ကမ္ဘာ့နေပျော်ဆုံးမြို့နေရာအား အော့ကလန်ကို မဲလ်ဘုန်းပေးအပ်လိုက်ရ

ကမ္ဘာ့နေပျော်ဆုံးမြို့နေရာအား အော့ကလန်ကို မဲလ်ဘုန်းပေးအပ်လိုက်ရ - Property News in Myanmar from iMyanmarHouse.com
4 May 2022 11:55 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေထိုင်ဖို့ရာ ကမ္ဘာ့အလိုလားခံရဆုံးမြို့ပြများအနက် တစ်ခုအဖြစ် ဂုဏ်သတင်းကျော်ဇောခဲ့သော သြစတြေးလျနိုင်ငံရှိ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့သည် COVID-19 ကပ်ရောဂါဘေးကြောင့် ဂုဏ်သတင်းကျဆင်းထိခိုက်ခဲ့ရပြီဖြစ်သည်။

The Economist Intelligence Unit က နောက်ဆုံးစစ်တမ်းကောက်ယူလိုက်သည့် ကမ္ဘာ့နေပျော်နိုင်မှုအဆင့်များကို ၂၀၂၁ ခုနှစ် ဇွန်တွင် ထုတ်ပြန်ခဲ့သည့်အခါ လူအတော်များများ မှန်းဆခဲ့ကြသည်များ ထင်ဟပ်ခဲ့ပေသည်။

ထိုစာရင်းတွင် နယူးဇီလန်နိုင်ငံ၏ ထွန်းသစ်စမြို့တော် အော့ကလန်က ကမ္ဘာ့နေပျော်ဆုံးမြို့အဖြစ် ဖော်ပြခံခဲ့ရသည်။ မဲလ်ဘုန်းကမူ ယခင်စာရင်းများ၏ ၎င်းထိပ်တန်းနေရာကို ရှစ်နှစ်ဆက်တိုက်ရရှိခဲ့ရာမှ နံပါတ် ၈ နေရာသို့ သိသိသာသာသလျောကျသွားခဲ့ပေသည်။ ပြိုင်ဘက် အော်ဇီမြို့များဖြစ်သည့် Adelaide နဲ့ Perth မြို့များအောက်လည်း နိမ့်ခဲ့ကာ ဆွစ်ဇာလန်နိုင်ငံရှိ ဂျီနီဗာမြို့နှင့် အဆင့်တူစွာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

မဲလ်ဘုန်း၏ အဆိုပါသိသိသာသာအဆင့်ကျမှုသည် ခေါင်းကြီးပိုင်းသတင်းများတွင် လွှမ်းမိုးသွားခဲ့သည်။

အော့ကလန်နှင့်ပတ်သက်၍ ဆိုရသော် ဒေသခံများအတွက် မြင့်မားသောဘဝအဆင့်အတန်းအရည်အသွေးနှင့် လွတ်လပ်ခွင့်တို့ကို ထိန်းသိမ်းလျက် COVID-19 ကပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စွမ်းက အော့ကလန်၏ ထိုထိပ်တန်းနေရာရရှိခဲ့ခြင်းတွင် အဓိကအချက်ဖြစ်ပေသည်။

"အော့ကလန်ရဲ့ အဆင့်တိုးတက်မှုဟာ အဓိကအားဖြင့် နယူဇီလန် (အော့ကလန်၏နိုင်ငံ) ရဲ့ COVID-19 ကပ်ရောဂါပျံ့နှံ့မှုကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်မှုနဲ့ နယ်စပ်တံခါးပိတ်မှုအားကောင်းအောင်ဆောင်ရွက်နိုင်မှုတွေကြောင့် ဖြစ်ပါတယ်" ဟု The Economist Intelligence Unit မှ သုတေသနပညာရှင် အက်ရှေရာသီက ပြောကြားခဲ့သည်။

COVID-19 ကာလအတွင်း နယူးဇီလန်တွင် ကမ္ဘာ့အတင်းကျပ်ဆုံးနယ်စပ်ထိန်းချုပ်မှုများဖြင့် အခါအားလျော်စွာ တားမြစ်မှုများချမှတ်ခဲ့သော်လည်း လူမှုဘဝများအား ပုံမှန်အတိုင်းနီးပါးကဲ့သို့ပင် ဆက်လက်နေထိုင်ခွင့်ပြုလာခဲ့ခြင်းဖြစ်ပေသည်။

