2NE1 အဖွဲ့ဝင် Sandara Park ၏ ဆို့နစ်ကြေကွဲဖွယ်ဘဝနှင့် သူ၏ကွန်ဒိုခန်း

2NE1 အဖွဲ့ဝင် Sandara Park ၏ ဆို့နစ်ကြေကွဲဖွယ်ဘဝနှင့် သူ၏ကွန်ဒိုခန်း - Property News in Myanmar from iMyanmarHouse.com
2 May 2022 11:39 am တွင် တင်ခဲ့သည်
2348 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ကိုရီးယား နာမည်ကျော် K-POP ကြယ်ပွင့် Sandara Park သည် ကမ္ဘာကျော်အဆိုတော်တစ်ဦးအဖြစ် ကျော်ကြားမလာသေးမီက ဆို့နစ်ကြေကွဲဖွယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

Dara ၈ နှစ်သမီးအရွယ်တွင် ဖခင်၏လုပ်ငန်း ဒေဝါလီခံခဲ့ရပြီးနောက် မိသားစုမှာ ဆင်းရဲတွင်းသို့ သက်ဆင်းခဲ့ကာ ဘတ်စ်ကားစီးရန် ကားခပင် မတတ်နိုင်ကြတော့သည့်ဘဝသို့ ဆိုက်ရောက်ခဲ့သည်။

သို့နှင့် ၎င်းတို့မိသားစုလည်း ဘဝကို အသစ်တစ်ဖန်စရန် ဆုံးဖြတ်ကာ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်။

ဖိလစ်ပိုင်သို့ ရောက်သောအခါ အနာဂတ် ပေါ့ပ်ကြယ်ပွင့်လောင်းလျာလေးမှာ ဘာသာစကားအသစ်နှင့် ရင်ဆိုင်ရပြီး ဖိလစ်ပိုင်စကားကို သင်ယူရပြန်သည်။

အတန်ငယ်ကြီးပြင်းလာသောအခါ Star Circle Quest ပြိုင်ပွဲ 1st season တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုအထိ ရရှိသွားခဲ့သည်။

ထိုကာလတွင်ပင် ဖခင်ဖြစ်သူသည် Dara နှစ်ပေါင်းအတန်ကြာ ရှာဖွေစုဆောင်းထားသော ငွေများကို လောင်းကစားပစ်သည့်အပြင် မိခင်ကြီးနှင့်သူ့အား ထားခဲ့ကာ နောက်အိမ်ထောင်ပြုသွားတော့ရာ မိသားစုကို ရှာဖွေကျွေးမွေးရန် အိမ်ထောင့်တာဝန်မှာ ဆယ်ကျော်သက်အရွယ် Dara ၏ ပုခုံးပေါ်သို့ ရောက်လာသည်။

(တောင်ကိုရီးယားသို့ ပြန်လည်ပြောင်းရွှေ့ခြင်း)

၂၀၀၇ ခုနှစ်တွင် အခွင့်အလမ်းများ ပေါ်လာပြီးနောက် Sandara တို့မိသားစု တောင်ကိုရီးယားသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

YG Entertainment တည်ထောင်သူ Yang Hyun Suk က Sandara ကို တွေ့ရှိသဘောကျသွားကာ ပညာရပ်များစွာ ခေါ်ယူလေ့ကျင့်ပေးခဲ့ရာ အဆို၊ အက၊ သရုပ်ဆောင်အပြင် တရုတ်နှင့် ဂျပန်စကားပြောများပါ လေ့ကျင့်သင်ကြားပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင်ကား 2NE1 အမည်ရှိ K-pop မိန်းကလေးအဖွဲ့ကို YG က ဖွဲ့စည်းပေးခဲ့ကာ နာမည်ကျော် တေးသီချင်းများစွာ သီဆိုခဲ့ကြရာမှ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်တို့၏ နှလုံးသားများကို ဖမ်းစားနိုင်ခဲ့ကြသည်။

('I Live Alone' ရုပ်သံအစီအစဉ်တွင် ပထမဆုံး ထုတ်ပြလိုက်သည့် Dara ၏ ကွန်ဒိုခန်း)

MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်သော 'I Live Alone ရုပ်သံအစီအစဉ်တွင် 2NE1 အဖွဲ့ဝင် Sandara Park ၏ တစ်နေ့တာ လှုပ်ရှားနေထိုင်မှုများကို ရိုက်ကူးတင်ပြခဲ့ရာ သူ၏ကွန်ဒိုခန်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်များ မြင်ခွင့်ရခဲ့ကြသည်။

