အမေရိကန်ရှိ လေတပ်အခြေစိုက်စခန်းဟောင်း လေလံတင်ရောင်းချမည်

အမေရိကန်ရှိ လေတပ်အခြေစိုက်စခန်းဟောင်း လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5 Aug 2022 10:15 am တွင် တင်ခဲ့သည်
455 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် စစ်အေးခေတ်က အသုံးပြုခဲ့သော လေတပ်အခြေစိုက်စခန်းကြီးတစ်ခုကို စီးပွားရေးအတွက် ဝယ်ယူအသုံးချနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။

မီချီဂန်ပြည်နယ်၊ Gwinn မြို့တွင်တည်ရှိသော K.I.Sawyer အမည်ရှိ လေတပ်အခြေစိုက်စခန်းကို တိုက်လေယာဉ်များထားရှိရန်နှင့် ထောက်လှမ်းသိရှိရသော အန္တရာယ်များကို ကြားဖြတ်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လေကြောင်းလုပ်ငန်းများ၏ နေရာတစ်ခုအဖြစ် ပြောင်းလဲလိုသူများအတွက် လေလံတင်ရောင်းချပေးတော့မည် ဖြစ်သည်။

 “ဒီအခြေစိုက်စခန်းရဲ့ နောက်ထပ်စာမျက်နှာတစ်ခုကို တွေ့မြင်ရဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်” လေလံကုမ္ပဏီ Maas ၏ ကုမ္ပဏီဒါရိုက်တာ Allison Guyton က ပြောသည်။

နှစ်ပေါင်းများစွာကာလအတွင်း အဆိုပါကုမ္ပဏီ၏ ဒုတိယမြောက်ဈေးကွက်တင်ပေးခဲ့ဖူးသည့် ဒုတိယမြောက် အခြေစိုက်စခန်းတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

၁၉၅၀ ပြည့်နှစ်အတွင်း ကိုရီးယားစစ်ပွဲကြီးပေါ်ပေါက်ချိန်ကာလတွင် အထောက်အကူပေးရေး အခြေစိုက်စခန်း များစွာအနက်မှ တစ်ခုအဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုခေတ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ခဲ့သော အဆင့်မြင့်ရေဒါစခန်း ၂၈ ခုအနက်မှ တစ်ခုဖြစ်သော Calumet Air Force Station ကို အထောက်အကူပေးရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း လည်း ဖြစ်သည်။

အခြေစိုက်စခန်း၏အမည်မှာ ဆောက်လုပ်ပေးခဲ့သော မြို့ပြအင်ဂျင်နီယာ Kenneth Ingalls Sawyer အား အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါးအသုံးပြုခဲ့ပြီးနောက်ပိုင်း ယခုအခြေစိုက်စခန်းကြီးကို ၁၉၉၅ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။

သို့သော် ယနေ့တိုင်အသုံးပြုနေသည့် Sawyer နိုင်ငံတကာလေဆိပ်မှာ အဆိုပါလေတပ်အခြေစိုက်စခန်းကြီး၏ တစိတ်တဒေသကို ရယူကာ ဖွင့်လှစ်ထားခြင်းလည်း ဖြစ်သည်။

အမေရိကန်ပြည်သူအများစုမှာ Sawyer လေဆိပ်ကို မကြားဖူးကြ၊ မသိကြ။ သို့သော် ထိုလေဆိပ်သည် မီချီဂန်ပြည်နယ်၏ Upper Peninsula ဒေသတွင် ခရီးသည်အများဆုံး လေဆိပ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်က ခရီးသွားပြည်သူ ၁၀၁၉၉၁ ဦး ရှိခဲ့သည်။

Delta နှင့် American Airlines လေကြောင်းလိုင်းတို့၏ လေယာဉ်ခရီးစဉ်များအနေဖြင့် ချီကာဂိုနှင့် ဒက်ထရွိုက် မြို့ကြီးများမှ Sawyer သို့ နေ့စဉ်လေကြောင်းခရီးစဉ်ရှိသည်။

 

(ချိတ်ပိတ်လေလံဖြင့် ရောင်းချမည့် လေတပ်အခြေစိုက်စခန်း)

(ဤအခြေစိုက်စခန်းကြီးကို အမေရိကန်အစိုးရက နှစ်ပေါင်း ၄၀ နီးပါး အသုံးပြုခဲ့သည်)

(စိမ်းလန်းစိုပြေနေသော အခြေစိုက်စခန်းကို ကောင်းကင်မှ တွေ့ရပုံ)

(အခြေစိုက်စခန်းအတွင်း ဆေးရုံဟောင်း၊ ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်အဖြစ် အသုံးပြုခဲ့သည့်နေရာများ ပါဝင်သည်)

ချိတ်ပိတ်လေလံဖြင့် ရောင်းချမည့် အခြေစိုက်စခန်းအတွင်း ဆေးရုံ၊ အိပ်ဆောင်များစွာ၊ အရက်ဘား၊ စားသောက်ဆိုင်၊ စာတိုက်ဟောင်းတစ်ခုနှင့် ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့သည့်နေရာများ ပါဝင်သည်။

