ကီဗင်ကော့စနာ၏ ဧက ၁၆၀ မွေးမြူရေးခြံကြီး တစ်ပတ် ဒေါ်လာ ၃ သိန်းခွဲဖြင့် ငှားရမ်းနိုင်

ကီဗင်ကော့စနာ၏ ဧက ၁၆၀ မွေးမြူရေးခြံကြီး တစ်ပတ် ဒေါ်လာ ၃ သိန်းခွဲဖြင့် ငှားရမ်းနိုင် - Property News in Myanmar from iMyanmarHouse.com
9 Aug 2022 10:56 am တွင် တင်ခဲ့သည်
668 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာပိုင်ဆိုင်သော ဧက ၁၆၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးမှာ အလွန်လှပခမ်းနားလှသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကော်လှိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့ပြင်တွင် တည်ရှိသည်။

သင့်အနေဖြင့် အဆိုပါမွေးမြူရေးခြံကြီးကို ငှားရမ်းကာ မိတ်ဆွေသူငယ်ချင်း၊ မိသားစု ၃၄ ဦးနှင့်အထက် ခေါ်ယူပြီး အမှတ်တရ ပွဲလမ်းများကျင်းပခြင်း၊ အပန်းဖြေခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

Dunbar Ranch ဟု လူသိများသည့် အေးချမ်းဆိတ်ငြိမ်သောခြံကြီးသည် အက်စ်ပန်မြို့လယ်မှ မိနစ်ပိုင်းခရီးအကွာအဝေးသာ ဝေးကွာသည်။

ကီဗင်ကော့စနာ၏ အော်စကာဆုရ ရုပ်ရှင်ဇာတ်ကား Dances With Wolves မှ ဇာတ်ကောင်တစ်ဦးဖြစ်သော လက်ဖတင်နင် John Dunbar ကို အစွဲပြုကာ ယခုခြံကြီးကို အမည်ပေးထားခြင်း ဖြစ်သည်။

မွေးမြူရေးခြံကြီး၏ အပြောကျယ်လှသော ဝန်းကြီးမှာ သဘာဝတောရိုင်းအတိုင်း မပြုမပြင်ရှိနေပြီး ကိုယ်ပိုင်ရေကန်ကြီးတစ်ခုပါဝင်သည့်အပြင် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၂၀၉၅ တွင် ဖောက်လုပ်ထားသော နာမည်ကျော် Independence Pass အမည်ရှိ တောင်ပေါ်လမ်း၏ ပြိုင်ဘက်ကင်းလှပသာယာသောမြင်ကွင်း၊ ၂၄၅ ဧက ကျယ်ဝန်းသည့် North Star ဘေးမဲ့တောကြီးအပြင် အက်စ်ပန်တောင်၏ အရှေ့ဘက်ခြမ်းမြင်ကွင်းများကို တွေ့မြင်ရမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် Amy Mottier က ပြောသည်။

(ပင်မစံအိမ်)

Dunbar ခြံကြီးသည် ထိပ်တန်းဇိမ်ခံနိုင်သည့် ဆိတ်ငြိမ်နေရာတစ်ခုဖြစ်ပြီး အဆောက်အအုံ ၃ ခုပါကြောင်း Mottier က ပြောသည်။

ပင်မစံအိမ်အပြင် ရေကန်ဘေးစံအိမ်နှင့် မြစ်ဘေးအိမ်တို့ ပါဝင်သည်။

စံအိမ် ၃ ခုလုံးသည် သင်နှင့် သင့်မိသားစုအတွက် ကော်လိုရာဒို၏ ဘဝအစစ်ကို တွေ့ကြုံရမည်ဖြစ်ပြီး ရင်သပ်ရှုမောဖွယ် သက်တောင့်သက်သာရှိသောနေရာများစွာ ပါဝင်မည်ဟု Mottier က ပြောသည်။

စုစုပေါင်းအားဖြင့် အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၈ ခန်းရှိသည်။

ပင်မစံအိမ်မှာ စတုရန်းပေ ၅၈၀၀ ရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါကာ ကျေးလက်ဆန်သော အလှဗေဒရှိရာ ပြင်ပရှိ တောရိုင်းဘဝနှင့် သဟဇာတရှိကြောင်း Architectural Digest က ဖော်ပြသည်။

“သစ်သားတိုင်များနှင့် ထုတ်တန်းဖော်မျက်နှာကြက်တို့မှာ သစ်လုံးအိမ်အငွေ့အသက်များ ရစေပြီး စံအိမ်တွင်းရှိ နောက်ဆုံးပေါ်ပစ္စည်းများမှာမူ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးအတွက် သင့်တော်လှသည်”

