မိမိကိုယ်ကို မြွေဟောက်အကိုက်ခံကာ အဆုံးစီရင်ခဲ့သူ ကလီယိုပက်ထရာ၏ ပင်လယ်အောက်မှ နန်းတော်ကြီး

မိမိကိုယ်ကို မြွေဟောက်အကိုက်ခံကာ အဆုံးစီရင်ခဲ့သူ ကလီယိုပက်ထရာ၏ ပင်လယ်အောက်မှ နန်းတော်ကြီး - Property News in Myanmar from iMyanmarHouse.com
3 May 2022 1:30 pm တွင် တင်ခဲ့သည်
3916 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အန်ထော်နီနှင့် ကလီယိုပက်ထရာ အဆုံးစီရင်ကြခြင်း)

ရောမဧကရာဇ် သြတာဗီယန်၏ တပ်များသည် ကလီယိုပက်ထရာ အုပ်ချုပ်စိုးစံရာ အီဂျစ်ပြည် အလက်ဇန်းဒရီးယားသို့ အလုံးအရင်း ဝင်လာသောကြောင့် ကလီယိုပက်ထရာသည် သူမ၏ အနီးကပ်ဆုံး အမှုတော်ထမ်းများနှင့်အတူ ဆုတ်ခွာထွက်ပြေးခဲ့ပြီး အန်ထော်နီထံသို့ စာတစ်စောင် ဆက်သားဖြင့် ပေးပို့စေလွှတ်ခဲ့သည်။

စာအတွင်း ရေးသားထားသည်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်ကြောင်း ရေးသားထားသည်။

အန်ထော်နီကလည်း ထိုစာကိုရသောအခါ သူ၏ ကျွန်ယုံတော် Eros အား မိမိကိုသတ်ရန် အမိန့်ပေးလေသည်။

သို့သော် ကျွန်ယုံတော်က ၎င်းဘာသာ ဓားဖြင့်ထိုးကာ အဆုံးစီရင်သွားခဲ့သည်။

သို့နှင့် ဆောက်တည်ရာမရဖြစ်သွားသော အန်ထော်နီက ၎င်းဘာသာ ဗိုက်ကိုဓားဖြင့်ထိုး၍ အဆုံးစီရင်ခဲ့ရာ အလွန်ကြီးမားသည့်ဒဏ်ရာ ရရှိသွားခဲ့၏။

Plutarch ၏ ရေးသားဖော်ပြချက်အရ အန်ထော်နီကို ကလီယိုပက်ထရာ၏ သင်္ချိုင်းဂူရှိရာသို့ ခေါ်ဆောင်သွားချိန်တိုင် အသက်ရှင်နေဆဲဖြစ်သည်ဟု ဆိုသည်။

အန်ထော်နီ သေအံ့မူးမူးအချိန်တွင် ပြောသွားခဲ့သည်မှာ သြတာဗီယန်၏ဘက်သားတစ်ဦးကို ယုံကြည်နိုင်ကြောင်း ပြောသွားခဲ့သည်။

သို့သော် အန်ထော်နီ ညွှန်းဆိုသော ထိုသူကပင် လှေကားတစ်ခုဖြင့် ကလီယိုပက်ထရာ၏ သင်္ချိုင်းဂူပြတင်းသို့တက်ကာ ပြတင်းကို ချိုးဖျက်ဝင်ရောက်ပြီး ကလီယိုပက်ထရာ သတ်မသေမီတွင် ဖမ်းဆီးခဲ့သည်။

ကလီယိုပက်ထရာက သူမ၏ များပြားလှသော ရတနာများနှင့်အတူ မီးရှို့ကာ အဆုံးစီရင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဖမ်းခံလိုက်ရပြီးနောက် ကလီယိုပက်ထရာက အန်ထော်နီ၏ ရုပ်အလောင်းကို မပုပ်သိုးစေမည့် ဆေးစိမ်ခွင့် တောင်းရာ ဆေးစိမ်ခွင့်ပြုခဲ့သည်။ ယင်းနောက် ကလီယိုပက်ထရာအား ဖမ်းဆီးကာ နန်းတော်သို့ ခေါ်ဆောင်သွားခဲ့ရာ သြတာဗီယန်နှင့် တွေ့ရလေသည်။

သြတာဗီယန်သည် ကလီယိုပက်ထရာ၏ ကလေး ၃ ဦးဖြစ်သော Alexander Helios, Cleopatra Selene II, နှင့် Ptolemy Philadelphus တို့ကိုလည်း ဖမ်းဆီးထားပြီး ဖြစ်သည်။

သြတာဗီယန်နှင့် တွေ့ဆုံရာတွင် ကလီယိုပက်ထရာက ရှင်အောင်ပွဲခံ ပြည်တော်ပြန်ရင် ကျွန်မကို ဖမ်းမိထားပုံ လှည့်လည်အပြသခံရမှာလားဟု တဲ့တိုးပင် မေးလိုက်သည်။

