ပေ ၆၃၀ နက်ရှိုင်းသော တွင်းခေါင်းကြီးအောက်တွင် ရှေးခေတ်တောအုပ်ကြီးတစ်ခု တွေ့ရှိ

ပေ ၆၃၀ နက်ရှိုင်းသော တွင်းခေါင်းကြီးအောက်တွင် ရှေးခေတ်တောအုပ်ကြီးတစ်ခု တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
23 May 2022 10:53 am တွင် တင်ခဲ့သည်
2891 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်၊ ကွမ်ရှီးပြည်နယ်တွင် ဂူလေ့လာရေးသမားတို့သည် အလွန်ကြီးမားသော တွင်းခေါင်းကြီး တစ်ခုထဲတွင် ကြီးမားလှသော ရှေးခေတ်တောအုပ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တွင်းခေါင်းကြီးမှာ အလျား ပေ ၁၀၀၀ ကျော်ရှိပြီး အနက်မှာ ပေ ၆၃၀ နီးပါးရှိကြောင်း အင်ဂျင်နီယာတစ်ဦး ဖြစ်သူ Zhang Yuanhai က ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

Zhang Yuanhai သည် တရုတ် ဘူမိဗေဒအကယ်ဒမီ၏ Institute of Karst Geology မှ အဆင့်မြင့် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။

စူးစမ်းလေ့လာသူတို့သည် တွင်းခေါင်းကြီး၏ ၃၂၈ ပေအနက်အထိ ကြိုးဖြင့် တွယ်ဆင်းခဲ့ကြပြီး ယင်းနောက်ပိုင်းတွင် ခြေကျင်ခရီးဆင်းသက်ခဲ့ကြကာ အောက်ခြေအထိရောက်ရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။

တွင်းခေါင်းကြီး၏ အောက်ခြေသို့ ရောက်ရှိချိန်တွင်ကား ပေ ၁၃၀ ခန့် မြင့်မားသည့် ရှေးခေတ်သစ်ပင်ကြီးများ ရှိသော လွန်စွာရှေးကျသည့် တောအုပ်ကြီးတစ်ခုကို တွေ့ခဲ့ရကြောင်း လေ့လာရေးအဖွဲ့ခေါင်းဆောင် Chen Lixin က ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ အပင်ကြီးများမှာ ထူထပ်စွာပေါက်ရောက်နေကြကြောင်းလည်း ၎င်းက ပြောသည်။

မေလ ၇ ရက်နေ့က လွှင့်တင်ခဲ့သော Twitter ဗွီဒီယိုတစ်ခုတွင် လေ့လာရေးအဖွဲ့ဝင်တို့သည် ထူထပ်လှသော သစ်ခက်သစ်ရွက်တို့အကြားမှ တွယ်တက်နေပုံနှင့် တွင်းခေါင်းကြီးအား မောင်းသူမဲ့လေယာဉ် drone တစ်ခုဖြင့် မှတ်တမ်းတင်နေကြပုံကို တွေ့ရသည်။

(တရုတ်ပြည်၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Leye-Fengshan global Geopark အတွင်းမှ ကြီးမားသည့် ထုံးကျောက်တွင်းခေါင်းကြီးတစ်ခု)

ယခုကဲ့သို့ တွင်းခေါင်းမျိုးများထဲတွင် သိပ္ပံမှတ်တမ်းမဝင်သေးသော ဒေသရင်း သစ်ပင်ပန်းမာန်နှင့် တိရ စ္ဆာန်တို့ များစွာတွေ့ရလေ့ရှိကြောင်း သုတေသီတို့က AccuWeather သို့ ပြောသည်။

“သိပ္ပံပညာမှာ ယနေ့အထိ မှတ်တမ်းမဝင်သေးတဲ့အပြင် လုံးဝမသိရသေးတဲ့ မျိုးစိတ်တွေ ဒီဂူတွေထဲမှာ ရှိနေတာကို သိရတာ ကျွန်တော်တို့ မအံ့သြပါဘူး”ဟု နယူးမက္ကဆီကိုပြည်နယ်၊ National Cave and Karst Research Institute မှ အမှုဆောင်ဒါရိုက်တာ George Veni က ပြောသည်။