Master bedroom တွင် သီးသန့် jacuzzi တစ်ခုထံ ဦးတည်သည့် ကျောက်လှေကားထစ်များဖြင့် ဆင်းနိုင်သော အံဝှက်တံခါးတစ်ခုပင် ပါဝင်သေးသည်။

(လုပ်ဆောင်နိုင်သည့်အရာများ)

မွေးမြူရေးခြံကြီးကို ငှားရမ်းလိုက်မည်ဆိုပါက ခမ်းနားလှသောရှုမျှော်ခင်းများကိုကြည့်ရင်း လုပ်ဆောင်နိုင်သည့်အရာ များစွာရှိသည်။

နွေရာသီတွင်ဆိုလျှင် တောင်ပေါ်လမ်းများစွာတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ လုပ်နိုင်သည်။

ရေကန်ကြီးအတွင်း အပေါ့စားလှေ၊ ကနူးတို့ဖြင့် လှေလှော်ခြင်း၊ ဆိပ်ခံနေရာမှ ငါးမျှားခြင်းတို့ ပြုလုပ်နိုင်သည်။

ဘေ့စ်ဘောရုပ်ရှင်များစွာနှင့် ထိတွေ့ခဲ့ဖူးသူ ကီဗင်ကော့စနာ၏ မွေးမြူရေးခြံဖြစ်ရာ Independence Pass ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ဘေ့စ်ဘောကွင်းတစ်ခုလည်း ပါဝင်သေးသည်။

ဆောင်းကာလများတွင်ကား ယခုခြံဝန်းကြီးသည် နှင်းလျှောစီးချစ်မြတ်နိုးသူတို့အတွက်မူ နိဗ္ဗာန်ဘုံပင်။

ရာသီဥတုကောင်းနေလျှင် ခြံဝန်းအတွင်း လမ်းများတစ်လျှောက် နှင်းလျှောစီးနိုင်သည်။ တစ်နေ့တာ ကုန်ဆုံးပြီးချိန်တွင်လည်း အပန်းဖြေ ဖြေလျှော့ရန်အတွက် ရေပူစိမ်ကန် ၃ ခုရှိသေးသည်။

(ဘယ်လောက်ကုန်မလဲ)

သင်မေးလိုသည့် မေးခွန်း ၂ ခုရှိနိုင်သည်။

ပထမမေးခွန်းမှာ “ကီဗင်ကော့စနာက ဒီခြံကြီးမှာ ဘာကြောင့်မနေတာလဲ”

အဖြေမှာ ကီဗင်ကော့စနာသည် ဤခြံသို့ အခါအားလျှော်စွာ လာရောက်လည်ပတ်လေ့ရှိသည်။

ကျန်သည့်အချိန်အများစုတွင် သူ၏ ရုပ်သံအစီအစဉ်ဖြစ်သော Yellowstone တင်ဆက်ရန်အတွက် မွန်တားနားပြည်နယ်တွင်သာ နေထိုင်သည်။

ဒုတိယမေးခွန်းကား “Dunbar ခြံကြီးကို ငှားပြီး တည်းခိုမယ်ဆိုရင် ငှားခ ဘယ်လောက်ပေးရမလဲ”ဟူသော မေးခွန်းသာ ဖြစ်မည်။

ခြံဝန်းကြီးနှင့် ဝန်းအတွင်းရှိ စံအိမ် ၃ လုံးကို တစ်ပတ်တာ ငှားရမ်းခမှာ ကန်ဒေါ်လာ ၃၅၀၀၀၀ ဖြစ်ပြီး ဝန်ဆောင်ခနှင့် အကောက်ခွန်တို့လည်း ရှိသေးသည်။

ငှားရမ်းခ များလွန်းသော်လည်း ကုမ္ပဏီအဖွဲ့အစည်းတို့၏ အခမ်းအနားများ၊ မင်္ဂလာဆောင်များနှင့် မိသားစု ပြန်လည်ပေါင်းဆုံပွဲများအတွက် လွန်စွာခမ်းနားသည့်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် အံ့အားသင့်ဖွယ်နေရာတစ်ခုဖြစ်ရာ ကုန်ကျသမျှအတွက် ထိုက်တန်သည်ဟု Mottier က ပြောသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You Can Rent Kevin Costner’s Gorgeous 160-Acre Colorado Ranch, But It’ll Cost You (travelawaits)

 

 

 

[Zawgyi]

ကီဗင္ေကာ့စနာ၏ ဧက ၁၆၀ ေမြးျမဴေရးျခံၾကီး တစ္ပတ္ ေဒၚလာ ၃ သိန္းခြဲျဖင့္ ငွားရမ္းႏိုင္

 

