မြန်မာစကားပြော ထိုင်းဇာတ်ကား သမုဒယရိပ်မြုံမှ ခေါင်းဆောင်မင်းသား နတဲ့ ခူကေမီယာစံအိမ်

မြန်မာစကားပြော ထိုင်းဇာတ်ကား သမုဒယရိပ်မြုံမှ ခေါင်းဆောင်မင်းသား နတဲ့ ခူကေမီယာစံအိမ် - Property News in Myanmar from iMyanmarHouse.com
12 May 2022 12:14 pm တွင် တင်ခဲ့သည်
9565 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Channel 7 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော နောက်ခံမြန်မာစကားပြော သမုဒယရိပ်မြုံအမည်ရှိ ထိုင်းဇာတ်လမ်းတွဲသည် မြန်မာနိုင်ငံတွင်လည်း လာရောက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်သည်။

ထိုင်းမင်းသား နတဲ့ ခူကေမီယာ (Nadech Kugimiya ) သည် စိုက်ပျိုးရေးခြံရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး နိထ ချီရာယူးယူ (Nittha Jirayungyurn) မှာ ဖခင်ကို လာရောက်ရှာဖွေသည့် ခြံအလုပ်သမားမိန်းကလေးအဖြစ် သရုပ်ဆောင်ထားသည်။

ဇာတ်လမ်းတွဲ၏ မူရင်းအမည်မှာ FINDING LOVE (ตามรักคืนใจ) ဖြစ်ပြီး အပိုင်း ၄၁ ပိုင်းရှိကာ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ထုတ်လွှင့်ပြသခဲ့သည်။

(ခူကေမီယာ၏ စံအိမ်)

နတဲ့ ခူကေမီယာ ဆောက်လုပ်နေသော စံအိမ်မှာ ဘတ် သန်း ၃၀ ခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းကြသည်။

ခူကေမီယာ၏ မိခင် Mae Keaw သည် အဆိုပါစံအိမ်ပုံကို သူမ၏ အင်စတာဂရမ်အကောင့်တွင် တင်ထားသည်။

သတင်းရင်းမြစ်အချို့၏ အဆိုအရ နတဲ့ ခူကေမီယာကိုယ်တိုင် မြေနေရာ ရွေးချယ်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နေအိမ်ဒီဇိုင်းကိုလည်း ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နတဲ့ ခူကေမီယာနှင့် ယာယာ (Yaya Urassaya) တို့ လက်ထပ်ပြီးပါက ယခုအိမ်မှာ ကြင်စဦးမောင်နှံအတွက် စံအိမ်ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။

အဆောက်အအုံပြီးစီးသွားပါက ခူကေမီယာ၏ မိသားစုလည်း နေထိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

(ယာယာပြောသော ခူကေမီယာအကြောင်း)

တခါက ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့ရာ အဆိုပါဗွီဒီယိုဖိုင်အတွင်း ခူကေမီယာက ယာယာအား “ခလေး”ဟု ခေါ်လိုက်ပုံကို တွေ့ရသည်။

အဆိုပါအကြောင်းနှင့် စပ်လျဉ်းပြီး သတင်းသမားတို့က ယာယာအားမေးရာ “အဲ့ဗွီဒီယိုကို ကျွန်မ မကြည့်ရသေးဘူး။ အဲ့ဒါကြောင့် သူဘယ်လိုခေါ်ခဲ့တယ်ဆိုတာ မသိပါဘူး။ ကျွန်မ မှတ်လည်း မမှတ်မိဘူး” ဟု ဖြေသည်။

“ပုံမှန်အားဖြင့်တော့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုးခေါ်ကြတာပဲ။ နာမည်အရင်းကို ခေါ်မယ်ဆိုရင် တမျိုးကြီးဖြစ်နေမှာပေါ့”ဟု ယာယာက ဆိုသည်။

“ကျွန်မတို့ ဟန်နီလို့တော့ မခေါ်ပါဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စကားလုံးတွေသုံးပြီး ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မခေါ်ပါဘူး။ သူက ကျွန်မကို ခလေးရေလို့ မကြာခဏခေါ်တာဖြစ်ချင်ဖြစ်မယ်။ ကျွန်မ မသိပါဘူး။ အဲ့အကြောင်း မပြောချင်ပါဘူး” ဟု ယာယာက ရှက်စန်ိုးဖြင့် ပြောသည်။