သြတာဗီယန်ကမူ ကလီယိုပက်ထရာအား အသက်ကိုချမ်းသာပေးမည်ဟုသာ အဖြေကိုသာ ပေး၏။

အီဂျစ်ပြည်နှင့် ကလီယိုပက်ထရာ၏ တော်ဝင်မိသားစုအား မည်သို့စီစဉ်မည်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုကား ကလီယိုပက်ထရာအား မပြောခဲ့။

ထိုကာလအတွင်း သူလျှိုတစ်ဦးက သတင်းပေးသည်မှာ ကလီယိုပက်ထရာအား ရောမသို့ အပြန်လမ်းတွင် အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင် ပြသကာ အောင်ပွဲခံသွားရန် သြတာဗီယန်က ရည်ရွယ်ထားကြောင်း ပြောပြ၏။ ထို့ကြောင့် ကလီယိုပက်ထရာက ထိုသို့အရှက်ကွဲရခြင်းထက် မိမိကိုယ်ကိုသာ အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့သည်။

သြတာဗီယန်ကလည်း သူ့လူ Epaphroditus ကို ကလီယိုပက်ထရာထံ စေလွှတ်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု မပြုစေရေး စောင့်ကြည့်စေသည်။ သို့သော် ကလီယိုပက်ထရာက Epaphroditus ကိုလှည့်စားကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားလေသည်။

အဆုံးမစီရင်မီတွင် သြတာဗီယန်ထံ စာတစ်စောင်ရေးခဲ့ပြီး မိမိအား အန်ထိုနီ၏ အုတ်ဂူဘေးတွင် မြှုပ်နှံပေးရန် တောင်းဆိုခဲ့၏။

သြတာဗီယန်လည်း ချက်ချင်းပင် ကလီယိုပက်ထရာထံ လာရောက်ကြည့်ရှုခဲ့ပြီး သူ၏ အမှုထမ်းများက အကျဉ်းခန်းတံခါးအား ရိုက်ချိုးဖျက်ဆီးကာ ဝင်ရောက်ခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကလီယိုပက်ထရာ၏ အစေခံမိန်းကလေး Iras နှင့် ကလီယိုပက်ထရာတို့ မြွေဟောက်အကိုက်ခံကာ သေဆုံးနေခဲ့ကြပြီကို တွေ့ရ၏။

သြတာဗီယန်သည် ရှေးဟောင်းလစ်ဗျားတိုင်းရင်းသားမျိုးနွှယ်စု Psylli မှ အထူးလေ့ကျင့်ထားသော မြွေအလာပ္ပယ်ဆရာများကို ခေါ်ယူကာ မြွေဟောက်အဆိပ်များ ပြန်လည်ထုတ်ယူစေပြီး ကလီယိုပက်ထရာ အသက်ရှင်စေရေး ကြိုးစားကြသည်။ သို့သော် မအောင်မြင်ချေ။

သြတာဗီယန်က သူ့အောင်ပွဲ၏ ခမ်းနားမှုအားလုံး လုယူခံလိုက်ရသကဲ့သို့ ခံစားရကာ ယမ်းပုံမီးကျ အမျက်ထွက်သွားခဲ့သည်ဟု ဆိုသည်။

သြတာဗီယန်လည်း ကလီယိုပက်ထရာ တောင်းဆိုခဲ့သည့်အတိုင်း အန်ထော်နီ၏ အုတ်ဂူဘေးတွင် ယှဉ်တွဲမြှုပ်နှံပေးခဲ့သည်။

(အလက်ဇန်းဒရီးယား ရေအောက်မှ ရတနာတစ်ပါး- ကလီယိုပက်ထရာ၏ ပျောက်ဆုံးနေသော နန်းတော်)

ကလီယိုပက်ထရာ ဘုရင်မ (Cleopatra VII Philopator) သည် ဂရိ Ptolemaic မင်းဆက်၏ နောက်ဆုံး အုပ်စိုးခဲ့သူဖြစ်သည့်နည်းတူ အီဂျစ်နိုင်ငံ၏ နောက်ဆုံး ဧကရီဘုရင်မကြီးလည်း ဖြစ်သည်။

ကလီယို ပက်ထရာသည် အီဂျစ် ဖာရိုးဘုရင်မတစ်ဦးဖြစ်ပြီး သူ၏ အလှတရား၊ ရောမခေါင်းဆောင်များဖြစ်သော ဂျူးလိယက်ဆီဇာ၊ မာ့အန်ထော်နီတို့နှင့် အချစ်ရေးတို့ဖြင့် နာမည်ကြီးခဲ့သည်။

အသက် ၁၈ နှစ်သမီးအရွယ်တွင် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး အီဂျစ်ပြည်အား ခရစ်တော် မပေါ်မီ ၅၁ မှသည် ခရစ်တော်မပေါ်မီ နှစ် ၃၀ အထိ အုပ်ချုပ်သွားခဲ့ကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သူ ဖြစ်သည်။

