ဒါရိုက်တာရင် (သို့မဟုတ်) Jang Dong-gun နှင့် Ko So-young တို့စုံတွဲ၏ စံအိမ်

ဒါရိုက်တာရင် (သို့မဟုတ်) Jang Dong-gun နှင့် Ko So-young တို့စုံတွဲ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
22 Apr 2022 10:18 am တွင် တင်ခဲ့သည်
11481 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆည်းဆာရင်ခုန်သံ (All About EVE) ရုပ်သံဇာတ်လမ်းတွဲမှ ဂျင်ဆန်းမီ၊ဒါရိုက်တာရင်၊ဟိုယွန်မီ၊ကင်ဝူဂျင်းဟူသည့် နာမည်များကို K-Drama ပရိသတ်များ ယနေ့တိုင် မှတ်မိနေကြဦးမည် ထင်သည်။

ယခုအခါ ကိုရီးယားရုပ်ရှင်ကြယ်ပွင့် ဒါရိုက်တာရင် (Jang Dong-gun) နှင့် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး ဂိုဆူးယောင်တို့၏ တန်ဖိုးကြီး Penthouse ခန်းများအကြောင်း လူမှုကွန်ရက်တွင် ပေါ်ပေါက်လာသည်။

Jang Dong-gun တို့ စုံတွဲ၏ တန်ဖိုးကြီးလူနေခန်းများအနက် တစ်ခန်းမှာ ဝမ်ငွေ ၁၆ ဒသမ ၃ ဘီလီယံ တန်ကြေးရှိသည်။

ဂိုဆူးယောင်က နေအိမ်အတွင်း ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်တွင် မကြာခဏဓာတ်ပုံတင်လေ့ရှိသည်။

အင်စတာဂရမ်တွင် ဂိုဆူးယောင်တင်ခဲ့သော ဓာတ်ပုံတစ်ပုံတွင် “နှစ်ပေါင်း ၃၀၀ နီးပါး သက်တမ်းရှိတဲ့ အီတလီ ကြွေထည်အမှတ်တံဆိပ်တစ်ခုရဲ့ Brand Ambassador တစ်ယောက်ဖြစ်လာခဲ့ပြီလေ”ဟု ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံအတွင်း တွေ့ရပုံမှာ ဂိုဆိုးယောင်သည် သူရရှိထားသော တန်ဖိုးကြီးကြွေထည်ပစ္စည်းများဘေးတွင် ခွေး နှစ်ကောင်ကို ပွေ့ဖက်ထားပုံကို တွေ့ရသည်။

ယင်းဓာတ်ပုံမှတဆင့် ဂိုဆူးယောင်တို့ စုံတွဲ၏ စံအိမ်အတွင်းပိုင်း လှပသောမြင်ကွင်းများကို တွေ့ခွင့်ရကြသည်။

ဂိုဆိုးယောင်က အစားအစာများလှပစွာ ခင်းကျင်းပြင်ဆင်ခြင်း၊ ပန်းများနှင့် လက်ဆောင်ရရှိထားသော ပစ္စည်းများဖြင့် အလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

၎င်းတို့စုံတွဲသည် အဖြူရောင်စံအိမ်အတွင်း အနုပညာပစ္စည်း အများအပြားဖြင့် မွမ်းမံအလှဆင်ထားပြီး ခေတ်မီသော အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ်ထားသည်။

ဂိုဆိုးယောင် လူမှုကွန်ရက်တွင် တင်ခဲ့သော ဓာတ်ပုံများမှတဆင့် ၎င်းတို့၏ နေအိမ်အတွင်းပိုင်း မွမ်းမံမှုမှာ တမူထူးခြားမှုကို တွေ့မြင်ရသည်။

မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ အတည်ပြုထားသော ၂၀၂၁ ခုနှစ် ပြည်သူ့အိမ်ခြံမြေဈေးနှုန်း သတ်မှတ်ချက်အရ ဆိုးလ်မြို့တော်၊ Cheongdam-dong အရပ်ရှိ Penthouse ခန်းတစ်ခန်း၏ ဈေးနှုန်းမှာ ဝမ်ငွေ ၁၆ ဒသမ ၃၂၀ ဘီလီယံဖြစ်ပြီး တောင်ကိုရီးယားတွင် ဈေးအကြီးဆုံး လူနေခန်းများအဖြစ် သတ်မှတ်ခံရသည်။

Cheongdam-dong အရပ်တွင် Jang Dong-gun တို့စုံတွဲ၏ Penthouse ခန်း တည်ရှိသည်။

ချန်းဒုန်းဂွမ် (Jang Dong-gun) နှင့် ဂိုဆိုးယောင်တို့သည် ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ကြပြီး သားတစ်ဦး သမီးတစ်ဦး ထွန်းကားသည်။

