ဖက်တီးမင်းသား ဆန်မိုဟန်၏ စံအိမ်

ဖက်တီးမင်းသား ဆန်မိုဟန်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
18 Apr 2022 10:46 am တွင် တင်ခဲ့သည်
3256 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အက်ရှင်ရုပ်ရှင်ဇာတ်ကားများကို နှစ်သက်သူတိုင်း ဆန်မိုဟန်ကို ကောင်းစွာသိကြသည်။

ဆန်မိုဟန်သည် နာမည်ကျော် ဟောင်ကောင်ရုပ်ရှင်မင်းသား၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး လျှမ်းလျှမ်းတောက် ကျော်ကြားအောင်မြင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။

ဆန်မိုဟန်သည် ရုပ်ရှင်လောကနှင့် ကင်းဝေးနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဟောင်ကောင်ရုပ်ရှင်လောကတွင် ထိပ်တန်းအဆင့်၌ရှိနေဆဲပင်။ ဆန်မိုဟန်သည် ကလေးဘဝကတည်းက Drama Academy သို့တက်ရောက်ကာ ပီကင်းအော်ပရာကို ဆည်းပူးလေ့လာခဲ့သည်။

နောက်ပိုင်းတွင် ဂျက်ကီချန်း၊ ယွမ်ပြောင် (Yuen Biao) တို့နှင့်အတူ Seven Little Fortunes ၌ ဆန်မိုဟန်လည်း ပါဝင်ခဲ့သည်။

ဟောင်ကောင်ရှိ Drama Academy တွင် ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ထိပ်တန်း ကိုယ်ခံပညာကျောင်းသားများကို Seven Little Fortunes ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပြီး ကံကောင်း ၇ ဖော် (The Lucky Seven) ဟုလည်း ခေါ်ကြသေးသည်။

ဆန်မိုဟန်က Seven Little Fortunes အုပ်စုတွင် အစ်ကိုကြီးသဖွယ် ဖြစ်၏။ ဆန်မိုဟန်သည် ငယ်စဉ်ကတည်းက နိုးကြားတက်ကြွကာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သူတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာရပ်များကို စိတ်ဝင်စားခဲ့သည်။

 

သူ၏ သရုပ်ဆောင်ဘဝ သက်တမ်းတစ်လျှောက် ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအများစုမှာ အက်ရှင်ကားများ ဖြစ်သည်။

ဆန်မိုဟန်သည် ငယ်စဉ်ကတည်းက ခပ်ဝဝ ဖြစ်၏။ သို့သော် သူ၏ ကိုယ်ခံပညာ လှုပ်ရှားမှုများမှာ အလွန်ပေါ့ပါးသွက်လက်လှသည်။

ဆန်မိုဟန်သည် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သည့်ဇာတ်ကားဖြစ်စေ၊ ဒါရိုက်တာအဖြစ် ရိုက်ကူးသည့်ဇာတ်ကား ဖြစ်စေ ဝင်ငွေကောင်းသည်ချည်း၊ အောင်မြင်ကျော်ကြားခဲ့သည်ချည်းပင်။ ဆန်မိုဟန်သည် ရုပ်ရှင်ဆုများလည်း ကြိမ်ဖန်များစွာ ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ဆန်မိုဟန်သည် ရုပ်ရှင်လောကမှ အနားယူသလောက်နီးပါး ရှိနေပြီ ဖြစ်သည်။

သို့သော် သူ့အကြိုက်အက်ရှင်ဇာတ်လမ်းများရှိလျှင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်လိမ့်ဦးမည်သာ။

ဆန်မိုဟန်တွင် သားသမီး ၃ ဦးနှင့် မြေးများရှိသည်။ ယခုအချိန်တွင် မိသားစုနှင့်အတူ ကုန်လွန်ဖြတ်သန်းလျက် ရှိသည်။

ဟောင်ကောင်တွင် ဆန်မိုဟန်၏ အဆင့်အတန်းနှင့် ဓနအင်အား ကြီးကျယ်ခမ်းနားမည်မှာ သံသယဖြစ်ဖွယ် မရှိ။

