ထိုင်းသို့ လာမည့်နိုင်ငံခြားသားများအား ဘတ် ၃၀၀ အခွန်ကောက်မည်

ထိုင်းသို့ လာမည့်နိုင်ငံခြားသားများအား ဘတ် ၃၀၀ အခွန်ကောက်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2022 11:11 am တွင် တင်ခဲ့သည်
473 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံသို့ လေကြောင်းမှတဆင့် ဝင်ရောက်လာမည့် နိုင်ငံခြားသားများကို ပြည်ဝင်ကြေး ဘတ် ၃၀၀ စတင်ကောက်ခံတော့မည် ဖြစ်သည်။

မူလက ကမ္ဘာလှည့်ခရီးသည်အခွန်ကို ၂၀၂၂ ခုနှစ်တွင် စတင်ကောက်ခံရန် ရည်မှန်းခဲ့သော်လည်း ကိုဗစ်ရောဂါ ကပ်ဘေးကြောင့် အထိနာခဲ့သော ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်နာလံထူစေရန် အခွင့်အရေးပေး သည့်အနေဖြင့် ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး ဖီဖက် ရတ်ချာကစ်ပရာကန်၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစပြီး အဆိုပါအခွန်ကို စတင်ကောက်ခံမည်ဟု ဆိုသည်။

ထိုင်းသို့ လေကြောင်းခရီးမှ ဝင်လာသည့် နိုင်ငံခြားသားများသည့် မည်သည့်ဗီဇာကိုင်ဆောင်သူဖြစ်စေ ပြည်ဝင်ကြေး ပေးဆောင်ရမည် ဖြစ်သည်။

ထိုင်းတွင် နေထိုင်သည့်အချိန် ၂၄ နာရီအောက်သာရှိသူများမှာမူ ပြည်ဝင်ကြေး ကင်းလွတ်ခွင့်ရမည်ဟု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းပတ်စ်ပို့ ကိုင်ဆောင်သူများနှင့် ထိုင်းနိုင်ငံသားများမှာမူ ကမ္ဘာလှည့်ခရီးသွားအခွန်မှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

ထို့အတူ အလုပ်ပါမစ်ကိုင်ဆောင်ထားသူများ၊ နိုင်ငံခြား သံတမန်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များသည်လည်း ကမ္ဘာလှည့်ခရီးသည်အခွန်မှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ သို့သော် ထိုအချက်ကိုမူ ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရဦးမည် ဖြစ်သည်။

အဆိုပါအခွန်ကို ထိုင်းသို့ ကုန်းလမ်း၊ ရေလမ်းမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကိုလည်း ကောက်ခံခြင်း ပြု၊ မပြုကိုမူ ဝန်ကြီးဌာနက သုံးသပ်နေဆဲဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်းမှ ဝင်လာသူများကို အခွန်ငွေ လျှော့ပေါ့ကောက်ခံခြင်းမျိုးလည်း ပြုလုပ်ဖွယ်ရာရှိသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရရှိလာသည့်အခွန်ငွေများကို ကမ္ဘာလှည့် ခရီးသည် လည်ပတ်ရာနေရာများ ဖွံ့ဖြိုးလာစေရေးအတွက် အသုံးပြုမည်ဟု ဆိုသည်။ ထို့အပြင် ယခုအခွန်ငွေသည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည်များအတွက် မတော်တဆဖြစ်ရပ် အာမခံငွေအဖြစ်လည်း ရှိမည်ဟု ဆို၏။

သို့သော် မည်သို့သော မတော်တဆမှုမျိုး အကျုံးဝင်သည်ဆိုသည့်အချက်နှင့် အာမခံလုပ်ငန်း ဆောင်ရွက်ပုံ မည်သို့ရှိမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးချေ။

ယခုအခွန်ကို ကောက်ခံရန် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ကန့်ကွက်သူအချို့ရှိနေခြင်းမှာလည်း အခွန်ကောက်ရန် ဆိုင်းငံ့နေခဲ့သည့် အကြောင်းရင်းများထဲတွင် ပါဝင်သည်။

Hatyai Songkhla ဟိုတယ်များ အစည်းအရုံးက အစိုးရက ကောက်ခံမည့် ကမ္ဘာလှည့်ခရီးသည်အခွန်ကို ကန့်ကွက်ကြောင်း ပြီးခဲ့သော စနေနေ့က ထုတ်ပြန်သည်။

