၂၀၂၂ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအော်စကာဆုရှင် ဂျက်ဆစ်ကာ ချားစတိန်း၏ နယူးယောက်စံအိမ်

၂၀၂၂ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအော်စကာဆုရှင် ဂျက်ဆစ်ကာ ချားစတိန်း၏ နယူးယောက်စံအိမ် - Property News in Myanmar from iMyanmarHouse.com
31 Mar 2022 9:57 am တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျက်ဆစ်ကာ ချားစတိန်း (Jessica Chastain) သည် နယူးယောက်မြို့၊ Upper West Side အရပ်ရှိ သစ်ပင်ဝါးပင်ပေါများသော ဘလောက်တစ်ခုတွင်တည်ရှိသည့် လှပသော မြို့လယ်စံအိမ်တစ်လုံးကို ဝယ်ယူလိုက်ပြီး သူမ၏ အိမ်ခြံမြေပိုင်ဆိုင်မှုကို ချဲ့ထွင်လျက်ရှိသည်။

ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ ချားစတိန်းသည် စတုရန်းပေ ၆၆၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်းပါသော အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၈၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးမှာ ခေါ်ဈေး ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းအောက် များစွာနည်းပါးသည့် ပမာဏလည်း ဖြစ်သည်။

StreetEasy တွင် ဖော်ပြချက်အရ အဆိုပါအိမ်သည် ၂၀၁၇ ခုနှစ်ကတည်းက ဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့ကြောင်း ဖော်ပြသည်။

နှစ်လိုဖွယ်နီညိုရောင်ကျောက်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ ၅ ထပ်ဖြစ်ပြီး ဓာတ်လှေကားတစ်ခုလည်း တပ်ဆင်ထားသည်။

ဒုတိယထပ်တွင် ရှေးမူရင်း သစ်သားမှန်ကူကွက်များ၊ မူရင်း ထင်းသုံးမီးလင်းဖို၊ အနုစိတ်ဖောင်းရစ်များဖြင့် မွမ်းမံထားသော မျက်နှာကျက်များကို တွေ့ရသည်။

လင်းလင်းချင်းချင်းရှိသော ဧည့်ခန်းမှာ အဆောက်အအုံအနောက်ဘက်တွင်ရှိပြီး ခြံနောက်ဘက်မှ သီးသန့် ပန်းဥယျာဉ်ကို စီးမိုးတွေ့မြင်နေရသည်။ အပေါ်ဆုံးထပ်တွင် ကောက်ရိုးစက္ကူတံခါးများရှိသည့် ဂျပန်ဟန် စတူဒီယိုတစ်ခုအပြင် ရေပူစိမ်ကန်တစ်ခုလည်း ရှိသေးသည်။

အဆောက်အအုံကြီးမှာ နယူးယောက်၏ နာမည်ကျော် Central Park ပန်းခြံကြီးနှင့် ကပ်လျက်တည်ရှိရာ အကောင်းဆုံးသော ရှုခင်းများ ပိုင်ဆိုင်ထားသည်။

Upper West Side မှ ယခုစံအိမ်အပြင် ချားစတိန်းနှင့် ခင်ပွန်းဖြစ်သူ ဖက်ရှင်လုပ်ငန်းရှင် Gian Luca Passi de Preposulo တို့သည် Central Park ပန်းခြံကြီးအနီး၊ အနောက် ၅၇ လမ်းတွင် တည်ရှိသော ၁၉ ရာစုနှစ် လူနေခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။

အဆိုပါအခန်းကို ချားစတိန်းက ၂၀၁၅ ခုနှစ် ဆောင်းရာသီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီးနောက်ပိုင်း ဒီဇိုင်နာ Jesse Carrier နှင့် Mara Miller တို့ဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

အသက်ဝိဉာဉ်ကို ပြန်လည်ဖော်ထုတ်ရတာဟာ တကယ့်အပြောင်းအလဲပါပဲဟု ချားစတိန်းက ဆိုသည်။ ချားစတိန်းက ယခုစံအိမ်ကြီး၏ သမိုင်းကြောင်းရှည်လျားမှုကို ရည်ညွန်းခြင်း ဖြစ်သည်။

