မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားတွင် တွဲဖက်ညီခဲ့သော Hyun Bin နှင့် Son ye jin တို့ စံအိမ်

မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားတွင် တွဲဖက်ညီခဲ့သော Hyun Bin နှင့် Son ye jin တို့ စံအိမ် - Property News in Myanmar from iMyanmarHouse.com
18 May 2022 11:24 am တွင် တင်ခဲ့သည်
7465 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာပရိသတ်များအကြား ဗိုလ်ကြီးဟု နာမည်ကြီးခဲ့သော Crash Landing On You (2019) ဇာတ်ကားတွင် မြောက်ကိုရီးယားဗိုလ်ကြီး Lee Jung Hyuk နှင့် တောင်ကိုရီးယားမှ သူဌေးသမီး Yoon Se-Ri အဖြစ် သရုပ်ဆောင်ခဲ့ကြသော Hyun Bin နှင့် Son ye jin တို့ ဇနီးမောင်နှံ၏ ဇာတ်ကားမှာ မြန်မာပရိသတ်များအကြား အကြီးအကျယ်ရေပန်းစားခဲ့သည်။

(Son Ye Jin)

Son Ye-jin သည် ကျော်ကြား၊ လှပ၊ အရည်အချင်းရှိကာ ချမ်းသာကြွယ်ဝသော တောင်ကိုရီးယား ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

တန်ဖိုးကြီး အိမ်ခြံမြေ အများအပြားပိုင်ဆိုင်ထားပြီး သူ၏ စံအိမ်အတွင်း နေရာလပ်မကျန် ထောင့်စေ့အောင် ဂရုတစိုက် ထိန်းသိမ်းမွမ်းမံတတ်သူလည်း ဖြစ်ကာ အလှတရား၏ အသေးစိတ် သိမ်မွေ့နူးညံ့ပုံကို Son Ye-jin က ပြသခဲ့သည်။

ရုပ်သံအစီအစဉ်တစ်ခုတွင် Son Ye-jin က သူ၏ ပန်းဥယျာဉ်၊ ဧည့်ခန်းနှင့် မီးဖိုဆောင်တို့ကို ထုတ်ဖော်ပြသခဲ့သည်။

နေအိမ်တွင်းရှိ ပရိဘောဂအားလုံးကို Son Ye-jin ကိုယ်တိုင်ရွေးချယ်ဝယ်ယူ ခင်းကျင်းထားရှိခြင်း ဖြစ်သည်။

ကိုရီးယားပရိသတ်များစွာက Son Ye-jin ၏ အိမ်တွင်းမွမ်းမံထားရှိသော ထူးခြားသည့်ပစ္စည်းများကို အလွန်စိတ်ဝင်စားခဲ့ကြသည်။

(နေအိမ်တည်နေရာ)

Son Ye-jin နေထိုင်သော လူနေခန်းမှာ ဆိုးလ်မြို့တော်၊ ဂမ်းနမ်းခရိုင်၊ Samsungdong အရပ်တွင် တည်ရှိပြီး အခန်း ၁၄ ခန်းပါသည့် အဆောက်အအုံတစ်ခုတွင်ဖြစ်ကာ Son Ye-jin ၏ အခန်းမှာ ပန်းဥယျာဉ်တစ်ခု ပါဝင်ပြီး အကျယ်ဝန်းဆုံးလည်း ဖြစ်သည်။

ပန်းဥယျာဉ်နေရာမှာ သူအနှစ်သက်ဆုံးနေရာဖြစ်ပြီး ထိုနေရာတွင် Son Ye-jin က သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံလေ့ရှိသည်။

(ဧည့်ခန်း)

ဧည့်ခန်းတွင် ဆင်စွယ်ဖြူရောင် Edra အမှတ်တံဆိပ် ဆိုဖာခုံရှိပြီး ဝမ်ငွေ ၁၄ သန်း တန်ကြေးရှိသည်။