သူမ၏ ချစ်သူ မာ့ခ် အန်ထော်နီသည်လည်း အဆုံးစီရင်သွားခဲ့ပြီးနောက် အီဂျစ်ပြည်၏ လွတ်လပ်ရေးလည်း ဆုံးရှုံးသွားကာ ရောမအင်ပါယာ၏ ပြည်နယ်တစ်ခု ဖြစ်သွားခဲ့သည်။

အလက်ဇန်းဒရီးယားမြို့သည် ကလီယိုပက်ထရာလက်ထက် အီဂျစ်ပြည်၏ မြို့တော် ဖြစ်သည်။ (ခရစ်တော် မပေါ်မီ ၃၃၂ နှစ်တွင် အလက်ဇန်းဒါး သည် ဂရိတ်က တည်ထောင်သွားခဲ့ခြင်း ဖြစ်သည်။)

အီဂျစ်ပြည်၏ ရှေးခေတ်နန်းတော်ကြီးမှာ အုပ်စိုးသူ၏ အင်အားကို ဖော်ပြရန် မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားရာ နန်းတော်ဝန်းကြီးတွင် အနုစိတ်မွမ်းမံထားသော တိုင်လုံးကြီးများ ၊ ရုပ်တုများဖြင့် အတိပြီးနေသည်။

အဆိုပါ ခမ်းနားလှသော နန်နးတော်ကြီးနှင့် အလက်ဇန်းဒရီးယား၏ မီးပြတိုက် (ပျောက်ဆုံးနေသော ကမ္ဘာ့အံ့ဖွယ်တစ်ပါး) တို့မှာ ငလျင်နှင့် ဒီရေလှိုင်းများတို့ကြောင့် ပျက်စီးပျောက်ကွယ်သွားခဲ့ရသည်။

သို့သော် ၁၉၉၀ ပြည့်လွန်ကာလများတွင် ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင် Franck Goddio က ဂရိသမိုင်းပညာရှင် Strabo ရေးသားခဲ့သည့် ရှေးဟောင်းလက်ရေးမူများကို ရှာဖွေတွေ့ရှိခဲ့သည်။

(နန်းတော်တည်ရှိရာ ကျွန်း)

Strabo က အလက်ဇန်းဒရီးယားမြို့မှ ကလီယိုပက်ထရာ၏ နန်းတော်တည်ရှိရာ Antirhodos အမည်ရှိ ကျွန်းတစ်ကျွန်းအကြောင်း မှတ်တမ်းရေးသားထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဲလွန်စအရ Frank Goddio က ကလီယိုပက်ထရာ၏ ပျောက်ဆုံးနေသော နန်းတော်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

၁၀ နှစ်ခန့် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် Frank Goddio ၏ အဖွဲ့သည် ပျောက်ဆုံးနေသော ၊ ပင်လယ်ရေအောက် နစ်မြှုပ်နေသော Antirhodos ကျွန်းကို စတင်ရှာဖွေလေသည်။

ရှေးဟောင်းသမိုင်းပညာရှင်တို့၏ ရေးသားခဲ့မှုများသာ အထောက်အထားရှိခဲ့သော်လည်း ရှာဖွေရင်း များမကြာမီတွင် သဲလွန်စများ တွေ့လာခဲ့သည်။

(နန်းတော်တွေ့ပြီ)

ပထမဆုံး တွေ့ရှိသည်မှာ လက်ဝတ်ရတနာများ၊ ဆံထိုးများ၊ လက်စွပ်များနှင့် ဖန်ခွက်များပါရှိသော မီတာ ၃၀ ရှည်လျားသည့် ရှေးဟောင်းကုန်သင်္ဘောပျက်တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့၏။

ယင်းနောက်ကား ရှေးခေတ်လှေဆိပ်တစ်ခုနှင့်အတူ ၇ မီတာမြင့်ကာ ဗျက် ၄ ပေထုရှိသော အီဂျစ်နှမ်းဖတ်ကျောက်နီဖြင့် ပြုလုပ်ထားသည့် ကော်လံတိုင်များစွာတွင် ရှေးခေတ်ပန်းချီလက်ရာများဖြင့် အလှဆင်ထားသည့် ခမ်းနားလှသော နန်းတော်အဝင်ဝကို ရှာဖွေတွေ့ရှိတော့သည်။

နန်းတော်ဝန်းကြီးနှင့်အတူ ရှေးခေတ်အသုံးအဆောင်များ၊ ဒင်္ဂါးများ၊ မြေထည်များ၊ ပန်းအိုးများ၊ ဇလုံများ၊ ရုပ်တုများ၊ ကော်လံတိုင်များ၊ စကျင်ကျောက်ကြမ်းပြင်များ အစရှိသည်တို့ကို နှစ်ပေါင်း ၂၀၀၀ နီးပါး မည်သူမျှ မတို့မထိရသေးဘဲ ခြေရာလက်ရာမပျက်တွေ့ရလေသည်။ နန်းတော်ကြီးအတွင်း ရှေးခေတ်ပစ္စည်းပေါင်း ၂၀၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့၏။ Frank Goddio ၏ အဖွဲ့ ရေပေါ်သို့ ယူဆောင်လာခဲ့သည့် ရှေးဟောင်းပစ္စည်းတစ်ခုမှာ နန်းတော်ဝန်းအတွင်း ဘုရားကျောင်းငယ်တစ်ခု၏ အဝတွင် ထားရှိသည့် Sphinx ရုပ်ကြီး ၂ ခုအနက်မှ တစ်ခု ဖြစ်သည်။

