လွှင့်ပစ်ထားသောသီချင်းဖြင့် လျှမ်းလျှမ်းတောက် ကမ္ဘာကျော်ခဲ့သူ Seal ၏ စံအိမ်
လွှင့်ပစ်ထားသောသီချင်းဖြင့် လျှမ်းလျှမ်းတောက် ကမ္ဘာကျော်ခဲ့သူ Seal ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 May 2022 10:57 am တွင် တင်ခဲ့သည်
563 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လွှင့်ပစ်ထားသော သီချင်းတစ်ပုဒ် (သို့မဟုတ်) Kiss from a rose ဖြင့် လျှမ်းလျှမ်းတောက် ကမ္ဘာကျော်ခဲ့သူ ဗြိတိန်အဆိုတော် Seal ၏ ခေတ်ပြိုင်ဗိသုကာဟန်စံအိမ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ကမ်းခြေဒေသဖြစ်သော Topanga တွင် တည်ရှိသည်။
Seal က အိပ်ခန်း ၄ ခန်းပါ အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Variety သတင်းဌာနက ဖော်ပြသည်။
Seal ၏ နေအိမ်ဝန်းကျင်တွင် မကြာသေးမီက တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့သော်လည်း သူ၏ နေအိမ် မီးဘေးလွတ်ကင်းခဲ့သည်။
အခန်းဖွင့် ဖွဲ့စည်းပုံများ၊ မြင့်မားသော မျက်နှာကြက်များ၊ အိမ်ပြင်နားနေ နေရာများစွာတို့ ရှိသည်။
Seal သည် ဇနီးဟောင်း Heidi Klum နှင့် သားသမီး ၄ ဦးထွန်းကားခဲ့ပြီး လက်ရှိတွင် သားသမီးများမှာ Seal နှင့်အတူ နေထိုင်လျက်ရှိသည်။
ခြံနောက်ဘက်ရှိ ရေကူးကန်၊ တင်းနစ်ကွင်းတို့ပြင် ကစားကွင်းတစ်ခုလည်းရှိရာ ကလေးများအတွက် ပျော်ရွှင်ဖွယ်နေရာတစ်ခု ဖြစ်သည်။
(စိမ်းလန်းသော တောင်ကုန်းဘေးမှ Seal ၏ စံအိမ်)
(အရှေ့အဝင်ဝမှာ တောက်ပမှုမရှိသော်လည်း အတွင်းပိုင်းတွင် ခမ်းနားလှသည်)
(ဧည့်ခန်းနေရာ)
(ဧည့်ခန်းသည် ဆိတ်ငြိမ်သောနေရာတစ်ခုဖြစ်ပြီး မြင့်မားသော မျက်နှာကြက်များနှင့် မီးလင်းဖိုတစ်ခုရှိရာ Seal ၏ မိသားစုအတွက် အနားယူရန် နေရာကောင်းဖြစ်သည်)
(ဧည့်ခန်း၏ ညာဘက်ကပ်လျက်တွင် မီးဖိုဆောင်တည်ရှိသည်)
(ကြီးမားသည့် ချက်ပြုတ်ခုံမှာ Seal ၏ မိသားစုဝင် ၅ ဦးအတွက် အစားအသောက်များပြင်ဆင်ရန် လုံလောက်သည့် ကျယ်ဝန်းမှုရှိသည်။)
(ကြီးမားသည့် ပြတင်းများ၊ မှန်တံခါးများရှိခြင်းကြောင်း အခန်းအတွင်း လင်းလင်းချင်းချင်းရှိစေသည်)
(အိမ်ပြင် ညစာစားနေရာအပြင် ညနေခင်း ပါတီပွဲများအတွက် မီးလင်းဖိုတစ်ခုလည်းရှိသည်။)
(Seal ၏ ကလေးများ အိပ်ခန်း)
(ကလေးများအနက် အကြီးတစ်ဦးက ဤအ်ိပ်ခန်းတွင် နေထိုင်ဖွယ်ရှိသည်။ အခန်းအတွင်း အိမ်စာလုပ်ရန် စားပွဲခုံနေရာတစ်ခုလည်းရှိသည်)
(အသစ်ဆောက်လုပ်ထားသော ရေချိုးခန်း ၅ ခန်းရှိရာ မနက်လင်းလျှင် ရေချိုးခန်းဝင်ရန် လုနေစရာ မလိုတော့ချေ။)
(Seal ၏ master bedroom)
(လှပသည့်ရှုခင်းပိုင်ဆိုင်ထားသော ရေစိမ်ကန်)