လေတပ်အခြေစိုက်စခန်းကြီးကို လက်ရှိအနေအထားအတိုင်းသာ ရောင်းချသွားမည်ဖြစ်ပြီး အခြေစိုက်စခန်းအတွင်းရှိ အချို့အရာများမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ကျောက်ဂွမ်း၊ ခဲ သုတ်ဆေးများ ပါဝင်နိုင်ကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

စစ်ဘက်အခြေစိုက်စခန်းကြီးတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်အပြင် လေလံအောင်နိုင်သူ ရရှိမည့်အခြားအရာများမှာ Upper Peninsula ဒေသကြီး၏ ရေနက်ဆိပ်ကမ်းများ၊ လေကြောင်းနှင့် ရထားလမ်း ဆက်သွယ်မှုများထံ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းများစွာအတွက် ယခုနေရာမှာ သင့်လျော်လှကြောင်း၊ ယင်းအပြင် ဒေသခံ အသိုင်းအဝန်းမှာလည်း ပိုင်ရှင်သစ်အတွက် စီးပွားရေးအခွင့်အလမ်းများအဖြစ် ကြိုဆိုနေမည်မှာမူ ပြောဖွယ်ပင် မလိုကြောင်း Guyton က ပြောသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Former Cold War Air Force base up for auction ‘as-is, where-is,’ (nypost)

 

 

[Zawgyi]

အေမရိကန္ရွိ ေလတပ္အေျခစိုက္စခန္းေဟာင္း ေလလံတင္ေရာင္းခ်မည္

 

အေမရိကန္ျပည္ေထာင္စုတြင္ စစ္ေအးေခတ္က အသံုးျပဳခဲ့ေသာ ေလတပ္အေျခစိုက္စခန္းၾကီးတစ္ခုကို စီးပြားေရးအတြက္ ဝယ္ယူအသံုးခ်ႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာသည္။

မီခ်ီဂန္ျပည္နယ္၊ Gwinn ျမိဳ႕တြင္တည္ရွိေသာ K.I.Sawyer အမည္ရွိ ေလတပ္အေျခစိုက္စခန္းကို တိုက္ေလယာဥ္မ်ားထားရွိရန္ႏွင့္ ေထာက္လွမ္းသိရွိရေသာ အႏၱရာယ္မ်ားကို ၾကားျဖတ္တိုက္ခိုက္ရန္အတြက္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ယခုအခါ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေလေၾကာင္းလုပ္ငန္းမ်ား၏ ေနရာတစ္ခုအျဖစ္ ေျပာင္းလဲလိုသူမ်ားအတြက္ ေလလံတင္ေရာင္းခ်ေပးေတာ့မည္ ျဖစ္သည္။

“ဒီအေျခစိုက္စခန္းရဲ႕ ေနာက္ထပ္စာမ်က္ႏွာတစ္ခုကို ေတြ႔ျမင္ရဖို႔ ကၽြန္ေတာ္တို႔ စိတ္လႈပ္ရွားမိပါတယ္” ေလလံကုမၸဏီ Maas ၏ ကုမၸဏီဒါရိုက္တာ Allison Guyton က ေျပာသည္။

ႏွစ္ေပါင္းမ်ားစြာကာလအတြင္း အဆိုပါကုမၸဏီ၏ ဒုတိယေျမာက္ေစ်းကြက္တင္ေပးခဲ့ဖူးသည့္ ဒုတိယေျမာက္ အေျခစိုက္စခန္းတစ္ခုလည္းျဖစ္သည္ဟု ဆိုသည္။

၁၉၅၀ ျပည့္ႏွစ္အတြင္း ကိုရီးယားစစ္ပြဲၾကီးေပၚေပါက္ခ်ိန္ကာလတြင္ အေထာက္အကူေပးေရး အေျခစိုက္စခန္း မ်ားစြာအနက္မွ တစ္ခုအျဖစ္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုေခတ္က အေမရိကန္ကာကြယ္ေရးဝန္ၾကီးဌာနမွ ေဆာက္လုပ္ခဲ့ေသာ အဆင့္ျမင့္ေရဒါစခန္း ၂၈ ခုအနက္မွ တစ္ခုျဖစ္ေသာ Calumet Air Force Station ကို အေထာက္အကူေပးရန္ ရည္ရြယ္ခ်က္ျဖင့္ ေဆာက္လုပ္ခဲ့ျခင္း လည္း ျဖစ္သည္။

အေျခစိုက္စခန္း၏အမည္မွာ ေဆာက္လုပ္ေပးခဲ့ေသာ ျမိဳ႕ျပအင္ဂ်င္နီယာ Kenneth Ingalls Sawyer အား အစြဲျပဳကာ အမည္ေပးထားျခင္း ျဖစ္သည္။ ႏွစ္ေပါင္း ၄၀ နီးပါးအသံုးျပဳခဲ့ျပီးေနာက္ပိုင္း ယခုအေျခစိုက္စခန္းၾကီးကို ၁၉၉၅ ခုႏွစ္တြင္ ပိတ္သိမ္းခဲ့သည္။

