ပြည်ပ ၃ နှစ်ခရီးထွက်သည့်မိသားစု အိမ်ပြန်လာချိန်တွင် အိမ်ငှားဖယ်မပေးသဖြင့် အိမ်ရာမဲ့ဖြစ်ရ

ပြည်ပ ၃ နှစ်ခရီးထွက်သည့်မိသားစု အိမ်ပြန်လာချိန်တွင် အိမ်ငှားဖယ်မပေးသဖြင့် အိမ်ရာမဲ့ဖြစ်ရ - Property News in Myanmar from iMyanmarHouse.com
22 Aug 2022 9:58 am တွင် တင်ခဲ့သည်
1166 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ပြည်ပသို့ ၃ နှစ်ကြာခရီးထွက်ခဲ့ကြသည့် မိသားစုတစ်စု၏ နေအိမ်ကို အငှားချထားခဲ့ပြီး ထိုမိသားစုပြန်လာချိန်တွင် အိမ်ငှားနေထိုင်လျက်ရှိသူများ ဖယ်မပေးသောကြောင့် အိမ်ရှင်မှာ နေစရာမရှိတော့ဘဲ အိမ်ရာမဲ့ဖြစ်ရကာ ဆိုဖာပေါ်တွင် အိပ်စက်ရလျက်ရှိသည်။

ခါနာ (Carna) နှင့် ဂိန်းစ်ဘရွတ်စ် (Ganes Brooks) တို့ ဇနီးမောင်နှံတွင် တစ်နှစ်အရွယ်နှင့် ၉ နှစ်အရွယ် ရင်သွေး ၂ ဦးရှိသည်။ ယခုအခါ ၎င်းတို့မိသားစုသည် သူငယ်ချင်းတစ်ဦး၏ ဆိုဖာခုံပေါ်တွင် အိပ်စက်ကြရလျက်ရှိသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်း The Sun သတင်းဌာနသို့ ပြောသည်။

(ခါနာတို့ဇနီးမောင်နှံတွင် ရင်သွေး ၂ ဦးရှိပြီး ဒူဘိုင်းမှ ပြန်လာချိန်တွင် ၎င်းတို့၏ အိမ်ငှားမှာ ပြောင်းရွှေ့ပေးရန် ငြင်းဆန်လျက်ရှိကြသည်။ ဓာတ်ပုံ Credit: Carna Brooks)

(အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Dartford မြို့တွင်ရှိသော နေအိမ်ဖြစ်ပြီး နေအိမ်တွင် နေထိုင်လျက်ရှိသူများကို မဖယ်ရှားနိုင်သောကြောင့် ယခုအခါ မိတ်ဆွေသူငယ်ချင်းများ၏ ဆိုဖာများပေါ်တွင် အိပ်စက်ကြရလျက်ရှိသည်)

Dartford မြို့ရှိ နေအိမ်သို့ ဒူဘိုင်းမှ ပြီးခဲ့သော ဇူလိုင်လတွင် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နေအိမ်မှာ နေထိုင်သူများ ရှိနေဆဲဖြစ်သည်ကို တွေ့ခဲ့ကြရသည်။

၎င်းတို့ ဇနီးမောင်နှံသည် ယခုနှစ် ဖေဖော်ဝါရီလတွင် အိမ်ငှားများအား ဆယ်သွယ်ခဲ့ပြီး အိမ်ပြောင်းပေးရန် ပြောခဲ့ကြောင်း Kent Live သတင်းဌာနက ဖော်ပြသည်။

ခါနာတို့မိသားစုက အိမ်ငှားနှင်ရန် တရားရုံးတွင် တင်ပြထားသော်လည်း နိုဝင်ဘာလအထိ မိမိနေအိမ်တွင် မိမိပြန်လည်နေထိုင်နိုင်ဖွယ် မရှိသေးချေ။

အိမ်ငှားများမှာ ဇူလိုင်လ ၁၃ ရက်တွင် ပြောင်းရွှေ့ပေးမည်ဟု မူလက သဘောတူထားခဲ့သောကြောင့် အပူချိန်များ အလွန်မြင့်တက်လျက်ရှိသော အင်္ဂလန်သို့ ဇူလိုင်လ ၁၉ ရက်တွင် ခါနာတို့မိသားစု ပြန်လာခဲ့သည်။