ဆိုဖာခုံများကို မိမိနှစ်သက်ရာ ပုံသဏ္ဍာန်မျိုးစုံ ထားရှိခင်းကျင်းနိုင်သည်။ Foscarini အမှတ်တံဆိပ် မီးအိမ်တစ်ခုလည်း ဧည့်ခန်းတွင်ရှိပြီး ဝမ်ငွေ ၂ ဒသမ ၂ သန်း တန်ကြေးရှိသည်။

ငါးမျှားတံအသွင် ဒီဇိုင်းဖော်ထားခြင်းဖြစ်ပြီး ထူးခြားဆန်းပြားသည့်ဒီဇိုင်းအတွက် နာမည်ကျော်ကာ အလွန်လိုချင်စဖွယ် ရှိသည်။

လိမ္မော်ရောင် ဘဲဥပုံ ထိုင်ခုံမှာ ဒိန်းမတ်နိုင်ငံမှ Fritz Hanson ကုမ္ပဏီထုတ်ဖြစ်ပြီး နွား ၂ ကောင်၏ သားရေများကို ဆက်ကာပြုလုပ်ထားသည့် Handmade ထိုင်ခုံတစ်လုံးဖြစ်ကာ တန်ကြေး ဝမ်ငွေ ၁၉ သန်း ဖြစ်သည်။

အရောင်ပြောင်း မှန်စားပွဲမှာ အီတလီနိုင်ငံ၊ Glas ကုမ္ပဏီထုတ်ဖြစ်ပြီး ဝမ်ငွေ ၈ သန်းတန်သည်။

စိတ်ဝင်စားဖွယ်တိုက်ဆိုင်မှုမှာ မြောက်ကိုရီးယားဗိုလ်ကြီး ဇာတ်လမ်းတွဲတွင် Son Ye-jin သရုပ်ဆောင်ခဲ့သော ဇာတ်ဆောင်မိန်းကလေးတွင်လည်း အဆိုပါ စားပွဲမျိုးတစ်လုံး ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

နံရံရှိ ပန်းချီကားမှာ နာမည်ကြီး ပန်းချီကျော် Woo Kuk Won ၏ လက်ရာဖြစ်သည်။

Woo Kuk Won သည် JoongAng True American ဆုရ ပန်းချီကျော်ဖြစ်ပြီး ကိုရီးယားထိပ်တန်း ပန်းချီပြတိုက်များတွင် သူ၏လက်ရာများ ထည့်သွင်းပြသခံရသူ ဖြစ်သည်။

Son Ye-jin သည် ဧည့်ခန်းအတွက် အဖြူရောင်ကို အဓိကရွေးချယ်ထားရာ ကျယ်ဝန်းမှု၊ လင်းလင်းချင်းချင်းရှိမှု၊ သက်တောင့်သက်သာ ဇိမ်ရှိမှု ခံစားချက်များ ရရှိစေသည်။

ဧည့်ခန်းထောင့်တစ်နေရာတွင် ထူးခြားသော နာရီတစ်လုံးကို တွေ့ရသည်။ Nomon Barcelona အမှတ်တံဆိပ် ဖြစ်ပြီး Minimalism ဒီဇိုင်းဖြစ်သော်လည်း အထင်ကြီးဖွယ်ဖြစ်ကာ ဗဟိုဆုံချက် ခံစားချက်ရရှိစေသည်။

(မီးဖိုဆောင်)

Son Ye-jin ၏ ပန်းကန်ထားရှိသည့်စင်မှာ ဂန္ထဝင်ဆန်ပြီး ပြင်သစ်မှ Moissonier အမှတ်တံဆိပ် စာအုပ်စင်ဖြစ်သည်။

အဆိုပါ အမှတ်တံဆိပ်သည် ၁၅ ရာစုနှင့် ၁၆ ရာစုများက များစွာကျော်ကြားခဲ့သည့် Rococo စတိုင်အား ခေတ်မီအသွင်ပြောင်းထားခြင်း ဖြစ်သည်။

