ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် စတီဗင်ချောင် အိမ်ပေါင်ထားရ

ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် စတီဗင်ချောင် အိမ်ပေါင်ထားရ - Property News in Myanmar from iMyanmarHouse.com
22 Apr 2022 12:24 pm တွင် တင်ခဲ့သည်
3759 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်ရုပ်ရှင်ဂန္ထဝင်ကြယိပွင့် စတီဗင်ချောင်သည် ဟောင်ကောင်တွင် COVID-19 အဆိုးရွားဆုံး ကူးစက်ခံရပြီးနောက် ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိသည့် စံအိမ်ကို ပေါင်နှံလိုက်ရသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် ဟောင်ကောင် အနုပညာလောက ဆိုးရွားစွာ ရိုက်ခတ်ခံရရာ ဟောင်ကောင်အကြီးအကဲတို့က ငွေကြေးထောက်ပံ့မှုအချို့ ပြုလုပ်ခဲ့သည်။

ဟောင်ကောင် ဂန္ထဝင်သရုပ်ဆောင်၊ ဒါရိုက်တာ စတီဗင်ချောင်သည် သူ၏ တောင်ကုန်းထိပ်စံအိမ်ကို J.P. Morgan Chase Bank ထံ ယခုနှစ် မတ်လအတွင်းက ပေါင်နှံခဲ့ခြင်း ဖြစ်သည်။

ထိုအချက်ကို ထောက်ရှုလျှင် ဟာသကြယ်ပွင့် စတီဗင်ချောင်သည် ငွေကြေးရုန်းကန်နေရပြီဖြစ်ကြောင်း သတင်းမီဒီယာအချို့က ဖော်ပြကြသည်။

အချို့က ယူဆသည်မှာမူ နောက်ထပ်ရိုက်ကူးမည့် ရုပ်ရှင်အတွက် ငွေကြေးရှာဖွေခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

စတီဗင်ချောင်သည် အခြားသောကြယ်ပွင့်များနည်းတူ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွား ပြုလုပ်ခဲ့သူ ဖြစ်သည်။

စတီဗင်ချောင်ကို အိမ်ခြံမြေစျေးကစားရာတွင် ဘုရင်တစ်ပါးဖြစ်သည်ဟု တင်စားကြသည်။

သူသည် များစွာ အမြတ်ထွက်မည့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ ကောင်းစွာလုပ်ဆောင်တတ်သူတစ်ဦး ဖြစ်သည်။

သာဓကအားဖြင့် ၂၀၀၄ ခုနှစ်အတွင်း ဟောင်ကောင်မှ Tsim Sha Tsui အရပ်ရှိ စျေးဆိုင်နေရာကို ဟောင်ကောင်ဒေါ်လာ သန်း ၂၁၀ ဖြင့် ဝယ်ယူခဲ့ပြီး ၆ နှစ်အကြာတွင် ဟောင်ကောင်ဒေါ်လာ သန်း ၃၂၀ ဖြင့် ပြန်လည်ရောင်းထုတ်ခဲ့ရာ ဟောင်ကောင်ဒေါ်လာ သန်း ၁၁၀ အမြတ်ရခဲ့သည်။

မကြာသေးမီက အပေါင်ထားခဲ့သော စံအိမ်မှာ Ryoden Development ဆောက်လုပ်ရေးကုမ္ပဏီဖြင့် ဆောက်လုပ်ခဲ့သော ဘန်ဂလိုအိမ် ၄ လုံးမှ တစ်ခုလည်း ဖြစိသည်။

အဆိုပါ စံအိမ်သည် Pollock’s Path လမ်းတွင် တည်ရှိပြီး Pollock’s Path သည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေစျေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရသောနေရာ ဖြစ်သည်။

