အော်စကာဆုရှင် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်၏ လော့စ်အိန်ဂျလိစံအိမ်

အော်စကာဆုရှင် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
25 May 2022 11:01 am တွင် တင်ခဲ့သည်
1837 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စတီဗင် စပီးလ်ဘတ် အမေရိကန် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်၊ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပြီး ဟောလိဝုဒ်၏ အကျော်ကြားဆုံးနှင့် အလေးစားခံရဆုံးဒါရိုက်တာများတွင် တစ်ယောက်အပါအဝင်ဖြစ်၏။

ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးရုပ်ရှင်ကားများကို ရိုက်ခဲ့ပြီး E.T, Jaws, Bridge of Spies, War Horse, Saving Private Ryan နှင့် Jurassic Park ဇာတ်ကားများ ပါဝင်၏။

[စတီဗင်စပီးဘတ် ဘယ်မှာနေလဲ]

စတီဗင် စပီးဘတ်၏ အိမ်မှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် တည်ရှိ၏။

စတီဗင် စပီးဘတ်သည် မိသားစုနှင့် နေထိုင်ရသည့် အိမ်မျိုးကို အိပ်မက်မက်ခဲ့သည်မှာ ၁၉၈၅ ခုနှစ်ခန့်ကတည်းက ဖြစ်သည်။

ထိုကာလခန့်က စပီးဘတ်သည် ထိုအချိန်ကဇနီး အေမီ အားဗင်း၊ သားကလေး မက်စ်နှင့် New York တွင် နေထိုင်ခဲ့ကြသည်။

စပီးဘတ်သည် ကယ်လီဖိုးနီးယားတွင် အိမ် ၂ လုံး ပိုင်ဆိုင်ထားပြီးဖြစ်ရာ Coldwater Canyon တွင် တစ်လုံးနှင့် အခြားတစ်လုံးမှာ Malibu ကမ်းခြေဒေသတွင် တည်ရှိသည်။

စပီးဘတ်သည် ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် သွားလာရင်း စံအိမ်ကြီးတစ်လုံးကို တွေ့ရှိ သဘောကျခဲ့သည်။

Architectural Digest သို့ ထိုအိမ်နှင့် ပတ်သက်ပြီး ပြောပြခဲ့သည်မှာ “ဒီအိမ်နဲ့ အိမ်ရဲ့ တည်နေရာက ကျွန်တော့်ကို စွဲဆောင်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိ နိုင်ငံတကာလေဆိပ်ကနေ Malibu အထိ မြင်ကွင်းကျယ် ပိုင်ဆိုင်ထားပါတယ်။ ဝဲဘက်မှာဆိုရင် လှပတဲ့ သစ်ပင်တွေရှိတယ်။ ယာဘက်မှာဆိုရင် Will Rogers State Park ရှိတယ်။ ဒါတွေက ဒီနေရာရဲ့ စွဲဆောင်မှုအရှိဆုံး အချက်တွေပါပဲ”ဟု ဆိုသည်။

မြေထဲပင်လယ်ဗိသုကာဟန် စံအိမ်ကြီးကို စပီးဘတ်က ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ဝယ်ခဲ့ပြီးနောက် တစ်အိမ်လုံး ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ပြန်လည်မွမ်းမံရာတွင် ယခင်အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ သာရှိခဲ့ရာမှ စတုရန်းပေ ၂၀၀၀၀ အထိ ချဲ့ထွင်မွမ်းမံခဲ့သည်။

ယခုအခါ စံအိမ်အတွင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည့်အပြင် ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကို စီးမိုးတွေ့မြင်နေရသည့် စပျစ်ခြံတစ်ခု၊ ရေကန်နှင့် နားနေဆောင်တို့လည်း ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ၃ ဒသမ ၅ ဧက ရှိသည်။

(စတီဗင် စပီးဘတ်၏ Malibu စံအိမ်)

စတီဗင် စပီးဘတ်သည် ကမ္ဘာကျော် ကမ်းခြေဒေသ တစ်ခုဖြစ်သော Malibu တွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ခဲ့သည်။

အဆိုပါစံအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၆ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်သည်။ သို့သော် ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဆိုသော ကောလာဟလများလည်း ရှိသည်။

ထိုစံအိမ်၏ အကျယ်မှာ စတုရန်းပေ ၇၂၃၇ ရှိပြီး အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၆ ခန်း ပါသည်။

အိပ်ခန်းများအနက်မှ တစ်ခန်းတွင် ပင်လယ်ရှုခင်းများ ပိုင်ဆိုင်ထားသော နားနေဆောင်၊ သီးသန့် အနှိပ်ခန်းနှင့် ကိုယ်ပိုင်စာကြည့်တိုက်ပင် ပါဝင်သည်။