အဆိုပါရုပ်တုမှာ ကလီယိုပက်ထရာ၏ ခမည်းတော် Ptolemy XII Autletes ၏ ရုပ်တုဖြစ်ကြောင်းဖော်ထုတ် သိရှိရသည်။

ထို့အပြင် အီဂျစ်နတ်ဘုရား Isis ၏ ခမ်းနားလှသော ရုပ်တု၊ ကလီယိုပက်ထရာ၏ သားတော် Caesarion နှင့် ကလီယိုပက်ထရာ၏ ချစ်သူ ဂျူးလိယက်ဆီဇာတို့၏ ရုပ်တုများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

Frank Goddio ၏ အဖွဲ့က ကလီယိုပက်ထရာ၏ နန်းတော်၏ သစ်ဖောင်ဒေးရှင်းကို ကာဗွန်နည်းဖြင့် စစ်ဆေးရှာ ကလီယိုပက်ထရာ မမွေးဖွားမီ နှစ်ပေါင်း ၂၀၀ ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(ကလီယို ပက်ထရာရဲ့ နန်းတော် ရေအောက်ဘာကြောင့်ရောက်သွားလဲ)

သိပ္ပံပညာရှင်များက ယူဆသည်မှာ ကလီယိုပက်ထရာ၏ ခေတ်ပြီးဆုံးပြီး ရာစုနှစ်အနည်းငယ်အကြာ (လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ခန့်) တွင် ကြောက်မက်ဖွယ် ငလျင်ကြီးလှုပ်ခတ်ကာ အီဂျစပြည် အလက်ဇန်းဒရီးယားတွင် ကြီးမားသည့် ဆူနာမီရေလှိုင်းကြီးများ လွှမ်းမိုးသွားခဲ့သည်ဟု ယူဆကြသည်။

အဆိုပါဆူနာမီကြောင့် Antirhodos ကျွန်း၊ ကလီယိုပက်ထရာ၏ နန်းတော်နှင့် ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်သော မီးပြတိုက်တို့ အပြီးတိုင်ပျောက်ကွယ်ကာ ပင်လယ်ရေအောက် ရောက်ရှိသွားခဲ့သည်ဟု ယူဆကြသည်။

သင့်အနေဖြင့် ကလီယိုပက်ထရာနှင့် ဂျူးလိယက်ဆီဇာတို့၏ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်း အခြေတည်ရာ နန်းတော်ကြီးကို တွေ့မြင်လိုပါက အီဂျစ်ပြည်၊ အလက်ဇန်းဒရီးယား၏ ပင်လယ်ရေအောက်မှ ရှေးခေတ် Antirohodos ကျွန်းတွင် ကလီယိုပက်ထရာ၏ နန်းတော်ကြီးကို ရေငုပ်ကာ စူးစမ်းလေ့လာနိုင်ပြီ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Underwater Heritage in Alexandria: The Lost Palace of Cleopatra (makeheritagefun)

 

 

[Zawgyi]

မိမိကိုယ္ကို ေႁမြေဟာက္အကိုက္ခံကာ အဆံုးစီရင္ခဲ့သူ ကလီယိုပက္ထရာ၏ ပင္လယ္ေအာက္မွ နန္းေတာ္ႀကီး

 

(အန္ေထာ္နီႏွင့္ ကလီယိုပက္ထရာ အဆံုးစီရင္ၾကျခင္း)

ေရာမဧကရာဇ္ ၾသတာဗီယန္၏ တပ္မ်ားသည္ ကလီယိုပက္ထရာ အုပ္ခ်ဳပ္စိုးစံရာ အီဂ်စ္ျပည္ အလက္ဇန္းဒရီးယားသို႔ အလံုးအရင္း ဝင္လာေသာေၾကာင့္ ကလီယိုပက္ထရာသည္ သူမ၏ အနီးကပ္ဆံုး အမႈေတာ္ထမ္းမ်ားႏွင့္အတူ ဆုတ္ခြာထြက္ေျပးခဲ့ျပီး အန္ေထာ္နီထံသို႔ စာတစ္ေစာင္ ဆက္သားျဖင့္ ေပးပို႔ေစလႊတ္ခဲ့သည္။

စာအတြင္း ေရးသားထားသည္မွာ မိမိကိုယ္ကို အဆံုးစီရင္သြားျပီျဖစ္ေၾကာင္း ေရးသားထားသည္။

အန္ေထာ္နီကလည္း ထိုစာကိုရေသာအခါ သူ၏ ကၽြန္ယံုေတာ္ Eros အား မိမိကိုသတ္ရန္ အမိန္႔ေပးေလသည္။