ခါနာမှာ ကင်ဆာရောဂါအတွက် ဆေးဝါးကုသမှုများ ခံယူရလျက်ရှိသူလည်း ဖြစ်သည်။ သို့သော် ပြန်ရောက်ချိန်တွင် အိမ်ငှားများ ပြောင်းမပေးသောကြောင့် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခေါ်ယူခဲ့ရသည်။

“ကျွန်မတို့လည်း ဒီပြဿနာအတွက် ရဲတပ်ဖွဲ့ထံဆက်သွယ် အကြောင်းကြားပြီး အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဖော်ဖော်ရွေရွေရှိပါတယ်။ ဒါပေမယ့် သူတို့လည်း ဘာမှ မကူညီနိုင်ပါဘူး။ ဥပဒေအရ ကျွန်မတို့က ကိုယ့်အိမ်ထဲ ကိုယ်ဝင်မယ်ဆိုရင်တောင် ပိုင်နက်ကျူးလွန်မှု ဖြစ်နေပါတယ် ”

“ကျေးဇူးတင်စရာကောင်းတာက အဲ့ဒေသမှာရှိတဲ့ ကျွန်မတို့မိတ်ဆွေက နေပူပြင်းပြင်းအောက်မှ နေရတဲ့ ဒုက္ခက လွင်ကင်းအောင် ခဏတာတည်းခိုဖို့ နေရာပေးခဲ့ပါတယ်” အိမ်ငှားများ အခြားနေအိမ်အတွက် ငွေစုမိစေရန် အိမ်ငှားခလည်း လျှော့ပေါ့သက်ညှာပေးခဲ့ပြီး မိမိတို့ ပြန်မလာမီ အခြားနေအိမ်သို့ ပြောင်းရွှေ့ရန် သဘောတူခဲ့ကြကြောင်း ခါနာက ပြောသည်။

သို့သော် ယခုအခါတွင်ကား ၎င်းတို့မိသားစုမှာ တရားရုံးရက်ချိန်းကိုသာ စောင့်နေရပြီး အိမ်ငှားနှင်ရေးအတွက်သာ ရွေးချယ်စရာလမ်းရှိတော့သည်။

ရက်သတ္တ ၂ ပတ်ခန့် ၎င်းတို့မိသားစုမှာ ဆိုဖာတစ်ခုပေါ်တွင် အိပ်ရပြီး အသက် ၄၂ နှစ်အရွယ်ရှိ ဂိန်းစ် က ထိုင်လျက်သာ အနားယူရသည်။

၎င်းတို့ မိသားစုသည် ဒူဘိုင်းတွင် ၂၀၁၉ ခုနှစ်ကတည်းက နေထိုင်နေခဲ့ကြခြင်းဖြစ်ပြီး ပရိဘောဂအပြည့်အစုံ ရှိသည့် နေအိမ်ကို ယခင်ကတည်းက သိကျွမ်းထားသည့် အမျိုးသမီးတစ်ဦးကို ငှားရမ်းပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့အိမ်ကို ဈေးကွက်ပေါက်ဈေးအောက် အများကြီးနည်းပါးတဲ့ဈေးနဲ့ ငှားပေးပြီး သူတို့ကိုလည်း ငွေကြေးပိုင်း ကူညီတဲ့သဘောအပြင် ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှုကိုလည်း စောင့်ရှောက်ပေးပြီးသား သဘောဖြစ်အောင် လုပ်ထားခဲ့တာကောင်းတယ်လို့ ယူဆခဲ့ကြတယ်”

“ကျွန်မတို့ အိမ်ငှားသဘောတူစာချုပ်ချုပ်ထားခဲ့ကြပါတယ်။ ကြိုတင်သဘောတူထားတဲ့အတိုင်း သူတို့ဆီကနေ အိမ်ငှားခ ဘာမှမရတဲ့အပြင် ဒီအိမ်အတွက်လည်း အိမ်ခြံမြေချေးငွေ အရစ်ကျသွင်းငွေ သွင်းနေရတာကြောင့် လက်ရှိမှာ အိမ်ငှားလည်း မနေနိုင်ပါဘူး”

၎င်းတို့မိသားစုသည် အိမ်ငှားနှင်လိုမှု အမှုအတွက် အောက်တိုဘာလအထိ တရားရုံးကြားနာမှု မရှိသေးချေ။ ယင်းနောက်ပိုင်းကာလတွင်လည်း နေအိမ်မှ ထွက်ခွာပေးရန် တစ်လအချိန်ပေးသည့် သတိပေးမှု ပြုလုပ်ရဦးမည် ဖြစ်သည်။

