ခြုံနွယ်များတောထနေသော စံအိမ် ပေါင် ၃၂၀၀၀ (မြန်မာငွေ သိန်း ၇၉၀)ဖြင့် လေလံတင်မည်

ခြုံနွယ်များတောထနေသော စံအိမ် ပေါင် ၃၂၀၀၀ (မြန်မာငွေ သိန်း ၇၉၀)ဖြင့် လေလံတင်မည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2022 12:13 pm တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ခြုံနွယ်များ နွယ်တက်တောထနေသော အိပ်ခန်း ၃ ခန်းပါ စံအိမ်တစ်လုံးကို ပေါင် ၃၂၀၀၀ မျှဖြင့် လေလံတင်ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။

(၂၀၂၂ သြဂုတ်လ ၂၃ ရက် ငွေလဲနှုန်းအရ မြန်မာငွေဖြင့်ဆိုလျှင် ၇၉၄ သိန်းကျော် ဖြစ်သည်။)

ပြုပြင်မွမ်းမံမှု များစွာလိုအပ်နေသော အဆိုပါစံအိမ်ကို ကြမ်းခင်းဈေး ပေါင် ၃၂၀၀၀ ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပြီး နေအိမ်ပြင်ပတွင် နွယ်ပင်များစွာ နွယ်တက်လျက်ရှိနေသည်။

စံအိမ်တည်ရှိသည့်နေရာမှာ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်၊ Skewen ကျေးရွာတွင်ဖြစ်ပြီး ကမ္ဘာကျော် အဆိုတော် ဘွန်နီ တိုင်လာ၏ ဇာတိရွာကလေးဖြစ်သည်။

ထိုအလုပ်မှာ လွယ်ကူလှသည့်ကိစ္စမဟုတ်ကြောင်းကား သံသယဖြစ်ဖွယ်မရှိ။ သို့သော် ဝယ်ယူမည့် ပိုင်ရှင်အတွက် အလားအလာကောင်းများ များစွာရှိသည်။

Newport မြို့အခြေစိုက် Paul Fosh လေလံအဖွဲ့မှ Angie Davey က “ရှေ့မျက်နှာစာမှာ နွယ်ပင်တွေ ပြည့်နှက်နေပြီး အိမ်ထဲမှာဆိုရင်လည်း မျက်နှာကြက်ကို နေရာအနှံ့ ဒေါက်တွေနဲ့ ထောက်ထားရတယ်။ ဆေးတွေလည်း ကွာနေပြီး နံရံကပ်စက္ကူတွေက နံရံကနေ တွဲလောင်းတွေကျနေတယ်။ ဒါပေမယ့် ဒီအိမ်ကြီးမှာ အလားအလာကောင်းတွေ ရှိပါတယ်။ ”

“တော်တော်ပြင်ဆင်ယူရမှာပါ။ ဒါပေမယ့် ငွေနဲ့ စိတ်ကူးစိတ်သန်းအသုံးချလိုက်ရင် ချစ်စရာမိသားစုအိမ်တစ်လုံး ဖြစ်လာမှာပါ”

(ပြုပြင်မွမ်းမံမှုများစွာလိုအပ်နေသောအိမ်တစ်လုံးဖြစ်။ မပြုပြင်ဘဲထားခဲ့သည်မှာ ကာလကြာခဲ့ပြီလည်း ဖြစ်သည်။ (ဓာတ်ပုံ Credit: Paul Fosh Auctions/SWNS)

လက်ရှိ နေထိုင်သူမရှိသော နေအိမ်ကို ဓာတ်ပုံများတွင် တွေ့မြင်ရချက်အရ ညစ်ပတ်နေသောနံရံများမှသည် အိုမင်းဟောင်းနွမ်းနေသော မီးဖိုဆောင်နှင့် ရေချိုးခန်းများအထိ ပျက်စီးယိုယွင်းလျက်ရှိသည်။

နေအိမ်နောက်ဘက်တွင် သင့်တင့်သည့်အကျယ်အဝန်းရှိသော ပန်းဥယျာဉ်ရှိသော်လည်း လက်ရှိတွင်မူ အပြိုင်းအရိုင်းတောထနေသောကြောင့် လူမဝင်နိုင်ချေ။

(နေရာမှာမူ ကျယ်ကျယ်ဝန်းဝန်း ရှိသည်)

စံအိမ်တည်ရှိသည့်နေရာကား ဒေသခံများ နှစ်သက်သည့်နေရာတစ်ခု ဖြစ်သည်။

အနီးတွင် ဘူတာရုံတစ်ခုရှိပြီး ဆွမ်ဆီးနှင့် ကာဒစ်ဖ်မြို့များသို့ နာရီအနည်းငယ်ကြာတိုင်း ရထားတစ်စီးရှိသည်။

