သားဖြစ်သူ မိန်းမမြန်မြန်ရရန် ဖခင်က နေအိမ် အလုံး ၂၀ ပေး

သားဖြစ်သူ မိန်းမမြန်မြန်ရရန် ဖခင်က နေအိမ် အလုံး ၂၀ ပေး - Property News in Myanmar from iMyanmarHouse.com
20 May 2022 10:55 am တွင် တင်ခဲ့သည်
1017 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဤဓာတ်ပုံသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ တရုတ်ပြည်အရှ့ပိုင်း ရှန်တုံပြည်နယ်၊ ကျိနန်မြို့ရှိ ကြင်ဖက်ရှာဖွေရန် စီစဉ်ပေးထားသည့်နေရာတွင် ချစ်သူရည်းစားမရှိသေးသူများက ခင်းကျင်းပြသထားသော ကိုယ်ရေးအချက်အလက်ဓာတ်ပုံများအား စုရုံးကြည့်ရှုနေကြပုံ ဖြစ်သည်။)

တရုတ်ပြည်၏ လူဦးရေတိုးပွားနှုန်းမှာ ၆၁ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာနေကာ မိဘများမှာ ၎င်းတို့၏ သားသမီးများ ဘဝလက်တွဲဖော်ရစေရန် အပြင်းအထန် ကြိုးပမ်းလာကြသည်။

ထိုသို့ကြိုးပမ်းမှုများအနက် ဖခင်တစ်ဦး၏ ကြိုးစားမှုမှာမူ အများထက် ထူးခြားလာသည်။

ဟီဘေးပြည်နယ်မှ ဖခင်တစ်ဦးသည် အိမ်ထောင်ဖက်ရှာဖွေရေးနေရာတစ်ခုသို့ ၎င်း၏ အသက် ၂၄ နှစ်ရှိပြီဖြစ်သော သားဖြစ်သူ ဇနီးရရန် ဆွဲဆောင်နိုင်ရေးရည်ရွယ်ကာ အိမ်ခြံမြေစာချုပ် ၂၀ ကျော်နှင့်အတူ ရောက်လာခဲ့ကြောင်း တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် Jimu News တွင် ဖော်ပြခဲ့သည်။

ထိုသို့သော ကြင်ဖက်ရှာနေရာများသည် အများပြည်သူပိုင်နေရာများတွင် ပြုလုပ်လေ့ရှိပြီး တရုတ်ပြည်တစ်လွှား မြို့ကြီး၊ မြို့ငယ်များတွင် တွေ့ရလေ့ရှိသည်။

ထိုနေရာများတွင် မိဘတို့က ၎င်းတို့၏ သားသမီးများအတွက် အလားအလာရှိမည့် လက်တွဲဖက်များ ရှာဖွေရန် လာရောက်လေ့ရှိကြသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တစ်ခု၌ တွေ့ရသည်မှာ အဆိုပါဖခင်က စာရွက်စာတမ်းအထပ်လိုက် ပါဝင်သော ပန်းရောင်လက်ဆွဲအိတ်တစ်လုံးကို သယ်ဆောင်ပြသနေပုံအား တွေ့ရသည်။

ဖခင်ဖြစ်သူ၏ ပြောကြားချက်အရ အဆိုပါအိတ်အတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံအများအပြား၏ စာချုပ်များ ပါဝင်သည်ဟု ဆိုသည်။

ထိုဗွီဒီယိုသည် တရုတ်ပြည်၏ Twitter ဟု ဆိုနိုင်သော Weibo လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၇၈ သန်းကျော် ရှိခဲ့သည်။

(ဖူးစာဖက်ရှာဖွေရေးနေရာသို့ ဖခင်ဖြစ်သူက ယူဆောင်လာခဲ့သည့် အိမ်ခြံမြေစာချုပ်များစွာ ပါဝင်သော ပန်းရောင်လက်ဆွဲအိတ်)