သို႔ေသာ္ ယေန႔တိုင္အသံုးျပဳေနသည့္ Sawyer ႏိုင္ငံတကာေလဆိပ္မွာ အဆိုပါေလတပ္အေျခစိုက္စခန္းၾကီး၏ တစိတ္တေဒသကို ရယူကာ ဖြင့္လွစ္ထားျခင္းလည္း ျဖစ္သည္။

အေမရိကန္ျပည္သူအမ်ားစုမွာ Sawyer ေလဆိပ္ကို မၾကားဖူးၾက၊ မသိၾက။ သို႔ေသာ္ ထိုေလဆိပ္သည္ မီခ်ီဂန္ျပည္နယ္၏ Upper Peninsula ေဒသတြင္ ခရီးသည္အမ်ားဆံုး ေလဆိပ္တစ္ခုျဖစ္ျပီး ၂၀၂၁ ခုႏွစ္က ခရီးသြားျပည္သူ ၁၀၁၉၉၁ ဦး ရွိခဲ့သည္။

Delta ႏွင့္ American Airlines ေလေၾကာင္းလိုင္းတို႔၏ ေလယာဥ္ခရီးစဥ္မ်ားအေနျဖင့္ ခ်ီကာဂိုႏွင့္ ဒက္ထရိြဳက္ ျမိဳ႕ၾကီးမ်ားမွ Sawyer သို႔ ေန႔စဥ္ေလေၾကာင္းခရီးစဥ္ရွိသည္။

(ခ်ိတ္ပိတ္ေလလံျဖင့္ ေရာင္းခ်မည့္ ေလတပ္အေျခစိုက္စခန္း)

(ဤအေျခစိုက္စခန္းၾကီးကို အေမရိကန္အစိုးရက ႏွစ္ေပါင္း ၄၀ နီးပါး အသံုးျပဳခဲ့သည္)

(စိမ္းလန္းစိုေျပေနေသာ အေျခစိုက္စခန္းကို ေကာင္းကင္မွ ေတြ႔ရပံု)

(အေျခစိုက္စခန္းအတြင္း ေဆးရံုေဟာင္း၊ ရုပ္ရွင္ရံုႏွင့္ စားေသာက္ဆိုင္အျဖစ္ အသံုးျပဳခဲ့သည့္ေနရာမ်ား ပါဝင္သည္)

ခ်ိတ္ပိတ္ေလလံျဖင့္ ေရာင္းခ်မည့္ အေျခစိုက္စခန္းအတြင္း ေဆးရံု၊ အိပ္ေဆာင္မ်ားစြာ၊ အရက္ဘား၊ စားေသာက္ဆိုင္၊ စာတိုက္ေဟာင္းတစ္ခုႏွင့္ ရုပ္ရွင္ရံုအျဖစ္ အသံုးျပဳခဲ့သည့္ေနရာမ်ား ပါဝင္သည္။

ေလတပ္အေျခစိုက္စခန္းၾကီးကို လက္ရွိအေနအထားအတိုင္းသာ ေရာင္းခ်သြားမည္ျဖစ္ျပီး အေျခစိုက္စခန္းအတြင္းရွိ အခ်ဳိ႕အရာမ်ားမွာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစႏိုင္ေသာ ေက်ာက္ဂြမ္း၊ ခဲ သုတ္ေဆးမ်ား ပါဝင္ႏိုင္ေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

စစ္ဘက္အေျခစိုက္စခန္းၾကီးတစ္ခုလံုးကို ပိုင္ဆိုင္ခြင့္အျပင္ ေလလံေအာင္ႏိုင္သူ ရရွိမည့္အျခားအရာမ်ားမွာ Upper Peninsula ေဒသၾကီး၏ ေရနက္ဆိပ္ကမ္းမ်ား၊ ေလေၾကာင္းႏွင့္ ရထားလမ္း ဆက္သြယ္မႈမ်ားထံ ဝင္ေရာက္ခြင့္ရရွိမည္ျဖစ္ရာ စီးပြားေရးလုပ္ငန္းမ်ားစြာအတြက္ ယခုေနရာမွာ သင့္ေလ်ာ္လွေၾကာင္း၊ ယင္းအျပင္ ေဒသခံ အသိုင္းအဝန္းမွာလည္း ပိုင္ရွင္သစ္အတြက္ စီးပြားေရးအခြင့္အလမ္းမ်ားအျဖစ္ ၾကိဳဆိုေနမည္မွာမူ ေျပာဖြယ္ပင္ မလိုေၾကာင္း Guyton က ေျပာသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Former Cold War Air Force base up for auction ‘as-is, where-is,’ (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service