အင်္ဂလန်နိုင်ငံတွင် လှပသည့်ကမ်းခြေတစ်ခုကို ပေါင် ၄၅၀၀၀ ဖြင့်ရောင်းမည်

အင်္ဂလန်နိုင်ငံတွင် လှပသည့်ကမ်းခြေတစ်ခုကို ပေါင် ၄၅၀၀၀ ဖြင့်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Jun 2022 11:21 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ရင်သပ်ရှုမောဖွယ်ကမ်းခြေရှုခင်းများရှိသည့် ကမ်းရိုးတန်းနေရာတစ်ခုကို ပေါင် ၄၅၀၀၀ မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။

သို့သော် သတိပြုရမည့်အချက်တစ်ခုရှိနေသည်။

ရောင်းချမည့်ကမ်းခြေနေရာမှာ ဝေလပြည်နယ်တောင်ပိုင်း၊ Gower ကျေးလက်ဒေသတွင် ရှိသည်။

(ဤလှပသောကမ်းခြေကို ပေါင် ၄၅၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည်ဖြစ်သော်လည်း သတိပြုရမည့်အချက်တစ်ခု ရှိနေသည်)

 

(လေလံတင်ရောင်းချမည့် Gower ကမ်းခြေ၏ ကောင်းကင်မြင်ကွင်း)

 

သို့သော် သတိပြုရမည့်အချက်တစ်ခုရှိနေသည်။ မည်သို့ ဖြစ်နိုင်သည်ဟု သင်ထင်ပါသနည်း။

သတိပြုရမည့်အချက်ကား သင့်အနေဖြင့် ဝယ်ယူလိုက်သောထိုကမ်းခြေနေရာတွင် အဆောက်အအုံဆောက်လုပ်ရန် လျှောက်ထားမည်ဆိုပါက အလွန်ကြာမြင့်စွာ စောင့်ဆိုင်းရဖွယ်ရှိသည်။

အဘယ့်ကြောင့်ဆိုလျှင် ထိုနေရာမှာ သိပ္ပံပညာ၏ အထူးအကျိုးစီးပွားနေရာ (Site of Special Scientific Interest -SSSI) တစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုမြေနေရာတွင် သဲတောင်ပူစာ၊ စိမ့်မြေနှင့် ကမ်းခြေတို့ ပေါင်းစပ်ထားသည်။

Broughton Bay နှင့် Whitford Sands တို့အကြား တည်ရှိသည်။ သို့သော် မြေနေရာမှာ SSSI ၏ ဇုန်အတွင်းတည်ရှိရာ သင့်အနေဖြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် သင့်အနေဖြင့် ကမ်းရိုးတန်းတွင် လမ်းလျှောက်ကာ လေကောင်းလေသန့်များ ရှုရှိုက်ခြင်းမျိုး ပြုလုပ်နိုင်သည်။

ယခုမြေနေရာကို ဝယ်ယူသူ မည်သူမဆို အဆောက်အအုံဆောက်လိုပါက Natural England ထံမှ အထူးစီမံကိန်းပါမစ် လျှောက်ထားရမည်ဖြစ်သည်။ သို့သော် ခွင့်ပြုဖွယ်ကား မရှိချေ။

သို့သော် ယခုကမ်းခြေနေရာကို ခံစားရန်မှာ ကမ်းခြေအဆောက်အအုံ ဆောက်လုပ်ခြင်းနည်းလမ်း တစ်ခုတည်း ရှိသည်ကား မဟုတ်။

မြေဧက ၄၅ ဧကရှိသော ကမ်းရိုးတန်းတွင် သင်၏ မိသားစု၊ မိတ်ဆွေများနှင့် အလွန်ကြီးမားသော ကမ်းခြေပါတီပွဲကြီး ကျင်းပခြင်းမျိုး ပြုလုပ်နိုင်လေသည်။

အညိုရောင် အသားအရေ ရစေရန် နေရောင်ခံလိုသည်ဆိုပါက ယခုကမ်းခြေ၏ သင်ကြိုက်သည့် မည်သည့်နေရာတွင်မဆို နေစာလှုံကာ အချိန်ဖြုန်းနိုင်သည်။

အကယ်၍ သင့်အနေဖြင့် ထိုနေရာကို လေလံဆွဲရန် စိတ်ဝင်စားသည်ဆိုပါက အချိန်နှင့် နေ့ရက်ကို မှတ်သားထားပါ။

လာမည့် ဇူလိုင်လ ၁၄ ရက်၊ ညနေ ၃ နာရီအချိန်တွင် လေလံတင်မည် ဖြစ်ပါသည်။

(ဤကမ်းခြေသည် Broughton Bay နှင့် Whitford Sands တို့ကြားတွင် တည်ရှိသည်။ )

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beautiful stretch of coastline with stunning beaches on sale for just £45,000 – but it comes with a twist (thesun.co)

 

 

[Zawgyi]

အဂၤလန္ႏိုင္ငံတြင္ လွပသည့္ကမ္းေျခတစ္ခုကို ေပါင္ ၄၅၀၀၀ ျဖင့္ေရာင္းမည္

 

