ဂျီဟို (သို့မဟုတ်) Kim Hyun Joong ၏ စံအိမ်

ဂျီဟို (သို့မဟုတ်) Kim Hyun Joong ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Apr 2022 10:16 am တွင် တင်ခဲ့သည်
2112 ကြိမ် ကြည့်ရှု့ပြီး

[Unicode] F4 ဇာတ်ကားမှ ဂျီဟို (သို့မဟုတ်) Kim Hyun Joong သည် အသစ်ဝယ်ယူလိုက်သော စံအိမ်သို့ သူ၏ ဇနီးနှင့်အတူ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်မှာ မကြာသေးချေ။

Kim Hyun Joong တို့ မင်္ဂလာပွဲမှာမူ မကျင်းပရသေးဘဲ ရွှေ့ဆိုင်းထားရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၇ ရက်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲတင်ဆက်စဉ် Kim Hyun Joong က ချစ်သူနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ရာ ပရိသတ်များ များစွာအံ့အားသင့်ခဲ့ကြသည်။

Boys Over Flower (F4) ဖြင့် နာမည်ကျော်ခဲ့သူ Kim Hyun Joong ၏ ချစ်သူမိန်းကလေးမှာ အကျော်အမော်တစ်ဦးမဟုတ်ချေ။

ဧပြီလ ၆ ရက်တွင် Osen သတင်းစာက Exclusive သတင်းတစ်ရပ်အနေဖြင့် ဖော်ပြခဲ့သည်မှာ Kim Hyun Joong သည် စံအိမ်သစ်တစ်လုံး ဝယ်ယူကာ သူ၏မိန်းကလေးနှင့်အတူ အိမ်ထောင်ရေးဘဝကို ဖြတ်သန်းလျက် ရှိကြောင်း ဖော်ပြခဲ့သည်။

Kim Hyun Joong တို့စုံတွဲသည် လက်ထပ်မှု မှတ်ပုံတင်ခြင်းသာ ဆောင်ရွက်ရသေးပြီး Covid-19 ကပ်ဘေး အခြေအနေများကြောင့် လက်ထပ်ပွဲ မကျင်းပရသေးချေ။

သူ၏ ပရိသတ်များက မျှော်လင့်ခဲ့သည်မှာ F4 ဇာတ်ကားမှ သရုပ်ဆောင် ၄ ဦးဖြစ်သော လီမင်ဟို၊ Kim Bum နှင့် Kim Joon တို့သည် Kim Hyun Joong ၏ မင်္ဂလာဆောင်တွင် လူချင်းပြန်ဆုံကြမည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ကိုရီးယားတွင် Covid-19 ကပ်ဘေးမှာ အပြင်းအထန်ဆက်လက် ပျံ့ပွားလျက်ရှိသောကြောင့် မင်္ဂလာပွဲ မကျင်းပနိုင်ခဲ့။

သူ၏ ချစ်သူမိန်းကလေးဟောင်းနှင့် ၈ နှစ်ကြာ တရားတဘောင်ရင်ဆိုင်ခဲ့ရပြီးနောက် Kim Hyun Joong မှာ ပျော်ရွှင်သည့် ဘဝကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

“ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ ဘေးမှာရပ်တည်ပေးခဲ့တဲ့သူနဲ့ အတူနေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

Kim Hyun Joong သည် ၁၉၈၆ ခုနှစ်တွင် မွေးဖွားပြီး KpoP အဖွဲ့ SS501 ၏ ခေါင်းဆောင်ဖြစ်ကာ F4 ဇာတ်ကားတွင် Second Lead အဖြစ် ပါဝင်ကာ နာမည်ကျော်ခဲ့သည်။

Kim Hyun Joong သည် SS501 နှင့်အတူ ဂီတနယ်ပယ်အောင်မြင်မှုများ၊ နောက်ပိုင်းတွင် တစ်ကိုယ်တော် အဆိုတော်အဖြစ် ရပ်တည်အောင်မြင်ခဲ့မှုများမှ ဝင်ငွေများဖြင့် စံအိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။

