La La Land ဖြင့် အော်စကာဆုရခဲ့သူ အင်မာစတုန်း၏စံအိမ် တစ်ပတ်အတွင်းရောင်းထွက်

La La Land ဖြင့် အော်စကာဆုရခဲ့သူ အင်မာစတုန်း၏စံအိမ် တစ်ပတ်အတွင်းရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
22 Jun 2022 12:01 pm တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(အင်မာစတုရန်း၏ မာလီဘူးစံအိမ်မှာ ခေါ်ဈေးထက်များပြားသောဈေးဖြင့် ရောင်းထွက်ခဲ့သည်)

အင်မာစတုန်း (မွေး ၁၉၈၈) သည် အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အော်စကာဆု ၁ ဆု၊ ဗြိတိသျှ အကယ်ဒမီဆု ၁ ဆု၊ ရွှေကမ္ဘာလုံး ၁ ဆုအပြင် ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။

ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးပါဝင်ပြီး တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရဖူးသည်။

၂၀၁၆ ခုနှစ်က ရုံတင်ပြသခဲ့သော အချစ်ဂီတဇာတ်ကား La La Land တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

အင်မာစတုန်းသည် ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးရှိ ကမ်းခြေစံအိမ်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း အရောင်းစာချုပ်ချုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ အသက် ၃၃ နှစ်အရွယ်ရှိ အင်မာစတုန်းသည် အိပ်ခန်း ၃ ခန်းပါ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၄၂ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး မေလတွင် ဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်းထက် ပိုမိုဈေးရခဲ့ကြောင်း ဖော်ပြသည်။

ဝယ်လက် ၅ ဦးထံမှ ကမ်းလှမ်းမှုရရှိခဲ့ကြောင်း သိရပြီး ယခုဝယ်ယူသွားသောပိုင်ရှင်သစ် မည်သူဖြစ်သည်ကိုမူ မသိရချေ။

အင်မာစတုန်းက အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ကမ်းပါးပြတ်ထိပ်တွင်တည်ရှိကာ ပစိဖိတ်သမုဒ္ဒရာ၏ ရှုမျှော်ခင်းများကို တွေ့မြင်နေရသည်။

တစ်ထပ်အဆောက်အအုံဖြစ်ပြီး လူနေကြမ်းခင်းဧရိယာ ၁၈၀၀ စတုရန်းပေရှိကာ ခြံအကျယ် ၃ ဒသမ ၂ ဧကခန့် ရှိသည်။

အခန်းအများစုမှတဆင့် ပင်လယ်ရေပြင်ကို တွေ့မြင်ရသည့်မြင်ကွင်း ပိုင်ဆိုင်ထားသည်။

(အင်မာစတုန်းက ယခုစံအိမ်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ Getty Images)

 

(ခေတ်မီသော ဧည့်ခန်းနေရာတွင် ထုတ်တန်းများတွေ့မြင်နေရသော မျက်နှာကြက်၊ မီးလင်းဖိုနှင့် နားနေရန် နေရာများစွာ တွေ့ရသည်)

 

(မီးဖိုဆောင်နေရာကို မကြာသေးမီကမှ ပြန်လည်မွမ်းမံထားသည်)

 

(စံအိမ်အတွင်း အိပ်ခန်း ၃ ခန်း ပါဝင်သည်)

 

(ခေတ်မီမွမ်းမံမှုဖြင့် ရေချိုးခန်း ၁ ခန်း)

 

(အခန်းအများစုမှတဆင့် ပစိဖိတ်သမုဒ္ဒရာကို တွေ့မြင်နိုင်သည်)

 

(အရိပ်အာဝါသကောင်းသော ခြံတွင်းနားနေ နေရာ)

“ကန်ဒေါ်လာ ၅ သန်းအောက်နဲ့ ဘယ်နေရာမှာ ဒါမျိုးရနိုင်လဲ။ ကံကောင်းပါတယ်။ ဒါမျိုးမရှိနိုင်ပါဘူး”ဟု အရောင်းဈေးကွက်တင်ပေးသည့် Sotheby’s International Realty မှ အကျိုးဆောင် Eric Lavey က ဝေါစထရိဂျာနယ်သို့ ပြောသည်။

အင်မာစတုန်းက ယခုစံအိမ်ကို အဘယ်ကြောင့် ရောင်းချခဲ့သည်ကိုမူ မသိရချေ။

သို့သော် ယခုစံအိမ်မှာ သူပိုင်ဆိုင်သည့် တစ်ခုတည်းသောစံအိမ်ကား မဟုတ်။

လော့စ်အိန်ဂျလိ၊ နယူးယောက်နှင့် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တို့တွင်လည်း အင်မာစတုန်းပိုင်ဆိုင်ထားသည့် စံအိမ်များ ရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Emma Stone’s $4.4M Malibu home finds a buyer in almost no time (nypost)

 

[Zawgyi]

La La Land ျဖင့္ ေအာ္စကာဆုရခဲ့သူ အင္မာစတုန္း၏စံအိမ္ တစ္ပတ္အတြင္းေရာင္းထြက္

 

(အင္မာစတုရန္း၏ မာလီဘူးစံအိမ္မွာ ေခၚေစ်းထက္မ်ားျပားေသာေစ်းျဖင့္ ေရာင္းထြက္ခဲ့သည္)