ထိုသို့ ပြသမှုတွင် Dara ၏ များပြားလှသော တန်ဖိုးကြီးဖိနပ်များ စုဆောင်းထားမှုကို တွေ့ခွင့်ရကြရာ ပရိသတ်များမှာ များစွာအံ့အားသင့်ခဲ့ကြသည်။ နေအိမ်တစ်အိမ်ထက် တန်ဖိုးကြီးဖိနပ်အရောင်းဆိုင်မျှ များပြားလှသောကြောင့် ဖြစ်သည်။

အဆိုပါထုတ်လွှင့်မှုတွင် ဧည့်ခန်းအတွင်း Dara စုဆောင်းထားသော အခြားပစ္စည်းများနှင့်အတူ အဖျော်ယမကာ မျိုးစုံကိုလည်း များပြားစွာ တွေ့ရသည့်အပြင် မီးဖိုဆောင်ကိုလည်း မြင်ခွင့်ရကြသည်။

(Sandara Park ၏ ပထမဆုံးကွန်ဒိုခန်း အသေးစိတ်အချက်အလက်များ)

K-pop ကြယ်ပွင့် Sandara Park သည် YG Entertainment နှင့် ၁၇ နှစ်ကြာလက်တွဲခဲ့မှုကို လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၆ လခန့်အကြာတွင် အခြားခြေလှမ်းကြီးတစ်ခု ထပ်လျှောက်ပြန်ရာ ပထမဆုံးအကြိမ် တစ်ဦးတည်း နေထိုင်မှု ဖြစ်သည်။

KOCOWA TV ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော Home Alone အစီအစဉ်တွင် သူ၏တနေ့တာ လုပ်ရိုးလုပ်စဉ်များကို ရိုက်ကူးပြသခဲ့ရာ ၃၈ နှစ်တာအတွင်း ပထမဆုံးအကြိမ် တစ်ဦးတည်းနေထိုင်လျက်ရှိပုံကို ပြသခဲ့သည်။

ယခင်ကမူ မိသားစုဝင်များ (သို့မဟုတ်) 2NE1 အဖွဲ့သားများနှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

Dara ၏ ကွန်ဒိုခန်းမှာ သူ့နည်းတူ လှပ၏။

(Sandara Park ၏ ကွန်ဒိုခန်းသစ်မှ နှစ်သက်ဖွယ်ရာ အချက်များ)

၁။ Dara အိပ်စက်နေချိန်တွင် သူ၏ အခန်းမှာ ပြိုးပြက်သော လိမ္မော်ရောင်ဖြင့် လင်းနေပြီး လိုက်ကာများမှာ အဝါရောင်ဖြစ်သည်။ နိုးထလာချိန်မျိုးတွင် လိုက်ကာများကို ဖွင့်လှစ်ရန် ရီမုနှိပ်လိုက်သည်နှင့် ပြင်ပအလင်း ဝင်ရောက်လာမည် ဖြစ်သည်။

Dara က နံနက်ခင်းများတွင် အခန်းတွင်းရှိ ရုပ်မြင်သံကြားစက်ဖွင့်ကာ drama ဇာတ်ကားကြည့်လေ့ရှိသည်။

၂။ ဧည့်ခန်းနှင့် အိပ်ခန်းမှာ တစ်နေရာတည်းထင်ရသည်။ နေရာအနှံ့တွင် Sandara ၏ ပင်ကိုယ်အကြိုက်များ ပြည့်နှက်နေသည်။

အိပ်ယာဘေးတွင်ကား တိုလီမုတ်စပစ္စည်းများ၊ မရှိမဖြစ်အသုံးအဆောင်ပစ္စည်းများကို ထားရှိသည်ကို တွေ့ရပြီး ထိုအရာနှစ်ခုကြားတွင်ကား S ပုံသဏ္ဍာန် စားပွဲတစ်လုံး ထားရှိသည်။

၃။ အိပ်ခန်း /ဧည့်ခန်းမှ အနည်းငယ်သာဝေးသောနေရာတွင်ကား မီးဖိုဆောင်ဖြစ်သည်။

မီးဖိုဆောင်ကား လင်းချင်းတောက်ပသည့် အခြားနေရာများနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ခပ်မှိန်မှိန် ဖြစ်သည်။