Skyhigh ဟု အမည်ရသော အဆိုပါစံအိမ်ကို စတီဗင်ချောင်က ၂၀၀၄ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ သန်း ၃၂၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခု စံအိမ် ၁ လုံးတည်းကိုသာ ၎င်းအတွက် ချန်ထားခဲ့ပြီး ကျန်သောစံအိမ် ၃ လုံးကို ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင် ရောင်းထုတ်ခဲ့ရာ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့သည်။

ယခုစံအိမ်ကိုလည်း ဝယ်ယူလိုသူများစွာရှိခဲ့သည်။ သို့သော် စတီဗင်ချောင်က ကြိုက်စျေးမရသောကြောင့် မရောင်းခဲ့။

စတီဗင်ချောင်သည် ယခုအိမ်ကို ယခင်ကလည်း ပေါင်ခဲ့ဖူးသည်။

တန်ကြေး ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိသော စံအိမ်ကို စတီဗင်ချောင်က ၂၀၁၁ ခုနှစ်အတွင်း HSBC ဘဏ်တွင် ပေါင်နှံခဲ့ပြီး ပြီးခဲ့သောနှစ်ကမှ ပြန်ရွေးထားခြင်း ဖြစ်သည်။

ယခုနောက်ဆုံးပေါင်နှံခဲ့သည်မှာ ပြီးခဲ့သော မတ်လ ၁၃ ရက်ကဖြစ်ပြီး ဟောင်ကောင်တွင် COVID-19 ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နေချိန်လည်း ဖြစ်သည်။

Apple Daily သတင်းဌာန၏ ဖော်ပြချက်အရ အပေါင်စာချုပ်ကို စတီဗင်ချောင်၏ အစ်မဖြစ်သူ ကယ်လီချောင်က လက်မှတ်ထိုးပေးခဲ့သည် ဟု ဆိုသည်။ ကယ်လီချောင်သည် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Bingo Group ၏ အမှုဆောင် ဒါရိုက်တာ တစ်ဦး ဖြစ်သည်။

မည်သည့်အတွက် အိမ်ပေါင်ခဲ့သည်ကို Apple Daily သတင်းဌာနက စတီဗင်ချောင်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း စတီဗင်ချောင်က မှတ်ချက်တစုံတရာ မပေးခဲ့ချေ။

.. (စတီဗင်ချောင်ဘာလဲ)

စတီဗင်ချောင် (မွေး ၁၉၆၂) ၏ အမည်ရင်းမှာ စတီဗင် ကျိုးဆင်းချီ (Chinese: 周星馳 ) ဖြစ်ပြီး အနုပညာအမည် စတီဗင်ချောင်ဟုသာ လူသိများသည်။

စတီဗင်ချောင်သည် ဟောင်ကောင် ရုပ်ရှင်မင်းသား၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး Shaolin Soccer နှင့် Kung Fu Hustle ဇာတ်ကားများဖြင့် လူသိများသည်။

စတီဗင်ချောင်သည် သူနှင့်အတူ ရုပ်ရှင်ဇာတ်ကားများစွာ တွဲဖက်သရုပ်ဆောင်ဖူးသူ Karen Mok နှင့် ချစ်ကြိုက်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stephen Chow Mortgaged His $198mil House When The COVID-19 Outbreak Was At Its Worst In Hongkong (edgeprop)

 

 

[Zawgyi]

ေဟာင္ေကာင္႐ုပ္႐ွင္ၾကယ္ပြင့္ စတီဗင္ေခ်ာင္ အိမ္ေပါင္ထားရ

ေဟာင္ေကာင္႐ုပ္႐ွင္ဂႏၴဝင္ၾကယိပြင့္ စတီဗင္ေခ်ာင္သည္ ေဟာင္ေကာင္တြင္ COVID-19 အဆိုး႐ြားဆုံး ကူးစက္ခံရၿပီးေနာက္ ေဟာင္ေကာင္ေဒၚလာ ၁ ဘီလီယံေက်ာ္ တန္ေၾကး႐ွိသည့္ စံအိမ္ကို ေပါင္ႏွံလိုက္ရသည္။

