင်ခေတ်အား တစွန်းတစ လှစ်ဟမြင်နိုင်ရန် ကြိုးပမ်းကြသည်။

(နေအိမ်တွင်းရှိ မီးလင်းဖိုရှေ့တွင် Stenman တို့ ဇနီးမောင်နှံကို တွေ့ရပုံ)

(မီးလင်းဖိုအပေါ်ရှိ စင်နေရာကလေးကိုလည်း သတင်းစာဖြင့် ဖန်တီးထားသည်)

(ညစာစားသည့် စားပွဲနှင့် ကုလားထိုင်များ)

လမ်းမကြီးပေါ်တွင် စက္ကူအိမ်ရှိရာသို့ လမ်းညွှန်ပေးမည့် ဆိုင်းဘုတ်ငယ်များ ရှိသည်။

သတင်းစာစက္ကူအိမ်ကို လာရောက်လည်ပတ်လေ့လာသူများအတွက် ဧပြီလမှ အောက်တိုဘာလအကြား နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားသည်။

သတင်းစာစက္ကူအိမ်၏ လိပ်စာ- 52 Pigeon Hill St, Rockport, MA 01966, United States

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: There’s a house made of newspaper,and you can visit it (unusualplaces)

 

 

[Zawgyi]

သတင္းစာစကၠဴမ်ားျဖင့္ ေဆာက္လုပ္ထားေသာ ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိ ေနအိမ္

 

အေမရိကန္ျပည္ေထာင္စုတြင္ သမားရိုးက်မဟုတ္ေသာေနအိမ္မ်ားစြာရွိသည္။ သို႔ေသာ္ ေနအိမ္တစ္ခုလံုးကို သတင္းစာမ်ားျဖင့္ ျပဳလုပ္ထားသည့္ေနအိမ္တစ္လံုးတည္းသာ ရွိသည္။

မွန္ပါသည္။ သတင္းစာမ်ားျဖင့္ ျဖစ္ပါသည္။

သင္ေတြးထင္ဖြယ္ရွိသည္မွာ အဆိုပါအိမ္မွာ အိမ္သစ္တစ္လံုးျဖစ္ျပီး ၾကာၾကာခံမည္မဟုတ္ဟု ေတြးဖြယ္ရွိသည္။

သို႔ေသာ္ အဆိုပါအိမ္မွာ သက္တမ္းႏွစ္ေပါင္း ၁၀၀ ရွိျပီဆိုသည္ကို သိရလွ်င္ သင္အံ့ၾသသြားမည္ ျဖစ္၏။

ထိုအိမ္ မည္သည့္ေနရာတြင္ ၾကည့္လို႔ရမလဲ။

ေနအိမ္တည္ရွိသည္မွာ အေမရိကန္ျပည္ေထာင္စု၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ Rockport ျမိဳ႕၊ Pigeon Hill လမ္းတြင္ တည္ရွိသည္။

မူလအိမ္ပိုင္ရွင္ Elis F. Stenman က ၁၉၂၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ရာ ယခု ၂၀၂၂ ခုႏွစ္တြင္ ႏွစ္ေပါင္း ၁၀၀ ျပည့္ျပီ ျဖစ္၏။

ကိုယ္တိုင္လည္း အင္ဂ်င္နီယာတစ္ဦးျဖစ္သူ Stenman အတြက္ ယခုအိမ္သည္ သူ၏ အၾကီးမားဆံုး ဖန္တီးမႈလက္ရာလည္း ျဖစ္သည္။

Stenman သည္ ယခုအိမ္တြင္ ၂ ႏွစ္ခန္႔ ေနထိုင္သြားခဲ့သည္။

၁၉၄၂ ခုႏွစ္တြင္ ၎ကြယ္လြန္သြားျပီးေနာက္ပိုင္း ေနအိမ္မွာ ျပတိုက္ျဖစ္လာခဲ့သည္။

ယခုအခါ အမ်ားျပည္သူမ်ား ဝင္ေရာက္ၾကည့္ရႈေလ့လာႏိုင္ရန္ ဖြင့္လွစ္ျပသထားသည္။

အကယ္၍ သင္သည္ Rockport အရပ္သို႔ ေရာက္ခဲ့မည္ဆိုပါက ဝင္ေရာက္ေလ့လာလည္ပတ္သင့္ေသာ ေနရာေလးတစ္ခု ျဖစ္ေလသည္။