၂၀၁၈ ခုနှစ်၊ မေလအတွင်း ခူကေမီယာ၊ သူ့မိခင်နှင့် အခြားသူတို့အတူ ထိုင်းကျေးလက်ဒေသသို့ ခရီးထွက်ကြသည်။

ထိုခရီးစဉ်တွင် ယာယာ မပါဝင်ခဲ့။ ထိုစဉ်က ယာယာမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော Louis Vuitton ၏ ပွဲတစ်ခုသို့ တက်ရောက်နေသည်။

သတင်းထောက်တို့အား ခူကေမီယာက ပြောရာတွင် ယာယာမှာ TV drama ဇာတ်လမ်းသစ်တစ်ခု ရိုက်ကူးနေသဖြင့် မအားလပ်ကြောင်း၊ မိမိအနေဖြင့် ယာယာအား အမြဲလွမ်းဆွတ်နေကြောင်း၊ အလုပ်အတူ တွဲလုပ်ရခြင်းမဟုတ်သောကြောင့် မကြာခဏ မတွေ့ဖြစ်ကြောင်း၊ သို့သော် အမြဲဆက်သွယ် စကားပြောဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

(အဆောတလျင် လက်ထပ်လိမ့်မည်မဟုတ်ကြောင်း ခူကေမီယာပြော)

ပွဲလမ်းတစ်ခုသို့ တက်ရောက်လာသော ခူကေမီယာကို သတင်းထောက်များက မေလဆန်းပိုင်းတွင် မေးမြန်းခဲ့သည်မှာ ခူကေမီယာ ဆောက်လုပ်နေသည့် နေအိမ်သစ်မှာ ယာယာနှင့် လက်ထပ်ပြီးလျှင် နေထိုင်ရန် ဟုတ်၊ မဟုတ် မေးမြန်းခဲ့ကြခြင်းဖြစ်ပြီး ခူကေမီယာက လက်ခံဖြေကြားပေးခဲ့သည်။

ခူကေမီယာ ပထမဆုံးပြောသည်မှာ ၎င်းအနေဖြင့် လွန်ခဲ့သော ၂ နှစ်အတွင်း ယခုကဲ့သို့ ပွဲလမ်းများ တက်ရောက်လေ့ မရှိခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုလျှင် ရုပ်ရှင်ရိုက်ကူးမှုဖြင့် မအားလပ်သောကြောင့်ဖြစ်ကြောင်း ပြောသည်။

"The Pattern of Jin Nali" အမည်ရှိ ရုပ်ရှင်ရိုက်ကူးနေမှုမှာ လာမည့် ၂ လ၊ ၃ လအတွင်း အပြီးသတ်မည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်သွားနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိအိမ်မှာ ပစ္စည်းပစ္စယများ အလွန်များပြား ပြည့်ကျပ်နေသောကြောင့် ပိုမိုကျယ်ဝန်းကာ သက်တောင့်သက်သာရှိမည့် နေအိမ်သစ်တစ်လုံး ဆောက်လုပ်လိုခဲ့ကြောင်း ခူကေမီယာက ပြောသည်။

ခူကေမီယာ ဆောက်လုပ်နေသော စံအိမ်သစ်မှာ ဘန်ကောက်မြို့မှ မော်တော်ကားဖြင့် တစ်နာရီခရီးသာ ဝေးကွာသော Khaoyai အရပ်တွင် ဖြစ်သည်။ တန်ကြေးမှာ ဘတ်ငွေ သန်း ၁၀၀ ခန့် ရှိသည်ဟု ဆိုသည်။

“ကောလာဟလတွေ တကယ်ဖြစ်လာစေဖို့ လူတိုင်းက မျှော်လင့်နေကြမယ်။ ကျွန်တော်လည်း ထပ်တူပါပဲ။ အချိန်စောင့်နေပါတယ်။ ဒါက တကယ်ဖြစ်လာလိမ့်မှာပါ။ နေအိမ်သစ်နဲ့ ပတ်သက်ပြီး ယာယာက ဘာအကြံမှ မပေးပါဘူး။ ဒါက ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆောက်လုပ်ခဲ့တာပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်း မျှော်လင့်နေကြတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့လည်း ဒါကို စဉ်းစားနေပါတယ်။ ဒါပေမယ့် တကယ်တော့ ဒါက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်လုပ်ကြရဦးမှာပါ။ လာမယ့်နှစ်အနည်းငယ်အတွင်း လက်ထပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ လျှို့ဝှက်ပြီး စေ့စပ်ပွဲလုပ်တာမျိုးလည်း ကောင်းတာပါပဲ။ ဒါပေမယ့် ဒါမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး”