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈေၾကာင့္ ေဟာင္ေကာင္ အႏုပညာေလာက ဆိုး႐ြားစြာ ႐ိုက္ခတ္ခံရရာ ေဟာင္ေကာင္အႀကီးအကဲတို႔က ေငြေၾကးေထာက္ပံ့မႈအခ်ိဳ႕ ျပဳလုပ္ခဲ့သည္။

ေဟာင္ေကာင္ ဂႏၴဝင္သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ စတီဗင္ေခ်ာင္သည္ သူ၏ ေတာင္ကုန္းထိပ္စံအိမ္ကို J.P. Morgan Chase Bank ထံ ယခုႏွစ္ မတ္လအတြင္းက ေပါင္ႏွံခဲ့ျခင္း ျဖစ္သည္။

ထိုအခ်က္ကို ေထာက္႐ႈလွ်င္ ဟာသၾကယ္ပြင့္ စတီဗင္ေခ်ာင္သည္ ေငြေၾကး႐ုန္းကန္ေနရၿပီျဖစ္ေၾကာင္း သတင္းမီဒီယာအခ်ိဳ႕က ေဖာ္ျပၾကသည္။

အခ်ိဳ႕က ယူဆသည္မွာမူ ေနာက္ထပ္႐ိုက္ကူးမည့္ ႐ုပ္႐ွင္အတြက္ ေငြေၾကး႐ွာေဖြျခင္းျဖစ္ႏိုင္သည္ဟု ယူဆၾကသည္။

စတီဗင္ေခ်ာင္သည္ အျခားေသာၾကယ္ပြင့္မ်ားနည္းတူ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြား ျပဳလုပ္ခဲ့သူ ျဖစ္သည္။

စတီဗင္ေခ်ာင္ကို အိမ္ျခံေျမေစ်းကစားရာတြင္ ဘုရင္တစ္ပါးျဖစ္သည္ဟု တင္စားၾကသည္။

သူသည္ မ်ားစြာ အျမတ္ထြက္မည့္ အိမ္ျခံေျမ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေကာင္းစြာလုပ္ေဆာင္တတ္သူတစ္ဦး ျဖစ္သည္။

သာဓကအားျဖင့္ ၂၀၀၄ ခုႏွစ္အတြင္း ေဟာင္ေကာင္မွ Tsim Sha Tsui အရပ္႐ွိ ေစ်းဆိုင္ေနရာကို ေဟာင္ေကာင္ေဒၚလာ သန္း ၂၁၀ ျဖင့္ ဝယ္ယူခဲ့ၿပီး ၆ ႏွစ္အၾကာတြင္ ေဟာင္ေကာင္ေဒၚလာ သန္း ၃၂၀ ျဖင့္ ျပန္လည္ေရာင္းထုတ္ခဲ့ရာ ေဟာင္ေကာင္ေဒၚလာ သန္း ၁၁၀ အျမတ္ရခဲ့သည္။

မၾကာေသးမီက အေပါင္ထားခဲ့ေသာ စံအိမ္မွာ Ryoden Development ေဆာက္လုပ္ေရးကုမၸဏီျဖင့္ ေဆာက္လုပ္ခဲ့ေသာ ဘန္ဂလိုအိမ္ ၄ လုံးမွ တစ္ခုလည္း ျဖစိသည္။

အဆိုပါ စံအိမ္သည္ Pollock’s Path လမ္းတြင္ တည္႐ွိၿပီး Pollock’s Path သည္ ကမ႓ာေပၚတြင္ အိမ္ျခံေျမေစ်းအႀကီးဆုံးအျဖစ္ သတ္မွတ္ခံရေသာေနရာ ျဖစ္သည္။