၎င်းတို့၏ ထုတ်ကုန်များမှာ တန်ဖိုးကြီးသစ်များဖြင့် ပြုလုပ်သည့် Handmade ဖြစ်သည်။

Son Ye-jin က Astier de Villatte အမှတ်တံဆိပ် တန်ဖိုးကြီး ပန်းကန်ပြားများကို အသုံးပြုသည်။စင်၏ တန်ကြေးမှာ ဝမ်ငွေ ၁၄ သန်း ဖြစ်သည်။

(ညစာစားခန်း)

ညစာစား စားပွဲမှာ ဒိန်းမတ်ထုတ် Fritz Hanson အမှတ်တံဆိပ်ဖြစ်ပြီး ဝမ်ငွေ ၁၅ သန်းမှ ၁၆ သန်းကြား တန်သည်။

ကုလားထိုင်များကို ဆွစ်ဇာလန် ဗိသုကာပညာရှင် Pierre Jeanneret က ဒီဇိုင်းရေးဆွဲကာ မြန်မာ့ကျွန်းသစ်၊ အိန္ဒိယနှင်းဆီသားတို့ဖြင့် ပြုလုပ်ထားသည်။

ကိုရီးယားပြည်တွင်းအမှတ်တံဆိပ် Subzero ရေခဲသေတ္တာမှာ Handmade ဖြစ်ပြီး စုစုပေါင်း အလုံးရေ ၈၀ သာ ထုတ်လုပ်ထားသည်။ တန်ကြေးမှာ ဝမ်ငွေ သန်း ၃၀ ဖြစ်သည်။

၎င်း၏ဘေးတွင် FAB5 အနီရောင် ရေခဲသေတ္တာအသေးတစ်လုံးရှိပြီး တန်ကြေး ဝမ်ငွေ ၁ ဒသမ ၃၅ သန်း ဖြစ်သည်။

ညစာစားခန်းမှ ထူးခြားသည့်အရာမှာ ခေတ်ပေါ်ဒီဇိုင်း မီးပန်းဆိုင်းကြီးဖြစ်ပြီး Louis Poulsen ထုတ်ဖြစ်ကာ တန်ကြေး ဝမ်ငွေ ၁၇ ဒသမ ၃ သန်း ရှိသည်။

(စုဆောင်းမှု ဝါသနာ)

Yoon Seri ဇာတ်ကောင်အတိုင်းပင် Son Ye-jin သည် ရနံ့မွှေးသောဖယောင်းတိုင်များကို နှစ်သက်မြတ်နိုးသူ ဖြစ်သည်။

တန်ဖိုးကြီး ဖယောင်းတိုင်အမှတ်တံဆိပ်များဖြစ်သော Buly 1803 , Jo Malone, Astier de Villatte , Maison des Borgies တို့မှ ထုတ်လုပ်သော ဖယောင်းအိုးများအပြင် လက်လုပ်ဖယောင်းတိုင်များကိုလည်း Son Ye-jin က နှစ်သက်၏။

Son Ye-jin သည် များစွာသော အမွှေးပွ ယုန်ရုပ်များ၊ အရုပ်များ၊ ပန်းကန်များ၊ ဇွန်းခရင်းဓားများကိုလည်း စုဆောင်းထားကာ ထိုအရာတို့မှတဆင့် သူ၏ နူးညံ့သိမ်မွေ့မှုနှင့် မိန်းမဆန်မှုတို့ကို တွေ့နိုင်သည်။

Son Ye-jin ၏ ဧည့်ခန်းတွင် ပန်းပြတ်သည်ဟု မရှိချေ။

အထူးသဖြင့် Son Ye-jin အနှစ်သက်ဆုံးမှာ ပီယိုနီပန်းများ ဖြစ်သည်။

Son ye-jin သည် အလှအပကိုလည်း ဂရုတစိုက်ထိန်းသိမ်းတတ်သူ ဖြစ်၏။ အချစ်၊ အိမ်ထောင်ရေးနှင့် ပတ်သက်၍ Son Ye-jin ပြောဖူးသည်မှာ ထိုအရာတို့သည် ဘဝကို နှမ်းဖြူးခြင်းမျိုးသာဖြစ်ကြောင်း၊ ထိုအရာများမရှိလျှင်လည်း တစ်ဦးတည်း ရှင်သန်နိုင်ကြကြောင်း ပြောဖူးသည်။