စံအိမ်အတွင်း အခြား နားနေဆောင်အနည်းငယ်အပြင် ရေကူးကန်နှင့် အိမ်တွင်းရုပ်ရှင်ရုံလည်း ရှိသည်။

အဆိုပါအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ရောင်းမထုတ်မီက စပီးဘတ်က တစ်လလျှင် ကန်ဒေါ်လာ ၁၂၅၀၀၀ ဖြင့် အငှားချခဲ့သေးသည်။

(စပီးဘတ်၏ ဟမ့်ပ်တန်မှ စံအိမ်)

စပီးဘတ်သည် နယူးယောက်မြို့၊ အရှေ့ဟမ့်ပ်တန်အရပ်တွင် အေးချမ်းသာယာသည့် ရေကန်တစ်ခုကို စီးမိုးတွေ့မြင်နေရသော စံအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး ခြံအကျယ် ၆ ဧက ရှိသည်။

စပီးဘတ်၏ စံအိမ်မှာ Quelle Barn ဟု အမည်ပေးထားပြီး ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင် သည်။

အဆိုပါဧည့်ဂေဟာကို နာမည်ကျော် ဗိသုကာပညာရှင် Charles Gwathmey က ဒီဇိုင်းဆွဲပေးထားခြင်း ဖြစ် သည်။

[စပီးဘတ်၏ ဖလော်ရီဒါပြည်နယ် စံအိမ်]

ဖလော်ရီဒါပြည်နယ်၊ နေပယ်မြို့သည် ဖြူလွလွ သဲသောင်ပြင်များ၊ အေးချမ်းဆိတ်ငြိမ်သော ဝန်းကျင်နှင့် ချမ်း သာသော အသိုက်အဝန်းရှိမှုတို့ကြောင့် နာမည်ကျော် ကြယ်ပွင့်များ၊ အကျော်အမော်များ ကျက်စားရာ နေရာလည်း ဖြစ်သည်။

ထိုဒေသတွင်လည်း စပီးဘတ်သည် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။ သို့သော် အဆိုပါအိမ်သည် သီး သန့်နေရာတစ်ခုတွင် တည်ရှိကာ အလွန်ကျယ်ဝန်းသည့် စံအိမ်တစ်လုံးဖြစ်သည် ဆိုခြင်းမှလွဲပြီး အခြား အချက်အလက်များ မသိရချေ။

(စတီဗင် စပီးဘတ်မော်တော်ကား)

စပီးဘတ်ကို လော့စ်အိန်ဂျလိမြို့ဝန်းကျင်တွင် Aston Martin DB9 ၊ Modern S Tesla မော်တော်ကားများနှင့် တွေ့ခဲ့ရဖူးသည်။

Modern S Tesla ကားမှာ တန်ကြေး ဒေါ်လာ ၆၀၀၀၀ ဝန်းကျင်ရှိသည်။

(စပီးဘတ် ဘယ်လောက်ချမ်းသာလဲ)

စပီးဘတ်သည် ရုပ်ရှုင်ဒါရိုက်တာအဖြစ် ရုပ်ရှင်ရိုက်ကူးရာမှ ဝင်ငွေရရှိသည့်နည်းတူ သူ၏ ရုပ်ရှင်ကုမ္ပဏီ DreamWorks Animation မှလည်း ဝင်ငွေများရရှိသည်။

သူ၏ ရုပ်ရှင်များသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၁၂ ဘီလီယံ ဝင်ငွေရရှိထားပြီး စပီးဘတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံရှိသည်။

(စပီးဘတ်၏ သားသမီးများ)

စတီဗင် စပီးဘတ်တွင် သမီး ၃ ဦး၊ မယားပါသမီး ၁ ဦးနှင့် သား ၃ ဦးရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Steven Spielberg House Los Angeles: Photos of His Many Homes (velvetropes)

 

[Zawgyi]

ေအာ္စကာဆုရွင္ ဒါရိုက္တာၾကီး စတီဗင္ စပီးဘတ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္

 

စတီဗင္ စပီးလ္ဘတ္ အေမရိကန္ ဒါရိုက္တာ၊ ရုပ္ရွင္ထုတ္လုပ္၊ ဇာတ္ညႊန္းေရးဆရာတစ္ေယာက္ျဖစ္ျပီး ေဟာလိဝုဒ္၏ အေက်ာ္ၾကားဆံုးႏွင့္ အေလးစားခံရဆံုးဒါရိုက္တာမ်ားတြင္ တစ္ေယာက္အပါအဝင္ျဖစ္၏။

