ကင်မ်ကာဒါရှီယန်နှင့် လိင်ဆက်ဆံခဲ့သည့်ဗွီဒီယိုပေါက်ကြားခဲ့မှုအတွက် အမျက်ထွက်နေသူ Ray J ၏ စံအိမ်

ကင်မ်ကာဒါရှီယန်နှင့် လိင်ဆက်ဆံခဲ့သည့်ဗွီဒီယိုပေါက်ကြားခဲ့မှုအတွက် အမျက်ထွက်နေသူ Ray J ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
9 May 2022 11:14 am တွင် တင်ခဲ့သည်
2607 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိက၏ ထိတ်ထိတ်ကြဲ အကျော်အမော်များဖြစ်သော ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့ စုံတွဲ ကွာရှင်းထားသည်မှာ အတန်ကြာခဲ့ပြီဖြစ်ချိန်တွင် တချိန်က ကင်မ်ကာဒါရှီယန်၏ ချစ်သူဟောင်း ဟစ်ပ်ဟော့ အဆိုတော် Ray J နှင့် ကင်မ် ကာဒါရှီယန်တို့ လိင်ဆက်ဆံခဲ့သည့် ဗွီဒီယိုဖိုင် ပေါက်ကြားခဲ့မှုသတင်းများ ပြန်လည်ရေပန်းစားလာမှုအတွက် Ray J မှာ များစွာစိတ်ပျက် အမျက်ထွက်နေသည်။

ကင်မ်ကာဒါရှီယန်နှင့် ချစ်ကြိုက်ခဲ့သူ၊ လက်ထပ်ခဲ့သူ ၁၀ ဦးရှိရာ Ray J လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ထိုဗွီဒီယိုဖိုင် ပေါက်ကြားခဲ့သည်မှာ ၂၀၀၇ ခုနှစ်ကတည်းကဖြစ်သော်လည်း ညစ်ညမ်းဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့ခဲ့အပြီး Ray J က သူနှင့် ကင်မ်ကာဒါရှီယန်တို့အကြား ပတ်သက်ဆက်နွှယ်ခဲ့မှု အချက်အလက်များစွာ ပါဝင်သည့် Laptop ကွန်ပြူတာကို ကင်မ်ကာဒါရှီယန်၏ ခင်ပွန်းဟောင်း ကင်ညေးဝက်စ်ထံ ပေးအပ်ခဲ့သည်။

အဆိုပါ Laptop အတွင်း ကင်မ်ကာဒါရှီယန်နှင့် အပြန်အလှန်ပေးပို့ခဲ့သော ဓာတ်ပုံများ၊ မက်ဆေ့များ များစွာပါဝင်သည်ဟု ဆိုသည်။

နာမည်ကြီး ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုတွင် ရောက်ရှိနေသော ဗွီဒီယိုဖိုင်မှာ Professional amateur ဟု အမည်ပေးထားပြီး ကြည့်ရှုမှု အကြိမ်ရေ ၈ သန်းကျော်ရှိနေပြီ ဖြစ်သည်။

Ray J က ပြောသည်မှာ အဆိုပါဗွီဒီယိုဖိုင်ကို ကင်မ်ကာဒါရှီယန်နှင့် မိခင်ဖြစ်သူတို့က နာမည်ကြီးစေရန် ရည်ရွယ်ချက်ဖြင့် တမင်ပျံ့နှံ့စေခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဗွီဒီယိုကြောင့် မိမိ၏ အနုပညာနာမည်ဂုဏ်သတင်း အပေါ် များစွာထိခိုက်ရကြောင်း ပြောကြားသည်။ ကင်မ် ကာဒါရှီယန်ကမူ Ray J ၏ ထိုသို့ ပြောကြားမှုအပေါ် ငြင်းပယ်ထားပြီး မိမိဆန္ဒမပါဘဲ ပျံ့နှံ့သွားခြင်းသာ ဖြစ်ကြောင်း ပြောကြားထားသည်။

(ကင်မ်ကာဒါရှီယန်၏ နေအိမ်အနီးတွင် Ray J နေအိမ်ဝယ်ယူခဲ့မှု)

Ray J သည် ကင်မ်ကာဒါရှီယန်၏ စံအိမ်တည်ရှိရာ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်တွင် စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ဝယ်ယူထားသည်။