“ဖခင်ဖြစ်သူက ကြွားဝါလိုတာ မဟုတ်ပါဘူး။ သူက ချွေးမရှာဖို့ သူ့ရဲ့ ရိုးသားတဲ့ဆန္ဒကို ပြလိုရုံသာဖြစ်ပါတယ်”ဟု ဖခင်ဖြစ်သူပေးသော အချက်အလက်အပြည့်အစုံကို မှတ်တမ်းတင် စာရင်းသွင်းခဲ့သူ၊ ဖူးစာဖက်ရှာဖွေပေးသူ ဝမ်က Jimu News သတင်းဌာနသို့ ပြောသည်။

“သူ့သားမှာ တည်ငြိမ်ခိုင်မာတဲ့အလုပ်တစ်ခုရှိပြီး အရည်အချင်းကောင်းတွေ အများကြီးရှိတယ်လို့ သူက ပြောပါတယ်” သို့သော် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုနှင့် စပ်လျဉ်းပြီး မိဘတို့အနေဖြင့် သားသမီးများ အိမ်ထောင်ဖက်ရှာဖွေရေးအတွက် အသုံးပြုနိုင်သည့်နည်းလမ်းများအပေါ် မေးခွန်းများ ပေါ်ပေါက်လာစေသည်။

“ဒီလိုမျိုး ဖိအားပေးတာကတော့ အရမ်းများပါတယ်။ သားဖြစ်သူက အိမ်ထောင်မပြုချင်တော့တာမျိုးတောင် ဖြစ်စေနိုင်ပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ကွန်မန့်ရေးသား မှတ်ချက်ပြုသည်။

ယခုလုပ်ရပ်သည် ပြိုင်ဆိုင်မှု ပုံသဏ္ဍာန်သစ်တစ်ခု မွေးဖွားလာစေနိုင်ကြောင်း ဝေဖန်ကြသည်။

ယခုခြေလှမ်းမှာ လူပျိုတို့ အိမ်ထောင်ပြုနိုင်ရန်အတွက် အမြင့်ဆုံးသတ်မှတ်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ထားသည်။

ယခုအခါ တရုတ်ပြည်တွင် အိမ်ထောင်ပြုခြင်းများ ရှောင်ကြဉ်မှု မြင့်တက်လာကာ လွန်ခဲ့သော ၈ နှစ်တာအတွင်း အိမ်ထောင်ပြုမှုနှုန်းထား အနိမ့်ပါးဆုံးဖြစ်လျက်ရှိသော ကာလမျိုးလည်း ဖြစ်သည်။

လူဦးရေကျဆင်းလာမှုကြောင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် တရုတ်အစိုးရက ဇနီးမောင်နှံစုံတွဲများအား ကလေး ၃ ဦးအထိ ယူခွင့်ရစေရန် ဥပဒေပြောင်းလဲပေးခဲ့သည်။

တရုတ်ပြည်၏ ယဉ်ကျေးမှုဓလေ့အရ မိန်းကလေးများကို အသက် ၃၀ မတိုင်မီ လက်ထပ်ကြသည်။

အကယ်၍ အသက် ၂၇ နှစ်ကျော်သည့်တိုင် လက်မထပ်ရသေးပါက ထိုမိန်းကလေးကို ရှန်နုဟု ခေါ်ကြသည်။

အဓိပ္ပာယ်မှာ အကြွင်းအကျန်မိန်းကလေးဟု အဓိပ္ပာယ်ရသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Father gifts son 20 real estate properties to help him attract a wife (nypost)

 

[Zawgyi]

သားျဖစ္သူ မိန္းမျမန္ျမန္ရရန္ ဖခင္က ေနအိမ္ အလံုး ၂၀ ေပး

 

(ဤဓာတ္ပံုသည္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္က ရိုက္ကူးထားသည့္ ဓာတ္ပံုျဖစ္သည္။ တရုတ္ျပည္အရွ႕ပိုင္း ရွန္တံုျပည္နယ္၊ က်ိနန္ျမိဳ႕ရွိ ၾကင္ဖက္ရွာေဖြရန္ စီစဥ္ေပးထားသည့္ေနရာတြင္ ခ်စ္သူရည္းစားမရွိေသးသူမ်ားက ခင္းက်င္းျပသထားေသာ ကိုယ္ေရးအခ်က္အလက္ဓာတ္ပံုမ်ားအား စုရံုးၾကည့္ရႈေနၾကပံု ျဖစ္သည္။)