မန်ဒရင်းဘာသာစကားတွင် tiankeng (ကောင်းကင်တွင်း) ဟု လူသိများသော တွင်းခေါင်းကြီးများကို တရုတ်ပြည်တောင်ပိုင်းတွင် များစွာတွေ့ရသည်။ အဆိုပါဒေသ၏ မြေမျက်နှာပြင်ကြောင့် အတွေ့များရခြင်းဖြစ်သည်။

မိုးရေက ကျောက်များကို တိုက်စားသည့်အခါ ထုံးကျောက်အလွှာများ ဖွဲ့စည်းကျန်ရစ်ခြင်းဖြစ်ကြောင်း Veni က Live Science သို့ ပြောသည်။

“ပထဝီအနေအထား၊ ရာသီဥတုနဲ့ အခြားအချက်တွေ ကွဲပြားချက်ကြောင့် ထုံးကျောက်လွှာတွေ ဖွဲ့စည်းပုံကလည်း ကြီးမားတဲ့ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။ တရုတ်ပြည်မှာဆို ထုံးကျောက်နဲ့ ဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ တွင်းခေါင်းကြီးတွေ ၊ ဂူကြီးတွေကို တွေ့ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့အခြားနေရာများတွင်မူ သင်သည်ထုံးကျောက်လွှာများအပေါ် လမ်းလျှောက်နေသည့်တိုင် တစုံတရာ သတိမထားမိနိုင်ချေ။

တွင်းခေါင်းအချို့မှာ မသိသာသောအရွယ်အစားသာရှိနိုင်ပြီး အချင်း ၁ မီတာမှ ၂ မီတာသာရှိသည့် တွင်းများလည်း ရှိသည်။

အချို့ဂူတို့၏ အဝများမှာ လွန်စွာကျဉ်းမြောင်းသောကြောင့် အတင်းတိုးဝင်ရသည့် ဂူများလည်း ရှိသည်။

ယခုတွင်းခေါင်းကြီးတွေ့ရှိရာဒေသကို ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၀၇ ခုနှစ်ကတည်းက ထည့်သွင်းခြင်းခံရသည့်နေရာဖြစ်သည်။

ယခုနေရာ၏ ထူးခြားသည့်မြေမျက်နှာသွင်ပြင်၊ ကျောက်ဖွဲ့စည်းမှု၊ ကျယ်ပြန့်သည့် လှိုဏ်ဂူများ တည်ရှိမှုတို့ကြောင့် ဖြစ်သည်။

တရုတ်ပြည်တွင် ကမ္ဘာ့အကြီးမားဆုံး တွင်းခေါင်းကြီးဖြစ်သော Xiaozhai Tiankeng အမည်ရှိ တွင်းခေါင်းကြီး တည်ရှိပြီး အနက်မှာ ပေ ၂၀၀၀ ကျော်ရှိသည်။

အဆိုပါ တွင်းခေါင်းကြီးသည် ချုံကင်းမြို့ရှိ Tiankeng Difeng အမျိုးသားဥယျာဉ်တွင် တည်ရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese cave explorers discovered a 630-foot-deep sinkhole containing a massive ancient forest (theguardian)

 

[Zawgyi]

ေပ ၆၃၀ နက္ရိႈင္းေသာ တြင္းေခါင္းႀကီးေအာက္တြင္ ေရွးေခတ္ေတာအုပ္ႀကီးတစ္ခု ေတြ႔ရွိ

တရုတ္ျပည္၊ ကြမ္ရွီးျပည္နယ္တြင္ ဂူေလ့လာေရးသမားတို႔သည္ အလြန္ၾကီးမားေသာ တြင္းေခါင္းၾကီး တစ္ခုထဲတြင္ ၾကီးမားလွေသာ ေရွးေခတ္ေတာအုပ္ၾကီးတစ္ခုကို ရွာေဖြေတြ႔ရွိခဲ့ၾကေၾကာင္း ဆင္ဟြာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