(အမြတ်အစွန်းများစွာရရှိ)

Jang Dong Gun & Go So Young စုံတွဲသည် Cheongdam-dong အရပ်ရှိ ကွန်ဒိုခန်းတစ်ခန်းကို ရောင်းချရာမှတဆင့် ဝမ်ငွေ ၁ ဒသမ ၇ ဘီလီယံခန့် အမြတ်အစွန်းရရှိထားသည်။

ကိုရီးယား ဒေသတွင်း သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ Mark Hills ကွန်ဒိုရှိ ကွန်ဒိုခန်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်း ဝမ်ငွေ ၃ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၅ ဒသမ ၅ ဘီလီယံဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Mark Hills မှ ကွန်ဒိုခန်းကို Coinone ၏ CEO ဖြစ်သူ Cha Myeong-hoon အား ရောင်းချခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တောင်ကိုရီးယား၏ ဈေးအကြီးဆုံး ကွန်ဒိုတစ်ခုဖြစ်သော The Penthouse Cheongdam (PH129 ဟု လူသိများ)မှ အခန်းကို ရောင်းချခဲ့သေးသည်။

အဆိုပါအခန်းမှာ စတုရန်းမီတာ ၂၇၃ ဒသမ ၉၆ ရှိပြီး ဝမ်ငွေ ၁၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ယင်းအချိန်က တောင်ကိုရီးယား၏ ဈေးအကြီးဆုံး ကွန်ဒိုခန်းအရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့သည်။

(ကမ္ဘာ့ဗိသုကာဆု ရရှိထားသော စံအိမ်)

Jang Dong-gun တို့စုံတွဲသည် Gyeonggi ပြည်နယ်၊ Gapyeong မြို့တွင် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး အဆိုပါစံအိမ်မှာ ၂၂ ကြိမ်မြောက် ကမ္ဘာ့ဗိသုကာ ဆုချီးမြှင့်ပွဲတွင် ဆုရခဲ့သော စံအိမ်လည်း ဖြစ်ည်။

Sincheon-ri အမည်ရှိ အဆိုပါစံအိမ်ကို IDMM Architects အဖွဲ့က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး အလွန်အလုပ်များလှသော Jang Dong-gun တို့စုံတွဲအတွက် ဆိတ်ငြိမ်အေးချမ်းစွာ အနားယူနိုင်မည့် နေရာတစ်ခု ဖြစ်သည်။

ကမ္ဘာ့ဗိသုကာဆု (The World Architecture Awards)ကို ၂၀၀၈ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် ၃ ကြိမ် ချီးမြှင့်ခဲ့သည်။

Realized Award, Designed Award နှင့် Student Award ဟူ၍ ဆု ၃မျိုးခွဲခြားထားသည်။

ဆုအမျိုးအစားတစ်မျိုးစီတိုင်းကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်များ၊ ယခင်ဆုရခဲ့ဖူးသူများမှ winner ၁၀ ဦး ရွေးချယ်ပေးပြီး ဗိသုကာနယ်ပယ်အဖွဲ့ဝင်များက Winner ၅ ဦး ရွေးချယ်သည်။

Sincheon-ri စံအိမ်သည် Realized Award အမျိုးအစားချီးမြှင့်ခံရခြင်းဖြစ်ပြီး ဂုဏ်ထူးဆောင် ဒိုင်အဖွဲ့ဝင်များနှင့် အသိုက်အဝန်းအဖွဲ့ဝင်တို့ ၂ ခုလုံးမှ ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jang Dong-gun Ko So-young, 16.3 billion penthouse interior..Enviable luxury in the gallery (newsdirectory3)

 

 

 

[Zawgyi]

ဒါရိုက္တာရင္ (သို႔မဟုတ္) Jang Dong-gun ႏွင့္ Ko So-young တို႔စံုတြဲ၏ စံအိမ္

ဆည္းဆာရင္ခုန္သံ (All About EVE) ရုပ္သံဇာတ္လမ္းတြဲမွ ဂ်င္ဆန္းမီ၊ဒါရိုက္တာရင္၊ဟိုယြန္မီ၊ကင္ဝူဂ်င္းဟူသည့္ နာမည္မ်ားကို K-Drama ပရိသတ္မ်ား ယေန႔တိုင္ မွတ္မိေနၾကဦးမည္ ထင္သည္။