သို႔ေသာ္ ကၽြန္ယံုေတာ္က ၎ဘာသာ ဓားျဖင့္ထိုးကာ အဆံုးစီရင္သြားခဲ့သည္။

သို႔ႏွင့္ ေဆာက္တည္ရာမရျဖစ္သြားေသာ အန္ေထာ္နီက ၎ဘာသာ ဗိုက္ကိုဓားျဖင့္ထုိး၍ အဆံုးစီရင္ခဲ့ရာ အလြန္ၾကီးမားသည့္ဒဏ္ရာ ရရွိသြားခဲ့၏။

Plutarch ၏ ေရးသားေဖာ္ျပခ်က္အရ အန္ေထာ္နီကို ကလီယိုပက္ထရာ၏ သခၤ်ဳိင္းဂူရွိရာသို႔ ေခၚေဆာင္သြားခ်ိန္တိုင္ အသက္ရွင္ေနဆဲျဖစ္သည္ဟု ဆိုသည္။

အန္ေထာ္နီ ေသအံ့မူးမူးအခ်ိန္တြင္ ေျပာသြားခဲ့သည္မွာ ၾသတာဗီယန္၏ဘက္သားတစ္ဦးကို ယံုၾကည္ႏိုင္ေၾကာင္း ေျပာသြားခဲ့သည္။

သို႔ေသာ္ အန္ေထာ္နီ ညႊန္းဆိုေသာ ထိုသူကပင္ ေလွကားတစ္ခုျဖင့္ ကလီယိုပက္ထရာ၏ သခၤ်ဳိင္းဂူျပတင္းသို႔တက္ကာ ျပတင္းကို ခ်ဳိးဖ်က္ဝင္ေရာက္ျပီး ကလီယိုပက္ထရာ သတ္မေသမီတြင္ ဖမ္းဆီးခဲ့သည္။

ကလီယိုပက္ထရာက သူမ၏ မ်ားျပားလွေသာ ရတနာမ်ားႏွင့္အတူ မီးရႈိ႕ကာ အဆံုးစီရင္ရန္ စီစဥ္ထားျခင္း ျဖစ္သည္။

အဖမ္းခံလိုက္ရျပီးေနာက္ ကလီယိုပက္ထရာက အန္ေထာ္နီ၏ ရုပ္အေလာင္းကို မပုပ္သိုးေစမည့္ ေဆးစိမ္ခြင့္ ေတာင္းရာ ေဆးစိမ္ခြင့္ျပဳခဲ့သည္။ ယင္းေနာက္ ကလီယိုပက္ထရာအား ဖမ္းဆီးကာ နန္းေတာ္သို႔ ေခၚေဆာင္သြားခဲ့ရာ ၾသတာဗီယန္ႏွင့္ ေတြ႔ရေလသည္။

ၾသတာဗီယန္သည္ ကလီယိုပက္ထရာ၏ ကေလး ၃ ဦးျဖစ္ေသာ Alexander Helios, Cleopatra Selene II, ႏွင့္ Ptolemy Philadelphus တို႔ကိုလည္း ဖမ္းဆီးထားျပီး ျဖစ္သည္။

ၾသတာဗီယန္ႏွင့္ ေတြ႔ဆံုရာတြင္ ကလီယိုပက္ထရာက ရွင္ေအာင္ပြဲခံ ျပည္ေတာ္ျပန္ရင္ ကၽြန္မကို ဖမ္းမိထားပံု လွည့္လည္အျပသခံရမွာလားဟု တဲ့တိုးပင္ ေမးလိုက္သည္။

ၾသတာဗီယန္ကမူ ကလီယိုပက္ထရာအား အသက္ကိုခ်မ္းသာေပးမည္ဟုသာ အေျဖကိုသာ ေပး၏။

အီဂ်စ္ျပည္ႏွင့္ ကလီယိုပက္ထရာ၏ ေတာ္ဝင္မိသားစုအား မည္သို႔စီစဥ္မည္ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကိုကား ကလီယိုပက္ထရာအား မေျပာခဲ့။

ထိုကာလအတြင္း သူလွ်ိဳတစ္ဦးက သတင္းေပးသည္မွာ ကလီယိုပက္ထရာအား ေရာမသို႔ အျပန္လမ္းတြင္ အက်ဥ္းသားအျဖစ္ ဖမ္းဆီးေခၚေဆာင္ ျပသကာ ေအာင္ပြဲခံသြားရန္ ၾသတာဗီယန္က ရည္ရြယ္ထားေၾကာင္း ေျပာျပ၏။ ထို႔ေၾကာင့္ ကလီယိုပက္ထရာက ထိုသို႔အရွက္ကြဲရျခင္းထက္ မိမိကိုယ္ကိုသာ အဆံုးစီရင္ရန္ ဆံုးျဖတ္ခဲ့သည္။

