ရုရှားသမ္မတပူတင်၏ လျှို့ဝှက်သမီး ပိုင်ဆိုင်သော စိန့်ပီတာစဘတ် စံအိမ်

ရုရှားသမ္မတပူတင်၏ လျှို့ဝှက်သမီး ပိုင်ဆိုင်သော စိန့်ပီတာစဘတ် စံအိမ် - Property News in Myanmar from iMyanmarHouse.com
26 May 2022 10:56 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်သမီး၏ မိခင်ဖြစ်သူ ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော ခမ်းနားလှသည့် Penthouse ခန်းတစ်ခန်း တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ကျော် ဈေးနှုန်းဖြင့် အငှားဈေးကွက်ဝင်လာသည်။

တည်နေရာမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘတ်မြို့၏ လူကုံထံဒေသဖြစ်သော Kamenny Island တွင် ဖြစ်သည်။

ထိုစံအိမ်သည် ပူတင်၏ သမီးဖြစ်သည်ဟူသော သတင်းများရှိသည့် ၁၉ နှစ်အရွယ် Luiza Rozova ၏ ကလေးဘဝနေအိမ်ဖြစ်ကြောင်း BBC Russia က ဖော်ပြသည်။

Rozova ၏ မိခင်မှာ အသက် ၄၀ အရွယ်ဖြစ်နိုင်ပြီး ယခင်က အိမ်ဖော်ဘဝမှ သန်းကြွယ်သူဌေးဖြစ်သွားသူ Svetlana Krivonogikh ဖြစ်သည်။

Svetlana သည် ရုရှားသမ္မတ၏ ချစ်သူဖြစ်ခဲ့ဖူးသည်ဟု အများက သတ်မှတ်ထားကြသူဖြစ်သည်။

အငှားဈေးကွက်တင်ပေးသည်မှာ Engel & Völkers ကုမ္ပဏီမှ ဖြစ်သည်။

အခန်း အကျယ်မှာ စတုရန်းပေ ၄၈၀၀ ကျော် ကျယ်ဝန်းပြီး Berezovaya Alley ဟု အမည်ရသည့် အိမ်ရာဝန်းအတွင်းရှိ တန်ဖိုးကြီးလူနေခန်း ၂၁ ခန်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ယခု အခန်းသည် အထပ် ၃ ထပ်ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပထမထပ်တွင် ဧည့်ခန်းနှင့် Neva မြစ်ကို စီးမိုးတွေ့မြင်နေရသော လသာဆောင်စင်္ကြန်တစ်ခု တည်ရှိသည်။

ဒုတိယထပ်တွင် အိပ်ခန်း ၁ ခန်းနှင့် ကလေးကစားခန်းတစ်ခန်း ရှိသည်။

တတိယထပ်တွင်မူ အရက်ဘား၊ အိမ်တွင်းရုပ်ရှင်ရုံနှင့် နေစာလှုံခန်းတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

(စိန့်ပီတာစ်ဘတ်မြို့တွင် တည်ရှိသော ယခုစံအိမ်နေရာသည် ပူတင်၏ ၁၉ နှစ်အရွယ် လျှို့ဝှက်သမီး Rozova ၏ ကလေးဘဝနေအိမ်ဖြစ်သည်ဟု ယုံကြည်ရကြောင်း BBC Russia က ဖော်ပြသည်။ Rozova ၏ မိခင် Svetlana သည် ရုရှားသမ္မတပူတင်၏ ချစ်သူဟောင်းဖြစ်သည်ဟု အများက သတ်မှတ်ထားကြသည်)

(Penthouse ခန်းတည်နေရာမှာ အထက်တန်းလွှာတို့အခြေချရာ Kamenny Island တွင် ဖြစ်သည်။ Rozova သည် ယခင်က လူမှုကွန်ရက်ကို အသုံးပြုခဲ့ဖူးပြီး follower အရေအတွက် ၈၄၀၀၀ ခန့်ရှိသည်။ သို့သော် လွန်ခဲ့သော ၆ လခန့်မှစပြီး လူမှုကွန်ရက်တွင် ပို့စ်တင်ခြင်းများ ထူးဆန်းစွာ ရပ်ဆိုင်းသွားသည်။ နောက်ပိုင်းတွင် ဝေဖန်သူများပြားသောကြောင့် သူ၏ အင်စတာဂရမ်အကောင့်ကို Deactivated ပြုလုပ်သွားခဲ့သည်။)

 

(Neva မြစ်ကို စီးမိုးတွေ့မြင်ရသည့် လသာဆောင်)

 

(Svetlana ၏ Penthouse ခန်းသို့ အဝင်ခန်းမနေရာ)

Svetlana သည် သမီးဖြစ်သူကို ယခုနေအိမ်တွင် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြသည်။