အင္မာစတုန္း (ေမြး ၁၉၈၈) သည္ အေမရိကန္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး ေအာ္စကာဆု ၁ ဆု၊ ျဗိတိသွ် အကယ္ဒမီဆု ၁ ဆု၊ ေရႊကမၻာလံုး ၁ ဆုအျပင္ ဆုေပါင္းမ်ားစြာ ရရွိထားသူ ျဖစ္သည္။

ကမၻာ့အႏုပညာေၾကးအျမင့္ဆံုး ရုပ္ရွင္မင္းသမီးမ်ားတြင္ တစ္ဦးပါဝင္ျပီး တုိင္းမ္မဂၢဇင္းၾကီး၏ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရဖူးသည္။

၂၀၁၆ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ အခ်စ္ဂီတဇာတ္ကား La La Land တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

အင္မာစတုန္းသည္ ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးရွိ ကမ္းေျခစံအိမ္ကို ၂၀၁၈ ခုႏွစ္ကတည္းက ပိုင္ဆိုင္ထားခဲ့ျခင္းျဖစ္ျပီး အေရာင္းေစ်းကြက္တင္ျပီး တစ္ပတ္အတြင္း အေရာင္းစာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

ေဝါစထရိဂ်ာနယ္၏ ေဖာ္ျပခ်က္အရ အသက္ ၃၃ ႏွစ္အရြယ္ရွိ အင္မာစတုန္းသည္ အိပ္ခန္း ၃ ခန္းပါ စံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၄၂ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ေမလတြင္ ေစ်းကြက္တင္ခဲ့စဥ္က ေခၚေစ်းျဖစ္ေသာ ကန္ေဒၚလာ ၄ ဒသမ ၂၉ သန္းထက္ ပိုမိုေစ်းရခဲ့ေၾကာင္း ေဖာ္ျပသည္။

ဝယ္လက္ ၅ ဦးထံမွ ကမ္းလွမ္းမႈရရွိခဲ့ေၾကာင္း သိရျပီး ယခုဝယ္ယူသြားေသာပိုင္ရွင္သစ္ မည္သူျဖစ္သည္ကိုမူ မသိရေခ်။

အင္မာစတုန္းက အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ပင္လယ္ကမ္းပါးျပတ္ထိပ္တြင္တည္ရွိကာ ပစိဖိတ္သမုဒၵရာ၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ေနရသည္။

တစ္ထပ္အေဆာက္အအံုျဖစ္ျပီး လူေနၾကမ္းခင္းဧရိယာ ၁၈၀၀ စတုရန္းေပရွိကာ ျခံအက်ယ္ ၃ ဒသမ ၂ ဧကခန္႔ ရွိသည္။

အခန္းအမ်ားစုမွတဆင့္ ပင္လယ္ေရျပင္ကို ေတြ႔ျမင္ရသည့္ျမင္ကြင္း ပိုင္ဆိုင္ထားသည္။

(အင္မာစတုန္းက ယခုစံအိမ္ကို ၂၀၁၈ ခုႏွစ္ကတည္းက ပိုင္ဆိုင္ထားျခင္း ျဖစ္သည္။ Getty Images)

(ေခတ္မီေသာ ဧည့္ခန္းေနရာတြင္ ထုတ္တန္းမ်ားေတြ႔ျမင္ေနရေသာ မ်က္ႏွာၾကက္၊ မီးလင္းဖိုႏွင့္ နားေနရန္ ေနရာမ်ားစြာ ေတြ႔ရသည္)

(မီးဖိုေဆာင္ေနရာကို မၾကာေသးမီကမွ ျပန္လည္မြမ္းမံထားသည္)

(စံအိမ္အတြင္း အိပ္ခန္း ၃ ခန္း ပါဝင္သည္)

(ေခတ္မီမြမ္းမံမႈျဖင့္ ေရခ်ဳိးခန္း ၁ ခန္း)

(အခန္းအမ်ားစုမွတဆင့္ ပစိဖိတ္သမုဒၵရာကို ေတြ႔ျမင္ႏိုင္သည္)

(အရိပ္အာဝါသေကာင္းေသာ ျခံတြင္းနားေန ေနရာ)

“ကန္ေဒၚလာ ၅ သန္းေအာက္နဲ႔ ဘယ္ေနရာမွာ ဒါမ်ဳိးရႏိုင္လဲ။ ကံေကာင္းပါတယ္။ ဒါမ်ဳိးမရွိႏိုင္ပါဘူး”ဟု အေရာင္းေစ်းကြက္တင္ေပးသည့္ Sotheby’s International Realty မွ အက်ဳိးေဆာင္ Eric Lavey က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

အင္မာစတုန္းက ယခုစံအိမ္ကို အဘယ္ေၾကာင့္ ေရာင္းခ်ခဲ့သည္ကိုမူ မသိရေခ်။

သို႔ေသာ္ ယခုစံအိမ္မွာ သူပိုင္ဆိုင္သည့္ တစ္ခုတည္းေသာစံအိမ္ကား မဟုတ္။

ေလာ့စ္အိန္ဂ်လိ၊ နယူးေယာက္ႏွင့္ တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕တို႔တြင္လည္း အင္မာစတုန္းပိုင္ဆိုင္ထားသည့္ စံအိမ္မ်ား ရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Emma Stone’s $4.4M Malibu home finds a buyer in almost no time (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service