ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ငွေကြေးများစွာသုံးစွဲကာ အိမ်တော်မွမ်းမံမှု ပြည်သူများလှောင်ပြောင်
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ငွေကြေးများစွာသုံးစွဲကာ အိမ်တော်မွမ်းမံမှု ပြည်သူများလှောင်ပြောင် - Property News in Myanmar from iMyanmarHouse.com
14 Jul 2022 10:26 am တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဇနီးဖြစ်သူ ကာရီဂျွန်ဆင်တို့သည် လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်ကို ပေါင် ၂၀၀၀၀၀ ကျော် သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်သည့်အပေါ် ဗြိတိန်ပြည်သူများက လှောင်ပြောင်ရှုတ်ချလျက်ရှိကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဘောရစ်ဂျွန်ဆင်၏ မွမ်းမံမှုများတွင် ပေါင် ၁၅၀၀၀ တန်ဆိုဖာ၊ ပေါင် ၂၂၅၀ တန် နံရံကပ်စက္ကူ၊ ပေါင် ၃၆၇၅ တန် အဖျော်ယမကာတင် တွန်းလှည်းနှင့် ပေါင် ၈၅၀၀ တန် မီးလုံးတို့ ပါဝင်သည်။
ဘောရစ်ဂျွန်ဆင်တို့ ဇနီးမောင်နှံတွင် Wilfred အမည်ရှိ သားတစ်ဦး၊ Romy အမည်ရှိ သမီးတစ်ဦးတို့ ထွန်းကားသည်။
ဘောရစ်ဂျွန်ဆင်က ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ ရှိ ဝန်ကြီးချုပ်အိမ်တော်ကို အိမ်တွင်းမွမ်းမံပညာရှင် Lulu Lytle ၏ အကူအညီဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Lytle သည် အိမ်တွင်းမွမ်းမံမှုကုမ္ပဏီ Soane Britain ကို တည်ထောင်သူဖြစ်သည်။ သူ့ကုမ္ပဏီထုတ်ပစ္စည်းများမှာ အလွန်ဈေးနှုန်းမြင့်မားပြီး ကြိမ်မီးအိမ်တစ်ခုလျှင် ပေါင် ၇၂၀၀ ၊ စားပွဲတစ်လုံးလျှင် ပေါင် ၁၀၀၀၀ ခန့်အထိ ကျသင့်နိုင်သည်။
ဝန်ကြီးချုပ်အိမ်တော် ပြန်လည်မွမ်းမံပြင်ဆင်မှု ခန့်မှန်းတွက်ချက်ခြင်း စာရွက်စာတမ်းတစ်ခု ပေါက်ကြားလာရာ အဆိုပါစာရွက်စာတမ်းတွင် ဖော်ပြထားချက်အရ ဒေါင်းနင်းလမ်း အမှတ် ၁၁ ကို မွမ်းမံမှုများတွင် ပေါင် ၇၀၀၀ တန်ကြေးရှိ ကော်ဇော၊ ၃၆၇၅ ပေါင် တန်ကြေးရှိ ဖျော်ရည်တင် တွန်းလှည်းတစ်ခုနှင့် ၂ လုံးပေါင်း ပေါင် ၁၅၀၀၀ ကျော် ကျသင့်သည့် ဆိုဖာ ၂ လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးချုပ်၏ ထိုသို့ ငွေကြေးများစွာသုံးစွဲခဲ့မှုအပေါ် အွန်လိုင်းတွင် ပြည်သူများက ရှုတ်ချလှောင်ပြောင်ခဲ့ကြပြီး ကုန်ကျစရိတ်များအပေါ် တုန်လှုပ်မိကြောင်း လူမှုကွန်ရက်တွင် ရေးသားကြသည်။
(ဘောရစ်ဂျွန်ဆင်တို့ ဇနီးမောင်နှံသည် ဒေါင်းနင်းလမ်းအိမ်တော်ကို ပေါင် ၂၀၀၀၀၀ ကျော် သုံးစွဲပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာတွင် ၃၆၇၅ ပေါင် တန်ကြေးရှိ ဖျော်ရည်တင် တွန်းလှည်းတစ်ခုနှင့် ပေါင် ၈၅၀၀ တန်ကြေးရှိ မီးလုံးတစ်ခုလည်း ပါဝင်သည်)