Kim Hyun Joong သည် ဈေးအကြီးဆုံး စံအိမ်ပိုင်ဆိုင်ထားသည့် အကျော်အမော်များတွင် နံပါတ် ၄ နေရာတွင် ရပ်တည်နေသည်။ သူ၏ Chungdamdong အရပ်ရှိ ဥရောပဟန်စံအိမ်မှာ တန်ကြေး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းရှိသည်ဟု ဆိုသည်။

ဂျပန်တွင် အောင်မြင်သော စင်မြင့်ဖျော်ဖြေပွဲများစွာကျင်းပခဲ့ပြီးနောက် ယခုစံအိမ်ကို ဝယ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Kim Hyun Joong က ကိုယ်ပိုင် အသံလုံစတူဒီယိုခန်းတစ်ခုရှိမည့် စံအိမ်တစ်လုံး ပိုင်ဆိုင်လိုကြောင်း အင်တာဗျူးများတွင် ဖြေခဲ့ဖူးသည်။

Kim Hyun Joong ၏ နေအိမ် နံရံများမှာ ဝါညိုနုရောင်ဖြစ်သည်။ မီးဖိုဆောင်မှာ နေအိမ်တွင် အကျဉ်းမြောင်းဆုံးနေရာဖြစ်သောကြောင့် Kim Hyun Joong သည် အချက်အပြုတ် ဝါသနာပါပုံ မရချေ။

Kim Hyun Joong သည် အဖြူရောင် Ferrari ကား စီးနင်းပြီး နေအိမ်ထက် အပြင်တွင်သာ နေထိုင်လေ့ရှိသူ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: OSEN announced that Kim Hyun Joong officially moved in with his wife at the newly bought house, the wedding is still postponed because of the… (lovekpop95)

 

[Zawgyi]

ဂ်ီဟို (သို႔မဟုတ္) Kim Hyun Joong ၏ စံအိမ္

F4 ဇာတ္ကားမွ ဂ်ီဟို (သို႔မဟုတ္) Kim Hyun Joong သည္ အသစ္ဝယ္ယူလိုက္ေသာ စံအိမ္သို႔ သူ၏ ဇနီးႏွင့္အတူ ေရႊ႕ေျပာင္းေနထိုင္လ်က္ရွိသည္မွာ မၾကာေသးေခ်။

Kim Hyun Joong တို႔ မဂၤလာပြဲမွာမူ မက်င္းပရေသးဘဲ ေရႊ႕ဆိုင္းထားရသည္။

ျပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၂၇ ရက္က တစ္ကိုယ္ေတာ္ဂီတေဖ်ာ္ေျဖပြဲတင္ဆက္စဥ္ Kim Hyun Joong က ခ်စ္သူႏွင့္ လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေၾကညာခဲ့ရာ ပရိသတ္မ်ား မ်ားစြာအံ့အားသင့္ခဲ့ၾကသည္။

Boys Over Flower (F4) ျဖင့္ နာမည္ေက်ာ္ခဲ့သူ Kim Hyun Joong ၏ ခ်စ္သူမိန္းကေလးမွာ အေက်ာ္အေမာ္တစ္ဦးမဟုတ္ေခ်။

ဧျပီလ ၆ ရက္တြင္ Osen သတင္းစာက Exclusive သတင္းတစ္ရပ္အေနျဖင့္ ေဖာ္ျပခဲ့သည္မွာ Kim Hyun Joong သည္ စံအိမ္သစ္တစ္လံုး ဝယ္ယူကာ သူ၏မိန္းကေလးႏွင့္အတူ အိမ္ေထာင္ေရးဘဝကို ျဖတ္သန္းလ်က္ ရွိေၾကာင္း ေဖာ္ျပခဲ့သည္။

Kim Hyun Joong တို႔စံုတြဲသည္ လက္ထပ္မႈ မွတ္ပံုတင္ျခင္းသာ ေဆာင္ရြက္ရေသးျပီး Covid-19 ကပ္ေဘး အေျခအေနမ်ားေၾကာင့္ လက္ထပ္ပြဲ မက်င္းပရေသးေခ်။