ယာယာက ပြောသည်မှာ လက်ထပ်ပြီးနောက်ပိုင်း နေအိမ်လိုသည့်အိမ်မှာ ခြံကျယ်ကျယ်ဝန်းဝန်းနှင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးနိုင်သည့် ခြံတစ်ခြံဖြစ်ကြောင်း ပြောဖူးသည်။

(သမုဒယရိပ်မြုံ)

P' Nadech & P'mew တို့၏ ဇာတ်ကားကောင်းတစ်ခု

နောက်ခံမြန်မာစကားပြော

မဆန်းကျယ်သော်လည်း ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းကလေးတစ်ပုဒ်ကို ယာတောတစ်ခုတွင် ဇာတ်အိမ်တည်ထားသည်။ Nadech က ယာတောပိုင်ရှင် Singh အဖြစ် သရုပ်ဆောင်ထားသည်။

Mew က ကာလအတန်ကြာ ကွဲကွာနေသောဖခင်ကိုလိုက်လံရှာဖွေနေသည့် သမီးငယ် Noona အဖြစ် သရုပ်ဆောင်ထားသည်။ Au က Noona ၏ဖခင် Ramအဖြစ်သရုပ်ဆောင်သည်။

Ram သည် Singh ၏ညီမနှင့် မေတ္တာမျှခဲ့သည်။ Singh ၏ညီမအဖြစ် Diana ကသရုပ်ဆောင်သည်။

ဘန်ကောက်မြို့ လူကုံထံလောကတွင်ကြီးပြင်းလာသည့် မိန်းကလေး Nara ၏ ဘဝကို ဇာတ်လမ်းဆင်ထားသည်။

သူ့ကို မိခင်နှင့် အဖိုးဖြစ်သူတို့က ပြုစုပျိုးထောင်လာခဲ့သည်။တစ်နေ့တွင် သူသည် ဖခင်သက်ရှိထင်ရှားရှိနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှယာတောတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြောင်း သိခဲ့ရသည်။

ထို့ကြောင့် Nara သည် ဖခင်ကိုရှာဖွေရန် ဘန်ကောက်မှ ထွက်လာခဲ့သည်။ဖခင်လုပ်ကိုင်နေသည့် ယာတောတွင် အလုပ်လျှောက်ထားလိုက်သည်။

ဖခင်နှင့်ရင်းနှီးမှုရရန်ကြိုးစားနေစဉ် ယာတောပိုင်ရှင် Singh နှင့်ပါ နီးစပ်လာခဲ့ပြီး သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းစတင်လာခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nadech Kugimiya’s new house is expected to be worth 30 million Baht (thaiupdate)

 

[Zawgyi]

ျမန္မာစကားေျပာ ထုိင္းဇာတ္ကား သမုဒယရိပ္ၿမံဳမွ ေခါင္းေဆာင္မင္းသား နတဲ့ ခူေကမီယာစံအိမ္

Channel 7 ရုပ္သံလိုင္းမွ ထုတ္လႊင့္ျပသခဲ့ေသာ ေနာက္ခံျမန္မာစကားေျပာ သမုဒယရိပ္ျမံဳအမည္ရွိ ထုိင္းဇာတ္လမ္းတြဲသည္ ျမန္မာႏိုင္ငံတြင္လည္း လာေရာက္ရိုက္ကူးခဲ့ေသာ ဇာတ္ကားျဖစ္သည္။

ထိုင္းမင္းသား နတဲ့ ခူေကမီယာ (Nadech Kugimiya ) သည္ စိုက္ပ်ဳိးေရးျခံရွင္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားျပီး မင္းသမီး နိထ ခ်ီရာယူးယူ (Nittha Jirayungyurn) မွာ ဖခင္ကို လာေရာက္ရွာေဖြသည့္ ျခံအလုပ္သမားမိန္းကေလးအျဖစ္ သရုပ္ေဆာင္ထားသည္။