(Soane Britain ကုမ္ပဏီ၏ ထုတ်ကုန်များသည် အလွန်ဈေးကြီးပြီး ကြိမ်မီးအိမ်တစ်လုံးလျှင် ပေါင် ၇၂၀၀ နှင့် စားပွဲတစ်လုံးလျှင် ပေါင် ၁၀၀၀၀ ကျော် ကျသင့်နိုင်သည်)
ဝန်ကြီးချုပ်အိမ်တော် ပြန်လည်မွမ်းမံမှုတွင် ဈေးအနည်းဆုံးဖြစ်သော မီးဖိုဆောင်စားပွဲခင်းတစ်ခု၏ ဈေးမှာပင် ပေါင် ၅၀၀ တန်ကြေးရှိသည်။
(ပေါက်ကြားလာသော စာရွက်စာတမ်းများအရ ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ အိမ်တော် ပြန်လည်မွမ်းမံမှုတွင် ဖျော်ရည်တင် တွန်းလှည်း၏ ဈေးနှုန်းမှာ ၃၆၇၅ ပေါင် ဖြစ်သည်)
(Aten အမှတ်တံဆိပ်မီးလုံး ၂ ခုမှာ တစ်ခုလျှင် ၁၇၇၅ ပေါင် ကျသင့်သည်)
(ဝန်ကြီးချုပ်အိမ်တော် ပြန်လည်မွမ်းမံမှုကို အများပြည်သူများအကြား Wallpapergate ဖြစ်ရပ်ဟု တင်စားကြသည်။ အမေရိကန်ပြည်တွင် ပေါ်ပေါက်ခဲ့ဖူးသော ဝါးတားဂိတ်အရှုပ်တော်ပုံနှင့် ခိုင်းနှိုင်းတင်စားခြင်း ဖြစ်၏။ နံရံကပ်စက္ကူ -wallpaper မှာယူမှုတွင် ဈေးအကြီးဆုံးမှာ Espalier Square desin နံရံကပ်စက္ကူ ၁၀ လိပ်အတွက် ၂၂၅၀ ပေါင် ပေးခဲ့ရခြင်း ဖြစ်သည်။ ထိုနံရံကပ်စက္ကူများကို အဝင်ခန်းမတွင် မွမ်းမံမည်ဟု ဆိုသည်။)
(ဘောရစ်ဂျွန်ဆင်တို့ ဇနီးမောင်နှံဝယ်ယူခဲ့သော အရာများတွင် Lytle ကုမ္ပဏီထုတ် စားပွဲတစ်လုံးလည်း ပါဝင်ပြီး ၃၆၅၀ ပေါင် တန်ကြေးရှိသည်)
(ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ အိမ်တော်ကို အိမ်တွင်းမွမ်းမံကုမ္ပဏီ Lulu Lytle ၏ အကူအညီဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်)
ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် ဖော်ပြထားချက်အရ ဘောရစ်ဂျွန်ဆင်တို့ ဇနီးမောင်နှံ မှာယူခဲ့သော ဧည့်ခန်း မီးလုံးမှာ ပေါင် ၆၀၀၀ တန်ကြေးရှိပြီး မီးအုပ်ဆောင်းမှာ ပေါင် ၂၅၀၀ တန်သည်ဟု ဆိုသည်။
နံရံကပ်စက္ကူများ မှာယူခဲ့မှုအနက် ဈေးအကြီးဆုံးမှာ 'Espalier Square design နံရံကပ်စက္ကူ ၁၀ လိပ်ဖြစ်ပြီး ဈေးနှုန်းမှာ ပေါင် ၂၂၅၀ ကျသင့်ခဲ့ကာ အဝင်ခန်းမတွင် အသုံးပြုထားသည်။
ထို့အပြင် ဧည့်ခန်းအတွက် အသုံးပြုသော နံရံကပ်စက္ကူမှာ ပေါင် ၁၅၀၀ ၊ မီးဖိုဆောင်အတွက် ၁၀ လိပ်မှာ ၈၂၅ ပေါင် အသီးသီးပေးခဲ့ရရာ နံရံကပ်စက္ကူများအတွက် စုစုပေါင်း ၄၅၇၅ ပေါင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
 Ref: This is what a £200,000 interior makeover looks like! Boris and Carrie Johnson are ridiculed for their taste as estimate reveals how they decked out Number 11 in 'granny chic' - with £15,000 sofas, £2,250 gold wallpaper and a £3,675 drinks trolley (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service