ခါနာအနေဖြင့် အမြဲနေထိုင်သည့် အိမ်လိပ်စာမရှိဘဲ အလုပ်မရှာနိုင်သည့်အပြင် သမီးဖြစ်သူ ကျောင်းတက်ရန်လည်း မဖြစ်နိုင်ချေ။

အိမ်ငှားဖြစ်သူက KentLive သတင်းဌာနသို့ ပြောရာတွင်မူ “ရယ်ဖို့ကောင်းပါတယ်။ ကျွန်မတို့က အိမ်ငှားခ ၃ နှစ် ပေးပြီးနေထိုင်နေကြတာပါ။ သူတို့ရဲ့ အိမ်ခြံမြေချေးငွေကို ကျွန်မတို့က ၃ နှစ်ပေးနေခဲ့ကြတာပါ။”

“မှန်ပါတယ်။ ဒီအိမ်က သူတို့အိမ်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွက် ကျွန်မတို့အိမ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ အခကြေးငွေပေးပြီး နေတာပါ။ ကျွန်မတို့ဘက်က အကြောင်းအရာတွေကို ရှင်တို့ကို မပြောနိုင်ဘူး။ ဒါက ရှင်တို့အလုပ်မဟုတ်ဘူး။ ကျွန်မတို့က ဘာလို့ တခြားနေရာရှာရမှာလဲ။ ရှင့်ကိုရော တခြားသူကိုရော ရှင်းပြနေဖို့မလိုဘူး”ဟု အိမ်ငှားဖြစ်သူက သတင်းဌာနအား ပြောသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We were left homeless and forced to sofa surf after we came home to someone else living in our house (thesun)

[Zawgyi]

ျပည္ပ ၃ ႏွစ္ခရီးထြက္သည့္မိသားစု အိမ္ျပန္လာခ်ိန္တြင္ အိမ္ငွားဖယ္မေပးသျဖင့္ အိမ္ရာမဲ့ျဖစ္ရ

အဂၤလန္ႏိုင္ငံတြင္ ျပည္ပသို႔ ၃ ႏွစ္ၾကာခရီးထြက္ခဲ့ၾကသည့္ မိသားစုတစ္စု၏ ေနအိမ္ကို အငွားခ်ထားခဲ့ျပီး ထိုမိသားစုျပန္လာခ်ိန္တြင္ အိမ္ငွားေနထိုင္လ်က္ရွိသူမ်ား ဖယ္မေပးေသာေၾကာင့္ အိမ္ရွင္မွာ ေနစရာမရွိေတာ့ဘဲ အိမ္ရာမဲ့ျဖစ္ရကာ ဆိုဖာေပၚတြင္ အိပ္စက္ရလ်က္ရွိသည္။

ခါနာ (Carna) ႏွင့္ ဂိန္းစ္ဘရြတ္စ္ (Ganes Brooks) တို႔ ဇနီးေမာင္ႏွံတြင္ တစ္ႏွစ္အရြယ္ႏွင့္ ၉ ႏွစ္အရြယ္ ရင္ေသြး ၂ ဦးရွိသည္။ ယခုအခါ ၎တို႔မိသားစုသည္ သူငယ္ခ်င္းတစ္ဦး၏ ဆိုဖာခံုေပၚတြင္ အိပ္စက္ၾကရလ်က္ရွိသည္မွာ တစ္လခန္႔ရွိေနျပီျဖစ္ေၾကာင္း The Sun သတင္းဌာနသို႔ ေျပာသည္။

(ခါနာတို႔ဇနီးေမာင္ႏွံတြင္ ရင္ေသြး ၂ ဦးရွိျပီး ဒူဘိုင္းမွ ျပန္လာခ်ိန္တြင္ ၎တို႔၏ အိမ္ငွားမွာ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆန္လ်က္ရွိၾကသည္။ ဓာတ္ပံု Credit: Carna Brooks)

(အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Dartford ျမိဳ႕တြင္ရွိေသာ ေနအိမ္ျဖစ္ျပီး ေနအိမ္တြင္ ေနထိုင္လ်က္ရွိသူမ်ားကို မဖယ္ရွားႏိုင္ေသာေၾကာင့္ ယခုအခါ မိတ္ေဆြသူငယ္ခ်င္းမ်ား၏ ဆိုဖာမ်ားေပၚတြင္ အိပ္စက္ၾကရလ်က္ရွိသည္)