အစည်းအရုံး ဥက္ကဌ ဆစ်သီဖောင်က ယခုအခွန်သည် ကမ္ဘာလှည့်ခရီးသည်များအတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အထူးသဖြင့် ထိုင်းသို့ မလေးရှားမှတဆင့် ကုန်းလမ်းမှ ဝင်ရောက်လာမည့်သူများ အတွက်ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ထိုင်းတောင်ပိုင်းမှတဆင့် မော်တော်ကား၊ ဘတ်စ်ကား (သို့မဟုတ်) ရထားဖြင့် ဝင်ရောက်လာပြီး ထိုင်းတွင် ရက်အနည်းငယ်သာနေရန် စီစဉ်ကြသူများအတွက် ယခုစရိတ်က အဟန့်အတားတစ်ခု ဖြစ်လာနိုင်ကြောင်း ဟိုတယ်များအစည်းအရုံးက ရတက်မအေးဖြစ်နေသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကလည်း ယခုအချက်ကို စဉ်းစားသုံးသပ်ထားပုံရပြီး လေကြောင်းမှ ဝင်လာမည့် နိုင်ငံခြားသားများကိုသာ အခွန်ကောက်ရန် အစီအစဉ်ရှိပုံရသည်။ သို့သော် အသေးစိတ်အချက်အလက်များကို အတည်မပြုရသေးကြောင်း ဝန်ကြီးဌာနက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thailand ‘tourist tax’ to come into effect next year (thethaiger)

 

 

 

[Zawgyi]

ထိုင္းသို႔ လာမည့္ႏိုင္ငံျခားသားမ်ားအား ဘတ္ ၃၀၀ အခြန္ေကာက္မည္

 

လာမည့္ ၂၀၂၃ ခုႏွစ္မွ စတင္ျပီး ထိုင္းႏိုင္ငံသုိ႔ ေလေၾကာင္းမွတဆင့္ ဝင္ေရာက္လာမည့္ ႏိုင္ငံျခားသားမ်ားကို ျပည္ဝင္ေၾကး ဘတ္ ၃၀၀ စတင္ေကာက္ခံေတာ့မည္ ျဖစ္သည္။

မူလက ကမၻာလွည့္ခရီးသည္အခြန္ကို ၂၀၂၂ ခုႏွစ္တြင္ စတင္ေကာက္ခံရန္ ရည္မွန္းခဲ့ေသာ္လည္း ကိုဗစ္ေရာဂါ ကပ္ေဘးေၾကာင့္ အထိနာခဲ့ေသာ ထုိင္းကမၻာလွည့္ခရီးသြားလုပ္ငန္း ျပန္လည္နာလံထူေစရန္ အခြင့္အေရးေပး သည့္အေနျဖင့္ ဆိုင္းငံ့ထားခဲ့ျခင္း ျဖစ္သည္။

ထိုင္းကမၻာလွည့္ခရီးသြားလုပ္ငန္းဝန္ၾကီး ဖီဖက္ ရတ္ခ်ာကစ္ပရာကန္၏ ေျပာၾကားခ်က္အရ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွစျပီး အဆိုပါအခြန္ကို စတင္ေကာက္ခံမည္ဟု ဆိုသည္။ ထိုင္းသို႔ ေလေၾကာင္းခရီးမွ ဝင္လာသည့္ ႏိုင္ငံျခားသားမ်ားသည့္ မည္သည့္ဗီဇာကိုင္ေဆာင္သူျဖစ္ေစ ျပည္ဝင္ေၾကး ေပးေဆာင္ရမည္ ျဖစ္သည္။

ထိုင္းတြင္ ေနထိုင္သည့္အခ်ိန္ ၂၄ နာရီေအာက္သာရွိသူမ်ားမွာမူ ျပည္ဝင္ေၾကး ကင္းလြတ္ခြင့္ရမည္ဟု ကမၻာလွည့္ခရီးသြားလုပ္ငန္းဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။ ထိုင္းပတ္စ္ပို႔ ကိုင္ေဆာင္သူမ်ားႏွင့္ ထိုင္းႏိုင္ငံသားမ်ားမွာမူ ကမၻာလွည့္ခရီးသြားအခြန္မွ ကင္းလြတ္ခြင့္ရမည္ ျဖစ္သည္။

ထို႔အတူ အလုပ္ပါမစ္ကိုင္ေဆာင္ထားသူမ်ား၊ ႏိုင္ငံျခား သံတမန္မ်ားႏွင့္ အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္မ်ားသည္လည္း ကမၻာလွည့္ခရီးသည္အခြန္မွ ကင္းလြတ္ခြင့္ရမည္ ျဖစ္သည္။ သို႔ေသာ္ ထိုအခ်က္ကိုမူ ဝန္ၾကီးဌာန၏ အတည္ျပဳခ်က္ ရယူရဦးမည္ ျဖစ္သည္။