သို့သော် နှစ်ဦးသားဘဝမှာမူ အံ့ဖွယ်ရာဘဝမျိုးဖြစ်ပြီး ချစ်ခြင်းမေတ္တာတရားမှာ လင်းလက်တောက်ပလာသည်ဟု ဆိုသည်။

ဤသည်ကား ကိုရီးယားကြယ်ပွင့် Hyun Bin အတွက် နူးညံ့လှပသည့် ချစ်ခြင်းတရား ဆောင်ကြဉ်းပေးသူ Son Ye-jin ဖြစ်လေသည်။

မင်းရှိရာကိုဆင်းသက်မယ် (Crash Landing On You -2019)

စီးပွားရေးလုပ်ငန်းများစွာ၏ ဆက်ခံသူဖြစ်သော တောင်ကိုရီးယားမိန်းကလေးတစ်ဦးနှင့် မြောက်ကိုရီးယားမှ အဆင့်မြင့် စစ်တပ်အရာရှိ ကောင်လေးတို့ကြားမှ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

Yoon Se-Ri ( Son Ye-Jin) သည် ချောမော၊ လိမ္မာပါးနပ်ပြီး ချမ်းသာသော မိသားစုတွင် မွေးဖွားလာသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

ကိုယ်တိုင်ကြိုးပမ်းမှုဖြင့် အောင်မြင်သော ဖက်ရှင်အမှတ်တံဆိပ်ကို ထုတ်လုပ်ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ ထက်မြက်သူ Se Ri သည် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများစွာ၏ ဆက်ခံသူ မိန်းကလေးလည်းဖြစ်သည်။

တစ်နေ့တွင် လေထီးခုန်စဉ် လေပြင်းတိုက်ခတ်မှုကြောင့် Se Ri မှာ မြောက်ကိုရီးယား ပိုင်နက်အတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသည်။

ထိုအခါ Se Ri တစ်ယောက် Lee Jung Hyuk ( Hyun Bin ) နဲ့ ဆုံစည်းခဲ့ရတော့သည်။

Lee Jung Hyuk ( Hyun Bin ) က မြောက်ကိုရီးယား စစ်တပ်အရာရှိတစ်ဦး ဖြစ်၏။

Jung Hyuk သည် Se Ri ကယ်တင်ပေးသည့်အပြင် ဝှက်ထားပေးခဲ့ပြီး ကာကွယ်ပေးဖို့ကြိုးစားပါတော့သည်။

ထိုသို့ဖြင့် Jung Hyuk တစ်ယောက် Se Ri ကို ချစ်မိသွားသောအခါ....။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Revealing the living space of son ye jins house Shows that the owner is extremely delicate and skillful (loveknews)

 

 

[Zawgyi]

ေျမာက္ကိုရီးယားဗိုလ္ႀကီးဇာတ္ကားတြင္ တြဲဖက္ညီခဲ့ေသာ Hyun Bin ႏွင့္ Son ye jin တို႔ စံအိမ္

 

ျမန္မာပရိသတ္မ်ားအၾကား ဗိုလ္ၾကီးဟု နာမည္ၾကီးခဲ့ေသာ Crash Landing On You (2019) ဇာတ္ကားတြင္ ေျမာက္ကိုရီးယားဗိုလ္ၾကီး Lee Jung Hyuk ႏွင့္ ေတာင္ကိုရီးယားမွ သူေဌးသမီး Yoon Se-Ri အျဖစ္ သရုပ္ေဆာင္ခဲ့ၾကေသာ Hyun Bin ႏွင့္ Son ye jin တုိ႔ ဇနီးေမာင္ႏွံ၏ ဇာတ္ကားမွာ ျမန္မာပရိသတ္မ်ားအၾကား အၾကီးအက်ယ္ေရပန္းစားခဲ့သည္။