ဆန်မိုဟန်သည် လက်ရှိတွင် သားကြီးဖြစ်သူ ဟုန်ရှမ်းမြင် (Hong Tianming) နှင့်အတူ ပင်လယ်ကမ်းခြေကို တွေ့မြင်နေရသည့်အခန်းတစ်ခန်း၌ နေထိုင်လျက်ရှိသည်။

ကမ်းခြေလူနေခန်းတွင် ကြီးမားသည့်လသာဆောင်တစ်ခုရှိပြီး ပင်လယ်ကို မျက်နှာမူထားသည်။ ပင်လယ်ဘက်ဆီတွင်လည်း ကြီးမားသည့် တောင်တန်းတစ်ခုရှိရာ ရှုခင်းကား ခမ်းနားလှသည်။

လသာဆောင်တွင် အပန်းဖြေနားနေရန် ဆန်မိုဟန်က စားပွဲတစ်လုံးနှင့် ထိုင်ခုံအနည်းငယ် ထားရှိထားသည်။

ဆန်မိုဟန်တို့မိသားစုသည် ထိုနေရာတွင် မကြာခဏထိုင်ကာ လတ်ဆတ်သော ပင်လယ်လေညှင်းကို ခံစားရင်း လှပသည့်ရှုမျှော်ခင်းကို ကြည့်လေ့ရှိဟန်ရသည်။

လသာဆောင်၏ ဘေးတစ်ဖက်တွင် အစိမ်းရောင်ဆိုဖာတစ်လုံးနှင့် မွှေးပွကူရှင်ခုံများရှိရာ အလွန်သက်တောင့်သက်သာရှိမည့်ပုံပင်။

ဆန်မိုဟန်သည် အဆိုပါနေရာတွင် မကြာခဏထိုင်လေ့ရှိပြီး မြေးကလေးနှင့် ဆော့ကစားလေ့ရှိသည်။

ဘိုးဘွားများ အားလုံးနည်းတူ ဆန်မိုဟန်သည်လည်း သူ့မြေးကလေးကို အလွန် အလိုလိုက်ထားသည်။

ဆန်မိုဟန်နေထိုင်သော အဆောက်အအုံ၏ ပြင်ပဒီဇိုင်းနှင့် တည်နေရာမှာ အံ့မခန်းကောင်းမွန်လှသည်။

သို့သော် အတွင်းပိုင်း မွမ်းမံထားမှုမှာမူ ထင်သလောက် ထိပ်တန်းမကျလှ။ ဒီဇိုင်းမှာ သာမန်ရိုးရိုးစင်းစင်းပင်။

ဆန်မိုဟန်၏ နေအိမ်ခန်းအတွင်း အညိုရောင်ကောဇောများခင်းထားသည်။ အညိုရောင်မှာ အစွန်းအထင်း အညစ်အပေခံသည့်အရောင်ဖြစ်ရာ လက်တွေ့ဆန်သည်ဟုကား ဆိုနိုင်သည်။

နံရံမှာ အမွှမ်းအပြောက်များဖြင့် wallpaper နံရံများဖြစ်သည်။ အခန်းအတွင်း အခြားမွမ်းမံပြင်ဆင်ထားမှုများ မရှိ။ ရိုးစင်းလှသည်။

ဆန်မိုဟန်တို့မိသားစုသည် နေအိမ်အတွင်းတွင်ပင် မိသားစုဓာတ်ပုံများ မကြာခဏရိုက်လေ့ရှိသည်။

ဆန်မိုဟန်သည် နွေးထွေးကာဧည့်ဝတ်ကျေတတ်သူတစ်ဦးဖြစ်၏။

အားလပ်သောအခါမျိုးတွင် ဆန်မိုဟန်သည် မိတ်ဟောင်းဆွေဟောင်းများကို ဖိတ်ကာ ညစာဖြင့် ဧည့်ခံလေ့ ရှိသည်။

ဆန်မိုဟန်၏ ညစာစားခန်းမှာ များစွာမကျယ်ဝန်း၊ အပြင်အဆင်မှာလည်း ရိုးရိုးစင်းစင်းပင်။ သို့သော် မိသားစုဆန်သည်။