Sandara သည် ခေါက်ဆွဲအလွန်ကြိုက်သူဖြစ်ရာ သူ၏မီးဖိုဆောင်ခန်းမြင်ကွင်းပုံကို Zoom ချဲ့ကြည့်လျှင် ဂျပန်ခေါက်ဆွဲတစ်မျိုးဖြစ်သော Ramyeon ခေါက်ဆွဲလုပ်စက်တစ်လုံးကို တွေ့ရမည် ဖြစ်သည်။

၄။ Sandara ၏ အခန်းတွင် အကောင်းဆုံးများထဲမှ တစ်ခုမှာ အအေးအဖျော်ယမကာပုလင်းများ ထားရှိသည့် Beverage cooler စက်တစ်လုံး ပါဝင်ခြင်းဖြစ်ပြီး အတွင်းပိုင်းမြင်ကွင်းမှာ အပြင်ပိုင်းနည်းတူ သားနားလှသည်။

အဆိုပါစက်၏ ဘေးတစ်ဘက်တွင် သူ၏ ဓာတ်ပုံတစ်ပုံကို ပုံနှိပ်ထားသည်။

(Sandara Park ၏ ကြွယ်ဝမှု)

Sandara Park ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sandara to Unveil House For the First Time in 'I Live Alone,' Luxury Shoes 'Exhibition' Hall Draws Attention (kpopstarz)

 

 

[Zawgyi]

2NE1 အဖြဲ႔ဝင္ Sandara Park ၏ ဆို႔နစ္ေၾကကြဲဖြယ္ဘဝႏွင့္ သူ၏ကြန္ဒိုခန္း

 

ကိုရီးယား နာမည္ေက်ာ္ K-POP ၾကယ္ပြင့္ Sandara Park သည္ ကမၻာေက်ာ္အဆိုေတာ္တစ္ဦးအျဖစ္ ေက်ာ္ၾကားမလာေသးမီက ဆို႔နစ္ေၾကကြဲဖြယ္ဘဝကို ျဖတ္သန္းခဲ့ရသူ ျဖစ္သည္။

Dara ၈ ႏွစ္သမီးအရြယ္တြင္ ဖခင္၏လုပ္ငန္း ေဒဝါလီခံခဲ့ရျပီးေနာက္ မိသားစုမွာ ဆင္းရဲတြင္းသို႔ သက္ဆင္းခဲ့ကာ ဘတ္စ္ကားစီးရန္ ကားခပင္ မတတ္ႏိုင္ၾကေတာ့သည့္ဘဝသို႔ ဆိုက္ေရာက္ခဲ့သည္။

သို႔ႏွင့္ ၎တို႔မိသားစုလည္း ဘဝကို အသစ္တစ္ဖန္စရန္ ဆံုးျဖတ္ကာ ဖိလစ္ပိုင္ႏိုင္ငံသို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္။

ဖိလစ္ပိုင္သို႔ ေရာက္ေသာအခါ အနာဂတ္ ေပါ့ပ္ၾကယ္ပြင့္ေလာင္းလ်ာေလးမွာ ဘာသာစကားအသစ္ႏွင့္ ရင္ဆိုင္ရျပီး ဖိလစ္ပိုင္စကားကို သင္ယူရျပန္သည္။

အတန္ငယ္ၾကီးျပင္းလာေသာအခါ Star Circle Quest ျပိဳင္ပြဲ 1st season တြင္ ဝင္ေရာက္ယွဥ္ျပိဳင္ရာ ဒုတိယဆုအထိ ရရွိသြားခဲ့သည္။

ထိုကာလတြင္ပင္ ဖခင္ျဖစ္သူသည္ Dara ႏွစ္ေပါင္းအတန္ၾကာ ရွာေဖြစုေဆာင္းထားေသာ ေငြမ်ားကို ေလာင္းကစားပစ္သည့္အျပင္ မိခင္ၾကီးႏွင့္သူ႔အား ထားခဲ့ကာ ေနာက္အိမ္ေထာင္ျပဳသြားေတာ့ရာ မိသားစုကို ရွာေဖြေကၽြးေမြးရန္ အိမ္ေထာင့္တာဝန္မွာ ဆယ္ေက်ာ္သက္အရြယ္ Dara ၏ ပုခံုးေပၚသုိ႔ ေရာက္လာသည္။

(ေတာင္ကုိရီးယားသို႔ ျပန္လည္ေျပာင္းေရႊ႕ျခင္း)

