ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Kiss ၏ အဆိုတော် Paul Stanley စံအိမ်
ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Kiss ၏ အဆိုတော် Paul Stanley စံအိမ် - Property News in Myanmar from iMyanmarHouse.com
27 Jun 2022 10:49 am တွင် တင်ခဲ့သည်
3053 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(Kiss )
Kiss သည် အမေရိကန် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် နယူးယောက်မြို့၌ အဆိုတော် ပေါလ် စတန်လေ (Paul Stanley) ၊ ဘေ့စ်ဂစ်တာသမား (Gene Simmons) ၊ ဂစ်တာသမား (Ace Frehley) နှင့် ဒရမ် (Peter Criss) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
Kiss အဖွဲ့ကြီးသည် ပါးစပ်တွင်းမှ မီးမှုတ်ထုတ်ခြင်း၊ သွေးများမှုတ်ထုတ်ခြင်း၊ မီးခိုးထွက်နေသော ဂစ်တာများ၊ ဒုံးများ ပစ်ခတ်ခြင်း၊ မီးရှုးမီးပန်းဖောက်ခြင်းများ အစရှိသည့် ထူးခြားသောတင်ဆက်ပုံများဖြင့် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း စတင်ကျော်ကြားလာခဲ့သည်။
ရှေ့ထွက်အဆိုတော် ပေါလ်စတန်လေနှင့် ဘေ့စ်ဂစ်တာသမား Simmons တို့ ၂ ဦးမှလွဲပြီး အဖွဲ့သား အပြောင်းအလဲ မကြာခဏဖြစ်ပေါ်ခဲ့သည်။
Kiss ၏ အဓိက ဂီတအမျိုးအစားများကား Hard Rock , Heavy Metal နှင့် Glam Metal တို့ ဖြစ်ကြသည်။
(Paul Stanley ဘယ်သူလဲ)
ပေါလ် စတန်လေသည် အမေရိကန် ရော့ခ်ကြယ်ပွင့်တစ်ဦး ဖြစ်သည်။
ပေါလ် စတန်လေသည် Kiss အဖွဲ့ကြီးတွင် ရှေ့ထွက်အဆိုတော်ဖြစ်သည့်အပြင် ရစ်သမ်ဂစ်တာလည်း တီးခတ်သည်။
Kiss အဖွဲ့ကြီးသည် စင်မြင့်ဖျော်ဖြေပွဲများတွင် မျက်နှာများ၌ မိတ်ကပ်များအဆန်းတကြယ် လိမ်းခြယ်ကာ တင်ဆက်လေ့ရှိမှုဖြင့် နာမည်ကျော်သည်။
စတန်လေကို ကြယ်ကလေးဟုလည်း လူသိများသည်။
စတန်လေသည် စင်ပေါ်သို့ မျက်နှာအပြည့်ဆေးခြယ်ကာ တက်လေ့ရှိပြီး မျက်လုံးတစ်လုံး၏ အနီးတွင် အနက်ရောင်ကြယ်ပွင့်တစ်ခု ပုံဖော်ထားလေ့ရှိသည်။
ပေါလ်စတန်လေ၏ ဇာတိ- နယူးယောက်မြို့ ပေါလ်စတန်လေ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၂၀၀
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Kiss အဖွဲ့ကြီး၏ သီချင်းများကို မြန်မာနိုင်ငံတွင် စတီရီယိုခေတ်ဦးကတည်းက ပြန်လည်သီဆိုခဲ့မှုများရှိရာ Do you love me, Lick it up, Love gun အစရှိသော သီချင်းများကို တော်မီကျော်နိုင်က အရူးလေးလား၊ အဆက်ဖြတ်လိုက်၊ မင်းကြောင့် အစရှိသောအမည်များဖြင့် ပြန်လည်သီဆိုခဲ့သည်။
Kiss ၏ Tears are falling သီချင်းကို ဝမ်းနည်းခြင်းမိုးတိမ် စီးရီးတွင် ဘယ်သူ့မှာ မျက်ရည်ပိုလဲဟု ညီငယ်က ပြန်လည်သီဆိုထားသည်။
Sure now something ကို တင်ဇာမော်က အဆိုးဆုံးအလွမ်း၊ Every time I look at you ကို သျှီက လိုချင်သောကမာ္ဘ ဟုလည်း သီဆိုထားသည်။
အငဲကလည်း Kiss ၏ သီချင်းများ ပြန်လည်သီဆိုခဲ့ဖူးရာ Paralyzed ကို စိန်ခေါ်ခြင်း၊ See you tonight ကို နွေညများ၊ Coming home ကို အဖြေ ၊ Domino ကို ကမ်းမရှိတဲ့အချစ် အစရှိသဖြင့် ပြန်လည်သီဆိုရာတွင် လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
(ပေါလ်စတန်လေ ဘယ်မှာနေလဲ)
ရော့ခ်ကြယ်ပွင့်ကြီး ပေါလ်စတန်လေ၏ စံအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည်။
ဘီဗာလီဟေးလ်သည် ကမ္ဘာကျော်ကြယ်ပွင့်များစွာ အခြေချနေထိုင်သည့်နေရာ ဖြစ်သည်။
စံအိမ်အကျယ်အဝန်း စတုရန်းပေ ၉၀၀၀ ကျော်ရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
၁၉၅၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး စတန်လေက ၁၉၉၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နှစ်ထပ်နေအိမ်ဖြစ်ပြီး မီးလင်းဖို ၂ ခုပါဝင်ကာ စုစုပေါင်း အခန်း ၁၁ ခန်းရှိသည်။
စံအိမ်နောက်ဘက်ခြံဝန်းမှာ အလွန်ကျယ်ကျယ်ဝန်းဝန်းရှိပြီး အပန်းဖြေရန်နှင့် ဖျော်ဖြေဧည့်ခံမှုများလုပ်ရန် သင့်တော်သည့်နေရာလည်း ဖြစ်သည်။
ပင်မစံအိမ်အပြင် စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသည့် ဧည့်ဂေဟာအိမ်တစ်လုံးလည်းရှိသေးသည်။
(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း - ၇ ခန်း
ရေချိုးခန်း- ၇ ခန်း
အကျယ်အဝန်း- ၉၂၀၂ စတုရန်းပေ
တန်ကြေး- ကန်ဒေါ်လာ ၉ ဒသမ ၆ သန်း
ပေါလ်စတန်လေ၏ အိမ်လိပ်စာ- Mulholland Dr, Beverly Hills, CA 90210
(ဆက်စပ်သတင်း)
ရော့ခ်ဂီတအဖွဲ့ Kiss ၏ ဘေ့စ်ဂစ်တာသမား ၃၅ နှစ်နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ရောင်းချ
https://www.imyanmarhouse.com/news/read/1004382
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Paul Stanley House: The Mulholland Mansion (urbansplatter)
[Zawgyi]
(Kiss )
(Paul Stanley ဘယ်သူလဲ)
Sure now something ကို တင်ဇာမော်က အဆိုးဆုံးအလွမ်း၊ Every time I look at you ကို သျှီက လိုချင်သောကမ္ဘာ ဟုလည်း သီဆိုထားသည်။
အိပ်ခန်း - ၇ ခန်း
ရေချိုးခန်း- ၇ ခန်း
(ဆက်စပ်သတင်း)
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service