(Son Ye Jin)

Son Ye-jin သည္ ေက်ာ္ၾကား၊ လွပ၊ အရည္အခ်င္းရွိကာ ခ်မ္းသာၾကြယ္ဝေသာ ေတာင္ကိုရီးယား ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။

တန္ဖိုးၾကီး အိမ္ျခံေျမ အမ်ားအျပားပိုင္ဆိုင္ထားျပီး သူ၏ စံအိမ္အတြင္း ေနရာလပ္မက်န္ ေထာင့္ေစ့ေအာင္ ဂရုတစိုက္ ထိန္းသိမ္းမြမ္းမံတတ္သူလည္း ျဖစ္ကာ အလွတရား၏ အေသးစိတ္ သိမ္ေမြ႔ႏူးညံ့ပံုကို Son Ye-jin က ျပသခဲ့သည္။

ရုပ္သံအစီအစဥ္တစ္ခုတြင္ Son Ye-jin က သူ၏ ပန္းဥယ်ာဥ္၊ ဧည့္ခန္းႏွင့္ မီးဖိုေဆာင္တို႔ကို ထုတ္ေဖာ္ျပသခဲ့သည္။

ေနအိမ္တြင္းရွိ ပရိေဘာဂအားလံုးကို Son Ye-jin ကိုယ္တိုင္ေရြးခ်ယ္ဝယ္ယူ ခင္းက်င္းထားရွိျခင္း ျဖစ္သည္။

ကိုရီးယားပရိသတ္မ်ားစြာက Son Ye-jin ၏ အိမ္တြင္းမြမ္းမံထားရွိေသာ ထူးျခားသည့္ပစၥည္းမ်ားကို အလြန္စိတ္ဝင္စားခဲ့ၾကသည္။

(ေနအိမ္တည္ေနရာ)

Son Ye-jin ေနထိုင္ေသာ လူေနခန္းမွာ ဆိုးလ္ျမိဳ႕ေတာ္၊ ဂမ္းနမ္းခရိုင္၊ Samsungdong အရပ္တြင္ တည္ရွိျပီး အခန္း ၁၄ ခန္းပါသည့္ အေဆာက္အအံုတစ္ခုတြင္ျဖစ္ကာ Son Ye-jin ၏ အခန္းမွာ ပန္းဥယ်ာဥ္တစ္ခု ပါဝင္ျပီး အက်ယ္ဝန္းဆံုးလည္း ျဖစ္သည္။

ပန္းဥယ်ာဥ္ေနရာမွာ သူအႏွစ္သက္ဆံုးေနရာျဖစ္ျပီး ထိုေနရာတြင္ Son Ye-jin က သူငယ္ခ်င္းမ်ားႏွင့္ မၾကာခဏ ေတြ႔ဆံုေလ့ရွိသည္။

(ဧည့္ခန္း)

ဧည့္ခန္းတြင္ ဆင္စြယ္ျဖဴေရာင္ Edra အမွတ္တံဆိပ္ ဆိုဖာခံုရွိျပီး ဝမ္ေငြ ၁၄ သန္း တန္ေၾကးရွိသည္။

ဆိုဖာခံုမ်ားကို မိမိႏွစ္သက္ရာ ပံုသ႑ာန္မ်ဳိးစံု ထားရွိခင္းက်င္းႏိုင္သည္။ Foscarini အမွတ္တံဆိပ္ မီးအိမ္တစ္ခုလည္း ဧည့္ခန္းတြင္ရွိျပီး ဝမ္ေငြ ၂ ဒသမ ၂ သန္း တန္ေၾကးရွိသည္။