အဆိုပါ စံအိမ်ကို ဝယ်ယူစဉ်က ကင်မ်ကာဒါရှီယန်သည် ကင်ညေးဝက်စ်နှင့် လမ်းမခွဲရသေးချေ။

Ray J ဝယ်လိုက်သောအိမ်မှာ ကင်မ်ကာဒါရှီယန်၏အိမ်နှင့် ၈ အိမ်ကျော်သာ ကွာဝေးသည်။

Ray J ဝယ်ယူလိုက်သောစံအိမ်တွင် မြင်းဇောင်း ၃ ခုပင်လျှင် ပါဝင်သည်ဟု ဆိုသည်။

ကင်မ်ကာဒါရှီယန်၏ နေအိမ်အနီးသို့ အဘယ်ကြောင့် ပြောင်းရွှေ့နေထိုင်လိုရသနည်းဟု မေးရာတွင် Ray J က ထိုဒေသသည် သူနေထိုင်ခဲ့သည့်ဒေသဖြစ်ကြောင်း၊ ထိုဒေသတွင် မိမိနေထိုင်ခဲ့သည်မှာ ကင်မ်ကာဒါရှီယန် ထက်ပင် ကြာမြင့်ခဲ့ကြောင်း၊ ကင်မ်ကာဒါရှီယန်မှာ ဤဒေသခံမဟုတ်ကြောင်း ဖြေကြားခဲ့သည်။

တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Ray J ကပြောခဲ့သည်မှာ မိမိနှင့် ကင်မ်ကာဒါရှီယန်တို့ လိင်ဆက်ဆံသည့် ဗွီဒီယိုဖိုင် ပျံ့နှံ့မှုမှာ မတော်တဆဖြစ်ရပ်မဟုတ်ဘဲ ကင်မ်ကာဒါရှီယန်နှင့် မိခင်ဖြစ်သူ ခရစ် ဂျင်းနာတို့ ပူးပေါင်းကြံစည်ကာ တမင်ဖြန့်ဝေသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

(Ray J ၏ Laptop ကို ကင်မ်ကာဒါရှီယန်၏ ခင်ပွန်းဟောင်း ကင်ညေးဝက်စ်နှင့် Ray J တို့ အတူတူကြည့်ခဲ့)

ဇနီးဖြစ်သူနှင့် ပြန်လည်ပေါင်းထုပ်နိုင်ရန် အားထုတ်နေသော ကင်ညေးဝက်စ်က ကင်မ်ကာဒါရှီယန်နှင့် Ray J တို့အကြား အပြန်အလှန်ပေးပို့ထားသည့် ဓာတ်ပုံများရှိနေသည့် Laptop ကို Ray J ထံမှ ရယူကာ ကင်မ်ကာဒါရှီယန်ထံ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

Ray J က ပြောသည်မှာ ကင်ညေးဝက်စ်နှင့် လော့စ်အိန်ဂျလိ လေဆိပ်၏ သီးသန့် terminal တစ်ခုတွင် ၄ နာရီခန့် တွေ့ဆုံစကားပြောခဲ့ကြောင်း၊ မိမိထံတွင်ရှိနေသည့် ကင်မ်ကာဒါရှီယန်နှင့် ပတ်သက်သမျှကို ကင်ညေးဝက်စ်အားပေးခဲ့ကြောင်း၊ မိမိထံတွင်ရှိနေသည့် ဗွီဒီယို၊ ဓာတ်ပုံအားလုံးကို ကင်ညေးဝက်စ်အား ပြသခဲ့ကြောင်း၊ ကင်ညေးဝက်စ်သည် လေဆိပ်ကြမ်းပြင်တွင်ထိုင်ကာ မိမိပြသသည်များ အားလုံးကို ကြည့်ရှုခဲ့ကြောင်း၊ မိမိ၏ Laptop အတွင်း ညစ်ညမ်းဗွီဒီယိုများမရှိကြောင်း ပြောကြားသည်။

ထို့အပြင် ကင်မ်ကာဒါရှီယန်နှင့် ၎င်းအကြား အပြန်အလှန်ရေးသားပေးပို့ခဲ့သည့် မက်ဆေ့များကိုပါ ပြသခဲ့သည်။