Skyhigh ဟု အမည္ရေသာ အဆိုပါစံအိမ္ကို စတီဗင္ေခ်ာင္က ၂၀၀၄ ခုႏွစ္တြင္ ေဟာင္ေကာင္ေဒၚလာ သန္း ၃၂၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ယခု စံအိမ္ ၁ လုံးတည္းကိုသာ ၎အတြက္ ခ်န္ထားခဲ့ၿပီး က်န္ေသာစံအိမ္ ၃ လုံးကို ၂၀၀၉ ႏွင့္ ၂၀၁၁ ခုႏွစ္မ်ားတြင္ ေရာင္းထုတ္ခဲ့ရာ စုစုေပါင္း ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၄၅ ဘီလီယံ ရ႐ွိခဲ့သည္။

ယခုစံအိမ္ကိုလည္း ဝယ္ယူလိုသူမ်ားစြာ႐ွိခဲ့သည္။ သို႔ေသာ္ စတီဗင္ေခ်ာင္က ႀကိဳက္ေစ်းမရေသာေၾကာင့္ မေရာင္းခဲ့။

စတီဗင္ေခ်ာင္သည္ ယခုအိမ္ကို ယခင္ကလည္း ေပါင္ခဲ့ဖူးသည္။

တန္ေၾကး ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံတန္ေၾကး႐ွိေသာ စံအိမ္ကို စတီဗင္ေခ်ာင္က ၂၀၁၁ ခုႏွစ္အတြင္း HSBC ဘဏ္တြင္ ေပါင္ႏွံခဲ့ၿပီး ၿပီးခဲ့ေသာႏွစ္ကမွ ျပန္ေ႐ြးထားျခင္း ျဖစ္သည္။

ယခုေနာက္ဆုံးေပါင္ႏွံခဲ့သည္မွာ ၿပီးခဲ့ေသာ မတ္လ ၁၃ ရက္ကျဖစ္ၿပီး ေဟာင္ေကာင္တြင္ COVID-19 ဆိုး႐ြားစြာ ကူးစက္ပ်ံ႕ႏွံ႔ေနခ်ိန္လည္း ျဖစ္သည္။

Apple Daily သတင္းဌာန၏ ေဖာ္ျပခ်က္အရ အေပါင္စာခ်ဳပ္ကို စတီဗင္ေခ်ာင္၏ အစ္မျဖစ္သူ ကယ္လီေခ်ာင္က လက္မွတ္ထိုးေပးခဲ့သည္ ဟု ဆိုသည္။ ကယ္လီေခ်ာင္သည္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီ Bingo Group ၏ အမႈေဆာင္ ဒါ႐ိုက္တာ တစ္ဦး ျဖစ္သည္။

မည္သည့္အတြက္ အိမ္ေပါင္ခဲ့သည္ကို Apple Daily သတင္းဌာနက စတီဗင္ေခ်ာင္ထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း စတီဗင္ေခ်ာင္က မွတ္ခ်က္တစုံတရာ မေပးခဲ့ေခ်။

.. (စတီဗင္ေခ်ာင္ဘာလဲ)

စတီဗင္ေခ်ာင္ (ေမြး ၁၉၆၂) ၏ အမည္ရင္းမွာ စတီဗင္ က်ိဳးဆင္းခ်ီ (Chinese: 周星馳 ) ျဖစ္ၿပီး အႏုပညာအမည္ စတီဗင္ေခ်ာင္ဟုသာ လူသိမ်ားသည္။

စတီဗင္ေခ်ာင္သည္ ေဟာင္ေကာင္ ႐ုပ္႐ွင္မင္းသား၊ ဒါ႐ိုက္တာတစ္ဦးျဖစ္ၿပီး Shaolin Soccer ႏွင့္ Kung Fu Hustle ဇာတ္ကားမ်ားျဖင့္ လူသိမ်ားသည္။

စတီဗင္ေခ်ာင္သည္ သူႏွင့္အတူ ႐ုပ္႐ွင္ဇာတ္ကားမ်ားစြာ တြဲဖက္သ႐ုပ္ေဆာင္ဖူးသူ Karen Mok ႏွင့္ ခ်စ္ႀကိဳက္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stephen Chow Mortgaged His $198mil House When The COVID-19 Outbreak Was At Its Worst In Hongkong (edgeprop)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service