Dartford ျမိဳ႕ရွိ ေနအိမ္သို႔ ဒူဘိုင္းမွ ျပီးခဲ့ေသာ ဇူလိုင္လတြင္ ျပန္လည္ေရာက္ရွိခဲ့ျခင္းျဖစ္ျပီး ေနအိမ္မွာ ေနထုိင္သူမ်ား ရွိေနဆဲျဖစ္သည္ကို ေတြ႔ခဲ့ၾကရသည္။

၎တို႔ ဇနီးေမာင္ႏွံသည္ ယခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အိမ္ငွားမ်ားအား ဆယ္သြယ္ခဲ့ျပီး အိမ္ေျပာင္းေပးရန္ ေျပာခဲ့ေၾကာင္း Kent Live သတင္းဌာနက ေဖာ္ျပသည္။

ခါနာတို႔မိသားစုက အိမ္ငွားႏွင္ရန္ တရားရံုးတြင္ တင္ျပထားေသာ္လည္း ႏိုဝင္ဘာလအထိ မိမိေနအိမ္တြင္ မိမိျပန္လည္ေနထိုင္ႏိုင္ဖြယ္ မရွိေသးေခ်။

အိမ္ငွားမ်ားမွာ ဇူလိုင္လ ၁၃ ရက္တြင္ ေျပာင္းေရႊ႕ေပးမည္ဟု မူလက သေဘာတူထားခဲ့ေသာေၾကာင့္ အပူခ်ိန္မ်ား အလြန္ျမင့္တက္လ်က္ရွိေသာ အဂၤလန္သို႔ ဇူလိုင္လ ၁၉ ရက္တြင္ ခါနာတို႔မိသားစု ျပန္လာခဲ့သည္။

ခါနာမွာ ကင္ဆာေရာဂါအတြက္ ေဆးဝါးကုသမႈမ်ား ခံယူရလ်က္ရွိသူလည္း ျဖစ္သည္။ သို႔ေသာ္ ျပန္ေရာက္ခ်ိန္တြင္ အိမ္ငွားမ်ား ေျပာင္းမေပးေသာေၾကာင့္ ရဲတပ္ဖြဲ႔ကို ဆက္သြယ္ေခၚယူခဲ့ရသည္။

“ကၽြန္မတို႔လည္း ဒီျပႆနာအတြက္ ရဲတပ္ဖြဲ႔ထံဆက္သြယ္ အေၾကာင္းၾကားျပီး အၾကံဥာဏ္ေတာင္းခံခဲ့ပါတယ္။ ရဲတပ္ဖြဲ႔ကလည္း ေဖာ္ေဖာ္ေရြေရြရွိပါတယ္။ ဒါေပမယ့္ သူတို႔လည္း ဘာမွ မကူညီႏိုင္ပါဘူး။ ဥပေဒအရ ကၽြန္မတို႔က ကိုယ့္အိမ္ထဲ ကိုယ္ဝင္မယ္ဆိုရင္ေတာင္ ပိုင္နက္က်ဴးလြန္မႈ ျဖစ္ေနပါတယ္ ”

“ေက်းဇူးတင္စရာေကာင္းတာက အဲ့ေဒသမွာရွိတဲ့ ကၽြန္မတို႔မိတ္ေဆြက ေနပူျပင္းျပင္းေအာက္မွ ေနရတဲ့ ဒုကၡက လြင္ကင္းေအာင္ ခဏတာတည္းခိုဖို႔ ေနရာေပးခဲ့ပါတယ္” အိမ္ငွားမ်ား အျခားေနအိမ္အတြက္ ေငြစုမိေစရန္ အိမ္ငွားခလည္း ေလွ်ာ့ေပါ့သက္ညွာေပးခဲ့ျပီး မိမိတို႔ ျပန္မလာမီ အျခားေနအိမ္သို႔ ေျပာင္းေရႊ႕ရန္ သေဘာတူခဲ့ၾကေၾကာင္း ခါနာက ေျပာသည္။

သို႔ေသာ္ ယခုအခါတြင္ကား ၎တို႔မိသားစုမွာ တရားရံုးရက္ခ်ိန္းကိုသာ ေစာင့္ေနရျပီး အိမ္ငွားႏွင္ေရးအတြက္သာ ေရြးခ်ယ္စရာလမ္းရွိေတာ့သည္။

ရက္သတၱ ၂ ပတ္ခန္႔ ၎တို႔မိသားစုမွာ ဆိုဖာတစ္ခုေပၚတြင္ အိပ္ရျပီး အသက္ ၄၂ ႏွစ္အရြယ္ရွိ ဂိန္းစ္ က ထိုင္လ်က္သာ အနားယူရသည္။