ကင်ညေးဝက်စ်က Ray J ၏ Laptop ကို ယူဆောင်ကာ လေယာဉ်ဖြင့် ချက်ခြင်းပြန်ခဲ့ပြီး ကင်မ်ကာဒါရှီယန်ထံ အဆိုပါ Laptop ပေးအပ်ခဲ့သည်။

ကင်မ်ကာဒါရှီယန်က ကင်ညေးဝက်စ် Laptop လာပေးသည့်အကြောင်းကို The Kardashians ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။

“သူအိမ်ကိုရောက်လာတယ်။ ကွန်ပြူတာနဲ့ Hard drive လည်း ပါလာတယ်။ သူက Ray J နဲ့ လေဆိပ်မှာတွေ့ပြီး ကျွန်မအတွက် ယူလာပေးတာဖြစ်ပါတယ်”ဟု ရုပ်သံအစီအစဉ်တွင် ကင်မ်ကာဒါရှီယန်က ပြောသည်။

ကင်ညေးဝက်စ်မှာ ကင်မ်ကာဒါရှီယန်နှင့် ပြန်လည်ပေါင်းသင်းလိုသဖြင့် မျက်နှာသာရစေရန် laptop ယူခဲ့ပေးခြင်းဖြစ်သော်လည်း ကင်မ်ကာဒါရှီယန်မှာ ယခုအခါ Pete Davidson နှင့် ချစ်သူဖြစ်နေပြီဖြစ်ရာ ကင်ညေးဝက်စ်အတွက် မျှော်လင့်ချက်မရှိသလောက်ပင်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: KIM KARDASHIAN : RAY J IS BACK ...And He's Moving Next Door!!! ( tmz.com )

 

[Zawgyi]

ကင္မ္ကာဒါရွီယန္ႏွင့္ လိင္ဆက္ဆံခဲ့သည့္ဗြီဒီယိုေပါက္ၾကားခဲ့မႈအတြက္ အမ်က္ထြက္ေနသူ Ray J ၏ စံအိမ္

အေမရိက၏ ထိတ္ထိတ္ၾကဲ အေက်ာ္အေမာ္မ်ားျဖစ္ေသာ ကင္မ္ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္တုိ႔ စံုတြဲ ကြာရွင္းထားသည္မွာ အတန္ၾကာခဲ့ျပီျဖစ္ခ်ိန္တြင္ တခ်ိန္က ကင္မ္ကာဒါရွီယန္၏ ခ်စ္သူေဟာင္း ဟစ္ပ္ေဟာ့ အဆိုေတာ္ Ray J ႏွင့္ ကင္မ္ ကာဒါရွီယန္တို႔ လိင္ဆက္ဆံခဲ့သည့္ ဗြီဒီယိုဖိုင္ ေပါက္ၾကားခဲ့မႈသတင္းမ်ား ျပန္လည္ေရပန္းစားလာမႈအတြက္ Ray J မွာ မ်ားစြာစိတ္ပ်က္ အမ်က္ထြက္ေနသည္။

ကင္မ္ကာဒါရွီယန္ႏွင့္ ခ်စ္ၾကိဳက္ခဲ့သူ၊ လက္ထပ္ခဲ့သူ ၁၀ ဦးရွိရာ Ray J လည္း တစ္ဦးအပါအဝင္ ျဖစ္သည္။

ထိုဗြီဒီယိုဖိုင္ ေပါက္ၾကားခဲ့သည္မွာ ၂၀၀၇ ခုႏွစ္ကတည္းကျဖစ္ေသာ္လည္း ညစ္ညမ္းဝက္ဘ္ဆိုက္မ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့အျပီး Ray J က သူႏွင့္ ကင္မ္ကာဒါရွီယန္တို႔အၾကား ပတ္သက္ဆက္ႏႊယ္ခဲ့မႈ အခ်က္အလက္မ်ားစြာ ပါဝင္သည့္ Laptop ကြန္ျပဴတာကို ကင္မ္ကာဒါရွီယန္၏ ခင္ပြန္းေဟာင္း ကင္ေညးဝက္စ္ထံ ေပးအပ္ခဲ့သည္။