ငါးမွ်ားတံအသြင္ ဒီဇိုင္းေဖာ္ထားျခင္းျဖစ္ျပီး ထူးျခားဆန္းျပားသည့္ဒီဇိုင္းအတြက္ နာမည္ေက်ာ္ကာ အလြန္လိုခ်င္စဖြယ္ ရွိသည္။

လိေမၼာ္ေရာင္ ဘဲဥပံု ထိုင္ခံုမွာ ဒိန္းမတ္ႏိုင္ငံမွ Fritz Hanson ကုမၸဏီထုတ္ျဖစ္ျပီး ႏြား ၂ ေကာင္၏ သားေရမ်ားကို ဆက္ကာျပဳလုပ္ထားသည့္ Handmade ထုိင္ခံုတစ္လံုးျဖစ္ကာ တန္ေၾကး ဝမ္ေငြ ၁၉ သန္း ျဖစ္သည္။ အေရာင္ေျပာင္း မွန္စားပြဲမွာ အီတလီႏိုင္ငံ၊ Glas ကုမၸဏီထုတ္ျဖစ္ျပီး ဝမ္ေငြ ၈ သန္းတန္သည္။

စိတ္ဝင္စားဖြယ္တိုက္ဆိုင္မႈမွာ ေျမာက္ကိုရီးယားဗိုလ္ၾကီး ဇာတ္လမ္းတြဲတြင္ Son Ye-jin သရုပ္ေဆာင္ခဲ့ေသာ ဇာတ္ေဆာင္မိန္းကေလးတြင္လည္း အဆိုပါ စားပြဲမ်ဳိးတစ္လံုး ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

နံရံရွိ ပန္းခ်ီကားမွာ နာမည္ၾကီး ပန္းခ်ီေက်ာ္ Woo Kuk Won ၏ လက္ရာျဖစ္သည္။

Woo Kuk Won သည္ JoongAng True American ဆုရ ပန္းခ်ီေက်ာ္ျဖစ္ျပီး ကိုရီးယားထိပ္တန္း ပန္းခ်ီျပတိုက္မ်ားတြင္ သူ၏လက္ရာမ်ား ထည့္သြင္းျပသခံရသူ ျဖစ္သည္။

Son Ye-jin သည္ ဧည့္ခန္းအတြက္ အျဖဴေရာင္ကို အဓိကေရြးခ်ယ္ထားရာ က်ယ္ဝန္းမႈ၊ လင္းလင္းခ်င္းခ်င္းရွိမႈ၊ သက္ေတာင့္သက္သာ ဇိမ္ရွိမႈ ခံစားခ်က္မ်ား ရရွိေစသည္။

ဧည့္ခန္းေထာင့္တစ္ေနရာတြင္ ထူးျခားေသာ နာရီတစ္လံုးကို ေတြ႔ရသည္။ Nomon Barcelona အမွတ္တံဆိပ္ ျဖစ္ျပီး Minimalism ဒီဇိုင္းျဖစ္ေသာ္လည္း အထင္ၾကီးဖြယ္ျဖစ္ကာ ဗဟိုဆံုခ်က္ ခံစားခ်က္ရရွိေစသည္။

(မီးဖိုေဆာင္)

Son Ye-jin ၏ ပန္းကန္ထားရွိသည့္စင္မွာ ဂႏၳဝင္ဆန္ျပီး ျပင္သစ္မွ Moissonier အမွတ္တံဆိပ္ စာအုပ္စင္ျဖစ္သည္။

အဆိုပါ အမွတ္တံဆိပ္သည္ ၁၅ ရာစုႏွင့္ ၁၆ ရာစုမ်ားက မ်ားစြာေက်ာ္ၾကားခဲ့သည့္ Rococo စတိုင္အား ေခတ္မီအသြင္ေျပာင္းထားျခင္း ျဖစ္သည္။ ၎တို႔၏ ထုတ္ကုန္မ်ားမွာ တန္ဖိုးၾကီးသစ္မ်ားျဖင့္ ျပဳလုပ္သည့္ Handmade ျဖစ္သည္။