ကြီးမားသော အဖြူရောင် ညစာ စားပွဲခုံအား ပလတ်စတစ်အကြည်စဖြင့် အုပ်ထားသည်။

ညစာစားပွဲ၏နောက်ဘက် နံရံဆီတွင်ကား ဆန်မိုဟန်တို့ ဇနီးမောင်နှံ၊ မြေး ၂ ဦး၏ ဓာတ်ပုံများ ထားရှိသည်။

ဓာတ်ပုံဘေးတွင်ကား ကံကောင်းခြင်းနှင့် ကံကြမ္မာနတ်တစ်ပါးဖြစ်သော ကွမ်ကုံးအား ကိုးကွယ်ထားသည့် စားပွဲရှိသည်။

ညစာ စားပွဲ၏ဘေး ကြမ်းပြင်ပေါ်တွင် လျှပ်စစ်ပန်ကာငယ်တစ်လုံးကို တွေ့ရသည်။

ယင်းကား မျှော်လင့်မထားသည့်အရာတစ်ခုပင်။

ဆန်မိုဟန်ကဲ့သို့ အထင်ကရတစ်ဦးက သူ့နေအိမ်တွင် ပန်ကာများအသုံးပြုနေဆဲရှိနေခြင်းကား ဟိတ်ဟန်နည်းလှပြီး လက်တွေ့ဆန်လှသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Look at the home of Sammo Hung, the big brother of Hong Kong. The balcony is next to the sea. The statue of Guan Gong in the restaurant is too eye-catching. (min.news)

 

[Zawgyi]

ဖက္တီးမင္းသား ဆန္မိုဟန္၏ စံအိမ္

အက္ရွင္ရုပ္ရွင္ဇာတ္ကားမ်ားကို ႏွစ္သက္သူတိုင္း ဆန္မိုဟန္ကို ေကာင္းစြာသိၾကသည္။

ဆန္မိုဟန္သည္ နာမည္ေက်ာ္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား၊ ဒါရိုက္တာတစ္ဦးျဖစ္ျပီး လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားေအာင္ျမင္ခဲ့သည့္ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့သည္။

ဆန္မိုဟန္သည္ ရုပ္ရွင္ေလာကႏွင့္ ကင္းေဝးေနသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ေသာ္လည္း ေဟာင္ေကာင္ရုပ္ရွင္ေလာကတြင္ ထိပ္တန္းအဆင့္၌ရွိေနဆဲပင္။ ဆန္မိုဟန္သည္ ကေလးဘဝကတည္းက Drama Academy သို႔တက္ေရာက္ကာ ပီကင္းေအာ္ပရာကို ဆည္းပူးေလ့လာခဲ့သည္။

ေနာက္ပိုင္းတြင္ ဂ်က္ကီခ်န္း၊ ယြမ္ေျပာင္ (Yuen Biao) တို႔ႏွင့္အတူ Seven Little Fortunes ၌ ဆန္မိုဟန္လည္း ပါဝင္ခဲ့သည္။

ေဟာင္ေကာင္ရွိ Drama Academy တြင္ ၁၉၆၀ ျပည့္လြန္ကာလမ်ားအတြင္း ထိပ္တန္း ကိုယ္ခံပညာေက်ာင္းသားမ်ားကို Seven Little Fortunes ဟု ေခၚေဝၚခဲ့ၾကျခင္း ျဖစ္ျပီး ကံေကာင္း ၇ ေဖာ္ (The Lucky Seven) ဟုလည္း ေခၚၾကေသးသည္။

ဆန္မိုဟန္က Seven Little Fortunes အုပ္စုတြင္ အစ္ကိုၾကီးသဖြယ္ ျဖစ္၏။ ဆန္မိုဟန္သည္ ငယ္စဥ္ကတည္းက ႏိုးၾကားတက္ၾကြကာ ယွဥ္ျပိဳင္လိုစိတ္ျပင္းထန္သူတစ္ဦးျဖစ္ျပီး ကုိယ္ခံပညာရပ္မ်ားကို စိတ္ဝင္စားခဲ့သည္။

သူ၏ သရုပ္ေဆာင္ဘဝ သက္တမ္းတစ္ေလွ်ာက္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ ဇာတ္ကားအမ်ားစုမွာ အက္ရွင္ကားမ်ား ျဖစ္သည္။