နာမည်ကျော် ဘရော့ဒ်ဝေးကဇာတ် West Side Story မှ တေးသီချင်းများ ရေးဖွဲ့ခဲ့သူ လီယိုနာ့ဒ် ဘန်းစတိန်း၊ အမေရိကန်အဆိုတော် ဘော့ဘီရှော့၊ ရုပ်ရှင်မင်းသမီးများဖြစ်သော လင်း ရက်ဒ်ဂရေ့ဗ်နှင့် ဗီရာ မိုင်းစ်တို့ ယခုစံအိမ်ကို ပိုင်ဆိုင်ခဲ့ကြဖူးသည်။

တေးရေး အဒမ် ဂွက်တဲလ် (Adam Guettel) ထံမှ ချားစတိန်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၂၀၀ ခန့်ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

သတိပြုဖွယ်များမှာ ထင်းသုံးမီးလင်းဖို ၆ ခု၊ လန်ဒန်ရှိ Dean Street Townhouse မှ ဟန်ပန်အတိုင်းမွမ်းမံထားသော ရေချိုးခန်းတွင်း ရေစိမ်ကန်များ၊ စံအိမ်၏ အခန်းများစွာတွင် ပိုးထည်များဖြင့် နံရံကာရံထားမှုများ ဖြစ်သည်။

(ဂျက်ဆစ်ကာ ချားစတိန်း ဘာလဲ)

ဂျက်ဆစ်ကာ ချားစတိန်း၏ အမည်ရင်းမှာ ဂျက်ဆစ်ကာ မစ်ရှဲလ် ချားစတိန်း (မွေ ၁၉၇၇) ဖြစ်ပြီး အမေရိကန် ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်သည်။

ဣတ္ထိယဝါဒီရုပ်ရှင်ကားများဖြင့် နာမည်ကျော်သည်။ အော်စကာဆု ၁ ဆု၊ ရွှေကမ္ဘာလုံးဆု ၁ ဆု အပါအဝင် ရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသည်။ တိုင်းမဂ္ဂဇင်းကြီးက ဂျက်ဆစ်ကာ ချားစတိန်းကို ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင် ၂၀၁၂ ခုနှစ်အတွင်း ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

၂၀၂၁ ခုနှစ်က ရုံတင်ပြသခဲ့သော အတ္ထုပ္ပတ္တိရုပ်ရှင် The Eyes of Tammy Faye ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး အော်စကာဆု ရရှိခဲ့သည်။

 

(ဂျက်ဆစ်ကာ ချားစတိန်း ဝါသနာ)

ဂျက်ဆစ်ကာချားစတိန်းအပေါ် သတင်းမီဒီယာတို့ များစွာစိတ်ဝင်စားကြသော်လည်း သူမက ပုဂ္ဂိုလ်ရေးဘဝကို သိုသိုသိပ်သိပ်သာ နေထိုင်သည်။ ကော်ဇောနီခင်း ပွဲလမ်းသဘင်များသို့ ချစ်သူနှင့် ယှဉ်တွဲတက်ရောက်ခြင်းမျိုး ပြုလုပ်လေ့မရှိ။

သူ၏ ခွေးကလေးနှင့် လမ်းလျှောက်ထွက်ခြင်း၊ Ukulele တီးခတ်ရခြင်းမျိုးကို ပါတီပွဲထက်နှစ်သက်ခုံမင်ကြောင်း ချားစတိန်း ပြောခဲ့ဖူးသည်။

ချားစတိန်းက တိရ စ္ဆာန်ချစ်သူတစ်ဦးဖြစ်ပြီး ခွေးဂေဟာမှ ခွေးကလေးတစ်ကောင်ကို ခေါ်ယူမွေးစားထားသည်။

အသားမစားဘဲ ဟင်းသီးဟင်းရွက်သာ ဘဝတစ်လျှောက်စားသုံးခဲ့ရာ ကျန်းမာရေးချို့တဲ့မှုနှင့် ရင်ဆိုင်ရသည်။

 

(ဂျက်ဆစ်ကာ ချားစတိန်း အချစ်ရေး)