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ကီဗင္ေကာ့စနာပိုင္ဆိုင္ေသာ ဧက ၁၆၀ က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံၾကီးမွာ အလြန္လွပခမ္းနားလွသည္။

တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ ေကာ္လိုွရာဒိုျပည္နယ္၊ အက္စ္ပန္ျမိဳ႕ျပင္တြင္ တည္ရွိသည္။

သင့္အေနျဖင့္ အဆိုပါေမြးျမဴေရးျခံၾကီးကို ငွားရမ္းကာ မိတ္ေဆြသူငယ္ခ်င္း၊ မိသားစု ၃၄ ဦးႏွင့္အထက္ ေခၚယူျပီး အမွတ္တရ ပြဲလမ္းမ်ားက်င္းပျခင္း၊ အပန္းေျဖျခင္းတို႔ ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

Dunbar Ranch ဟု လူသိမ်ားသည့္ ေအးခ်မ္းဆိတ္ျငိမ္ေသာျခံၾကီးသည္ အက္စ္ပန္ျမိဳ႕လယ္မွ မိနစ္ပိုင္းခရီးအကြာအေဝးသာ ေဝးကြာသည္။

ကီဗင္ေကာ့စနာ၏ ေအာ္စကာဆုရ ရုပ္ရွင္ဇာတ္ကား Dances With Wolves မွ ဇာတ္ေကာင္တစ္ဦးျဖစ္ေသာ လက္ဖတင္နင္ John Dunbar ကို အစြဲျပဳကာ ယခုျခံၾကီးကို အမည္ေပးထားျခင္း ျဖစ္သည္။

ေမြးျမဴေရးျခံၾကီး၏ အေျပာက်ယ္လွေသာ ဝန္းၾကီးမွာ သဘာဝေတာရိုင္းအတိုင္း မျပဳမျပင္ရွိေနျပီး ကိုယ္ပိုင္ေရကန္ၾကီးတစ္ခုပါဝင္သည့္အျပင္ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၂၀၉၅ တြင္ ေဖာက္လုပ္ထားေသာ နာမည္ေက်ာ္ Independence Pass အမည္ရွိ ေတာင္ေပၚလမ္း၏ ျပိဳင္ဘက္ကင္းလွပသာယာေသာျမင္ကြင္း၊ ၂၄၅ ဧက က်ယ္ဝန္းသည့္ North Star ေဘးမဲ့ေတာၾကီးအျပင္ အက္စ္ပန္ေတာင္၏ အေရွ႕ဘက္ျခမ္းျမင္ကြင္းမ်ားကို ေတြ႔ျမင္ရမည္ျဖစ္ေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္ Amy Mottier က ေျပာသည္။

(ပင္မစံအိမ္)

Dunbar ျခံၾကီးသည္ ထိပ္တန္းဇိမ္ခံႏိုင္သည့္ ဆိတ္ျငိမ္ေနရာတစ္ခုျဖစ္ျပီး အေဆာက္အအံု ၃ ခုပါေၾကာင္း Mottier က ေျပာသည္။

ပင္မစံအိမ္အျပင္ ေရကန္ေဘးစံအိမ္ႏွင့္ ျမစ္ေဘးအိမ္တို႔ ပါဝင္သည္။

စံအိမ္ ၃ ခုလံုးသည္ သင္ႏွင့္ သင့္မိသားစုအတြက္ ေကာ္လိုရာဒို၏ ဘဝအစစ္ကို ေတြ႔ၾကံဳရမည္ျဖစ္ျပီး ရင္သပ္ရႈေမာဖြယ္ သက္ေတာင့္သက္သာရွိေသာေနရာမ်ားစြာ ပါဝင္မည္ဟု Mottier က ေျပာသည္။

စုစုေပါင္းအားျဖင့္ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းရွိသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၅၈၀၀ ရွိျပီး အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္းပါကာ ေက်းလက္ဆန္ေသာ အလွေဗဒရွိရာ ျပင္ပရွိ ေတာရိုင္းဘဝႏွင့္ သဟဇာတရွိေၾကာင္း Architectural Digest က ေဖာ္ျပသည္။

“သစ္သားတိုင္မ်ားႏွင့္ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္တို႔မွာ သစ္လံုးအိမ္အေငြ႔အသက္မ်ား ရေစျပီး စံအိမ္တြင္းရွိ ေနာက္ဆံုးေပၚပစၥည္းမ်ားမွာမူ ေဟာလိဝုဒ္ၾကယ္ပြင့္တစ္ဦးအတြက္ သင့္ေတာ္လွသည္”

Master bedroom တြင္ သီးသန္႔ jacuzzi တစ္ခုထံ ဦးတည္သည့္ ေက်ာက္ေလွကားထစ္မ်ားျဖင့္ ဆင္းႏိုင္ေသာ အံဝွက္တံခါးတစ္ခုပင္ ပါဝင္ေသးသည္။