ယခုအခါ ကိုရီးယားရုပ္ရွင္ၾကယ္ပြင့္ ဒါရိုက္တာရင္ (Jang Dong-gun) ႏွင့္ ဇနီးျဖစ္သူ ရုပ္ရွင္မင္းသမီး ဂိုဆူးေယာင္တို႔၏ တန္ဖိုးၾကီး Penthouse ခန္းမ်ားအေၾကာင္း လူမႈကြန္ရက္တြင္ ေပၚေပါက္လာသည္။

Jang Dong-gun တို႔ စံုတြဲ၏ တန္ဖုိးၾကီးလူေနခန္းမ်ားအနက္ တစ္ခန္းမွာ ဝမ္ေငြ ၁၆ ဒသမ ၃ ဘီလီယံ တန္ေၾကးရွိသည္။

ဂိုဆူးေယာင္က ေနအိမ္အတြင္း ဓာတ္ပံုရိုက္ကာ အင္စတာဂရမ္တြင္ မၾကာခဏဓာတ္ပံုတင္ေလ့ရွိသည္။

အင္စတာဂရမ္တြင္ ဂိုဆူးေယာင္တင္ခဲ့ေသာ ဓာတ္ပံုတစ္ပံုတြင္ “ႏွစ္ေပါင္း ၃၀၀ နီးပါး သက္တမ္းရွိတဲ့ အီတလီ ေၾကြထည္အမွတ္တံဆိပ္တစ္ခုရဲ႕ Brand Ambassador တစ္ေယာက္ျဖစ္လာခဲ့ျပီေလ”ဟု ေရးသားေဖာ္ျပခဲ့သည္။

ဓာတ္ပံုအတြင္း ေတြ႔ရပံုမွာ ဂိုဆိုးေယာင္သည္ သူရရွိထားေသာ တန္ဖိုးၾကီးေၾကြထည္ပစၥည္းမ်ားေဘးတြင္ ေခြး ႏွစ္ေကာင္ကို ေပြ႔ဖက္ထားပံုကို ေတြ႔ရသည္။

ယင္းဓာတ္ပံုမွတဆင့္ ဂိုဆူးေယာင္တို႔ စံုတြဲ၏ စံအိမ္အတြင္းပိုင္း လွပေသာျမင္ကြင္းမ်ားကို ေတြ႔ခြင့္ရၾကသည္။

ဂိုဆိုးေယာင္က အစားအစာမ်ားလွပစြာ ခင္းက်င္းျပင္ဆင္ျခင္း၊ ပန္းမ်ားႏွင့္ လက္ေဆာင္ရရွိထားေသာ ပစၥည္းမ်ားျဖင့္ အလွဆင္ျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

၎တို႔စံုတြဲသည္ အျဖဴေရာင္စံအိမ္အတြင္း အႏုပညာပစၥည္း အမ်ားအျပားျဖင့္ မြမ္းမံအလွဆင္ထားျပီး ေခတ္မီေသာ အတြင္းပိုင္းမြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

ဂိုဆိုးေယာင္ လူမႈကြန္ရက္တြင္ တင္ခဲ့ေသာ ဓာတ္ပံုမ်ားမွတဆင့္ ၎တို႔၏ ေနအိမ္အတြင္းပိုင္း မြမ္းမံမႈမွာ တမူထူးျခားမႈကို ေတြ႔ျမင္ရသည္။

ေျမယာ၊ အေျခခံအေဆာက္အအံုႏွင့္ သယ္ယူပို႔ေဆာင္ေရး ဝန္ၾကီးဌာနမွ အတည္ျပဳထားေသာ ၂၀၂၁ ခုႏွစ္ ျပည္သူ႔အိမ္ျခံေျမေစ်းႏႈန္း သတ္မွတ္ခ်က္အရ ဆိုးလ္ျမိဳ႕ေတာ္၊ Cheongdam-dong အရပ္ရွိ Penthouse ခန္းတစ္ခန္း၏ ေစ်းႏႈန္းမွာ ဝမ္ေငြ ၁၆ ဒသမ ၃၂၀ ဘီလီယံျဖစ္ျပီး ေတာင္ကိုရီးယားတြင္ ေစ်းအၾကီးဆံုး လူေနခန္းမ်ားအျဖစ္ သတ္မွတ္ခံရသည္။

Cheongdam-dong အရပ္တြင္ Jang Dong-gun တို႔စံုတြဲ၏ Penthouse ခန္း တည္ရွိသည္။

ခ်န္းဒုန္းဂြမ္ (Jang Dong-gun) ႏွင့္ ဂိုဆိုးေယာင္တို႔သည္ ၂၀၁၀ ျပည့္ႏွစ္တြင္ လက္ထပ္ခဲ့ၾကျပီး သားတစ္ဦး သမီးတစ္ဦး ထြန္းကားသည္။