ေနအိမ္တစ္ခုလံုးကို သတင္းစာျဖင့္ ဖန္တီးပံုေဖာ္ရန္ Stenman အား လံႈ႔ေဆာ္မႈေပးခဲ့ပါသနည္း။ ထိုအခ်က္ကို မည္သူမွ် မသိပါ။

Stenman ၏ သားေျမးျမစ္မ်ားသည္ပင္ ထိုအခ်က္ကို မသိၾက။

(ေနအိမ္ ၂ လံုးအၾကားတည္ရွိေသာ သတင္းစာစကၠဴအိမ္)

(ေနအိမ္အျပင္ဘက္ကို ႏွစ္စဥ္ႏွစ္တိုင္း အေရာင္တင္ေပးသည္)

အခ်ဳိ႕သူမ်ားက ယူဆသည့္အခ်က္တစ္ခုကားရွိသည္။

Stenman သည္ ေစ်းေပါသည့္အိမ္ေဆာက္ပစၥည္းမ်ားကို အသံုးျပဳလိုခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း မွန္းဆၾကသည္။

သတိျပဳရမည့္တစ္ခ်က္မွာ ဤအေဆာက္အအံုကို မဟာစီးပြားပ်က္ကပ္ေဘးကာလၾကီးအတြင္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္ဟူေသာ အခ်က္ပင္။

Stenman အေနျဖင့္ သတင္းစာစကၠဴမ်ားျဖင့္ ဖန္တီးရျခင္းကို ျမတ္ႏိုးျခင္းမ်ဳိးလည္း ျဖစ္ႏိုင္သည္။

သတင္းစာစကၠဴစာရြက္မ်ားကို ကပ္ရန္အတြက္အသံုးျပဳခဲ့ေသာ ေကာ္သည္ပင္လွ်င္ မိမိဘာသာၾကိဳထားေသာ လက္ျဖစ္ေကာ္မ်ား ျဖစ္၏။

ဂ်ံဳမႈန္႔၊ ေရ၊ ပန္းသီးေခါက္တို႔ျဖင့္ ေကာ္ၾကိဳခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။ ယေန႔ေခတ္တြင္ကား Stenman ဖန္တီးခဲ့သလို လုပ္ေဆာင္သူမရွိေတာ့။ သို႔ေသာ္ Stenman ဖန္တီးေဆာက္လုပ္ခဲ့ေသာ သတင္းစာအိမ္၏ အထင္ရွားဆံုးအခ်က္မွာ ယေန႔တိုင္ တည္ျမဲေနျခင္း ျဖစ္သည္။

ကြန္ကရစ္ (သို႔မဟုတ္) သစ္ကို အသံုးျပဳကာေဆာက္လုပ္ထားသည့္ ေနအိမ္မ်ားစြာပင္လွ်င္ ယခုေလာက္ သက္တမ္းၾကာရွည္မခံၾက။

ယခုအိမ္ကို စတင္ေဆာက္လုပ္မႈမွာမူ အျခားေနအိမ္မ်ား နည္းတူသာျဖစ္သည္။

ကၽြန္းတိုင္မ်ား၊ ယက္မမ်ား ေထာင္ကာ ေဆာက္လုပ္၊ ယင္းေနာက္ သစ္အုပ္ၾကြပ္ျပား အမိုးတပ္ဆင္မႈမ်ား ျပဳလုပ္၏။

သို႔ေသာ္ နံရံမ်ားအတြက္မူ Stenman တြင္ ထူးျခားေသာစိတ္ကူးေပၚလာသည္။

နံရံမ်ားကို သတင္းစာစကၠဴစာရြက္မ်ားအား ထပ္ကာထပ္ကာ နံရံအျဖစ္ ဖန္တီးရန္ အၾကံရခဲ့သည္။

စကၠဴနံရံကို အေရာင္တင္ဆီျဖင့္ အုပ္ေပးထားသည္။ သို႔ေၾကာင့္ အျပင္မွၾကည့္လွ်င္ ပံုမွန္သမားရိုးက် သစ္အိမ္သဖြယ္သာ မွတ္ထင္ရမည္ ျဖစ္၏။ ျပင္ပနံရံကိုလည္း ႏွစ္စဥ္ အေရာင္တင္ဆီသုတ္ေပးသည္။