အဆိုပါအခြန္ကို ထိုင္းသို႔ ကုန္းလမ္း၊ ေရလမ္းမွ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသားမ်ားကိုလည္း ေကာက္ခံျခင္း ျပဳ၊ မျပဳကိုမူ ဝန္ၾကီးဌာနက သံုးသပ္ေနဆဲျဖစ္သည္။ ကုန္းလမ္း၊ ေရလမ္းမွ ဝင္လာသူမ်ားကို အခြန္ေငြ ေလွ်ာ့ေပါ့ေကာက္ခံျခင္းမ်ဳိးလည္း ျပဳလုပ္ဖြယ္ရာရွိသည္။

ကမၻာလွည့္ခရီးသြားလုပ္ငန္းဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ ရရွိလာသည့္အခြန္ေငြမ်ားကို ကမၻာလွည့္ ခရီးသည္ လည္ပတ္ရာေနရာမ်ား ဖြံ႔ျဖိဳးလာေစေရးအတြက္ အသံုးျပဳမည္ဟု ဆိုသည္။ ထို႔အျပင္ ယခုအခြန္ေငြသည္ ထိုင္းႏိုင္ငံအတြင္း ေရာက္ရွိေနေသာ ကမၻာလွည့္ခရီးသည္မ်ားအတြက္ မေတာ္တဆျဖစ္ရပ္ အာမခံေငြအျဖစ္လည္း ရွိမည္ဟု ဆို၏။

သို႔ေသာ္ မည္သို႔ေသာ မေတာ္တဆမႈမ်ဳိး အက်ံဳးဝင္သည္ဆိုသည့္အခ်က္ႏွင့္ အာမခံလုပ္ငန္း ေဆာင္ရြက္ပံု မည္သို႔ရွိမည္ဆိုသည့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ ထုတ္ျပန္ထားျခင္း မရွိေသးေခ်။

ယခုအခြန္ကို ေကာက္ခံရန္ ၂၀၂၀ ျပည့္ႏွစ္ကတည္းက စတင္ရည္ရြယ္ခဲ့ျခင္း ျဖစ္ေသာ္လည္း ကန္႔ကြက္သူအခ်ဳိ႕ရွိေနျခင္းမွာလည္း အခြန္ေကာက္ရန္ ဆိုင္းငံ့ေနခဲ့သည့္ အေၾကာင္းရင္းမ်ားထဲတြင္ ပါဝင္သည္။

Hatyai Songkhla ဟိုတယ္မ်ား အစည္းအရံုးက အစိုးရက ေကာက္ခံမည့္ ကမၻာလွည့္ခရီးသည္အခြန္ကို ကန္႔ကြက္ေၾကာင္း ျပီးခဲ့ေသာ စေနေန႔က ထုတ္ျပန္သည္။

အစည္းအရံုး ဥကၠဌ ဆစ္သီေဖာင္က ယခုအခြန္သည္ ကမၻာလွည့္ခရီးသည္မ်ားအတြက္ အတားအဆီးတစ္ခု ျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း အထူးသျဖင့္ ထုိင္းသို႔ မေလးရွားမွတဆင့္ ကုန္းလမ္းမွ ဝင္ေရာက္လာမည့္သူမ်ား အတြက္ျဖစ္ေၾကာင္း ေျပာသည္။

ထို႔အျပင္ ထိုင္းေတာင္ပိုင္းမွတဆင့္ ေမာ္ေတာ္ကား၊ ဘတ္စ္ကား (သို႔မဟုတ္) ရထားျဖင့္ ဝင္ေရာက္လာျပီး ထိုင္းတြင္ ရက္အနည္းငယ္သာေနရန္ စီစဥ္ၾကသူမ်ားအတြက္ ယခုစရိတ္က အဟန္႔အတားတစ္ခု ျဖစ္လာႏိုင္ေၾကာင္း ဟိုတယ္မ်ားအစည္းအရံုးက ရတက္မေအးျဖစ္ေနသည္။

ကမၻာလွည့္ခရီးသြားလုပ္ငန္းဝန္ၾကီးဌာနကလည္း ယခုအခ်က္ကို စဥ္းစားသံုးသပ္ထားပံုရျပီး ေလေၾကာင္းမွ ဝင္လာမည့္ ႏိုင္ငံျခားသားမ်ားကိုသာ အခြန္ေကာက္ရန္ အစီအစဥ္ရွိပံုရသည္။ သို႔ေသာ္ အေသးစိတ္အခ်က္အလက္မ်ားကို အတည္မျပဳရေသးေၾကာင္း ဝန္ၾကီးဌာနက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thailand ‘tourist tax’ to come into effect next year (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service