ဇာတ္လမ္းတြဲ၏ မူရင္းအမည္မွာ FINDING LOVE (ตามรักคืนใจ) ျဖစ္ျပီး အပိုင္း ၄၁ ပိုင္းရွိကာ ၂၀၁၅ ခုႏွစ္၊ ဧျပီလတြင္ ထုတ္လႊင့္ျပသခဲ့သည္။

(ခူေကမီယာ၏ စံအိမ္)

နတဲ့ ခူေကမီယာ ေဆာက္လုပ္ေနေသာ စံအိမ္မွာ ဘတ္ သန္း ၃၀ ခန္႔ တန္ေၾကးရွိသည္ဟု ခန္႔မွန္းၾကသည္။

ခူေကမီယာ၏ မိခင္ Mae Keaw သည္ အဆိုပါစံအိမ္ပံုကို သူမ၏ အင္စတာဂရမ္အေကာင့္တြင္ တင္ထားသည္။

သတင္းရင္းျမစ္အခ်ဳိ႕၏ အဆိုအရ နတဲ့ ခူေကမီယာကိုယ္တိုင္ ေျမေနရာ ေရြးခ်ယ္ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေနအိမ္ဒီဇိုင္းကိုလည္း ကိုယ္တိုင္ဒီဇိုင္းဆြဲခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

နတဲ့ ခူေကမီယာႏွင့္ ယာယာ (Yaya Urassaya) တို႔ လက္ထပ္ျပီးပါက ယခုအိမ္မွာ ၾကင္စဦးေမာင္ႏွံအတြက္ စံအိမ္ျဖစ္လာမည္ဟု ခန္႔မွန္းၾကသည္။

အေဆာက္အအံုျပီးစီးသြားပါက ခူေကမီယာ၏ မိသားစုလည္း ေနထိုင္ရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။

(ယာယာေျပာေသာ ခူေကမီယာအေၾကာင္း)

တခါက ဗြီဒီယိုဖိုင္တစ္ခု ပ်ံ႕ႏွံ႔ခဲ့ရာ အဆိုပါဗီြဒီယိုဖိုင္အတြင္း ခူေကမီယာက ယာယာအား “ခေလး”ဟု ေခၚလိုက္ပံုကို ေတြ႔ရသည္။

အဆိုပါအေၾကာင္းႏွင့္ စပ္လ်ဥ္းျပီး သတင္းသမားတို႔က ယာယာအားေမးရာ “အဲ့ဗြီဒီယိုကို ကၽြန္မ မၾကည့္ရေသးဘူး။ အဲ့ဒါေၾကာင့္ သူဘယ္လိုေခၚခဲ့တယ္ဆိုတာ မသိပါဘူး။ ကၽြန္မ မွတ္လည္း မမွတ္မိဘူး” ဟု ေျဖသည္။

“ပံုမွန္အားျဖင့္ေတာ့ ကၽြန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အမ်ဳိးမ်ဳိးေခၚၾကတာပဲ။ နာမည္အရင္းကို ေခၚမယ္ဆိုရင္ တမ်ဳိးၾကီးျဖစ္ေနမွာေပါ့”ဟု ယာယာက ဆိုသည္။

“ကၽြန္မတို႔ ဟန္နီလို႔ေတာ့ မေခၚပါဘူး။ ဘာလို႔လဲဆိုေတာ့ အဂၤလိပ္စကားလံုးေတြသံုးျပီး ကၽြန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မေခၚပါဘူး။ သူက ကၽြန္မကို ခေလးေရလို႔ မၾကာခဏေခၚတာျဖစ္ခ်င္ျဖစ္မယ္။ ကၽြန္မ မသိပါဘူး။ အဲ့အေၾကာင္း မေျပာခ်င္ပါဘူး” ဟု ယာယာက ရွက္စႏို္းျဖင့္ ေျပာသည္။

၂၀၁၈ ခုႏွစ္၊ ေမလအတြင္း ခူေကမီယာ၊ သူ႔မိခင္ႏွင့္ အျခားသူတို႔အတူ ထိုင္းေက်းလက္ေဒသသို႔ ခရီးထြက္ၾကသည္။