(ခြံဝန်းအတွင်း ပန်းဥယျာဉ်တစ်ခုရှိသော်လည်း လက်ရှိတွင်မူ တောထနေကာ လူဝင်၍ပင်မရချေ)

Rightmove ၏ ဖော်ပြချက်အရ ထိုဒေသ၏ ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာ ပေါင် ၁၅၆၇၀၃ (မြန်မာကျပ်ငွေအားဖြင့် သိန်း ၃၈၉၀) ဖြစ်သည်ဟု ဆိုသည်။

အကယ်၍ သင်သည် ယခုအိမ်ကို ယခင်ကကဲ့သို့ ပြန်လည်ခမ်းနားမှုများ မည်သို့ ဆောင်ကြဉ်းပေးနိုင်သည်ကို သိပါက ပြန်လည်မွမ်းမံရမှုအတွက် အနည်းငယ်အလုပ်ရှုပ်မည်ကို ထည့်တွက်မနေပါနှင့်။

ဝေလ ကျေးလက်ဒေသတွင်နေရသည့်အရသာကို လိုချင်ပါက ယခုအိမ်မှာ သင့်အတွက်အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

လာမည့် သြဂုတ်လ ၃၀ ရက်တွင် ဤအိမ်ကို Paul Fosh လေလံအဖွဲ့မှ လေလံတင်ရောင်းချမည် ဖြစ်သည်။

ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၃၂၀၀၀ ဖြစ်ပြီး အနိမ့်ဆုံးစတင်ပေးရမည့်ဈေးမှာ ပေါင် ၂၉၀၀၀ (မြန်မာကျပ်ငွေ ၇၁၉ သိန်း) ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Run down three-bedroom house swamped by climbing plants on sale for £32,000 (metro)

[Zawgyi]

ျခံဳႏြယ္မ်ားေတာထေနေသာ စံအိမ္ ေပါင္ ၃၂၀၀၀ (ျမန္မာေငြ သိန္း ၇၉၀)ျဖင့္ ေလလံတင္မည္

အဂၤလန္ႏိုင္ငံတြင္ ျခံဳႏြယ္မ်ား ႏြယ္တက္ေတာထေနေသာ အိပ္ခန္း ၃ ခန္းပါ စံအိမ္တစ္လံုးကို ေပါင္ ၃၂၀၀၀ မွ်ျဖင့္ ေလလံတင္ေရာင္းခ်ရန္ အေရာင္းေစ်းကြက္တင္လာသည္။

(၂၀၂၂ ၾသဂုတ္လ ၂၃ ရက္ ေငြလဲႏႈန္းအရ ျမန္မာေငြျဖင့္ဆိုလွ်င္ ၇၉၄ သိန္းေက်ာ္ ျဖစ္သည္။)

ျပဳျပင္မြမ္းမံမႈ မ်ားစြာလိုအပ္ေနေသာ အဆိုပါစံအိမ္ကို ၾကမ္းခင္းေစ်း ေပါင္ ၃၂၀၀၀ ျဖင့္ ေလလံတင္ေရာင္းခ်မည္ျဖစ္ျပီး ေနအိမ္ျပင္ပတြင္ ႏြယ္ပင္မ်ားစြာ ႏြယ္တက္လ်က္ရွိေနသည္။

စံအိမ္တည္ရွိသည့္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္၊ Skewen ေက်းရြာတြင္ျဖစ္ျပီး ကမၻာေက်ာ္ အဆိုေတာ္ ဘြန္နီ တိုင္လာ၏ ဇာတိရြာကေလးျဖစ္သည္။

ထိုအလုပ္မွာ လြယ္ကူလွသည့္ကိစၥမဟုတ္ေၾကာင္းကား သံသယျဖစ္ဖြယ္မရွိ။ သို႔ေသာ္ ဝယ္ယူမည့္ ပိုင္ရွင္အတြက္ အလားအလာေကာင္းမ်ား မ်ားစြာရွိသည္။

Newport ျမိဳ႕အေျခစိုက္ Paul Fosh ေလလံအဖြဲ႔မွ Angie Davey က “ေရွ႕မ်က္ႏွာစာမွာ ႏြယ္ပင္ေတြ ျပည့္ႏွက္ေနျပီး အိမ္ထဲမွာဆိုရင္လည္း မ်က္ႏွာၾကက္ကို ေနရာအႏွံ႔ ေဒါက္ေတြနဲ႔ ေထာက္ထားရတယ္။ ေဆးေတြလည္း ကြာေနျပီး နံရံကပ္စကၠဴေတြက နံရံကေန တြဲေလာင္းေတြက်ေနတယ္။ ဒါေပမယ့္ ဒီအိမ္ၾကီးမွာ အလားအလာေကာင္းေတြ ရွိပါတယ္။ ”