အဆိုပါ Laptop အတြင္း ကင္မ္ကာဒါရွီယန္ႏွင့္ အျပန္အလွန္ေပးပို႔ခဲ့ေသာ ဓာတ္ပံုမ်ား၊ မက္ေဆ့မ်ား မ်ားစြာပါဝင္သည္ဟု ဆိုသည္။

နာမည္ၾကီး ညစ္ညမ္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေရာက္ရွိေနေသာ ဗြီဒီယိုဖိုင္မွာ Professional amateur ဟု အမည္ေပးထားျပီး ၾကည့္ရႈမႈ အၾကိမ္ေရ ၈ သန္းေက်ာ္ရွိေနျပီ ျဖစ္သည္။

Ray J က ေျပာသည္မွာ အဆိုပါဗြီဒီယိုဖိုင္ကို ကင္မ္ကာဒါရွီယန္ႏွင့္ မိခင္ျဖစ္သူတို႔က နာမည္ၾကီးေစရန္ ရည္ရြယ္ခ်က္ျဖင့္ တမင္ပ်ံ႕ႏွံ႔ေစခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းဗြီဒီယိုေၾကာင့္ မိမိ၏ အႏုပညာနာမည္ဂုဏ္သတင္း အေပၚ မ်ားစြာထိခိုက္ရေၾကာင္း ေျပာၾကားသည္။ ကင္မ္ ကာဒါရွီယန္ကမူ Ray J ၏ ထိုသို႔ ေျပာၾကားမႈအေပၚ ျငင္းပယ္ထားျပီး မိမိဆႏၵမပါဘဲ ပ်ံ႕ႏွံ႔သြားျခင္းသာ ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

(ကင္မ္ကာဒါရွီယန္၏ ေနအိမ္အနီးတြင္ Ray J ေနအိမ္ဝယ္ယူခဲ့မႈ)

Ray J သည္ ကင္မ္ကာဒါရွီယန္၏ စံအိမ္တည္ရွိရာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္တြင္ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၂ ဒသမ ၇ သန္းျဖင့္ ဝယ္ယူထားသည္။

အဆိုပါ စံအိမ္ကို ဝယ္ယူစဥ္က ကင္မ္ကာဒါရွီယန္သည္ ကင္ေညးဝက္စ္ႏွင့္ လမ္းမခြဲရေသးေခ်။

Ray J ဝယ္လိုက္ေသာအိမ္မွာ ကင္မ္ကာဒါရွီယန္၏အိမ္ႏွင့္ ၈ အိမ္ေက်ာ္သာ ကြာေဝးသည္။

Ray J ဝယ္ယူလိုက္ေသာစံအိမ္တြင္ ျမင္းေဇာင္း ၃ ခုပင္လွ်င္ ပါဝင္သည္ဟု ဆိုသည္။

ကင္မ္ကာဒါရွီယန္၏ ေနအိမ္အနီးသို႔ အဘယ္ေၾကာင့္ ေျပာင္းေရႊ႕ေနထိုင္လိုရသနည္းဟု ေမးရာတြင္ Ray J က ထိုေဒသသည္ သူေနထိုင္ခဲ့သည့္ေဒသျဖစ္ေၾကာင္း၊ ထိုေဒသတြင္ မိမိေနထိုင္ခဲ့သည္မွာ ကင္မ္ကာဒါရွီယန္ ထက္ပင္ ၾကာျမင့္ခဲ့ေၾကာင္း၊ ကင္မ္ကာဒါရွီယန္မွာ ဤေဒသခံမဟုတ္ေၾကာင္း ေျဖၾကားခဲ့သည္။

ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ Ray J ကေျပာခဲ့သည္မွာ မိမိႏွင့္ ကင္မ္ကာဒါရွီယန္တို႔ လိင္ဆက္ဆံသည့္ ဗြီဒီယိုဖိုင္ ပ်ံ႕ႏွံ႔မႈမွာ မေတာ္တဆျဖစ္ရပ္မဟုတ္ဘဲ ကင္မ္ကာဒါရွီယန္ႏွင့္ မိခင္ျဖစ္သူ ခရစ္ ဂ်င္းနာတို႔ ပူးေပါင္းၾကံစည္ကာ တမင္ျဖန္႔ေဝသည့္ လုပ္ရပ္ျဖစ္ေၾကာင္း ေျပာခဲ့ဖူးသည္။