၎တို႔မိသားစုသည္ ဒူဘိုင္းတြင္ ၂၀၁၉ ခုႏွစ္ကတည္းက ေနထိုင္ေနခဲ့ၾကျခင္းျဖစ္ျပီး ပရိေဘာဂအျပည့္အစံု ရွိသည့္ ေနအိမ္ကို ယခင္ကတည္းက သိကၽြမ္းထားသည့္ အမ်ဳိးသမီးတစ္ဦးကို ငွားရမ္းေပးရန္ ကမ္းလွမ္းခဲ့ျခင္း ျဖစ္သည္။

“ကၽြန္မတို႔အိမ္ကို ေစ်းကြက္ေပါက္ေစ်းေအာက္ အမ်ားၾကီးနည္းပါးတဲ့ေစ်းနဲ႔ ငွားေပးျပီး သူတို႔ကိုလည္း ေငြေၾကးပိုင္း ကူညီတဲ့သေဘာအျပင္ ကၽြန္မတို႔ရဲ႕ ပိုင္ဆိုင္မႈကိုလည္း ေစာင့္ေရွာက္ေပးျပီးသား သေဘာျဖစ္ေအာင္ လုပ္ထားခဲ့တာေကာင္းတယ္လို႔ ယူဆခဲ့ၾကတယ္”

“ကၽြန္မတို႔ အိမ္ငွားသေဘာတူစာခ်ဳပ္ခ်ဳပ္ထားခဲ့ၾကပါတယ္။ ၾကိဳတင္သေဘာတူထားတဲ့အတိုင္း သူတို႔ဆီကေန အိမ္ငွားခ ဘာမွမရတဲ့အျပင္ ဒီအိမ္အတြက္လည္း အိမ္ျခံေျမေခ်းေငြ အရစ္က်သြင္းေငြ သြင္းေနရတာေၾကာင့္ လက္ရွိမွာ အိမ္ငွားလည္း မေနႏိုင္ပါဘူး”

၎တို႔မိသားစုသည္ အိမ္ငွားႏွင္လိုမႈ အမႈအတြက္ ေအာက္တိုဘာလအထိ တရားရံုးၾကားနာမႈ မရွိေသးေခ်။ ယင္းေနာက္ပိုင္းကာလတြင္လည္း ေနအိမ္မွ ထြက္ခြာေပးရန္ တစ္လအခ်ိန္ေပးသည့္ သတိေပးမႈ ျပဳလုပ္ရဦးမည္ ျဖစ္သည္။

ခါနာအေနျဖင့္ အျမဲေနထိုင္သည့္ အိမ္လိပ္စာမရွိဘဲ အလုပ္မရွာႏိုင္သည့္အျပင္ သမီးျဖစ္သူ ေက်ာင္းတက္ရန္လည္း မျဖစ္ႏိုင္ေခ်။

အိမ္ငွားျဖစ္သူက KentLive သတင္းဌာနသို႔ ေျပာရာတြင္မူ “ရယ္ဖို႔ေကာင္းပါတယ္။ ကၽြန္မတို႔က အိမ္ငွားခ ၃ ႏွစ္ ေပးျပီးေနထိုင္ေနၾကတာပါ။ သူတို႔ရဲ႕ အိမ္ျခံေျမေခ်းေငြကို ကၽြန္မတို႔က ၃ ႏွစ္ေပးေနခဲ့ၾကတာပါ။”

“မွန္ပါတယ္။ ဒီအိမ္က သူတို႔အိမ္ပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့ ၃ ႏွစ္တာကာလအတြက္ ကၽြန္မတို႔အိမ္လည္း ျဖစ္ပါတယ္။ ကၽြန္မတို႔ အခေၾကးေငြေပးျပီး ေနတာပါ။ ကၽြန္မတို႔ဘက္က အေၾကာင္းအရာေတြကို ရွင္တို႔ကို မေျပာႏိုင္ဘူး။ ဒါက ရွင္တို႔အလုပ္မဟုတ္ဘူး။ ကၽြန္မတို႔က ဘာလို႔ တျခားေနရာရွာရမွာလဲ။ ရွင့္ကိုေရာ တျခားသူကိုေရာ ရွင္းျပေနဖုိ႔မလိုဘူး”ဟု အိမ္ငွားျဖစ္သူက သတင္းဌာနအား ေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We were left homeless and forced to sofa surf after we came home to someone else living in our house (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service