တြင္းေခါင္းၾကီးမွာ အလ်ား ေပ ၁၀၀၀ ေက်ာ္ရွိျပီး အနက္မွာ ေပ ၆၃၀ နီးပါးရွိေၾကာင္း အင္ဂ်င္နီယာတစ္ဦး ျဖစ္သူ Zhang Yuanhai က ဆင္ဟြာသတင္းဌာနသုိ႔ ေျပာသည္။

Zhang Yuanhai သည္ တရုတ္ ဘူမိေဗဒအကယ္ဒမီ၏ Institute of Karst Geology မွ အဆင့္ျမင့္ အင္ဂ်င္နီယာတစ္ဦး ျဖစ္သည္။

စူးစမ္းေလ့လာသူတို႔သည္ တြင္းေခါင္းၾကီး၏ ၃၂၈ ေပအနက္အထိ ၾကိဳးျဖင့္ တြယ္ဆင္းခဲ့ၾကျပီး ယင္းေနာက္ပိုင္းတြင္ ေျခက်င္ခရီးဆင္းသက္ခဲ့ၾကကာ ေအာက္ေျခအထိေရာက္ရန္ နာရီေပါင္းမ်ားစြာ ၾကာျမင့္ခဲ့သည္။

တြင္းေခါင္းၾကီး၏ ေအာက္ေျခသို႔ ေရာက္ရွိခ်ိန္တြင္ကား ေပ ၁၃၀ ခန္႔ ျမင့္မားသည့္ ေရွးေခတ္သစ္ပင္ၾကီးမ်ား ရွိေသာ လြန္စြာေရွးက်သည့္ ေတာအုပ္ၾကီးတစ္ခုကို ေတြ႔ခဲ့ရေၾကာင္း ေလ့လာေရးအဖြဲ႔ေခါင္းေဆာင္ Chen Lixin က ဆင္ဟြာသတင္းဌာနသုိ႔ ေျပာသည္။ အပင္ၾကီးမ်ားမွာ ထူထပ္စြာေပါက္ေရာက္ေနၾကေၾကာင္းလည္း ၎က ေျပာသည္။

ေမလ ၇ ရက္ေန႔က လႊင့္တင္ခဲ့ေသာ Twitter ဗြီဒီယိုတစ္ခုတြင္ ေလ့လာေရးအဖြဲ႔ဝင္တို႔သည္ ထူထပ္လွေသာ သစ္ခက္သစ္ရြက္တို႔အၾကားမွ တြယ္တက္ေနပံုႏွင့္ တြင္းေခါင္းၾကီးအား ေမာင္းသူမဲ့ေလယာဥ္ drone တစ္ခုျဖင့္ မွတ္တမ္းတင္ေနၾကပံုကို ေတြ႔ရသည္။

(တရုတ္ျပည္၊ Guangxi Zhuang ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ Leye-Fengshan global Geopark အတြင္းမွ ၾကီးမားသည့္ ထံုးေက်ာက္တြင္းေခါင္းၾကီးတစ္ခု)

ယခုကဲ့သို႔ တြင္းေခါင္းမ်ဳိးမ်ားထဲတြင္ သိပၸံမွတ္တမ္းမဝင္ေသးေသာ ေဒသရင္း သစ္ပင္ပန္းမာန္ႏွင့္ တိရ စၦာန္တို႔ မ်ားစြာေတြ႔ရေလ့ရွိေၾကာင္း သုေတသီတို႔က AccuWeather သုိ႔ ေျပာသည္။

“သိပၸံပညာမွာ ယေန႔အထိ မွတ္တမ္းမဝင္ေသးတဲ့အျပင္ လံုးဝမသိရေသးတဲ့ မ်ဳိးစိတ္ေတြ ဒီဂူေတြထဲမွာ ရွိေနတာကို သိရတာ ကၽြန္ေတာ္တို႔ မအံ့ၾသပါဘူး”ဟု နယူးမကၠဆီကိုျပည္နယ္၊ National Cave and Karst Research Institute မွ အမႈေဆာင္ဒါရိုက္တာ George Veni က ေျပာသည္။