ၾသတာဗီယန္ကလည္း သူ႔လူ Epaphroditus ကို ကလီယိုပက္ထရာထံ ေစလႊတ္ကာ ကိုယ့္ကိုယ္ကို အဆံုးစီရင္မႈ မျပဳေစေရး ေစာင့္ၾကည့္ေစသည္။ သို႔ေသာ္ ကလီယိုပက္ထရာက Epaphroditus ကိုလွည့္စားကာ ကိုယ့္ကိုယ္ကို အဆံုးစီရင္သြားေလသည္။

အဆံုးမစီရင္မီတြင္ ၾသတာဗီယန္ထံ စာတစ္ေစာင္ေရးခဲ့ျပီး မိမိအား အန္ထိုနီ၏ အုတ္ဂူေဘးတြင္ ျမွဳပ္ႏွံေပးရန္ ေတာင္းဆိုခဲ့၏။

ၾသတာဗီယန္လည္း ခ်က္ခ်င္းပင္ ကလီယိုပက္ထရာထံ လာေရာက္ၾကည့္ရႈခဲ့ျပီး သူ၏ အမႈထမ္းမ်ားက အက်ဥ္းခန္းတံခါးအား ရိုက္ခ်ဳိးဖ်က္ဆီးကာ ဝင္ေရာက္ခဲ့ေသာ္လည္း ေနာက္က်သြားခဲ့ျပီ ျဖစ္သည္။

ကလီယိုပက္ထရာ၏ အေစခံမိန္းကေလး Iras ႏွင့္ ကလီယိုပက္ထရာတို႔ ေျမြေဟာက္အကိုက္ခံကာ ေသဆံုးေနခဲ့ၾကျပီကို ေတြ႔ရ၏။

ၾသတာဗီယန္သည္ ေရွးေဟာင္းလစ္ဗ်ားတိုင္းရင္းသားမ်ဳိးႏႊယ္စု Psylli မွ အထူးေလ့က်င့္ထားေသာ ေျမြအလာပၸယ္ဆရာမ်ားကို ေခၚယူကာ ေျမြေဟာက္အဆိပ္မ်ား ျပန္လည္ထုတ္ယူေစျပီး ကလီယိုပက္ထရာ အသက္ရွင္ေစေရး ၾကိဳးစားၾကသည္။ သို႔ေသာ္ မေအာင္ျမင္ေခ်။

ၾသတာဗီယန္က သူ႔ေအာင္ပြဲ၏ ခမ္းနားမႈအားလံုး လုယူခံလိုက္ရသကဲ့သို႔ ခံစားရကာ ယမ္းပံုမီးက် အမ်က္ထြက္သြားခဲ့သည္ဟု ဆိုသည္။

ၾသတာဗီယန္လည္း ကလီယိုပက္ထရာ ေတာင္းဆိုခဲ့သည့္အတိုင္း အန္ေထာ္နီ၏ အုတ္ဂူေဘးတြင္ ယွဥ္တြဲျမွွဳပ္ႏွံေပးခဲ့သည္။

(အလက္ဇန္းဒရီးယား ေရေအာက္မွ ရတနာတစ္ပါး- ကလီယိုပက္ထရာ၏ ေပ်ာက္ဆံုးေနေသာ နန္းေတာ္)

ကလီယိုပက္ထရာ ဘုရင္မ (Cleopatra VII Philopator) သည္ ဂရိ Ptolemaic မင္းဆက္၏ ေနာက္ဆံုး အုပ္စိုးခဲ့သူျဖစ္သည့္နည္းတူ အီဂ်စ္ႏိုင္ငံ၏ ေနာက္ဆံုး ဧကရီဘုရင္မၾကီးလည္း ျဖစ္သည္။

ကလီယို ပက္ထရာသည္ အီဂ်စ္ ဖာရိုးဘုရင္မတစ္ဦးျဖစ္ျပီး သူ၏ အလွတရား၊ ေရာမေခါင္းေဆာင္မ်ားျဖစ္ေသာ ဂ်ဴးလိယက္ဆီဇာ၊ မာ့အန္ေထာ္နီတို႔ႏွင့္ အခ်စ္ေရးတို႔ျဖင့္ နာမည္ၾကီးခဲ့သည္။

အသက္ ၁၈ ႏွစ္သမီးအရြယ္တြင္ ထီးနန္းအရိုက္အရာကို ဆက္ခံခဲ့ျပီး အီဂ်စ္ျပည္အား ခရစ္ေတာ္ မေပၚမီ ၅၁ မွသည္ ခရစ္ေတာ္မေပၚမီ ႏွစ္ ၃၀ အထိ အုပ္ခ်ဳပ္သြားခဲ့ကာ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့သူ ျဖစ္သည္။

သူမ၏ ခ်စ္သူ မာ့ခ္ အန္ေထာ္နီသည္လည္း အဆံုးစီရင္သြားခဲ့ျပီးေနာက္ အီဂ်စ္ျပည္၏ လြတ္လပ္ေရးလည္း ဆံုးရံႈးသြားကာ ေရာမအင္ပါယာ၏ ျပည္နယ္တစ္ခု ျဖစ္သြားခဲ့သည္။