ချားစတိန်းသည် ၂၀၀၀ ပြည့်လွန်ကာလများအတွင်း ရုပ်ရှင်ဒါရိုက်တာ နက်ဒ် ဘန်းဆန်နှင့် ချစ်ကြိုက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လမ်းခွဲခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် အီတလီ တော်ဝင်မျိုးနွှယ်တစ်ဦးဖြစ်သူ မြို့စားကြီး ဂျန် လူးကာ ပါ့ဆိ ဒေ ပရေးပို့ဆုလို (Gian Luca Passi de Preposulo) နှင့် ချစ်ကြိုးသွယ်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ပရေးပို့ဆုလိုနှင့် အီတလီနိုင်ငံ မြောက်ပိုင်း ကာဘနဲရာအရပ်ရှိ ပရေးပို့ဆုလို၏ စံအိမ်တွင် လက်ထပ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဖြင့် သမီးတစ်ဦး ရရှိခဲ့သည်။

လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jessica Chastain Buys Upper West Side Townhouse for $8.875 Million (architecturaldigest)

 

 

 

[Zawgyi]

၂၀၂၂ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးေအာ္စကာဆုရွင္ ဂ်က္ဆစ္ကာ ခ်ားစတိန္း၏ နယူးေယာက္စံအိမ္

 

ဂ်က္ဆစ္ကာ ခ်ားစတိန္း (Jessica Chastain) သည္ နယူးေယာက္ျမိဳ႕၊ Upper West Side အရပ္ရွိ သစ္ပင္ဝါးပင္ေပါမ်ားေသာ ဘေလာက္တစ္ခုတြင္တည္ရွိသည့္ လွပေသာ ျမိဳ႕လယ္စံအိမ္တစ္လံုးကို ဝယ္ယူလိုက္ျပီး သူမ၏ အိမ္ျခံေျမပိုင္ဆိုင္မႈကို ခ်ဲ႕ထြင္လ်က္ရွိသည္။

ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ ခ်ားစတိန္းသည္ စတုရန္းေပ ၆၆၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၇ ခန္းပါေသာ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၈ ဒသမ ၈၇၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အေရာင္းအဝယ္ျဖစ္ခဲ့သည့္ေစ်းမွာ ေခၚေစ်း ကန္ေဒၚလာ ၁၁ ဒသမ ၅ သန္းေအာက္ မ်ားစြာနည္းပါးသည့္ ပမာဏလည္း ျဖစ္သည္။

StreetEasy တြင္ ေဖာ္ျပခ်က္အရ အဆိုပါအိမ္သည္ ၂၀၁၇ ခုႏွစ္ကတည္းက ေစ်းကြက္တြင္ ဝင္ခ်ည္ထြက္ခ်ည္ ျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပသည္။

ႏွစ္လိုဖြယ္နီညိဳေရာင္ေက်ာက္ျဖင့္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုမွာ ၅ ထပ္ျဖစ္ျပီး ဓာတ္ေလွကားတစ္ခုလည္း တပ္ဆင္ထားသည္။

ဒုတိယထပ္တြင္ ေရွးမူရင္း သစ္သားမွန္ကူကြက္မ်ား၊ မူရင္း ထင္းသံုးမီးလင္းဖို၊ အႏုစိတ္ေဖာင္းရစ္မ်ားျဖင့္ မြမ္းမံထားေသာ မ်က္ႏွာက်က္မ်ားကို ေတြ႔ရသည္။

လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္းမွာ အေဆာက္အအံုအေနာက္ဘက္တြင္ရွိျပီး ျခံေနာက္ဘက္မွ သီးသန္႔ ပန္းဥယ်ာဥ္ကို စီးမိုးေတြ႔ျမင္ေနရသည္။ အေပၚဆံုးထပ္တြင္ ေကာက္ရိုးစကၠဴတံခါးမ်ားရွိသည့္ ဂ်ပန္ဟန္ စတူဒီယိုတစ္ခုအျပင္ ေရပူစိမ္ကန္တစ္ခုလည္း ရွိေသးသည္။