အဂၤလန္ႏိုင္ငံတြင္ ရင္သပ္ရႈေမာဖြယ္ကမ္းေျခရႈခင္းမ်ားရွိသည့္ ကမ္းရိုးတန္းေနရာတစ္ခုကို ေပါင္ ၄၅၀၀၀ မွ်ျဖင့္ ေရာင္းခ်ရန္ ေစ်းကြက္တင္လာသည္။

သို႔ေသာ္ သတိျပဳရမည့္အခ်က္တစ္ခုရွိေနသည္။

ေရာင္းခ်မည့္ကမ္းေျခေနရာမွာ ေဝလျပည္နယ္ေတာင္ပိုင္း၊ Gower ေက်းလက္ေဒသတြင္ ရွိသည္။

(ဤလွပေသာကမ္းေျခကို ေပါင္ ၄၅၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေသာ္လည္း သတိျပဳရမည့္အခ်က္တစ္ခု ရွိေနသည္)

(ေလလံတင္ေရာင္းခ်မည့္ Gower ကမ္းေျခ၏ ေကာင္းကင္ျမင္ကြင္း)

သို႔ေသာ္ သတိျပဳရမည့္အခ်က္တစ္ခုရွိေနသည္။ မည္သို႔ ျဖစ္ႏိုင္သည္ဟု သင္ထင္ပါသနည္း။

သတိျပဳရမည့္အခ်က္ကား သင့္အေနျဖင့္ ဝယ္ယူလိုက္ေသာထိုကမ္းေျခေနရာတြင္ အေဆာက္အအံုေဆာက္လုပ္ရန္ ေလွ်ာက္ထားမည္ဆိုပါက အလြန္ၾကာျမင့္စြာ ေစာင့္ဆိုင္းရဖြယ္ရွိသည္။

အဘယ့္ေၾကာင့္ဆိုလွ်င္ ထိုေနရာမွာ သိပၸံပညာ၏ အထူးအက်ဳိးစီးပြားေနရာ (Site of Special Scientific Interest -SSSI) တစ္ခုျဖစ္ေနေသာေၾကာင့္ ျဖစ္သည္။

ထိုေျမေနရာတြင္ သဲေတာင္ပူစာ၊ စိမ့္ေျမႏွင့္ ကမ္းေျခတို႔ ေပါင္းစပ္ထားသည္။

Broughton Bay ႏွင့္ Whitford Sands တို႔အၾကား တည္ရွိသည္။ သို႔ေသာ္ ေျမေနရာမွာ SSSI ၏ ဇုန္အတြင္းတည္ရွိရာ သင့္အေနျဖင့္ အေဆာက္အအံု ေဆာက္လုပ္ခြင့္ ရရွိရန္ မျဖစ္ႏိုင္သေလာက္ပင္။

သို႔ေသာ္ သင့္အေနျဖင့္ ကမ္းရိုးတန္းတြင္ လမ္းေလွ်ာက္ကာ ေလေကာင္းေလသန္႔မ်ား ရႈရႈိက္ျခင္းမ်ိဳး ျပဳလုပ္ႏိုင္သည္။

ယခုေျမေနရာကို ဝယ္ယူသူ မည္သူမဆို အေဆာက္အအံုေဆာက္လုိပါက Natural England ထံမွ အထူးစီမံကိန္းပါမစ္ ေလွ်ာက္ထားရမည္ျဖစ္သည္။ သို႔ေသာ္ ခြင့္ျပဳဖြယ္ကား မရွိေခ်။

သို႔ေသာ္ ယခုကမ္းေျခေနရာကို ခံစားရန္မွာ ကမ္းေျခအေဆာက္အအံု ေဆာက္လုပ္ျခင္းနည္းလမ္း တစ္ခုတည္း ရွိသည္ကား မဟုတ္။

ေျမဧက ၄၅ ဧကရွိေသာ ကမ္းရိုးတန္းတြင္ သင္၏ မိသားစု၊ မိတ္ေဆြမ်ားႏွင့္ အလြန္ၾကီးမားေသာ ကမ္းေျခပါတီပြဲၾကီး က်င္းပျခင္းမ်ဳိး ျပဳလုပ္ႏိုင္ေလသည္။

အညိဳေရာင္ အသားအေရ ရေစရန္ ေနေရာင္ခံလိုသည္ဆိုပါက ယခုကမ္းေျခ၏ သင္ၾကိဳက္သည့္ မည္သည့္ေနရာတြင္မဆို ေနစာလႈံကာ အခ်ိန္ျဖဳန္းႏိုင္သည္။

အကယ္၍ သင့္အေနျဖင့္ ထိုေနရာကို ေလလံဆြဲရန္ စိတ္ဝင္စားသည္ဆိုပါက အခ်ိန္ႏွင့္ ေန႔ရက္ကို မွတ္သားထားပါ။

လာမည့္ ဇူလိုင္လ ၁၄ ရက္၊ ညေန ၃ နာရီအခ်ိန္တြင္ ေလလံတင္မည္ ျဖစ္ပါသည္။

(ဤကမ္းေျခသည္ Broughton Bay ႏွင့္ Whitford Sands တို႔ၾကားတြင္ တည္ရွိသည္။ Credit: Google Maps)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beautiful stretch of coastline with stunning beaches on sale for just £45,000 – but it comes with a twist (thesun.co)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service