၂၀၀၇ ခုႏွစ္တြင္ အခြင့္အလမ္းမ်ား ေပၚလာျပီးေနာက္ Sandara တို႔မိသားစု ေတာင္ကိုရီးယားသို႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့သည္။

YG Entertainment တည္ေထာင္သူ Yang Hyun Suk က Sandara ကုိ ေတြ႔ရွိသေဘာက်သြားကာ ပညာရပ္မ်ားစြာ ေခၚယူေလ့က်င့္ေပးခဲ့ရာ အဆို၊ အက၊ သရုပ္ေဆာင္အျပင္ တရုတ္ႏွင့္ ဂ်ပန္စကားေျပာမ်ားပါ ေလ့က်င့္သင္ၾကားေပးခဲ့သည္။

၂၀၀၉ ခုႏွစ္တြင္ကား 2NE1 အမည္ရွိ K-pop မိန္းကေလးအဖြဲ႔ကို YG က ဖြဲ႔စည္းေပးခဲ့ကာ နာမည္ေက်ာ္ ေတးသီခ်င္းမ်ားစြာ သီဆိုခဲ့ၾကရာမွ ကမၻာတစ္ဝန္းရွိ ပရိသတ္တို႔၏ ႏွလံုးသားမ်ားကို ဖမ္းစားႏိုင္ခဲ့ၾကသည္။

('I Live Alone' ရုပ္သံအစီအစဥ္တြင္ ပထမဆံုး ထုတ္ျပလိုက္သည့္ Dara ၏ ကြန္ဒိုခန္း)

MBC ရုပ္သံလိုင္းမွ ထုတ္လႊင့္ေသာ 'I Live Alone ရုပ္သံအစီအစဥ္တြင္ 2NE1 အဖြဲ႔ဝင္ Sandara Park ၏ တစ္ေန႔တာ လႈပ္ရွားေနထိုင္မႈမ်ားကို ရိုက္ကူးတင္ျပခဲ့ရာ သူ၏ကြန္ဒိုခန္းကိုလည္း ပထမဆံုးအၾကိမ္အျဖစ္ ပရိသတ္မ်ား ျမင္ခြင့္ရခဲ့ၾကသည္။

ထိုသို႔ ျပသမႈတြင္ Dara ၏ မ်ားျပားလွေသာ တန္ဖိုးၾကီးဖိနပ္မ်ား စုေဆာင္းထားမႈကို ေတြ႔ခြင့္ရၾကရာ ပရိသတ္မ်ားမွာ မ်ားစြာအံ့အားသင့္ခဲ့ၾကသည္။ ေနအိမ္တစ္အိမ္ထက္ တန္ဖိုးၾကီးဖိနပ္အေရာင္းဆိုင္မွ် မ်ားျပားလွေသာေၾကာင့္ ျဖစ္သည္။

အဆိုပါထုတ္လႊင့္မႈတြင္ ဧည့္ခန္းအတြင္း Dara စုေဆာင္းထားေသာ အျခားပစၥည္းမ်ားႏွင့္အတူ အေဖ်ာ္ယမကာ မ်ဳိးစံုကိုလည္း မ်ားျပားစြာ ေတြ႔ရသည့္အျပင္ မီးဖိုေဆာင္ကိုလည္း ျမင္ခြင့္ရၾကသည္။

(Sandara Park ၏ ပထမဆံုးကြန္ဒိုခန္း အေသးစိတ္အခ်က္အလက္မ်ား)

K-pop ၾကယ္ပြင့္ Sandara Park သည္ YG Entertainment ႏွင့္ ၁၇ ႏွစ္ၾကာလက္တြဲခဲ့မႈကို လမ္းခြဲရန္ ဆံုးျဖတ္ခဲ့ျပီးေနာက္ ၆ လခန္႔အၾကာတြင္ အျခားေျခလွမ္းၾကီးတစ္ခု ထပ္ေလွ်ာက္ျပန္ရာ ပထမဆံုးအၾကိမ္ တစ္ဦးတည္း ေနထိုင္မႈ ျဖစ္သည္။

KOCOWA TV ရုပ္သံလိုင္းမွ ထုတ္လႊင့္ခဲ့ေသာ Home Alone အစီအစဥ္တြင္ သူ၏တေန႔တာ လုပ္ရိုးလုပ္စဥ္မ်ားကို ရိုက္ကူးျပသခဲ့ရာ ၃၈ ႏွစ္တာအတြင္း ပထမဆံုးအၾကိမ္ တစ္ဦးတည္းေနထိုင္လ်က္ရွိပံုကို ျပသခဲ့သည္။