Son Ye-jin က Astier de Villatte အမွတ္တံဆိပ္ တန္ဖိုးၾကီး ပန္းကန္ျပားမ်ားကို အသံုးျပဳသည္။

စင္၏ တန္ေၾကးမွာ ဝမ္ေငြ ၁၄ သန္း ျဖစ္သည္။

(ညစာစားခန္း)

ညစာစား စားပြဲမွာ ဒိန္းမတ္ထုတ္ Fritz Hanson အမွတ္တံဆိပ္ျဖစ္ျပီး ဝမ္ေငြ ၁၅ သန္းမွ ၁၆ သန္းၾကား တန္သည္။

ကုလားထိုင္မ်ားကို ဆြစ္ဇာလန္ ဗိသုကာပညာရွင္ Pierre Jeanneret က ဒီဇိုင္းေရးဆြဲကာ ျမန္မာ့ကၽြန္းသစ္၊ အိႏိၵယႏွင္းဆီသားတို႔ျဖင့္ ျပဳလုပ္ထားသည္။

ကိုရီးယားျပည္တြင္းအမွတ္တံဆိပ္ Subzero ေရခဲေသတၱာမွာ Handmade ျဖစ္ျပီး စုစုေပါင္း အလံုးေရ ၈၀ သာ ထုတ္လုပ္ထားသည္။ တန္ေၾကးမွာ ဝမ္ေငြ သန္း ၃၀ ျဖစ္သည္။

၎၏ေဘးတြင္ FAB5 အနီေရာင္ ေရခဲေသတၱာအေသးတစ္လံုးရွိျပီး တန္ေၾကး ဝမ္ေငြ ၁ ဒသမ ၃၅ သန္း ျဖစ္သည္။

ညစာစားခန္းမွ ထူးျခားသည့္အရာမွာ ေခတ္ေပၚဒီဇိုင္း မီးပန္းဆိုင္းၾကီးျဖစ္ျပီး Louis Poulsen ထုတ္ျဖစ္ကာ တန္ေၾကး ဝမ္ေငြ ၁၇ ဒသမ ၃ သန္း ရွိသည္။

(စုေဆာင္းမႈ ဝါသနာ)

Yoon Seri ဇာတ္ေကာင္အတိုင္းပင္ Son Ye-jin သည္ ရနံ႔ေမႊးေသာဖေယာင္းတိုင္မ်ားကို ႏွစ္သက္ျမတ္ႏိုးသူ ျဖစ္သည္။

တန္ဖိုးၾကီး ဖေယာင္းတုိင္အမွတ္တံဆိပ္မ်ားျဖစ္ေသာ Buly 1803 , Jo Malone, Astier de Villatte , Maison des Borgies တို႔မွ ထုတ္လုပ္ေသာ ဖေယာင္းအိုးမ်ားအျပင္ လက္လုပ္ဖေယာင္းတိုင္မ်ားကိုလည္း Son Ye-jin က ႏွစ္သက္၏။

Son Ye-jin သည္ မ်ားစြာေသာ အေမႊးပြ ယုန္ရုပ္မ်ား၊ အရုပ္မ်ား၊ ပန္းကန္မ်ား၊ ဇြန္းခရင္းဓားမ်ားကိုလည္း စုေဆာင္းထားကာ ထိုအရာတို႔မွတဆင့္ သူ၏ ႏူးညံ့သိမ္ေမြ႔မႈႏွင့္ မိန္းမဆန္မႈတို႔ကို ေတြ႔ႏိုင္သည္။