အလက္ဇန္းဒရီးယားျမိဳ႕သည္ ကလီယိုပက္ထရာလက္ထက္ အီဂ်စ္ျပည္၏ ျမိဳ႕ေတာ္ ျဖစ္သည္။ (ခရစ္ေတာ္ မေပၚမီ ၃၃၂ ႏွစ္တြင္ အလက္ဇန္းဒါး သည္ ဂရိတ္က တည္ေထာင္သြားခဲ့ျခင္း ျဖစ္သည္။)

အီဂ်စ္ျပည္၏ ေရွးေခတ္နန္းေတာ္ၾကီးမွာ အုပ္စိုးသူ၏ အင္အားကို ေဖာ္ျပရန္ မယံုႏိုင္ေလာက္ေအာင္ ခမ္းနားထည္ဝါစြာ ေဆာက္လုပ္ထားရာ နန္းေတာ္ဝန္းၾကီးတြင္ အႏုစိတ္မြမ္းမံထားေသာ တိုင္လံုးၾကီးမ်ား ၊ ရုပ္တုမ်ားျဖင့္ အတိျပီးေနသည္။

အဆိုပါ ခမ္းနားလွေသာ နန္နးေတာ္ၾကီးႏွင့္ အလက္ဇန္းဒရီးယား၏ မီးျပတိုက္ (ေပ်ာက္ဆံုးေနေသာ ကမၻာ့အံ့ဖြယ္တစ္ပါး) တို႔မွာ ငလ်င္ႏွင့္ ဒီေရလွဳိင္းမ်ားတို႔ေၾကာင့္ ပ်က္စီးေပ်ာက္ကြယ္သြားခဲ့ရသည္။

သို႔ေသာ္ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ျပင္သစ္ေရွးေဟာင္းသုေတသနပညာရွင္ Franck Goddio က ဂရိသမိုင္းပညာရွင္ Strabo ေရးသားခဲ့သည့္ ေရွးေဟာင္းလက္ေရးမူမ်ားကို ရွာေဖြေတြ႔ရွိခဲ့သည္။

(နန္းေတာ္တည္ရွိရာ ကၽြန္း)

Strabo က အလက္ဇန္းဒရီးယားျမိဳ႕မွ ကလီယိုပက္ထရာ၏ နန္းေတာ္တည္ရွိရာ Antirhodos အမည္ရွိ ကၽြန္းတစ္ကၽြန္းအေၾကာင္း မွတ္တမ္းေရးသားထားခဲ့ျခင္း ျဖစ္သည္။

အဆိုပါသဲလြန္စအရ Frank Goddio က ကလီယိုပက္ထရာ၏ ေပ်ာက္ဆံုးေနေသာ နန္းေတာ္ကို ရွာေဖြရန္ ဆံုးျဖတ္ခဲ့သည္။

၁၀ ႏွစ္ခန္႔ ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ Frank Goddio ၏ အဖြဲ႔သည္ ေပ်ာက္ဆံုးေနေသာ ၊ ပင္လယ္ေရေအာက္ နစ္ျမွဳပ္ေနေသာ Antirhodos ကၽြန္းကို စတင္ရွာေဖြေလသည္။

ေရွးေဟာင္းသမိုင္းပညာရွင္တို႔၏ ေရးသားခဲ့မႈမ်ားသာ အေထာက္အထားရွိခဲ့ေသာ္လည္း ရွာေဖြရင္း မ်ားမၾကာမီတြင္ သဲလြန္စမ်ား ေတြ႔လာခဲ့သည္။

(နန္းေတာ္ေတြ႔ျပီ)

ပထမဆံုး ေတြ႔ရွိသည္မွာ လက္ဝတ္ရတနာမ်ား၊ ဆံထုိးမ်ား၊ လက္စြပ္မ်ားႏွင့္ ဖန္ခြက္မ်ားပါရွိေသာ မီတာ ၃၀ ရွည္လ်ားသည့္ ေရွးေဟာင္းကုန္သေဘၤာပ်က္တစ္စင္းကို ရွာေဖြေတြ႔ရွိခဲ့၏။

ယင္းေနာက္ကား ေရွးေခတ္ေလွဆိပ္တစ္ခုႏွင့္အတူ ၇ မီတာျမင့္ကာ ဗ်က္ ၄ ေပထုရွိေသာ အီဂ်စ္ႏွမ္းဖတ္ေက်ာက္နီျဖင့္ ျပဳလုပ္ထားသည့္ ေကာ္လံတိုင္မ်ားစြာတြင္ ေရွးေခတ္ပန္းခ်ီလက္ရာမ်ားျဖင့္ အလွဆင္ထားသည့္ ခမ္းနားလွေသာ နန္းေတာ္အဝင္ဝကို ရွာေဖြေတြ႔ရွိေတာ့သည္။