ယခင္ကမူ မိသားစုဝင္မ်ား (သို႔မဟုတ္) 2NE1 အဖြဲ႔သားမ်ားႏွင့္အတူ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

Dara ၏ ကြန္ဒိုခန္းမွာ သူ႔နည္းတူ လွပ၏။

(Sandara Park ၏ ကြန္ဒိုခန္းသစ္မွ ႏွစ္သက္ဖြယ္ရာ အခ်က္မ်ား)

၁။ Dara အိပ္စက္ေနခ်ိန္တြင္ သူ၏ အခန္းမွာ ျပိဳးျပက္ေသာ လိေမၼာ္ေရာင္ျဖင့္ လင္းေနျပီး လိုက္ကာမ်ားမွာ အဝါေရာင္ျဖစ္သည္။ ႏိုးထလာခ်ိန္မ်ဳိးတြင္ လိုက္ကာမ်ားကို ဖြင့္လွစ္ရန္ ရီမုႏွိပ္လိုက္သည္ႏွင့္ ျပင္ပအလင္း ဝင္ေရာက္လာမည္ ျဖစ္သည္။

Dara က နံနက္ခင္းမ်ားတြင္ အခန္းတြင္းရွိ ရုပ္ျမင္သံၾကားစက္ဖြင့္ကာ drama ဇာတ္ကားၾကည့္ေလ့ရွိသည္။

၂။ ဧည့္ခန္းႏွင့္ အိပ္ခန္းမွာ တစ္ေနရာတည္းထင္ရသည္။ ေနရာအႏွံ႔တြင္ Sandara ၏ ပင္ကိုယ္အၾကိဳက္မ်ား ျပည့္ႏွက္ေနသည္။

အိပ္ယာေဘးတြင္ကား တိုလီမုတ္စပစၥည္းမ်ား၊ မရွိမျဖစ္အသံုးအေဆာင္ပစၥည္းမ်ားကို ထားရွိသည္ကို ေတြ႔ရျပီး ထိုအရာႏွစ္ခုၾကားတြင္ကား S ပံုသ႑ာန္ စားပြဲတစ္လံုး ထားရွိသည္။

၃။ အိပ္ခန္း /ဧည့္ခန္းမွ အနည္းငယ္သာေဝးေသာေနရာတြင္ကား မီးဖိုေဆာင္ျဖစ္သည္။

မီးဖိုေဆာင္ကား လင္းခ်င္းေတာက္ပသည့္ အျခားေနရာမ်ားႏွင့္ ဆန္႔က်င္ဘက္ျဖစ္ကာ ခပ္မွိန္မွိန္ ျဖစ္သည္။

Sandara သည္ ေခါက္ဆြဲအလြန္ၾကိဳက္သူျဖစ္ရာ သူ၏မီးဖိုေဆာင္ခန္းျမင္ကြင္းပံုကို Zoom ခ်ဲ႕ၾကည့္လွ်င္ ဂ်ပန္ေခါက္ဆြဲတစ္မ်ဳိးျဖစ္ေသာ Ramyeon ေခါက္ဆြဲလုပ္စက္တစ္လံုးကို ေတြ႔ရမည္ ျဖစ္သည္။

၄။ Sandara ၏ အခန္းတြင္ အေကာင္းဆံုးမ်ားထဲမွ တစ္ခုမွာ အေအးအေဖ်ာ္ယမကာပုလင္းမ်ား ထားရွိသည့္ Beverage cooler စက္တစ္လံုး ပါဝင္ျခင္းျဖစ္ျပီး အတြင္းပိုင္းျမင္ကြင္းမွာ အျပင္ပိုင္းနည္းတူ သားနားလွသည္။

အဆိုပါစက္၏ ေဘးတစ္ဘက္တြင္ သူ၏ ဓာတ္ပံုတစ္ပံုကို ပံုႏွိပ္ထားသည္။

(Sandara Park ၏ ၾကြယ္ဝမႈ)

Sandara Park ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၆ သန္းခန္႔ရွိမည္ဟု ခန္႔မွန္းရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sandara to Unveil House For the First Time in 'I Live Alone,' Luxury Shoes 'Exhibition' Hall Draws Attention (kpopstarz)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service