မန္ဒရင္းဘာသာစကားတြင္ tiankeng (ေကာင္းကင္တြင္း) ဟု လူသိမ်ားေသာ တြင္းေခါင္းၾကီးမ်ားကို တရုတ္ျပည္ေတာင္ပိုင္းတြင္ မ်ားစြာေတြ႔ရသည္။ အဆိုပါေဒသ၏ ေျမမ်က္ႏွာျပင္ေၾကာင့္ အေတြ႔မ်ားရျခင္းျဖစ္သည္။

မိုးေရက ေက်ာက္မ်ားကို တိုက္စားသည့္အခါ ထံုးေက်ာက္အလႊာမ်ား ဖြဲ႔စည္းက်န္ရစ္ျခင္းျဖစ္ေၾကာင္း Veni က Live Science သို႔ ေျပာသည္။

“ပထဝီအေနအထား၊ ရာသီဥတုနဲ႔ အျခားအခ်က္ေတြ ကြဲျပားခ်က္ေၾကာင့္ ထံုးေက်ာက္လႊာေတြ ဖြဲ႔စည္းပံုကလည္း ၾကီးမားတဲ့ကြဲျပားခ်က္ေတြ ရွိႏိုင္ပါတယ္။ တရုတ္ျပည္မွာဆို ထံုးေက်ာက္နဲ႔ ဖြဲ႔စည္းထားတဲ့ ၾကီးမားတဲ့ တြင္းေခါင္းၾကီးေတြ ၊ ဂူၾကီးေတြကို ေတြ႔ရမွာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ကမၻာ့အျခားေနရာမ်ားတြင္မူ သင္သည္ထံုးေက်ာက္လႊာမ်ားအေပၚ လမ္းေလွ်ာက္ေနသည့္တိုင္ တစံုတရာ သတိမထားမိႏိုင္ေခ်။

တြင္းေခါင္းအခ်ဳိ႕မွာ မသိသာေသာအရြယ္အစားသာရွိႏိုင္ျပီး အခ်င္း ၁ မီတာမွ ၂ မီတာသာရွိသည့္ တြင္းမ်ားလည္း ရွိသည္။

အခ်ဳိ႕ဂူတို႔၏ အဝမ်ားမွာ လြန္စြာက်ဥ္းေျမာင္းေသာေၾကာင့္ အတင္းတိုးဝင္ရသည့္ ဂူမ်ားလည္း ရွိသည္။

ယခုတြင္းေခါင္းၾကီးေတြ႔ရွိရာေဒသကို ယူနက္စကိုအဖြဲ႔ၾကီးက ကမၻာ့အေမြအႏွစ္စာရင္းတြင္ ၂၀၀၇ ခုႏွစ္ကတည္းက ထည့္သြင္းျခင္းခံရသည့္ေနရာျဖစ္သည္။

ယခုေနရာ၏ ထူးျခားသည့္ေျမမ်က္ႏွာသြင္ျပင္၊ ေက်ာက္ဖြဲ႔စည္းမႈ၊ က်ယ္ျပန္႔သည့္ လႈိဏ္ဂူမ်ား တည္ရွိမႈတို႔ေၾကာင့္ ျဖစ္သည္။

တရုတ္ျပည္တြင္ ကမၻာ့အၾကီးမားဆံုး တြင္းေခါင္းၾကီးျဖစ္ေသာ Xiaozhai Tiankeng အမည္ရွိ တြင္းေခါင္းၾကီး တည္ရွိျပီး အနက္မွာ ေပ ၂၀၀၀ ေက်ာ္ရွိသည္။

အဆိုပါ တြင္းေခါင္းၾကီးသည္ ခ်ံဳကင္းျမိဳ႕ရွိ Tiankeng Difeng အမ်ဳိးသားဥယ်ာဥ္တြင္ တည္ရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese cave explorers discovered a 630-foot-deep sinkhole containing a massive ancient forest (theguardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service