ဆန္မိုဟန္သည္ ငယ္စဥ္ကတည္းက ခပ္ဝဝ ျဖစ္၏။ သို႔ေသာ္ သူ၏ ကိုယ္ခံပညာ လႈပ္ရွားမႈမ်ားမွာ အလြန္ေပါ့ပါးသြက္လက္လွသည္။

ဆန္မိုဟန္သည္ ကိုယ္တိုင္ပါဝင္သရုပ္ေဆာင္သည့္ဇာတ္ကားျဖစ္ေစ၊ ဒါရိုက္တာအျဖစ္ ရိုက္ကူးသည့္ဇာတ္ကား ျဖစ္ေစ ဝင္ေငြေကာင္းသည္ခ်ည္း၊ ေအာင္ျမင္ေက်ာ္ၾကားခဲ့သည္ခ်ည္းပင္။ ဆန္မိုဟန္သည္ ရုပ္ရွင္ဆုမ်ားလည္း ၾကိမ္ဖန္မ်ားစြာ ရရွိခဲ့သည္။

လက္ရွိအခ်ိန္တြင္ ဆန္မိုဟန္သည္ ရုပ္ရွင္ေလာကမွ အနားယူသေလာက္နီးပါး ရွိေနျပီ ျဖစ္သည္။

သို႔ေသာ္ သူ႔အၾကိဳက္အက္ရွင္ဇာတ္လမ္းမ်ားရွိလွ်င္ ဧည့္သရုပ္ေဆာင္အျဖစ္ ပါဝင္လိမ့္ဦးမည္သာ။

ဆန္မိုဟန္တြင္ သားသမီး ၃ ဦးႏွင့္ ေျမးမ်ားရွိသည္။ ယခုအခ်ိန္တြင္ မိသားစုႏွင့္အတူ ကုန္လြန္ျဖတ္သန္းလ်က္ ရွိသည္။

ေဟာင္ေကာင္တြင္ ဆန္မိုဟန္၏ အဆင့္အတန္းႏွင့္ ဓနအင္အား ၾကီးက်ယ္ခမ္းနားမည္မွာ သံသယျဖစ္ဖြယ္ မရွိ။

ဆန္မိုဟန္သည္ လက္ရွိတြင္ သားၾကီးျဖစ္သူ ဟုန္ရွမ္းျမင္ (Hong Tianming) ႏွင့္အတူ ပင္လယ္ကမ္းေျခကို ေတြ႔ျမင္ေနရသည့္အခန္းတစ္ခန္း၌ ေနထိုင္လ်က္ရွိသည္။

ကမ္းေျခလူေနခန္းတြင္ ၾကီးမားသည့္လသာေဆာင္တစ္ခုရွိျပီး ပင္လယ္ကို မ်က္ႏွာမူထားသည္။ ပင္လယ္ဘက္ဆီတြင္လည္း ၾကီးမားသည့္ ေတာင္တန္းတစ္ခုရွိရာ ရႈခင္းကား ခမ္းနားလွသည္။

လသာေဆာင္တြင္ အပန္းေျဖနားေနရန္ ဆန္မိုဟန္က စားပြဲတစ္လံုးႏွင့္ ထိုင္ခံုအနည္းငယ္ ထားရွိထားသည္။

ဆန္မိုဟန္တို႔မိသားစုသည္ ထိုေနရာတြင္ မၾကာခဏထိုင္ကာ လတ္ဆတ္ေသာ ပင္လယ္ေလညွင္းကို ခံစားရင္း လွပသည့္ရႈေမွ်ာ္ခင္းကို ၾကည့္ေလ့ရွိဟန္ရသည္။

လသာေဆာင္၏ ေဘးတစ္ဖက္တြင္ အစိမ္းေရာင္ဆိုဖာတစ္လံုးႏွင့္ ေမႊးပြကူရွင္ခံုမ်ားရွိရာ အလြန္သက္ေတာင့္သက္သာရွိမည့္ပံုပင္။

ဆန္မိုဟန္သည္ အဆိုပါေနရာတြင္ မၾကာခဏထိုင္ေလ့ရွိျပီး ေျမးကေလးႏွင့္ ေဆာ့ကစားေလ့ရွိသည္။