ထိုခရီးစဥ္တြင္ ယာယာ မပါဝင္ခဲ့။ ထိုစဥ္က ယာယာမွာ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕တြင္ က်င္းပေသာ Louis Vuitton ၏ ပြဲတစ္ခုသို႔ တက္ေရာက္ေနသည္။

သတင္းေထာက္တို႔အား ခူေကမီယာက ေျပာရာတြင္ ယာယာမွာ TV drama ဇာတ္လမ္းသစ္တစ္ခု ရိုက္ကူးေနသျဖင့္ မအားလပ္ေၾကာင္း၊ မိမိအေနျဖင့္ ယာယာအား အျမဲလြမ္းဆြတ္ေနေၾကာင္း၊ အလုပ္အတူ တြဲလုပ္ရျခင္းမဟုတ္ေသာေၾကာင့္ မၾကာခဏ မေတြ႔ျဖစ္ေၾကာင္း၊ သို႔ေသာ္ အျမဲဆက္သြယ္ စကားေျပာျဖစ္ေၾကာင္း ေျဖၾကားခဲ့သည္။

(အေဆာတလ်င္ လက္ထပ္လိမ့္မည္မဟုတ္ေၾကာင္း ခူေကမီယာေျပာ)

ပြဲလမ္းတစ္ခုသို႔ တက္ေရာက္လာေသာ ခူေကမီယာကို သတင္းေထာက္မ်ားက ေမလဆန္းပိုင္းတြင္ ေမးျမန္းခဲ့သည္မွာ ခူေကမီယာ ေဆာက္လုပ္ေနသည့္ ေနအိမ္သစ္မွာ ယာယာႏွင့္ လက္ထပ္ျပီးလွ်င္ ေနထိုင္ရန္ ဟုတ္၊ မဟုတ္ ေမးျမန္းခဲ့ၾကျခင္းျဖစ္ျပီး ခူေကမီယာက လက္ခံေျဖၾကားေပးခဲ့သည္။

ခူေကမီယာ ပထမဆံုးေျပာသည္မွာ ၎အေနျဖင့္ လြန္ခဲ့ေသာ ၂ ႏွစ္အတြင္း ယခုကဲ့သို႔ ပြဲလမ္းမ်ား တက္ေရာက္ေလ့ မရွိခဲ့ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုလွ်င္ ရုပ္ရွင္ရိုက္ကူးမႈျဖင့္ မအားလပ္ေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

"The Pattern of Jin Nali" အမည္ရွိ ရုပ္ရွင္ရိုက္ကူးေနမႈမွာ လာမည့္ ၂ လ၊ ၃ လအတြင္း အျပီးသတ္မည္ျဖစ္ကာ ယခုႏွစ္ကုန္ပုိင္းတြင္ ထုတ္လႊင့္သြားႏိုင္ဖြယ္ရွိေၾကာင္း၊ လက္ရွိအိမ္မွာ ပစၥည္းပစၥယမ်ား အလြန္မ်ားျပား ျပည့္က်ပ္ေနေသာေၾကာင့္ ပိုမိုက်ယ္ဝန္းကာ သက္ေတာင့္သက္သာရွိမည့္ ေနအိမ္သစ္တစ္လံုး ေဆာက္လုပ္လိုခဲ့ေၾကာင္း ခူေကမီယာက ေျပာသည္။

ခူေကမီယာ ေဆာက္လုပ္ေနေသာ စံအိမ္သစ္မွာ ဘန္ေကာက္ျမိဳ႕မွ ေမာ္ေတာ္ကားျဖင့္ တစ္နာရီခရီးသာ ေဝးကြာေသာ Khaoyai အရပ္တြင္ ျဖစ္သည္။ တန္ေၾကးမွာ ဘတ္ေငြ သန္း ၁၀၀ ခန္႔ ရွိသည္ဟု ဆိုသည္။