(အျမတ္အစြန္းမ်ားစြာရရွိ)

Jang Dong Gun & Go So Young စံုတြဲသည္ Cheongdam-dong အရပ္ရွိ ကြန္ဒိုခန္းတစ္ခန္းကို ေရာင္းခ်ရာမွတဆင့္ ဝမ္ေငြ ၁ ဒသမ ၇ ဘီလီယံခန္႔ အျမတ္အစြန္းရရွိထားသည္။

ကိုရီးယား ေဒသတြင္း သတင္းမီဒီယာတို႔၏ ေဖာ္ျပခ်က္အရ Mark Hills ကြန္ဒိုရွိ ကြန္ဒိုခန္းကို ၂၀၁၅ ခုႏွစ္၊ ဧျပီလအတြင္း ဝမ္ေငြ ၃ ဒသမ ၈ ဘီလီယံျဖင့္ ဝယ္ယူခဲ့ျပီး ၂၀၂၁ ခုႏွစ္အတြင္း ၅ ဒသမ ၅ ဘီလီယံျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

Mark Hills မွ ကြန္ဒိုခန္းကို Coinone ၏ CEO ျဖစ္သူ Cha Myeong-hoon အား ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ေတာင္ကိုရီးယား၏ ေစ်းအၾကီးဆံုး ကြန္ဒိုတစ္ခုျဖစ္ေသာ The Penthouse Cheongdam (PH129 ဟု လူသိမ်ား)မွ အခန္းကို ေရာင္းခ်ခဲ့ေသးသည္။

အဆိုပါအခန္းမွာ စတုရန္းမီတာ ၂၇၃ ဒသမ ၉၆ ရွိျပီး ဝမ္ေငြ ၁၁ ဒသမ ၅ ဘီလီယံျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ရာ ယင္းအခ်ိန္က ေတာင္ကိုရီးယား၏ ေစ်းအၾကီးဆံုး ကြန္ဒိုခန္းအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ခဲ့သည္။

(ကမၻာ့ဗိသုကာဆု ရရွိထားေသာ စံအိမ္)

Jang Dong-gun တို႔စံုတြဲသည္ Gyeonggi ျပည္နယ္၊ Gapyeong ျမိဳ႕တြင္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားျပီး အဆိုပါစံအိမ္မွာ ၂၂ ၾကိမ္ေျမာက္ ကမၻာ့ဗိသုကာ ဆုခ်ီးျမွင့္ပြဲတြင္ ဆုရခဲ့ေသာ စံအိမ္လည္း ျဖစ္ည္။

Sincheon-ri အမည္ရွိ အဆိုပါစံအိမ္ကို IDMM Architects အဖြဲ႔က ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ျပီး အလြန္အလုပ္မ်ားလွေသာ Jang Dong-gun တို႔စံုတြဲအတြက္ ဆိတ္ျငိမ္ေအးခ်မ္းစြာ အနားယူႏိုင္မည့္ ေနရာတစ္ခု ျဖစ္သည္။

ကမၻာ့ဗိသုကာဆု (The World Architecture Awards)ကို ၂၀၀၈ ခုႏွစ္မွစတင္ကာ တစ္ႏွစ္လွ်င္ ၃ ၾကိမ္ ခ်ီးျမွင့္ခဲ့သည္။

Realized Award, Designed Award ႏွင့္ Student Award ဟူ၍ ဆု ၃မ်ဳိးခြဲျခားထားသည္။

ဆုအမ်ိဳးအစားတစ္မ်ဳိးစီတိုင္းကို ဂုဏ္ထူးေဆာင္အဖြဲ႔ဝင္မ်ား၊ ယခင္ဆုရခဲ့ဖူးသူမ်ားမွ winner ၁၀ ဦး ေရြးခ်ယ္ေပးျပီး ဗိသုကာနယ္ပယ္အဖြဲ႔ဝင္မ်ားက Winner ၅ ဦး ေရြးခ်ယ္သည္။

Sincheon-ri စံအိမ္သည္ Realized Award အမ်ဳိးအစားခ်ီးျမွင့္ခံရျခင္းျဖစ္ျပီး ဂုဏ္ထူးေဆာင္ ဒိုင္အဖြဲ႔ဝင္မ်ားႏွင့္ အသိုက္အဝန္းအဖြဲ႔ဝင္တို႔ ၂ ခုလံုးမွ ေရြးခ်ယ္ခံခဲ့ရျခင္းလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jang Dong-gun Ko So-young, 16.3 billion penthouse interior..Enviable luxury in the gallery (newsdirectory3)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service