အေဆာက္အအံုၾကီးမွာ နယူးေယာက္၏ နာမည္ေက်ာ္ Central Park ပန္းျခံၾကီးႏွင့္ ကပ္လ်က္တည္ရွိရာ အေကာင္းဆံုးေသာ ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

Upper West Side မွ ယခုစံအိမ္အျပင္ ခ်ားစတိန္းႏွင့္ ခင္ပြန္းျဖစ္သူ ဖက္ရွင္လုပ္ငန္းရွင္ Gian Luca Passi de Preposulo တုိ႔သည္ Central Park ပန္းျခံၾကီးအနီး၊ အေနာက္ ၅၇ လမ္းတြင္ တည္ရွိေသာ ၁၉ ရာစုႏွစ္ လူေနခန္းတစ္ခန္းလည္း ပိုင္ဆိုင္ထားေသးသည္။

အဆိုပါအခန္းကို ခ်ားစတိန္းက ၂၀၁၅ ခုႏွစ္ ေဆာင္းရာသီက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဝယ္ယူျပီးေနာက္ပိုင္း ဒီဇိုင္နာ Jesse Carrier ႏွင့္ Mara Miller တို႔ျဖင့္ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

အသက္ဝိဥာဥ္ကို ျပန္လည္ေဖာ္ထုတ္ရတာဟာ တကယ့္အေျပာင္းအလဲပါပဲဟု ခ်ားစတိန္းက ဆိုသည္။ ခ်ားစတိန္းက ယခုစံအိမ္ၾကီး၏ သမိုင္းေၾကာင္းရွည္လ်ားမႈကို ရည္ညြန္းျခင္း ျဖစ္သည္။

နာမည္ေက်ာ္ ဘေရာ့ဒ္ေဝးကဇာတ္ West Side Story မွ ေတးသီခ်င္းမ်ား ေရးဖြဲ႔ခဲ့သူ လီယိုနာ့ဒ္ ဘန္းစတိန္း၊ အေမရိကန္အဆိုေတာ္ ေဘာ့ဘီေရွာ့၊ ရုပ္ရွင္မင္းသမီးမ်ားျဖစ္ေသာ လင္း ရက္ဒ္ဂေရ႕ဗ္ႏွင့္ ဗီရာ မိုင္းစ္တို႔ ယခုစံအိမ္ကို ပိုင္ဆိုင္ခဲ့ၾကဖူးသည္။

ေတးေရး အဒမ္ ဂြက္တဲလ္ (Adam Guettel) ထံမွ ခ်ားစတိန္းက ဝယ္ယူခဲ့ျခင္းျဖစ္သည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၂၀၀ ခန္႔ရွိျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္း ပါဝင္သည္။

သတိျပဳဖြယ္မ်ားမွာ ထင္းသံုးမီးလင္းဖို ၆ ခု၊ လန္ဒန္ရွိ Dean Street Townhouse မွ ဟန္ပန္အတိုင္းမြမ္းမံထားေသာ ေရခ်ဳိးခန္းတြင္း ေရစိမ္ကန္မ်ား၊ စံအိမ္၏ အခန္းမ်ားစြာတြင္ ပိုးထည္မ်ားျဖင့္ နံရံကာရံထားမႈမ်ား ျဖစ္သည္။

 

(ဂ်က္ဆစ္ကာ ခ်ားစတိန္း ဘာလဲ)

ဂ်က္ဆစ္ကာ ခ်ားစတိန္း၏ အမည္ရင္းမွာ ဂ်က္ဆစ္ကာ မစ္ရွဲလ္ ခ်ားစတိန္း (ေမြ ၁၉၇၇) ျဖစ္ျပီး အေမရိကန္ ရုပ္ရွင္မင္းသမီး၊ ရုပ္ရွင္ထုတ္လုပ္သူ ျဖစ္သည္။