ကမၻာေပၚတြင္ အေအာင္ျမင္ဆံုးရုပ္ရွင္ကားမ်ားကို ရိုက္ခဲ့ျပီး E.T, Jaws, Bridge of Spies, War Horse, Saving Private Ryan ႏွင့္ Jurassic Park ဇာတ္ကားမ်ား ပါဝင္၏။

[စတီဗင္စပီးဘတ္ ဘယ္မွာေနလဲ]

စတီဗင္ စပီးဘတ္၏ အိမ္မွာ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ တည္ရွိ၏။

စတီဗင္ စပီးဘတ္သည္ မိသားစုႏွင့္ ေနထိုင္ရသည့္ အိမ္မ်ဳိးကို အိပ္မက္မက္ခဲ့သည္မွာ ၁၉၈၅ ခုႏွစ္ခန္႔ကတည္းက ျဖစ္သည္။

ထုိကာလခန္႔က စပီးဘတ္သည္ ထိုအခ်ိန္ကဇနီး ေအမီ အားဗင္း၊ သားကေလး မက္စ္ႏွင့္ New York တြင္ ေနထိုင္ခဲ့ၾကသည္။

စပီးဘတ္သည္ ကယ္လီဖိုးနီးယားတြင္ အိမ္ ၂ လံုး ပိုင္ဆိုင္ထားျပီးျဖစ္ရာ Coldwater Canyon တြင္ တစ္လံုးႏွင့္ အျခားတစ္လံုးမွာ Malibu ကမ္းေျခေဒသတြင္ တည္ရွိသည္။

စပီးဘတ္သည္ ပစိဖိတ္ ပါလစ္ဆိတ္အရပ္တြင္ သြားလာရင္း စံအိမ္ၾကီးတစ္လံုးကို ေတြ႔ရွိ သေဘာက်ခဲ့သည္။

Architectural Digest သို႔ ထိုအိမ္ႏွင့္ ပတ္သက္ျပီး ေျပာျပခဲ့သည္မွာ “ဒီအိမ္နဲ႔ အိမ္ရဲ႕ တည္ေနရာက ကၽြန္ေတာ့္ကို စြဲေဆာင္ခဲ့ပါတယ္။ ေလာ့စ္အိန္ဂ်လိ ႏိုင္ငံတကာေလဆိပ္ကေန Malibu အထိ ျမင္ကြင္းက်ယ္ ပိုင္ဆိုင္ထားပါတယ္။ ဝဲဘက္မွာဆိုရင္ လွပတဲ့ သစ္ပင္ေတြရွိတယ္။ ယာဘက္မွာဆိုရင္ Will Rogers State Park ရွိတယ္။ ဒါေတြက ဒီေနရာရဲ႕ စြဲေဆာင္မႈအရွိဆံုး အခ်က္ေတြပါပဲ”ဟု ဆိုသည္။

ေျမထဲပင္လယ္ဗိသုကာဟန္ စံအိမ္ၾကီးကို စပီးဘတ္က ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ဝယ္ခဲ့ျပီးေနာက္ တစ္အိမ္လံုး ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ျပန္လည္မြမ္းမံရာတြင္ ယခင္အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀၀ သာရွိခဲ့ရာမွ စတုရန္းေပ ၂၀၀၀၀ အထိ ခ်ဲ႕ထြင္မြမ္းမံခဲ့သည္။

ယခုအခါ စံအိမ္အတြင္း အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္းပါဝင္သည့္အျပင္ ပစိဖိတ္သမုဒၵရာ ေရျပင္ကို စီးမိုးေတြ႔ျမင္ေနရသည့္ စပ်စ္ျခံတစ္ခု၊ ေရကန္ႏွင့္ နားေနေဆာင္တို႔လည္း ပါဝင္သည္။

ျခံဝန္းအက်ယ္မွာ ၃ ဒသမ ၅ ဧက ရွိသည္။

(စတီဗင္ စပီးဘတ္၏ Malibu စံအိမ္)

စတီဗင္ စပီးဘတ္သည္ ကမၻာေက်ာ္ ကမ္းေျခေဒသ တစ္ခုျဖစ္ေသာ Malibu တြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ခဲ့သည္။

အဆိုပါစံအိမ္ကို ၂၀၁၅ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၆ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီးျဖစ္သည္။ သို႔ေသာ္ ကန္ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဆိုေသာ ေကာလာဟလမ်ားလည္း ရွိသည္။

ထိုစံအိမ္၏ အက်ယ္မွာ စတုရန္းေပ ၇၂၃၇ ရွိျပီး အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္း ပါသည္။