ဘိုးဘြားမ်ား အားလံုးနည္းတူ ဆန္မိုဟန္သည္လည္း သူ႔ေျမးကေလးကို အလြန္ အလိုလိုက္ထားသည္။

ဆန္မိုဟန္ေနထိုင္ေသာ အေဆာက္အအံု၏ ျပင္ပဒီဇိုင္းႏွင့္ တည္ေနရာမွာ အံ့မခန္းေကာင္းမြန္လွသည္။

သို႔ေသာ္ အတြင္းပိုင္း မြမ္းမံထားမႈမွာမူ ထင္သေလာက္ ထိပ္တန္းမက်လွ။ ဒီဇိုင္းမွာ သာမန္ရိုးရိုးစင္းစင္းပင္။

ဆန္မိုဟန္၏ ေနအိမ္ခန္းအတြင္း အညိဳေရာင္ေကာေဇာမ်ားခင္းထားသည္။ အညိဳေရာင္မွာ အစြန္းအထင္း အညစ္အေပခံသည့္အေရာင္ျဖစ္ရာ လက္ေတြ႔ဆန္သည္ဟုကား ဆိုႏိုင္သည္။

နံရံမွာ အမႊမ္းအေျပာက္မ်ားျဖင့္ wallpaper နံရံမ်ားျဖစ္သည္။ အခန္းအတြင္း အျခားမြမ္းမံျပင္ဆင္ထားမႈမ်ား မရွိ။ ရိုးစင္းလွသည္။

ဆန္မိုဟန္တို႔မိသားစုသည္ ေနအိမ္အတြင္းတြင္ပင္ မိသားစုဓာတ္ပံုမ်ား မၾကာခဏရိုက္ေလ့ရွိသည္။

ဆန္မိုဟန္သည္ ေႏြးေထြးကာဧည့္ဝတ္ေက်တတ္သူတစ္ဦးျဖစ္၏။

အားလပ္ေသာအခါမ်ဳိးတြင္ ဆန္မိုဟန္သည္ မိတ္ေဟာင္းေဆြေဟာင္းမ်ားကို ဖိတ္ကာ ညစာျဖင့္ ဧည့္ခံေလ့ ရွိသည္။

ဆန္မိုဟန္၏ ညစာစားခန္းမွာ မ်ားစြာမက်ယ္ဝန္း၊ အျပင္အဆင္မွာလည္း ရိုးရိုးစင္းစင္းပင္။ သို႔ေသာ္ မိသားစုဆန္သည္။

ၾကီးမားေသာ အျဖဴေရာင္ ညစာ စားပြဲခံုအား ပလတ္စတစ္အၾကည္စျဖင့္ အုပ္ထားသည္။

ညစာစားပြဲ၏ေနာက္ဘက္ နံရံဆီတြင္ကား ဆန္မိုဟန္တို႔ ဇနီးေမာင္ႏွံ၊ ေျမး ၂ ဦး၏ ဓာတ္ပံုမ်ား ထားရွိသည္။

ဓာတ္ပံုေဘးတြင္ကား ကံေကာင္းျခင္းႏွင့္ ကံၾကမၼာနတ္တစ္ပါးျဖစ္ေသာ ကြမ္ကံုးအား ကိုးကြယ္ထားသည့္ စားပြဲရွိသည္။

ညစာ စားပြဲ၏ေဘး ၾကမ္းျပင္ေပၚတြင္ လွ်ပ္စစ္ပန္ကာငယ္တစ္လံုးကို ေတြ႔ရသည္။

ယင္းကား ေမွ်ာ္လင့္မထားသည့္အရာတစ္ခုပင္။

ဆန္မိုဟန္ကဲ့သို႔ အထင္ကရတစ္ဦးက သူ႔ေနအိမ္တြင္ ပန္ကာမ်ားအသံုးျပဳေနဆဲရွိေနျခင္းကား ဟိတ္ဟန္နည္းလွျပီး လက္ေတြ႔ဆန္လွသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Look at the home of Sammo Hung, the big brother of Hong Kong. The balcony is next to the sea. The statue of Guan Gong in the restaurant is too eye-catching. (min.news)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service