တရုတ္ျပည္၏ လူဦးေရတိုးပြားႏႈန္းမွာ ၆၁ ႏွစ္တာအတြင္း အနိမ့္ဆံုးသုိ႔ က်ဆင္းလာေနကာ မိဘမ်ားမွာ ၎တို႔၏ သားသမီးမ်ား ဘဝလက္တြဲေဖာ္ရေစရန္ အျပင္းအထန္ ၾကိဳးပမ္းလာၾကသည္။

ထိုသို႔ၾကိဳးပမ္းမႈမ်ားအနက္ ဖခင္တစ္ဦး၏ ၾကိဳးစားမႈမွာမူ အမ်ားထက္ ထူးျခားလာသည္။

ဟီေဘးျပည္နယ္မွ ဖခင္တစ္ဦးသည္ အိမ္ေထာင္ဖက္ရွာေဖြေရးေနရာတစ္ခုသို႔ ၎၏ အသက္ ၂၄ ႏွစ္ရွိျပီျဖစ္ေသာ သားျဖစ္သူ ဇနီးရရန္ ဆြဲေဆာင္ႏိုင္ေရးရည္ရြယ္ကာ အိမ္ျခံေျမစာခ်ဳပ္ ၂၀ ေက်ာ္ႏွင့္အတူ ေရာက္လာခဲ့ေၾကာင္း တရုတ္သတင္းဌာနတစ္ခုျဖစ္သည့္ Jimu News တြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ေသာ ၾကင္ဖက္ရွာေနရာမ်ားသည္ အမ်ားျပည္သူပိုင္ေနရာမ်ားတြင္ ျပဳလုပ္ေလ့ရွိျပီး တရုတ္ျပည္တစ္လႊား ျမိဳ႕ၾကီး၊ ျမိဳ႕ငယ္မ်ားတြင္ ေတြ႔ရေလ့ရွိသည္။

ထိုေနရာမ်ားတြင္ မိဘတို႔က ၎တို႔၏ သားသမီးမ်ားအတြက္ အလားအလာရွိမည့္ လက္တြဲဖက္မ်ား ရွာေဖြရန္ လာေရာက္ေလ့ရွိၾကသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ ဗြီဒီယိုဖိုင္တစ္ခု၌ ေတြ႔ရသည္မွာ အဆိုပါဖခင္က စာရြက္စာတမ္းအထပ္လိုက္ ပါဝင္ေသာ ပန္းေရာင္လက္ဆြဲအိတ္တစ္လံုးကို သယ္ေဆာင္ျပသေနပံုအား ေတြ႔ရသည္။

ဖခင္ျဖစ္သူ၏ ေျပာၾကားခ်က္အရ အဆိုပါအိတ္အတြင္း ကူးသန္းေရာင္းဝယ္ေရးဆုိင္ရာ အေဆာက္အအံုအမ်ားအျပား၏ စာခ်ဳပ္မ်ား ပါဝင္သည္ဟု ဆိုသည္။

ထိုဗီြဒီယိုသည္ တရုတ္ျပည္၏ Twitter ဟု ဆိုႏိုင္ေသာ Weibo လူမႈကြန္ရက္တြင္ အလြန္ပ်ံ႕ႏွံ႔ခဲ့ျပီး ၾကည့္ရႈမႈအၾကိမ္ေရ ၇၈ သန္းေက်ာ္ ရွိခဲ့သည္။

(ဖူးစာဖက္ရွာေဖြေရးေနရာသို႔ ဖခင္ျဖစ္သူက ယူေဆာင္လာခဲ့သည့္ အိမ္ျခံေျမစာခ်ဳပ္မ်ားစြာ ပါဝင္ေသာ ပန္းေရာင္လက္ဆြဲအိတ္)