ရုရှားသမ္မတ၏ လူသိများသည့် သမီး ၂ ဦးဖြစ်သော Maria Vorontsova နှင့် Katerina Tikhonova အမေရိကန်နှင့် ဥရောပနိုင်ငံများက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ Rozova ကိုမူ အရေးယူပိတ်ဆို့မှု မပြုလုပ်ရသေးချေ။

ယူကရိန်းနိုင်ငံကို ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအား ဆန့်ကျင်သည့်အနေဖြင့် ရုရှားသမ္မတနှင့် မိသားစုဝင်များအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Rozova နေထိုင်ခဲ့သော ယခုအိမ်သည် စိန့်ပီတာစ်ဘတ်တွင် တသီးတသန့်အရှိဆုံး အိမ်ခြံမြေများတွင် တစ်ခုဖြစ်ပြီး ကျုံးတစ်ခုက ဝန်းပတ်ထားသည်။

 

(နားနေခန်း)

(အိမ်တွင်း ရုပ်ရှင်ရုံ)

(ကလေးများအခန်း)

(အရက်ဘား)

Rozova နှင့် မိခင်တို့မှာ လက်ရှိအားဖြင့် စိန့်ပီတာစဘတ်မြို့ရှိ ခမ်းနားထည်ဝါသော စံအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့် တန်ကြေးရှိသည်ဟု သိရသည်။

၎င်းတို့သားအမိသည် မိုနာကိုနိုင်ငံတွင်လည်း ကန်ဒေါ်လာ ၄ သန်းခန့် တန်ကြေးှရှိသော စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်ဟူသော သတင်းများရှိသည်။

Svetlana သည် ရုရှားမှ အထင်ကရဘဏ်ကြီးတစ်ခုတွင် ရှယ်ယာများ ထည့်ဝင်ထားပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရှိသည်ဟူသော ကောလာဟလများလည်း ရှိသည်။

(ပင်မ အိပ်ခန်း)

(ပင်မ ရေချိုးခန်း)

(ဤမိန်းကလေးငယ်သည် ပူတင်၏ သမီးဖြစ်သည်ဟု သိရပြီး အမည်မှာ Luiza Rozova ဟုခေါ်ကြသည့်အပြင် Elizaveta ဟုလည်း ခေါ်ကြသေးသည်။)

Rozova သည် လွန်ခဲ့သော ၆ လခန့်မှစပြီး လူမှုကွန်ရက်အသုံးပြုမှု ဆန်းကြယ်စွာ ရပ်ဆိုင်းသွားသည်။

သူမတို့ သားအမိနှစ်ဦးလုံးက မွန်တီကာလိုရှိ ဒေါ်လာ ၄ ဒသမ ၁ သန်းပေးရသော လူနေခန်းကို အင်စတာဂရမ်တွင် ကြွားခဲ့ကြပြီးနောက်ပိုင်း လူမှုကွန်ရက်အသုံးပြုခြင်း ရပ်ဆိုင်းသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် Rozova က အင်စတာဂရမ်အကောင့်ကို Deactivated ပြုလုပ်သွားသည်။

ပန်ဒိုရာ စာရွက်စာတမ်းများအမည်ရှိ ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် ဖော်ပြချက်အရ Rozova ၏ မိခင်သည် ၁၉၉၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ပူတင်၏ အပျော်မယားဖြစ်ခဲ့ဖူးပြီး Rozova ကို မွေးဖွားပြီး မကြာမီတွင်ပင် ယခု Penthouse ခန်းတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကြားလာသော စာရွက်စာတမ်းများအရ Rozova ၏ မိခင်သည် ယခင်က သန့်ရှင်းရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင်မူ ဒေါ်လာ သန်း ၁၀၀ ခန့် ချမ်းသာနေသည်ဟု ဆိုသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Putin’s ‘secret’ daughter’s gaudy, $10K-per-month home in Russia (nypost)

 

 

[Zawgyi]

ရုရွားသမၼတပူတင္၏ လွ်ိဳ႕ဝွက္သမီး ပိုင္ဆိုင္ေသာ စိန္႔ပီတာစဘတ္ စံအိမ္

 

ရုရွားသမၼတ ဗလာဒီမာပူတင္၏ လွ်ိဳ႕ဝွက္သမီး၏ မိခင္ျဖစ္သူ ပိုင္ဆိုင္သည္ဟု ယံုၾကည္ရေသာ ခမ္းနားလွသည့္ Penthouse ခန္းတစ္ခန္း တစ္လလွ်င္ ကန္ေဒၚလာ ၁၀၀၀၀ ေက်ာ္ ေစ်းႏႈန္းျဖင့္ အငွားေစ်းကြက္ဝင္လာသည္။