(Ray J ၏ Laptop ကို ကင္မ္ကာဒါရွီယန္၏ ခင္ပြန္းေဟာင္း ကင္ေညးဝက္စ္ႏွင့္ Ray J တို႔ အတူတူၾကည့္ခဲ့)

ဇနီးျဖစ္သူႏွင့္ ျပန္လည္ေပါင္းထုပ္ႏိုင္ရန္ အားထုတ္ေနေသာ ကင္ေညးဝက္စ္က ကင္မ္ကာဒါရွီယန္ႏွင့္ Ray J တို႔အၾကား အျပန္အလွန္ေပးပို႔ထားသည့္ ဓာတ္ပံုမ်ားရွိေနသည့္ Laptop ကို Ray J ထံမွ ရယူကာ ကင္မ္ကာဒါရွီယန္ထံ ေပးအပ္ခဲ့သည္ဟု ဆိုသည္။

Ray J က ေျပာသည္မွာ ကင္ေညးဝက္စ္ႏွင့္ ေလာ့စ္အိန္ဂ်လိ ေလဆိပ္၏ သီးသန္႔ terminal တစ္ခုတြင္ ၄ နာရီခန္႔ ေတြ႔ဆံုစကားေျပာခဲ့ေၾကာင္း၊ မိမိထံတြင္ရွိေနသည့္ ကင္မ္ကာဒါရွီယန္ႏွင့္ ပတ္သက္သမွ်ကို ကင္ေညးဝက္စ္အားေပးခဲ့ေၾကာင္း၊ မိမိထံတြင္ရွိေနသည့္ ဗြီဒီယို၊ ဓာတ္ပံုအားလံုးကို ကင္ေညးဝက္စ္အား ျပသခဲ့ေၾကာင္း၊ ကင္ေညးဝက္စ္သည္ ေလဆိပ္ၾကမ္းျပင္တြင္ထိုင္ကာ မိမိျပသသည္မ်ား အားလံုးကို ၾကည့္ရႈခဲ့ေၾကာင္း၊ မိမိ၏ Laptop အတြင္း ညစ္ညမ္းဗြီဒီယိုမ်ားမရွိေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ ကင္မ္ကာဒါရွီယန္ႏွင့္ ၎အၾကား အျပန္အလွန္ေရးသားေပးပို႔ခဲ့သည့္ မက္ေဆ့မ်ားကိုပါ ျပသခဲ့သည္။

ကင္ေညးဝက္စ္က Ray J ၏ Laptop ကို ယူေဆာင္ကာ ေလယာဥ္ျဖင့္ ခ်က္ျခင္းျပန္ခဲ့ျပီး ကင္မ္ကာဒါရွီယန္ထံ အဆိုပါ Laptop ေပးအပ္ခဲ့သည္။

ကင္မ္ကာဒါရွီယန္က ကင္ေညးဝက္စ္ Laptop လာေပးသည့္အေၾကာင္းကို The Kardashians ရုပ္သံအစီအစဥ္တြင္ ေျပာၾကားခဲ့သည္။

“သူအိမ္ကိုေရာက္လာတယ္။ ကြန္ျပဴတာနဲ႔ Hard drive လည္း ပါလာတယ္။ သူက Ray J နဲ႔ ေလဆိပ္မွာေတြ႔ျပီး ကၽြန္မအတြက္ ယူလာေပးတာျဖစ္ပါတယ္”ဟု ရုပ္သံအစီအစဥ္တြင္ ကင္မ္ကာဒါရွီယန္က ေျပာသည္။

ကင္ေညးဝက္စ္မွာ ကင္မ္ကာဒါရွီယန္ႏွင့္ ျပန္လည္ေပါင္းသင္းလိုသျဖင့္ မ်က္ႏွာသာရေစရန္ laptop ယူခဲ့ေပးျခင္းျဖစ္ေသာ္လည္း ကင္မ္ကာဒါရွီယန္မွာ ယခုအခါ Pete Davidson ႏွင့္ ခ်စ္သူျဖစ္ေနျပီျဖစ္ရာ ကင္ေညးဝက္စ္အတြက္ ေမွ်ာ္လင့္ခ်က္မရွိသေလာက္ပင္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: KIM KARDASHIAN : RAY J IS BACK ...And He's Moving Next Door!!! ( tmz.com )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service