နန္းေတာ္ဝန္းၾကီးႏွင့္အတူ ေရွးေခတ္အသံုးအေဆာင္မ်ား၊ ဒဂၤါးမ်ား၊ ေျမထည္မ်ား၊ ပန္းအိုးမ်ား၊ ဇလံုမ်ား၊ ရုပ္တုမ်ား၊ ေကာ္လံတိုင္မ်ား၊ စက်င္ေက်ာက္ၾကမ္းျပင္မ်ား အစရွိသည္တို႔ကို ႏွစ္ေပါင္း ၂၀၀၀ နီးပါး မည္သူမွ် မတို႔မထိရေသးဘဲ ေျခရာလက္ရာမပ်က္ေတြ႔ရေလသည္။

နန္းေတာ္ၾကီးအတြင္း ေရွးေခတ္ပစၥည္းေပါင္း ၂၀၀၀၀ ခန္႔ကို ရွာေဖြေတြ႔ရွိခဲ့၏။

Frank Goddio ၏ အဖြဲ႔ ေရေပၚသို႔ ယူေဆာင္လာခဲ့သည့္ ေရွးေဟာင္းပစၥည္းတစ္ခုမွာ နန္းေတာ္ဝန္းအတြင္း ဘုရားေက်ာင္းငယ္တစ္ခု၏ အဝတြင္ ထားရွိသည့္ Sphinx ရုပ္ၾကီး ၂ ခုအနက္မွ တစ္ခု ျဖစ္သည္။

အဆိုပါရုပ္တုမွာ ကလီယိုပက္ထရာ၏ ခမည္းေတာ္ Ptolemy XII Autletes ၏ ရုပ္တုျဖစ္ေၾကာင္းေဖာ္ထုတ္ သိရွိရသည္။

ထို႔အျပင္ အီဂ်စ္နတ္ဘုရား Isis ၏ ခမ္းနားလွေသာ ရုပ္တု၊ ကလီယိုပက္ထရာ၏ သားေတာ္ Caesarion ႏွင့္ ကလီယိုပက္ထရာ၏ ခ်စ္သူ ဂ်ဴးလိယက္ဆီဇာတို႔၏ ရုပ္တုမ်ားကိုလည္း ရွာေဖြေတြ႔ရွိခဲ့သည္။

Frank Goddio ၏ အဖြဲ႔က ကလီယိုပက္ထရာ၏ နန္းေတာ္၏ သစ္ေဖာင္ေဒးရွင္းကို ကာဗြန္နည္းျဖင့္ စစ္ေဆးရွာ ကလီယိုပက္ထရာ မေမြးဖြားမီ ႏွစ္ေပါင္း ၂၀၀ ခန္႔က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

(ကလီယို ပက္ထရာရဲ႕ နန္းေတာ္ ေရေအာက္ဘာေၾကာင့္ေရာက္သြားလဲ)

သိပၸံပညာရွင္မ်ားက ယူဆသည္မွာ ကလီယိုပက္ထရာ၏ ေခတ္ျပီးဆံုးျပီး ရာစုႏွစ္အနည္းငယ္အၾကာ (လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၄၀၀ ခန္႔) တြင္ ေၾကာက္မက္ဖြယ္ ငလ်င္ၾကီးလႈပ္ခတ္ကာ အီဂ်စျပည္ အလက္ဇန္းဒရီးယားတြင္ ၾကီးမားသည့္ ဆူနာမီေရလႈိင္းၾကီးမ်ား လႊမ္းမိုးသြားခဲ့သည္ဟု ယူဆၾကသည္။

အဆိုပါဆူနာမီေၾကာင့္ Antirhodos ကၽြန္း၊ ကလီယိုပက္ထရာ၏ နန္းေတာ္ႏွင့္ ကမၻာ့အံ့ဖြယ္တစ္ပါးျဖစ္ေသာ မီးျပတိုက္တို႔ အျပီးတိုင္ေပ်ာက္ကြယ္ကာ ပင္လယ္ေရေအာက္ ေရာက္ရွိသြားခဲ့သည္ဟု ယူဆၾကသည္။

သင့္အေနျဖင့္ ကလီယိုပက္ထရာႏွင့္ ဂ်ဴးလိယက္ဆီဇာတို႔၏ ဆြတ္ပ်ံ႕ဖြယ္ အခ်စ္ဇာတ္လမ္း အေျခတည္ရာ နန္းေတာ္ၾကီးကို ေတြ႔ျမင္လိုပါက အီဂ်စ္ျပည္၊ အလက္ဇန္းဒရီးယား၏ ပင္လယ္ေရေအာက္မွ ေရွးေခတ္ Antirohodos ကၽြန္းတြင္ ကလီယိုပက္ထရာ၏ နန္းေတာ္ၾကီးကို ေရငုပ္ကာ စူးစမ္းေလ့လာႏိုင္ျပီ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Underwater Heritage in Alexandria: The Lost Palace of Cleopatra (makeheritagefun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service