တည္ေနရာမွာ ရုရွားႏိုင္ငံ၊ စိန္႔ပီတာစ္ဘတ္ျမိဳ႕၏ လူကံုထံေဒသျဖစ္ေသာ Kamenny Island တြင္ ျဖစ္သည္။

ထိုစံအိမ္သည္ ပူတင္၏ သမီးျဖစ္သည္ဟူေသာ သတင္းမ်ားရွိသည့္ ၁၉ ႏွစ္အရြယ္ Luiza Rozova ၏ ကေလးဘဝေနအိမ္ျဖစ္ေၾကာင္း BBC Russia က ေဖာ္ျပသည္။

Rozova ၏ မိခင္မွာ အသက္ ၄၀ အရြယ္ျဖစ္ႏိုင္ျပီး ယခင္က အိမ္ေဖာ္ဘဝမွ သန္းၾကြယ္သူေဌးျဖစ္သြားသူ Svetlana Krivonogikh ျဖစ္သည္။

Svetlana သည္ ရုရွားသမၼတ၏ ခ်စ္သူျဖစ္ခဲ့ဖူးသည္ဟု အမ်ားက သတ္မွတ္ထားၾကသူျဖစ္သည္။

အငွားေစ်းကြက္တင္ေပးသည္မွာ Engel & Völkers ကုမၸဏီမွ ျဖစ္သည္။

အခန္း အက်ယ္မွာ စတုရန္းေပ ၄၈၀၀ ေက်ာ္ က်ယ္ဝန္းျပီး Berezovaya Alley ဟု အမည္ရသည့္ အိမ္ရာဝန္းအတြင္းရွိ တန္ဖိုးၾကီးလူေနခန္း ၂၁ ခန္းတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

ယခု အခန္းသည္ အထပ္ ၃ ထပ္ကို ေပါင္းစပ္ထားျခင္းျဖစ္ျပီး ပထမထပ္တြင္ ဧည့္ခန္းႏွင့္ Neva ျမစ္ကို စီးမိုးေတြ႔ျမင္ေနရေသာ လသာေဆာင္စၾကၤန္တစ္ခု တည္ရွိသည္။

ဒုတိယထပ္တြင္ အိပ္ခန္း ၁ ခန္းႏွင့္ ကေလးကစားခန္းတစ္ခန္း ရွိသည္။

တတိယထပ္တြင္မူ အရက္ဘား၊ အိမ္တြင္းရုပ္ရွင္ရံုႏွင့္ ေနစာလံႈခန္းတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

(စိန္႔ပီတာစ္ဘတ္ျမိဳ႕တြင္ တည္ရွိေသာ ယခုစံအိမ္ေနရာသည္ ပူတင္၏ ၁၉ ႏွစ္အရြယ္ လွ်ိဳ႕ဝွက္သမီး Rozova ၏ ကေလးဘဝေနအိမ္ျဖစ္သည္ဟု ယံုၾကည္ရေၾကာင္း BBC Russia က ေဖာ္ျပသည္။ Rozova ၏ မိခင္ Svetlana သည္ ရုရွားသမၼတပူတင္၏ ခ်စ္သူေဟာင္းျဖစ္သည္ဟု အမ်ားက သတ္မွတ္ထားၾကသည္)

(Penthouse ခန္းတည္ေနရာမွာ အထက္တန္းလႊာတို႔အေျခခ်ရာ Kamenny Island တြင္ ျဖစ္သည္။ Rozova သည္ ယခင္က လူမႈကြန္ရက္ကို အသံုးျပဳခဲ့ဖူးျပီး follower အေရအတြက္ ၈၄၀၀၀ ခန္႔ရွိသည္။ သို႔ေသာ္ လြန္ခဲ့ေသာ ၆ လခန္႔မွစျပီး လူမႈကြန္ရက္တြင္ ပို႔စ္တင္ျခင္းမ်ား ထူးဆန္းစြာ ရပ္ဆိုင္းသြားသည္။ ေနာက္ပိုင္းတြင္ ေဝဖန္သူမ်ားျပားေသာေၾကာင့္ သူ၏ အင္စတာဂရမ္အေကာင့္ကို Deactivated ျပဳလုပ္သြားခဲ့သည္။)

(Neva ျမစ္ကို စီးမိုးေတြ႔ျမင္ရသည့္ လသာေဆာင္)

(Svetlana ၏ Penthouse ခန္းသို႔ အဝင္ခန္းမေနရာ)

Svetlana သည္ သမီးျဖစ္သူကို ယခုေနအိမ္တြင္ ျပဳစုပ်ဳိးေထာင္ခဲ့ျခင္းျဖစ္သည္ဟု ယံုၾကည္ရေၾကာင္း ဘီဘီစီ သတင္းတြင္ ေဖာ္ျပသည္။