ဣတၳိယဝါဒီရုပ္ရွင္ကားမ်ားျဖင့္ နာမည္ေက်ာ္သည္။ ေအာ္စကာဆု ၁ ဆု၊ ေရႊကမၻာလံုးဆု ၁ ဆု အပါအဝင္ ရုပ္ရွင္ဆုေပါင္းမ်ားစြာ ရရွိထားသည္။ တိုင္းမဂၢဇင္းၾကီးက ဂ်က္ဆစ္ကာ ခ်ားစတိန္းကို ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ ဦးစာရင္းတြင္ ၂၀၁၂ ခုႏွစ္အတြင္း ထည့္သြင္းေဖာ္ျပခဲ့ဖူးသည္။

၂၀၂၁ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ အတၳဳပၸတၱိရုပ္ရွင္ The Eyes of Tammy Faye ဇာတ္ကားျဖင့္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီး ေအာ္စကာဆု ရရွိခဲ့သည္။

 

(ဂ်က္ဆစ္ကာ ခ်ားစတိန္း ဝါသနာ)

ဂ်က္ဆစ္ကာခ်ားစတိန္းအေပၚ သတင္းမီဒီယာတို႔ မ်ားစြာစိတ္ဝင္စားၾကေသာ္လည္း သူမက ပုဂၢိဳလ္ေရးဘဝကို သိုသိုသိပ္သိပ္သာ ေနထိုင္သည္။ ေကာ္ေဇာနီခင္း ပြဲလမ္းသဘင္မ်ားသို႔ ခ်စ္သူႏွင့္ ယွဥ္တြဲတက္ေရာက္ျခင္းမ်ဳိး ျပဳလုပ္ေလ့မရွိ။

သူ၏ ေခြးကေလးႏွင့္ လမ္းေလွ်ာက္ထြက္ျခင္း၊ Ukulele တီးခတ္ရျခင္းမ်ဳိးကို ပါတီပြဲထက္ႏွစ္သက္ခံုမင္ေၾကာင္း ခ်ားစတိန္း ေျပာခဲ့ဖူးသည္။

ခ်ားစတိန္းက တိရ စၦာန္ခ်စ္သူတစ္ဦးျဖစ္ျပီး ေခြးေဂဟာမွ ေခြးကေလးတစ္ေကာင္ကို ေခၚယူေမြးစားထားသည္။

အသားမစားဘဲ ဟင္းသီးဟင္းရြက္သာ ဘဝတစ္ေလွ်ာက္စားသံုးခဲ့ရာ က်န္းမာေရးခ်ဳိ႕တဲ့မႈႏွင့္ ရင္ဆိုင္ရသည္။

 

(ဂ်က္ဆစ္ကာ ခ်ားစတိန္း အခ်စ္ေရး)

ခ်ားစတိန္းသည္ ၂၀၀၀ ျပည့္လြန္ကာလမ်ားအတြင္း ရုပ္ရွင္ဒါရိုက္တာ နက္ဒ္ ဘန္းဆန္ႏွင့္ ခ်စ္ၾကိဳက္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ လမ္းခြဲခဲ့ၾကသည္။

၂၀၁၂ ခုႏွစ္တြင္ အီတလီ ေတာ္ဝင္မ်ဳိးႏႊယ္တစ္ဦးျဖစ္သူ ျမိဳ႕စားၾကီး ဂ်န္ လူးကာ ပါ့ဆိ ေဒ ပေရးပို႔ဆုလို (Gian Luca Passi de Preposulo) ႏွင့္ ခ်စ္ၾကိဳးသြယ္ခဲ့သည္။

၂၀၁၇ ခုႏွစ္၊ ဇြန္လ ၁၀ ရက္တြင္ ပေရးပို႔ဆုလိုႏွင့္ အီတလီႏိုင္ငံ ေျမာက္ပိုင္း ကာဘနဲရာအရပ္ရွိ ပေရးပို႔ဆုလို၏ စံအိမ္တြင္ လက္ထပ္ခဲ့သည္။

၂၀၁၈ ခုႏွစ္တြင္ အငွားကိုယ္ဝန္ျဖင့္ သမီးတစ္ဦး ရရွိခဲ့သည္။

လက္ရွိအားျဖင့္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕တြင္ ေနထိုင္လ်က္ရွိၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jessica Chastain Buys Upper West Side Townhouse for $8.875 Million (architecturaldigest)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service