အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကမ်းခြေစံအိမ် ဒေါ်လာ ၂၀၈၀၀၀ ဖြင့် ငှားမည်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကမ်းခြေစံအိမ် ဒေါ်လာ ၂၀၈၀၀၀ ဖြင့် ငှားမည် - Property News in Myanmar from iMyanmarHouse.com
7 Jun 2022 10:53 am တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သင့်အနေဖြင့် ယခုအခါ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ နေအိမ်ကို ငှားရမ်းနေထိုင်နိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာပြီ ဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပိုင်ဆိုင်သော ဖလော်ရီဒါပြည်နယ်၊ Palm Beach မှ စံအိမ်တစ်လုံး တစ်လလျှင် ကန်ဒေါ်လာ ၂၀၈၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာသည်။
(သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် Palm Beach ကမ်းခြေစံအိမ်ကို ကန်ဒေါ်လာ ၅၉ သန်းဖြင့် ၃ လကြာ အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်)
၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အကျယ်အဝန်း ၁၀၄၅၅ စတုရန်းပေရှိကာ အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်း ပါဝင်ကာ ပင်လယ်ကမ်းခြေနှင့် ထိစပ်မှု ပေ ၂၀၀ မျက်နှာစာရှိသည်။
ဓာတ်ပုံများအရတွေ့ရသည်မှာ ပင်လယ်မျက်နှာစာဘက်တွင် ရေကူးကန်တစ်ခု၊ ကျယ်ပြောသော ပင်လယ်ရေပြင် ရှုမျှော်ခင်းများ၊ အိပ်ခန်းအများအပြား၊ ပင်လယ်ရေပြင်ကို မျက်နှာမူသည့် ဧည့်ခန်းတို့ကို တွေ့ရသည်။
စံအိမ်တွင် အမေရိကန်အလံကို ဆေးခြယ်ပုံဖော်ထားမှုတွေ့ရပြီး ကမ်းရိုးတန်းဟန် ခေတ်ဆန်သော မွမ်းမံထားမှုများလည်း တွေ့ရသည်။
အိမ်ခြံမြေမှတ်တမ်းများအရ ဤစံအိမ်ကို ထရမ့်၏ အစ်မ Maryanne Trump Barry ပိုင်ဆိုင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဒေါ်နယ်ထရမ့်၏ သားများဖြစ်သော Donald Trump Jr. နှင့် Eric Trump တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့သည်။
(၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ပြီး အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၁၁ ခန်း ပါသည်)
(ပင်လယ်မျက်နှာစာ ပေ ၂၀၀ ပိုင်ဆိုင်ထားသည်)
အဒေါ်ဖြစ်သူထံမှ စံအိမ်ကို ဝယ်ယူခဲ့ပြီးနောက် Eric Trump က ပြောသည်မှာ Palm Beach တွင် အကောင်းဆုံးစံအိမ်များအနက်မှတစ်လုံးကို ဝယ်ယူနိုင်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောသည်။
ထရမ့်၏ သားများက ထိုစံအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ၏ ပိုင်ဆိုင်မှုများ ချပြခဲ့ရာတွင် ထိုစံအိမ်လည်း ပါဝင်ခဲ့သည်။
ယခု အငှားဈေးကွက်တင်လာသည့် လစဉ်ငှားရမ်းခတွင် Palm Beach တွင်ပင် တည်ရှိသော ဒေါ်နယ်ထရမ့်၏ နာမည်ကျော် Mar-a-Laho ကလပ်သို့ မန်ဘာအဖြစ် ဝင်ရောက်ခွင့်လည်း ပါဝင်သည်ဟု ဆိုသည်။
(လစဉ်ငှားခ ကန်ဒေါ်လာ ၂၀၈၀၀၀ ဖြင့် ဈေးကွက်တင်ထား)
(ထရမ့်၏ Mar-a-Lago ကလပ် မန်ဘာကြေးလည်း ငှားခတွင် ပါဝင်ပြီးဖြစ်သည်ဟုဆိုသည်)
(ထရမ့်ပိုင်ဆိုင်ခဲ့စဉ်က သူ၏ ပိုင်ဆိုင်မှုများ ချပြသည့်စာရင်းတွင် ယခုစံအိမ် ပါဝင်ခဲ့သည်)
အငှားဈေးကွက်တင်ပေးသူမှာ Premier Estate Properties မှ အကျိုးဆောင် Margit Brandt ဖြစ်သည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Trump’s Palm Beach estate hits rental market for $208,000 a month (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service