ရုရွားသမၼတ၏ လူသိမ်ားသည့္ သမီး ၂ ဦးျဖစ္ေသာ Maria Vorontsova ႏွင့္ Katerina Tikhonova အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားက ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့ျပီးျဖစ္ကာ Rozova ကိုမူ အေရးယူပိတ္ဆို႔မႈ မျပဳလုပ္ရေသးေခ်။

ယူကရိန္းႏိုင္ငံကို ရုရွား၏ က်ဴးေက်ာ္တိုက္ခိုက္မႈအား ဆန္႔က်င္သည့္အေနျဖင့္ ရုရွားသမၼတႏွင့္ မိသားစုဝင္မ်ားအား ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

Rozova ေနထိုင္ခဲ့ေသာ ယခုအိမ္သည္ စိန္႔ပီတာစ္ဘတ္တြင္ တသီးတသန္႔အရွိဆံုး အိမ္ျခံေျမမ်ားတြင္ တစ္ခုျဖစ္ျပီး က်ံဳးတစ္ခုက ဝန္းပတ္ထားသည္။

(နားေနခန္း)

(အိမ္တြင္း ရုပ္ရွင္ရံု)

(ကေလးမ်ားအခန္း)

(အရက္ဘား)

Rozova ႏွင့္ မိခင္တို႔မွာ လက္ရွိအားျဖင့္ စိန္႔ပီတာစဘတ္ျမိဳ႕ရွိ ခမ္းနားထည္ဝါေသာ စံအိမ္တစ္လံုးတြင္ ေနထိုင္လ်က္ရွိျပီး တန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၂ ဒသမ ၂ သန္းခန္႔ တန္ေၾကးရွိသည္ဟု သိရသည္။

၎တို႔သားအမိသည္ မိုနာကိုႏိုင္ငံတြင္လည္း ကန္ေဒၚလာ ၄ သန္းခန္႔ တန္ေၾကးွရိွေသာ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္ဟူေသာ သတင္းမ်ားရွိသည္။

Svetlana သည္ ရုရွားမွ အထင္ကရဘဏ္ၾကီးတစ္ခုတြင္ ရွယ္ယာမ်ား ထည့္ဝင္ထားျပီး သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၁၀၀ နီးပါးရွိသည္ဟူေသာ ေကာလာဟလမ်ားလည္း ရွိသည္။

(ပင္မ အိပ္ခန္း)

(ပင္မ ေရခ်ဳိးခန္း)

(ဤမိန္းကေလးငယ္သည္ ပူတင္၏ သမီးျဖစ္သည္ဟု သိရျပီး အမည္မွာ Luiza Rozova ဟုေခၚၾကသည့္အျပင္ Elizaveta ဟုလည္း ေခၚၾကေသးသည္။)

Rozova သည္ လြန္ခဲ့ေသာ ၆ လခန္႔မွစျပီး လူမႈကြန္ရက္အသံုးျပဳမႈ ဆန္းၾကယ္စြာ ရပ္ဆိုင္းသြားသည္။

သူမတို႔ သားအမိႏွစ္ဦးလံုးက မြန္တီကာလိုရွိ ေဒၚလာ ၄ ဒသမ ၁ သန္းေပးရေသာ လူေနခန္းကို အင္စတာဂရမ္တြင္ ၾကြားခဲ့ၾကျပီးေနာက္ပိုင္း လူမႈကြန္ရက္အသံုးျပဳျခင္း ရပ္ဆိုင္းသြားျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ Rozova က အင္စတာဂရမ္အေကာင့္ကို Deactivated ျပဳလုပ္သြားသည္။

ပန္ဒိုရာ စာရြက္စာတမ္းမ်ားအမည္ရွိ ေပါက္ၾကားလာေသာ စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ Rozova ၏ မိခင္သည္ ၁၉၉၀ ျပည့္လြန္ကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ပူတင္၏ အေပ်ာ္မယားျဖစ္ခဲ့ဖူးျပီး Rozova ကို ေမြးဖြားျပီး မၾကာမီတြင္ပင္ ယခု Penthouse ခန္းတြင္ ေနထုိင္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

အဆိုပါ ေပါက္ၾကားလာေသာ စာရြက္စာတမ္းမ်ားအရ Rozova ၏ မိခင္သည္ ယခင္က သန္႔ရွင္းေရးသမားတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ျပီး ယခုအခါတြင္မူ ေဒၚလာ သန္း ၁၀၀ ခန္႔ ခ်မ္းသာေနသည္ဟု ဆိုသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Putin’s ‘secret’ daughter’s gaudy, $10K-per-month home in Russia (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service