သူ၏ ပရိသတ္မ်ားက ေမွ်ာ္လင့္ခဲ့သည္မွာ F4 ဇာတ္ကားမွ သရုပ္ေဆာင္ ၄ ဦးျဖစ္ေသာ လီမင္ဟို၊ Kim Bum ႏွင့္ Kim Joon တို႔သည္ Kim Hyun Joong ၏ မဂၤလာေဆာင္တြင္ လူခ်င္းျပန္ဆံုၾကမည္ဟု ေမွ်ာ္လင့္ခဲ့ၾကသည္။ သို႔ေသာ္ ကိုရီးယားတြင္ Covid-19 ကပ္ေဘးမွာ အျပင္းအထန္ဆက္လက္ ပ်ံ႕ပြားလ်က္ရွိေသာေၾကာင့္ မဂၤလာပြဲ မက်င္းပႏိုင္ခဲ့။

သူ၏ ခ်စ္သူမိန္းကေလးေဟာင္းႏွင့္ ၈ ႏွစ္ၾကာ တရားတေဘာင္ရင္ဆိုင္ခဲ့ရျပီးေနာက္ Kim Hyun Joong မွာ ေပ်ာ္ရႊင္သည့္ ဘဝကို ေတြ႔ရွိခဲ့ျပီ ျဖစ္သည္။

“ကၽြန္ေတာ့္ဘဝရဲ႕ အခက္ခဲဆံုးအခ်ိန္ေတြမွာ ေဘးမွာရပ္တည္ေပးခဲ့တဲ့သူနဲ႔ အတူေနထုိင္သြားဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္”

Kim Hyun Joong သည္ ၁၉၈၆ ခုႏွစ္တြင္ ေမြးဖြားျပီး KpoP အဖြဲ႔ SS501 ၏ ေခါင္းေဆာင္ျဖစ္ကာ F4 ဇာတ္ကားတြင္ Second Lead အျဖစ္ ပါဝင္ကာ နာမည္ေက်ာ္ခဲ့သည္။

Kim Hyun Joong သည္ SS501 ႏွင့္အတူ ဂီတနယ္ပယ္ေအာင္ျမင္မႈမ်ား၊ ေနာက္ပိုင္းတြင္ တစ္ကိုယ္ေတာ္ အဆိုေတာ္အျဖစ္ ရပ္တည္ေအာင္ျမင္ခဲ့မႈမ်ားမွ ဝင္ေငြမ်ားျဖင့္ စံအိမ္တစ္လံုးကို ဝယ္ယူခဲ့သည္။

Kim Hyun Joong သည္ ေစ်းအၾကီးဆံုး စံအိမ္ပိုင္ဆိုင္ထားသည့္ အေက်ာ္အေမာ္မ်ားတြင္ နံပါတ္ ၄ ေနရာတြင္ ရပ္တည္ေနသည္။ သူ၏ Chungdamdong အရပ္ရွိ ဥေရာပဟန္စံအိမ္မွာ တန္ေၾကး ကန္ေဒၚလာ ၁ ဒသမ ၇ သန္းရွိသည္ဟု ဆိုသည္။

ဂ်ပန္တြင္ ေအာင္ျမင္ေသာ စင္ျမင့္ေဖ်ာ္ေျဖပြဲမ်ားစြာက်င္းပခဲ့ျပီးေနာက္ ယခုစံအိမ္ကို ဝယ္ယူႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

Kim Hyun Joong က ကိုယ္ပိုင္ အသံလံုစတူဒီယိုခန္းတစ္ခုရွိမည့္ စံအိမ္တစ္လံုး ပိုင္ဆိုင္လိုေၾကာင္း အင္တာဗ်ဴးမ်ားတြင္ ေျဖခဲ့ဖူးသည္။

Kim Hyun Joong ၏ ေနအိမ္ နံရံမ်ားမွာ ဝါညိဳႏုေရာင္ျဖစ္သည္။ မီးဖိုေဆာင္မွာ ေနအိမ္တြင္ အက်ဥ္းေျမာင္းဆံုးေနရာျဖစ္ေသာေၾကာင့္ Kim Hyun Joong သည္ အခ်က္အျပဳတ္ ဝါသနာပါပံု မရေခ်။

Kim Hyun Joong သည္ အျဖဴေရာင္ Ferrari ကား စီးနင္းျပီး ေနအိမ္ထက္ အျပင္တြင္သာ ေနထိုင္ေလ့ရွိသူ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: OSEN announced that Kim Hyun Joong officially moved in with his wife at the newly bought house, the wedding is still postponed because of the… (lovekpop95)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service