(ခြံနောက်ဘက်တွင် ဆော့ကစားရန် နေရာများစွာရှိသည်)
(Seal တို့မိသားစု သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်မည့် ဥယျာဉ်နေရာ)
(တင်းနစ်ကွင်း၊ ဘတ်စကက်ဘောကွင်း)
(Kiss from a rose)
(Kiss from a rose သည် Seal ကို ကမ္ဘာကျော်စေခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ 51 သန်းကျော် ရှိနေပြီ ဖြစ်သည်။)
သူ၏ ဒုတိယမြောက် တေးအယ်လ်ဘမ်မှဖြစ်ပြီး မူလကမူ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လအတွင်း Single သီချင်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုနှစ်အတွင်းတွင်ပင် The NeverEnding Story III ရုပ်ရှင်ကား၌ ဇာတ်ဝင်တေးအဖြစ် အသုံးပြုခြင်းခံရသည်။
ယင်းနောက် Batman Forever ရုပ်ရှင်ဇာတ်ဝင်တေးများအဖြစ် ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလျတို့တွင် အရောင်းရဆုံးတေးအယ်လ်ဘမ်များ၌ ရပ်တည်ခဲ့သည်။
Kiss from a rose သည် ကနေဒါ၊ ပြင်သစ်၊ အိုက်စလန်နှင့် နော်ဝေတို့ အပါအဝင် ကမ္ဘာ့နိုင်ငံများစွာတွင် Top 10 စာရင်းဝင် သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
၁၉၉၆ ခုနှစ် ဂရမ်မီဆုပေးပွဲတွင်ကား Record of the Year, Song of the Year နှင့် Best Male Pop Vocal Performance ဆုများ ရရှိခဲ့သည်။
(လွှင့်ပစ်ထားသော သီချင်းတစ်ပုဒ်)
ဤသီချင်းကို ၁၉၈၇ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သော်လည်း ၁၉၉၁ ခုနှစ်တွင် Seal ၏ ပွဲဦးထွက် တေးအယ်လ်ဘမ်တွင် အသုံးမပြုဖြစ်ခဲ့ကာ ၁၉၉၄ ခုနှစ်အထိ မထုတ်ဝေဖြစ်ခဲ့ချေ။
စင်စစ်ကား Seal က ထိုသီချင်းကို မုန်းပင်မုန်းသည်ဟု ဆိုသည်။
အဆိုပါ သီချင်းရေးပြီးနောက် အသံသွင်းကြည့်သည်။ ထို့နောက် Seal က ထိုသီချင်းအတွက် မိမိဘာသာ ရှက်ကာ သီချင်းခွေကို အခန်းထောင့်ဆီ လွှင့်ပစ်ခဲ့၏။
သူ၏ ဒုတိယတေးအယ်လ်ဘမ်မတိုင်မီအထိ ထုတ်ဝေသူ Trevor Horn ကို Seal က ထိုသီချင်း မပြခဲ့။
ယင်းနောက်တွင်ကား ထုတ်ဝေသူ Trevor က Seal အခန်းထောင့်တွင် လွှင့်ပစ်ထားသော သီချင်းကို ကောက်ယူထုတ်ဝေခဲ့ရာ အချပ်ရေ ၈ သန်းကျော် ရောင်းချခဲ့ရပြီး Seal ကို ကမ္ဘာပေါ်တွင် လူတိုင်းသိသည့် အဆိုတော်တစ်ဦးဘဝသို့ ပို့ဆောင်ပေးလိုက်တော့သည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tour Seal's $3.4 Million Contemporary Topanga Home (lonny)
[Zawgyi]
(ဧည့်ခန်းနေရာ)
(Seal ၏ master bedroom)
(Kiss from a rose)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
42 Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service