“ဖခင္ျဖစ္သူက ၾကြားဝါလိုတာ မဟုတ္ပါဘူး။ သူက ေခၽြးမရွာဖို႔ သူ႔ရဲ႕ ရိုးသားတဲ့ဆႏၵကို ျပလိုရံုသာျဖစ္ပါတယ္”ဟု ဖခင္ျဖစ္သူေပးေသာ အခ်က္အလက္အျပည့္အစံုကို မွတ္တမ္းတင္ စာရင္းသြင္းခဲ့သူ၊ ဖူးစာဖက္ရွာေဖြေပးသူ ဝမ္က Jimu News သတင္းဌာနသို႔ ေျပာသည္။

“သူ႔သားမွာ တည္ျငိမ္ခိုင္မာတဲ့အလုပ္တစ္ခုရွိျပီး အရည္အခ်င္းေကာင္းေတြ အမ်ားၾကီးရွိတယ္လို႔ သူက ေျပာပါတယ္” သို႔ေသာ္ အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ ဗြီဒီယိုႏွင့္ စပ္လ်ဥ္းျပီး မိဘတို႔အေနျဖင့္ သားသမီးမ်ား အိမ္ေထာင္ဖက္ရွာေဖြေရးအတြက္ အသံုးျပဳႏိုင္သည့္နည္းလမ္းမ်ားအေပၚ ေမးခြန္းမ်ား ေပၚေပါက္လာေစသည္။

“ဒီလိုမ်ဳိး ဖိအားေပးတာကေတာ့ အရမ္းမ်ားပါတယ္။ သားျဖစ္သူက အိမ္ေထာင္မျပဳခ်င္ေတာ့တာမ်ဳိးေတာင္ ျဖစ္ေစႏိုင္ပါတယ္” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက ကြန္မန္႔ေရးသား မွတ္ခ်က္ျပဳသည္။

ယခုလုပ္ရပ္သည္ ျပိဳင္ဆိုင္မႈ ပံုသ႑ာန္သစ္တစ္ခု ေမြးဖြားလာေစႏိုင္ေၾကာင္း ေဝဖန္ၾကသည္။

ယခုေျခလွမ္းမွာ လူပ်ဳိတို႔ အိမ္ေထာင္ျပဳႏိုင္ရန္အတြက္ အျမင့္ဆံုးသတ္မွတ္ခ်က္ၾကီးတစ္ခု ျဖစ္လာႏိုင္ေၾကာင္း လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက ေဝဖန္ထားသည္။

ယခုအခါ တရုတ္ျပည္တြင္ အိမ္ေထာင္ျပဳျခင္းမ်ား ေရွာင္ၾကဥ္မႈ ျမင့္တက္လာကာ လြန္ခဲ့ေသာ ၈ ႏွစ္တာအတြင္း အိမ္ေထာင္ျပဳမႈႏႈန္းထား အနိမ့္ပါးဆံုးျဖစ္လ်က္ရွိေသာ ကာလမ်ဳိးလည္း ျဖစ္သည္။

လူဦးေရက်ဆင္းလာမႈေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လတြင္ တရုတ္အစိုးရက ဇနီးေမာင္ႏွံစံုတြဲမ်ားအား ကေလး ၃ ဦးအထိ ယူခြင့္ရေစရန္ ဥပေဒေျပာင္းလဲေပးခဲ့သည္။

တရုတ္ျပည္၏ ယဥ္ေက်းမႈဓေလ့အရ မိန္းကေလးမ်ားကို အသက္ ၃၀ မတိုင္မီ လက္ထပ္ၾကသည္။

အကယ္၍ အသက္ ၂၇ ႏွစ္ေက်ာ္သည့္တိုင္ လက္မထပ္ရေသးပါက ထိုမိန္းကေလးကို ရွန္ႏုဟု ေခၚၾကသည္။

အဓိပၸာယ္မွာ အၾကြင္းအက်န္မိန္းကေလးဟု အဓိပၸာယ္ရသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Father gifts son 20 real estate properties to help him attract a wife (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service