ဤအေဆာက္အအံုတြင္ နံရံမ်ားကိုသာ သတင္းစာစကၠဴျဖင့္ ဖန္တီးထားသည္မဟုတ္ေသး။

ေနအိမ္တြင္းရွိ အရာအားလံုးကို သတင္းစာစကၠဴစာရြက္မ်ား၊ မဂၢဇင္းစာမ်က္ႏွာမ်ားကို ေကာ္ျဖင့္အလႊာမ်ား ထပ္ကာထပ္ကာ ဖန္တီးျပဳလုပ္ထားသည္။

စားပြဲမ်ား၊ ကုလားထုိင္မ်ား၊ စာအုပ္စင္မ်ား၊ နာရီႏွင့္ လိုက္ကာမ်ားသည္ပင္လွ်င္ သတင္းစာျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္သည္။

သတင္းစာစကၠဴစာရြက္တို႔ျဖင့္ အလွဆင္ထားသည့္ စႏၵယားတစ္လံုးပင္ ရွိေသးသည္။

ေနအိမ္အတြင္း မီးလင္းဖိုတစ္ခုလည္းရွိ၏။ မီးလင္းဖိုကိုမူ အုတ္ျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္သည္။

ယခုအိမ္ကို ေဆာက္လုပ္ရန္အတြက္ Stenman သည္ သတင္းစာေစာင္ေရ ၁၀၀,၀၀၀ ခန္႔ အသံုးျပဳခဲ့ဖြယ္ရာ ရွိသည္ဟု ခန္႔မွန္းရသည္။

(စႏၵယားကို သတင္းစာျဖင့္ ျပဳလုပ္ထားျခင္းမဟုတ္ေသာ္လည္း သတင္းစာ စာရြက္မ်ားျဖင့္ မြမ္းမံအလွဆင္ထားသည္)

(Lindbergh သတင္းစာေခါင္းၾကီး စာမ်က္ႏွာမ်ားျဖင့္ ျပဳလုပ္ထားေသာ စားပြဲတစ္လံုး)

သတင္းစာစကၠဴအိမ္တြင္ အခ်ဳိ႕ေသာသတင္းစာစာရြက္အလႊာမ်ားမွာ ကြာစျပဳလာေနျပီျဖစ္သည္။ သတင္းစာမ်ားျဖင့္သာျပဳလုပ္ထားျပီး ႏွစ္ေပါင္း ၁၀၀ ရွိခဲ့ျပီျဖစ္ရာ ထိုအခ်က္ကို နားလည္လက္ခံရမည္သာ ျဖစ္၏။

ေနအိမ္တစ္ခုလံုးတြင္ လာေရာက္လည္ပတ္သူတို႔သည္ သတင္းစာစာရြက္မ်ားမွ သတင္းမ်ားကို စိတ္ဝင္တစား ဖတ္ၾကည့္ေလ့ရွိျပီး ေရွးယခင္ေခတ္အား တစြန္းတစ လွစ္ဟျမင္ႏိုင္ရန္ ၾကိဳးပမ္းၾကသည္။

(ေနအိမ္တြင္းရွိ မီးလင္းဖိုေရွ႕တြင္ Stenman တုိ႔ ဇနီးေမာင္ႏွံကို ေတြ႔ရပံု)

(မီးလင္းဖိုအေပၚရွိ စင္ေနရာကေလးကိုလည္း သတင္းစာျဖင့္ ဖန္တီးထားသည္)

(ညစာစားသည့္ စားပြဲႏွင့္ ကုလားထုိင္မ်ား)

လမ္းမၾကီးေပၚတြင္ စကၠဴအိမ္ရွိရာသို႔ လမ္းညႊန္ေပးမည့္ ဆိုင္းဘုတ္ငယ္မ်ား ရွိသည္။

သတင္းစာစကၠဴအိမ္ကို လာေရာက္လည္ပတ္ေလ့လာသူမ်ားအတြက္ ဧျပီလမွ ေအာက္တိုဘာလအၾကား ေန႔စဥ္ နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိ ဖြင့္လွစ္ေပးထားသည္။

သတင္းစာစကၠဴအိမ္၏ လိပ္စာ- 52 Pigeon Hill St, Rockport, MA 01966, United States

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: There’s a house made of newspaper,and you can visit it (unusualplaces)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service