“ေကာလာဟလေတြ တကယ္ျဖစ္လာေစဖုိ႔ လူတိုင္းက ေမွ်ာ္လင့္ေနၾကမယ္။ ကၽြန္ေတာ္လည္း ထပ္တူပါပဲ။ အခ်ိန္ေစာင့္ေနပါတယ္။ ဒါက တကယ္ျဖစ္လာလိမ့္မွာပါ။ ေနအိမ္သစ္နဲ႔ ပတ္သက္ျပီး ယာယာက ဘာအၾကံမွ မေပးပါဘူး။ ဒါက ကိုယ့္စိတ္ကူးနဲ႔ကိုယ္ ေဆာက္လုပ္ခဲ့တာပါ။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ျပီးေတာ့လည္း လူတိုင္း ေမွ်ာ္လင့္ေနၾကတာ ကၽြန္ေတာ္နားလည္ပါတယ္။ ကၽြန္ေတာ္တို႔လည္း ဒါကို စဥ္းစားေနပါတယ္။ ဒါေပမယ့္ တကယ္ေတာ့ ဒါက လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အလုပ္လုပ္ၾကရဦးမွာပါ။ လာမယ့္ႏွစ္အနည္းငယ္အတြင္း လက္ထပ္ဖို႔ အစီအစဥ္မရွိေသးပါဘူး။ လွ်ိဳ႕ဝွက္ျပီး ေစ့စပ္ပြဲလုပ္တာမ်ဳိးလည္း ေကာင္းတာပါပဲ။ ဒါေပမယ့္ ဒါမ်ဳိးေတာ့ ကၽြန္ေတာ္တို႔ မလုပ္ပါဘူး”

ယာယာက ေျပာသည္မွာ လက္ထပ္ျပီးေနာက္ပိုင္း ေနအိမ္လိုသည့္အိမ္မွာ ျခံက်ယ္က်ယ္ဝန္းဝန္းႏွင့္ သစ္ပင္ပန္းမန္မ်ား စိုက္ပ်ဳိးႏိုင္သည့္ ျခံတစ္ျခံျဖစ္ေၾကာင္း ေျပာဖူးသည္။

(သမုဒယရိပ္ၿမံဳ)

P' Nadech & P'mew တို႔၏ ဇာတ္ကားေကာင္းတစ္ခု

ေနာက္ခံျမန္မာစကားေျပာ

မဆန္းက်ယ္ေသာ္လည္း ဆြတ္ပ်ံ့ဖြယ္ ဇာတ္လမ္းကေလးတစ္ပုဒ္ကို ယာေတာတစ္ခုတြင္ ဇာတ္အိမ္တည္ထားသည္။ Nadech က ယာေတာပိုင္ရွင္ Singh အျဖစ္ သရုပ္ေဆာင္ထားသည္။

Mew က ကာလအတန္ၾကာ ကြဲကြာေနေသာဖခင္ကိုလိုက္လံရွာေဖြေနသည့္ သမီးငယ္ Noona အျဖစ္ သရုပ္ေဆာင္ထားသည္။ Au က Noona ၏ဖခင္ Ramအျဖစ္သရုပ္ေဆာင္သည္။

Ram သည္ Singh ၏ညီမႏွင့္ ေမတၱာမွ်ခဲ့သည္။ Singh ၏ညီမအျဖစ္ Diana ကသရုပ္ေဆာင္သည္။

ဘန္ေကာက္ၿမိဳ႔ လူကုံထံေလာကတြင္ႀကီးျပင္းလာသည့္ မိန္းကေလး Nara ၏ ဘ၀ကို ဇာတ္လမ္းဆင္ထားသည္။

သူ႔ကို မိခင္ႏွင့္ အဖိုးျဖစ္သူတို႔က ျပဳစုပ်ိဳးေထာင္လာခဲ့သည္။တစ္ေန႔တြင္ သူသည္ ဖခင္သက္ရိွထင္ရွားရိွေနၿပီး ထိုင္းႏိုင္ငံေျမာက္ပိုင္းမွယာေတာတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနေၾကာင္း သိခဲ့ရသည္။

ထို႔ေၾကာင့္ Nara သည္ ဖခင္ကိုရွာေဖြရန္ ဘန္ေကာက္မွ ထြက္လာခဲ့သည္။ဖခင္လုပ္ကိုင္ေနသည့္ ယာေတာတြင္ အလုပ္ေလ်ွာက္ထားလိုက္သည္။

ဖခင္ႏွင့္ရင္းႏွီးမႈရရန္ႀကိဳးစားေနစဥ္ ယာေတာပိုင္ရွင္ Singh ႏွင့္ပါ နီးစပ္လာခဲ့ၿပီး သူတို႔ႏွစ္ဦး၏ အခ်စ္ဇာတ္လမ္းစတင္လာခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nadech Kugimiya’s new house is expected to be worth 30 million Baht (thaiupdate)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service