မဲလ်ဘုန်းကမူ ခြောက်ကြိမ်တိတိ စုစုပေါင်း ၂၆၃ ရက် Lock down (အရေးပေါ်အခြေအနေတစ်ခုအတွင်း သတ်မှတ်ဧရိယာအတွင်းမှ လူထုအား ထွက်ခွာခွင့်မပြုခြင်း) ချမှတ်ခံခဲ့ရသည်။ မဲလ်ဘုန်းတည်ရှိရာ ဗစ်တိုးရီးယားပြည်နယ်၏ ကြွေးမြီဝန်ထုပ်သည် COVID-19 ကပ်ရောဂါနှင့်ဆက်စပ်၍ သက်သာချောင်ချိရေးနှင့် ဝင်ငွေဆုံးရှုံးမှုတို့ကြောင့် ၂၀၂၅ ခုနှစ်ကုန်တွင် သြစတြေးလျဒေါ်လာ ၂၀၀ ဘီလျံနီးပါး ရှိလာမည်ဟု ခန့်မှန်းရသည်။

ထို့ကြောင့် မဲလ်ဘုန်း၏ စာရင်းထိပ်တန်းနေရာသို့ ပြန်လည်တက်လှမ်းလာနိုင်ခြေသည် လာမည့်နှစ်နှစ်သုံးနှစ်အတွင်း ဖြစ်နိုင်ခြေမရှိဟု သြစတြေးလျ၏အကြီးဆုံးအိမ်ခြံမြေအကြံပေးကုမ္ပဏီ Charter Keck Cramer ၏ နိုင်ငံအဆင့် သုတေသနနှင့် နည်းဗျူဟာဒါရိုက်တာ Rob Burgess က ပြောကြားလိုက်ကြောင်းလည်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Melbourne cedes its status as the world’s most liveable city to Auckland (propertyawards)

 

[Zawgyi]

ကမ႓ာ့ေနေပ်ာ္ဆုံးၿမိဳ႕ေနရာအား ေအာ့ကလန္ကို မဲလ္ဘုန္းေပးအပ္လိုက္ရ

ေနထိုင္ဖို႔ရာ ကမ႓ာ့အလိုလားခံရဆုံးၿမိဳ႕ျပမ်ားအနက္ တစ္ခုအျဖစ္ ဂုဏ္သတင္းေက်ာ္ေဇာခဲ့ေသာ ၾသစေၾတးလ်ႏိုင္ငံ႐ွိ ဗစ္တိုးရီးယားျပည္နယ္ၿမိဳ႕ေတာ္ မဲလ္ဘုန္းၿမိဳ႕သည္ COVID-19 ကပ္ေရာဂါေဘးေၾကာင့္ ဂုဏ္သတင္းက်ဆင္းထိခိုက္ခဲ့ရၿပီျဖစ္သည္။

The Economist Intelligence Unit က ေနာက္ဆုံးစစ္တမ္းေကာက္ယူလိုက္သည့္ ကမ႓ာ့ေနေပ်ာ္ႏိုင္မႈအဆင့္မ်ားကို ၂၀၂၁ ခုႏွစ္ ဇြန္တြင္ ထုတ္ျပန္ခဲ့သည့္အခါ လူအေတာ္မ်ားမ်ား မွန္းဆခဲ့ၾကသည္မ်ား ထင္ဟပ္ခဲ့ေပသည္။

ထိုစာရင္းတြင္ နယူးဇီလန္ႏိုင္ငံ၏ ထြန္းသစ္စၿမိဳ႕ေတာ္ ေအာ့ကလန္က ကမ႓ာ့ေနေပ်ာ္ဆုံးၿမိဳ႕အျဖစ္ ေဖာ္ျပခံခဲ့ရသည္။ မဲလ္ဘုန္းကမူ ယခင္စာရင္းမ်ား၏ ၎ထိပ္တန္းေနရာကို ႐ွစ္ႏွစ္ဆက္တိုက္ရ႐ွိခဲ့ရာမွ နံပါတ္ ၈ ေနရာသို႔ သိသိသာသာသေလ်ာက်သြားခဲ့ေပသည္။ ၿပိဳင္ဘက္ ေအာ္ဇီၿမိဳ႕မ်ားျဖစ္သည့္ Adelaide နဲ႔ Perth ၿမိဳ႕မ်ားေအာက္လည္း နိမ့္ခဲ့ကာ ဆြစ္ဇာလန္ႏိုင္ငံ႐ွိ ဂ်ီနီဗာၿမိဳ႕ႏွင့္ အဆင့္တူစြာ ရပ္တည္ခဲ့ျခင္းျဖစ္သည္။