အိပ္ခန္းမ်ားအနက္မွ တစ္ခန္းတြင္ ပင္လယ္ရႈခင္းမ်ား ပိုင္ဆိုင္ထားေသာ နားေနေဆာင္၊ သီးသန္႔ အႏွိပ္ခန္းႏွင့္ ကိုယ္ပိုင္စာၾကည့္တိုက္ပင္ ပါဝင္သည္။

စံအိမ္အတြင္း အျခား နားေနေဆာင္အနည္းငယ္အျပင္ ေရကူးကန္ႏွင့္ အိမ္တြင္းရုပ္ရွင္ရံုလည္း ရွိသည္။

အဆိုပါအိမ္ကို ၂၀၁၅ ခုႏွစ္အတြင္း ေရာင္းမထုတ္မီက စပီးဘတ္က တစ္လလွ်င္ ကန္ေဒၚလာ ၁၂၅၀၀၀ ျဖင့္ အငွားခ်ခဲ့ေသးသည္။

(စပီးဘတ္၏ ဟမ့္ပ္တန္မွ စံအိမ္)

စပီးဘတ္သည္ နယူးေယာက္ျမိဳ႕၊ အေရွ႕ဟမ့္ပ္တန္အရပ္တြင္ ေအးခ်မ္းသာယာသည့္ ေရကန္တစ္ခုကို စီးမိုးေတြ႔ျမင္ေနရေသာ စံအိမ္တစ္လံုးပိုင္ဆိုင္ထားျပီး ျခံအက်ယ္ ၆ ဧက ရွိသည္။

စပီးဘတ္၏ စံအိမ္မွာ Quelle Barn ဟု အမည္ေပးထားျပီး ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္ သည္။

အဆိုပါဧည့္ေဂဟာကို နာမည္ေက်ာ္ ဗိသုကာပညာရွင္ Charles Gwathmey က ဒီဇိုင္းဆြဲေပးထားျခင္း ျဖစ္ သည္။

[စပီးဘတ္၏ ဖေလာ္ရီဒါျပည္နယ္ စံအိမ္]

ဖေလာ္ရီဒါျပည္နယ္၊ ေနပယ္ျမိဳ႕သည္ ျဖဴလြလြ သဲေသာင္ျပင္မ်ား၊ ေအးခ်မ္းဆိတ္ျငိမ္ေသာ ဝန္းက်င္ႏွင့္ ခ်မ္း သာေသာ အသိုက္အဝန္းရွိမႈတို႔ေၾကာင့္ နာမည္ေက်ာ္ ၾကယ္ပြင့္မ်ား၊ အေက်ာ္အေမာ္မ်ား က်က္စားရာ ေနရာလည္း ျဖစ္သည္။

ထိုေဒသတြင္လည္း စပီးဘတ္သည္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။ သို႔ေသာ္ အဆိုပါအိမ္သည္ သီး သန္႔ေနရာတစ္ခုတြင္ တည္ရွိကာ အလြန္က်ယ္ဝန္းသည့္ စံအိမ္တစ္လံုးျဖစ္သည္ ဆိုျခင္းမွလြဲျပီး အျခား အခ်က္အလက္မ်ား မသိရေခ်။

(စတီဗင္ စပီးဘတ္ေမာ္ေတာ္ကား)

စပီးဘတ္ကို ေလာ့စ္အိန္ဂ်လိျမိဳ႕ဝန္းက်င္တြင္ Aston Martin DB9 ၊ Modern S Tesla ေမာ္ေတာ္ကားမ်ားႏွင့္ ေတြ႔ခဲ့ရဖူးသည္။ Modern S Tesla ကားမွာ တန္ေၾကး ေဒၚလာ ၆၀၀၀၀ ဝန္းက်င္ရွိသည္။

(စပီးဘတ္ ဘယ္ေလာက္ခ်မ္းသာလဲ)

စပီးဘတ္သည္ ရုပ္ရွုင္ဒါရိုက္တာအျဖစ္ ရုပ္ရွင္ရိုက္ကူးရာမွ ဝင္ေငြရရွိသည့္နည္းတူ သူ၏ ရုပ္ရွင္ကုမၸဏီ DreamWorks Animation မွလည္း ဝင္ေငြမ်ားရရွိသည္။

သူ၏ ရုပ္ရွင္မ်ားသည္ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ ၁၂ ဘီလီယံ ဝင္ေငြရရွိထားျပီး စပီးဘတ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃ ဒသမ ၆ ဘီလီယံရွိသည္။

(စပီးဘတ္၏ သားသမီးမ်ား)

စတီဗင္ စပီးဘတ္တြင္ သမီး ၃ ဦး၊ မယားပါသမီး ၁ ဦးႏွင့္ သား ၃ ဦးရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Steven Spielberg House Los Angeles: Photos of His Many Homes (velvetropes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service