“ေတာ္ေတာ္ျပင္ဆင္ယူရမွာပါ။ ဒါေပမယ့္ ေငြနဲ႔ စိတ္ကူးစိတ္သန္းအသံုးခ်လိုက္ရင္ ခ်စ္စရာမိသားစုအိမ္တစ္လံုး ျဖစ္လာမွာပါ”

(ျပဳျပင္မြမ္းမံမႈမ်ားစြာလိုအပ္ေနေသာအိမ္တစ္လံုးျဖစ္။ မျပဳျပင္ဘဲထားခဲ့သည္မွာ ကာလၾကာခဲ့ျပီလည္း ျဖစ္သည္။ (ဓာတ္ပံု Credit: Paul Fosh Auctions/SWNS)

လက္ရွိ ေနထိုင္သူမရွိေသာ ေနအိမ္ကို ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရခ်က္အရ ညစ္ပတ္ေနေသာနံရံမ်ားမွသည္ အိုမင္းေဟာင္းႏြမ္းေနေသာ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္းမ်ားအထိ ပ်က္စီးယိုယြင္းလ်က္ရွိသည္။

ေနအိမ္ေနာက္ဘက္တြင္ သင့္တင့္သည့္အက်ယ္အဝန္းရွိေသာ ပန္းဥယ်ာဥ္ရွိေသာ္လည္း လက္ရွိတြင္မူ အျပိဳင္းအရိုင္းေတာထေနေသာေၾကာင့္ လူမဝင္ႏိုင္ေခ်။

(ေနရာမွာမူ က်ယ္က်ယ္ဝန္းဝန္း ရွိသည္)

စံအိမ္တည္ရွိသည့္ေနရာကား ေဒသခံမ်ား ႏွစ္သက္သည့္ေနရာတစ္ခု ျဖစ္သည္။

အနီးတြင္ ဘူတာရံုတစ္ခုရွိျပီး ဆြမ္ဆီးႏွင့္ ကာဒစ္ဖ္ျမိဳ႕မ်ားသို႔ နာရီအနည္းငယ္ၾကာတိုင္း ရထားတစ္စီးရွိသည္။

(ျခံဝန္းအတြင္း ပန္းဥယ်ာဥ္တစ္ခုရွိေသာ္လည္း လက္ရွိတြင္မူ ေတာထေနကာ လူဝင္၍ပင္မရေခ်)

Rightmove ၏ ေဖာ္ျပခ်က္အရ ထိုေဒသ၏ ပွ်မ္းမွ်အိမ္ျခံေျမေပါက္ေစ်းမွာ ေပါင္ ၁၅၆၇၀၃ (ျမန္မာက်ပ္ေငြအားျဖင့္ သိန္း ၃၈၉၀) ျဖစ္သည္ဟု ဆိုသည္။

အကယ္၍ သင္သည္ ယခုအိမ္ကို ယခင္ကကဲ့သို႔ ျပန္လည္ခမ္းနားမႈမ်ား မည္သို႔ ေဆာင္ၾကဥ္းေပးႏိုင္သည္ကို သိပါက ျပန္လည္မြမ္းမံရမႈအတြက္ အနည္းငယ္အလုပ္ရႈပ္မည္ကို ထည့္တြက္မေနပါႏွင့္။

ေဝလ ေက်းလက္ေဒသတြင္ေနရသည့္အရသာကို လိုခ်င္ပါက ယခုအိမ္မွာ သင့္အတြက္အေကာင္းဆံုး ရင္းႏွီးျမွဳပ္ႏွံမႈ ျဖစ္သည္။

လာမည့္ ၾသဂုတ္လ ၃၀ ရက္တြင္ ဤအိမ္ကို Paul Fosh ေလလံအဖြဲ႔မွ ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။

ရည္ညႊန္းေစ်းႏႈန္းမွာ ေပါင္ ၃၂၀၀၀ ျဖစ္ျပီး အနိမ့္ဆံုးစတင္ေပးရမည့္ေစ်းမွာ ေပါင္ ၂၉၀၀၀ (ျမန္မာက်ပ္ေငြ ၇၁၉ သိန္း) ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Run down three-bedroom house swamped by climbing plants on sale for £32,000 (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service