မဲလ္ဘုန္း၏ အဆိုပါသိသိသာသာအဆင့္က်မႈသည္ ေခါင္းႀကီးပိုင္းသတင္းမ်ားတြင္ လႊမ္းမိုးသြားခဲ့သည္။

ေအာ့ကလန္ႏွင့္ပတ္သက္၍ ဆိုရေသာ္ ေဒသခံမ်ားအတြက္ ျမင့္မားေသာဘဝအဆင့္အတန္းအရည္အေသြးႏွင့္ လြတ္လပ္ခြင့္တို႔ကို ထိန္းသိမ္းလ်က္ COVID-19 ကပ္ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္စြမ္းက ေအာ့ကလန္၏ ထိုထိပ္တန္းေနရာရ႐ွိခဲ့ျခင္းတြင္ အဓိကအခ်က္ျဖစ္ေပသည္။

"ေအာ့ကလန္ရဲ႕ အဆင့္တိုးတက္မႈဟာ အဓိကအားျဖင့္ နယူဇီလန္ (ေအာ့ကလန္၏ႏိုင္ငံ) ရဲ႕ COVID-19 ကပ္ေရာဂါပ်ံ႕ႏွံ႔မႈကို ထိထိေရာက္ေရာက္ထိန္းခ်ဳပ္ႏိုင္မႈနဲ႔ နယ္စပ္တံခါးပိတ္မႈအားေကာင္းေအာင္ေဆာင္႐ြက္ႏိုင္မႈေတြေၾကာင့္ ျဖစ္ပါတယ္" ဟု The Economist Intelligence Unit မွ သုေတသနပညာ႐ွင္ အက္ေ႐ွရာသီက ေျပာၾကားခဲ့သည္။

COVID-19 ကာလအတြင္း နယူးဇီလန္တြင္ ကမ႓ာ့အတင္းက်ပ္ဆုံးနယ္စပ္ထိန္းခ်ဳပ္မႈမ်ားျဖင့္ အခါအားေလ်ာ္စြာ တားျမစ္မႈမ်ားခ်မွတ္ခဲ့ေသာ္လည္း လူမႈဘဝမ်ားအား ပုံမွန္အတိုင္းနီးပါးကဲ့သို႔ပင္ ဆက္လက္ေနထိုင္ခြင့္ျပဳလာခဲ့ျခင္းျဖစ္ေပသည္။

မဲလ္ဘုန္းကမူ ေျခာက္ႀကိမ္တိတိ စုစုေပါင္း ၂၆၃ ရက္ Lock down (အေရးေပၚအေျခအေနတစ္ခုအတြင္း သတ္မွတ္ဧရိယာအတြင္းမွ လူထုအား ထြက္ခြာခြင့္မျပဳျခင္း) ခ်မွတ္ခံခဲ့ရသည္။ မဲလ္ဘုန္းတည္႐ွိရာ ဗစ္တိုးရီးယားျပည္နယ္၏ ေႂကြးၿမီဝန္ထုပ္သည္ COVID-19 ကပ္ေရာဂါႏွင့္ဆက္စပ္၍ သက္သာေခ်ာင္ခ်ိေရးႏွင့္ ဝင္ေငြဆုံး႐ႈံးမႈတို႔ေၾကာင့္ ၂၀၂၅ ခုႏွစ္ကုန္တြင္ ၾသစေၾတးလ်ေဒၚလာ ၂၀၀ ဘီလ်ံနီးပါး ႐ွိလာမည္ဟု ခန္႔မွန္းရသည္။

ထို႔ေၾကာင့္ မဲလ္ဘုန္း၏ စာရင္းထိပ္တန္းေနရာသို႔ ျပန္လည္တက္လွမ္းလာႏိုင္ေျခသည္ လာမည့္ႏွစ္ႏွစ္သုံးႏွစ္အတြင္း ျဖစ္ႏိုင္ေျခမ႐ွိဟု ၾသစေၾတးလ်၏အႀကီးဆုံးအိမ္ျခံေျမအၾကံေပးကုမၸဏီ Charter Keck Cramer ၏ ႏိုင္ငံအဆင့္ သုေတသနႏွင့္ နည္းဗ်ဴဟာဒါ႐ိုက္တာ Rob Burgess က ေျပာၾကားလိုက္ေၾကာင္းလည္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Melbourne cedes its status as the world’s most liveable city to Auckland (propertyawards)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service