Son Ye-jin ၏ ဧည့္ခန္းတြင္ ပန္းျပတ္သည္ဟု မရွိေခ်။

အထူးသျဖင့္ Son Ye-jin အႏွစ္သက္ဆံုးမွာ ပီယိုနီပန္းမ်ား ျဖစ္သည္။

Son ye-jin သည္ အလွအပကိုလည္း ဂရုတစိုက္ထိန္းသိမ္းတတ္သူ ျဖစ္၏။ အခ်စ္၊ အိမ္ေထာင္ေရးႏွင့္ ပတ္သက္၍ Son Ye-jin ေျပာဖူးသည္မွာ ထိုအရာတို႔သည္ ဘဝကို ႏွမ္းျဖဴးျခင္းမ်ဳိးသာျဖစ္ေၾကာင္း၊ ထိုအရာမ်ားမရွိလွ်င္လည္း တစ္ဦးတည္း ရွင္သန္ႏိုင္ၾကေၾကာင္း ေျပာဖူးသည္။

သို႔ေသာ္ ႏွစ္ဦးသားဘဝမွာမူ အံ့ဖြယ္ရာဘဝမ်ဳိးျဖစ္ျပီး ခ်စ္ျခင္းေမတၱာတရားမွာ လင္းလက္ေတာက္ပလာသည္ဟု ဆိုသည္။

ဤသည္ကား ကိုရီးယားၾကယ္ပြင့္ Hyun Bin အတြက္ ႏူးညံ့လွပသည့္ ခ်စ္ျခင္းတရား ေဆာင္ၾကဥ္းေပးသူ Son Ye-jin ျဖစ္ေလသည္။

မင္းရိွရာကိုဆင္းသက္မယ္ (Crash Landing On You -2019)

စီးပြားေရးလုပ္ငန္းမ်ားစြာ၏ ဆက္ခံသူျဖစ္ေသာ ေတာင္ကိုရီးယားမိန္းကေလးတစ္ဦးႏွင့္ ေျမာက္ကိုရီးယားမွ အဆင့္ျမင့္ စစ္တပ္အရာရိွ ေကာင္ေလးတို႔ၾကားမွ အခ်စ္ဇာတ္လမ္းကို ရိုက္ကူးထားျခင္းျဖစ္သည္။

Yoon Se-Ri ( Son Ye-Jin) သည္ ေခ်ာေမာ၊ လိမၼာပါးနပ္ျပီး ခ်မ္းသာေသာ မိသားစုတြင္ ေမြးဖြားလာသည့္ မိန္းကေလးတစ္ေယာက္ ျဖစ္သည္။

ကိုယ္တိုင္ႀကိဳးပမ္းမႈျဖင့္ ေအာင္ျမင္ေသာ ဖက္ရွင္အမွတ္တံဆိပ္ကို ထုတ္လုပ္ခဲ့သူလည္း ျဖစ္သည္။

ထိုသို႔ ထက္ျမက္သူ Se Ri သည္ ေတာင္ကိုရီးယား စီးပြားေရးလုပ္ငန္းမ်ားစြာ၏ ဆက္ခံသူ မိန္းကေလးလည္းျဖစ္သည္။

တစ္ေန႔တြင္ ေလထီးခုန္စဥ္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ Se Ri မွာ ေျမာက္ကိုရီးယား ပိုင္နက္အတြင္း အေရးေပၚဆင္းသက္ခဲ့ရသည္။

ထိုအခါ Se Ri တစ္ေယာက္ Lee Jung Hyuk ( Hyun Bin ) နဲ႔ ဆံုစည္းခဲ့ရေတာ့သည္။

Lee Jung Hyuk ( Hyun Bin ) က ေျမာက္ကိုရီးယား စစ္တပ္အရာရိွတစ္ဦး ျဖစ္၏။

Jung Hyuk သည္ Se Ri ကယ္တင္ေပးသည့္အျပင္ ဝွက္ထားေပးခဲ့ၿပီး ကာကြယ္ေပးဖို႔ႀကိဳးစားပါေတာ့သည္။

ထိုသို႔ျဖင့္ Jung Hyuk တစ္ေယာက္ Se Ri ကို ခ်စ္မိသြားေသာအခါ....။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Revealing the living space of son ye jins house Shows that the owner is extremely delicate and skillful (loveknews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service