(လုပ္ေဆာင္ႏိုင္သည့္အရာမ်ား)

ေမြးျမဴေရးျခံၾကီးကို ငွားရမ္းလိုက္မည္ဆိုပါက ခမ္းနားလွေသာရႈေမွ်ာ္ခင္းမ်ားကိုၾကည့္ရင္း လုပ္ေဆာင္ႏိုင္သည့္အရာ မ်ားစြာရွိသည္။

ေႏြရာသီတြင္ဆိုလွ်င္ ေတာင္ေပၚလမ္းမ်ားစြာတြင္ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္းမ်ား လုပ္ႏိုင္သည္။

ေရကန္ၾကီးအတြင္း အေပါ့စားေလွ၊ ကႏူးတို႔ျဖင့္ ေလွေလွာ္ျခင္း၊ ဆိပ္ခံေနရာမွ ငါးမွ်ားျခင္းတို႔ ျပဳလုပ္ႏိုင္သည္။

ေဘ့စ္ေဘာရုပ္ရွင္မ်ားစြာႏွင့္ ထိေတြ႔ခဲ့ဖူးသူ ကီဗင္ေကာ့စနာ၏ ေမြးျမဴေရးျခံျဖစ္ရာ Independence Pass ၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ ေဘ့စ္ေဘာကြင္းတစ္ခုလည္း ပါဝင္ေသးသည္။

ေဆာင္းကာလမ်ားတြင္ကား ယခုျခံဝန္းၾကီးသည္ ႏွင္းေလွ်ာစီးခ်စ္ျမတ္ႏိုးသူတို႔အတြက္မူ နိဗၺာန္ဘံုပင္။

ရာသီဥတုေကာင္းေနလွ်င္ ျခံဝန္းအတြင္း လမ္းမ်ားတစ္ေလွ်ာက္ ႏွင္းေလွ်ာစီးႏိုင္သည္။ တစ္ေန႔တာ ကုန္ဆံုးျပီးခ်ိန္တြင္လည္း အပန္းေျဖ ေျဖေလွ်ာ့ရန္အတြက္ ေရပူစိမ္ကန္ ၃ ခုရွိေသးသည္။

(ဘယ္ေလာက္ကုန္မလဲ)

သင္ေမးလိုသည့္ ေမးခြန္း ၂ ခုရွိႏိုင္သည္။

ပထမေမးခြန္းမွာ “ကီဗင္ေကာ့စနာက ဒီျခံၾကီးမွာ ဘာေၾကာင့္မေနတာလဲ”

အေျဖမွာ ကီဗင္ေကာ့စနာသည္ ဤျခံသို႔ အခါအားေလွ်ာ္စြာ လာေရာက္လည္ပတ္ေလ့ရွိသည္။

က်န္သည့္အခ်ိန္အမ်ားစုတြင္ သူ၏ ရုပ္သံအစီအစဥ္ျဖစ္ေသာ Yellowstone တင္ဆက္ရန္အတြက္ မြန္တားနားျပည္နယ္တြင္သာ ေနထိုင္သည္။

ဒုတိယေမးခြန္းကား “Dunbar ျခံၾကီးကို ငွားျပီး တည္းခိုမယ္ဆိုရင္ ငွားခ ဘယ္ေလာက္ေပးရမလဲ”ဟူေသာ ေမးခြန္းသာ ျဖစ္မည္။

ျခံဝန္းၾကီးႏွင့္ ဝန္းအတြင္းရွိ စံအိမ္ ၃ လံုးကို တစ္ပတ္တာ ငွားရမ္းခမွာ ကန္ေဒၚလာ ၃၅၀၀၀၀ ျဖစ္ျပီး ဝန္ေဆာင္ခႏွင့္ အေကာက္ခြန္တို႔လည္း ရွိေသးသည္။

ငွားရမ္းခ မ်ားလြန္းေသာ္လည္း ကုမၸဏီအဖြဲ႔အစည္းတို႔၏ အခမ္းအနားမ်ား၊ မဂၤလာေဆာင္မ်ားႏွင့္ မိသားစု ျပန္လည္ေပါင္းဆံုပြဲမ်ားအတြက္ လြန္စြာခမ္းနားသည့္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ အံ့အားသင့္ဖြယ္ေနရာတစ္ခုျဖစ္ရာ ကုန္က်သမွ်အတြက္ ထိုက္တန္သည္ဟု Mottier က ေျပာသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You Can Rent Kevin Costner’s Gorgeous 160-Acre Colorado Ranch, But It’ll Cost You (travelawaits)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service