Pearl Harbour တွင် ချစ်သူ၏ သူငယ်ချင်းနှင့် အချစ်နယ်ကျွံမိသော သူနာပြုဆရာမလေး၏ စံအိမ်

Pearl Harbour တွင် ချစ်သူ၏ သူငယ်ချင်းနှင့် အချစ်နယ်ကျွံမိသော သူနာပြုဆရာမလေး၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
28 Mar 2022 10:59 am တွင် တင်ခဲ့သည်
1901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိတ်ဘက်ကင်ဆေးသည် Pearl Harbour ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူ၏ သူငယ်ချင်းနှင့် အချစ်နယ်ကျွံမိ သော သူနာပြုဆရာမလေး အိဗ်လင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ လျှမ်းလျှမ်းတောက် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

(ကိတ်ဘက်ကင်ဆေး၏ ကြောင်ကလေးနှင့် နေအိမ်အတွင်းပိုင်းမြင်ကွင်းများ)

ကိတ်ဘက်ကင်ဆေး (မွေး ၁၉၇၃) ၏ အမည်ရင်းမှာ ကက်သရင်း ရိုမနီ ဘက်ကင်ဆေးဖြစ်ပြီး အင်္ဂလန် ရုပ်ရှင်မင်းသမီး၊ မော်ဒယ်လ်တစ်ဦး ဖြစ်သည်။

ကိတ်ဘက်ကင်ဆေး၏ အိမ်ထောင်ဦးစီးမှာ လူရွှင်တော် ပီတီ ဒေးဗစ်ဆန် (Pete Davidson) ဖြစ်လာဖွယ်ရှိသော်လည်း လက်ရှိအားဖြင့် အသေအချာပြောနိုင်သည်မှာမူ ကလစ်ဗ် (Clive) အမည်ရှိ ကြောင်ကလေးမှာ အိမ်ကြီးရှင် ဖြစ်နေခြင်းဖြစ်၏။

အသက် ၄၀ ကျော်ပြီဖြစ်သော ကိတ်ဘက်ကင်ဆေးသည် လက်ရှိအားဖြင့် အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်တွင် သူ၏ ကြောင်ကလေးနှုင့်အတူ တစ်ဦးတည်းသာ နေထိုင်လျက်ရှိသည်။

ထိုသို့တစ်ဦးတည်းနေထိုင်ရင်း သူငယ်ချင်းများကို မကြာခဏခေါ်ကာ ဧည့်ခံကျွေးမွေးလေ့ရှိသည်။

(ကိတ်ဘက်ကင်ဆေး ဖူးဖူးမှုတ်ထားသော ကြောင်ကလေး ကလစ်ဗ်)

လက်ရှိတွင် ကိတ်ဘက်ကင်ဆေးသည် ၎င်းအောက်များစွာအသက်ငယ်ပြီး အသက် ၂၅ နှစ်သာရှိသေးသော လူရွှင်တော် ပီတီ ဒေးဗစ်ဆန်နှင့် ချစ်ကြိုက်နေသည်။

ဖူးဖူးမှုတ်အလိုလိုက်ခံထားရသူ ကြောင်ကလေးကလစ်ဗ်မှာ ဇိမ်ကျကျဘဝနှင့်နေရပြီး သူ၏ သခင် အကျော်အမော် မိခင် ကိတ်ဘက်ကင်ဆေးက ကြောင်ကလေးကို လှလှပပ အဝတ်အစားများ ဝတ်ဆင်ပေးလေ့ရှိသည်။

ကိတ်ဘက်ကင်ဆေး အင်စတာဂရမ်တွင် တင်ခဲ့သော ဓာတ်ပုံတစ်ပုံ၌ တွေ့ရသည်မှာ ကြောင်ကလေးသည် ချစ်သူများနေ့ (Valentine's Day) အထိမ်းအမှတ်အဖြစ် ကြီးမားသော ပန်းရောင်ဖဲကြိုးကြီးဖြင့် ဓာတ်ပုံရိုက်ခံ နေပုံကို တွေ့ရသည်။

အခြားဓာတ်ပုံတစ်ပုံတွင်မူ ကြောင်ကလေးကလစ်ဗ်အား ဒိုင်နိုဆောပုံသဏ္ဍာန် ပြင်ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။

ကိတ်၏ ကြောင်ကလေးသည် သခင်ဖြစ်သူ၏ ကြီးမားသော သစ်သားညစာစားပွဲကြီးပေါ်တွင် ထိုင်နေပုံကိုလည်း တွေ့ရပြီး ညစာစားပွဲကို အနက်ရောင်သားရေထိုင်ခုံမြင့်များဖြင့် ဝန်းပတ်ထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါပုံ၏ နောက်ဘက်တွင်မူ ကြီးမားသော ကျောက်တုံးမီးလင်းဖိုကြီးတစ်ခုကို ဖယောင်းတိုင်များစွာဖြင့် အလှဆင်ထားပုံအား မြင်ခွင့်ရကြသည်။

(ကိတ်၏ ကျောက်တုံးမီးလင်းဖိုနှင့် ကြီးမားသော ပြင်သစ်တံခါးများကို ဤဓာတ်ပုံတွင် တွေ့ရသည်။)

 

(ကလစ်ဗ်၏ ဇိမ်ကျကျ ကြောင်အိပ်ရာ)

ထို့အပြင် ပလတ်စတစ်စေ့များထည့်ထားသော ထိုင်ခုံတစ်ခုနှင့် သက်တောင့်သက်သာရှိသော ကြောင်ခြင်း တစ်ခုကိုလည်း ကြမ်းပြင်တွင် တွေ့ရသည်။

သို့သော် ကလစ်ဗ်၏ အိမ်ရာမှာ စံအိမ်အတွင်း ဤတစ်ခုတည်းသာ မဟုတ်သေး။ ကိတ်ဘက်ကင်ဆေးက အဝတ်သေတ္တာဟောင်းတစ်ခုကိုလည်း ဇိမ်ကျသောအိပ်ယာအဖြစ် ကြောင်ကလေးအတွက် ပြောင်းလဲပေးထား ပုံကို ယခင်က ဓာတ်ပုံတင်ခဲ့ဖူးသည်။

ကြောင်ကလေးကလစ်ဗ်သည် အနက်ရောင်သားမွှေးအတွင်း တိုးဝှေ့နေပုံကို အဆိုပါဓာတ်ပုံတွင်တွေ့ရသည်။

ထို့အပြင်ကြောင်ကလေး ကလစ်ဗ်ကိုလည်း သူ၏ ပုံရေးဆွဲထားသော ကြီးမားသည့် ပန်းချီကားတစ်ကား လက်ဆောင်ပေးထားသေးသည်။

(ကိတ်သည် သူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အတူ ကြီးမားသော မီးဖိုဆောင်နေရာတွင် မကြာခဏ တွေ့ဆုံလေ့ရှိသည်)

မီးဖိုဆောင်တွင် အဖြူရောင်ဗီရိုအဆင့်များ၊ စကျင်ကျောက်စားပွဲမျက်နှာပြင်များ၊ လက်ဆေးကန်ဘေးတွင် အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများလည်း တွေ့ရမည် ဖြစ်သည်။

ကိတ်သည် သူငယ်ချင်းများနှင့် မီးဖိုဆောင်အတွင်း ဆုံစည်းကြပုံကို လူမှုကွန်ရက်တွင် မကြာခဏ ဓာတ်ပုံတင်လေ့ရှိသည်။

ညစာ စားပွဲ၏ အပေါ်ဆီတွင် တွဲလောင်းဆွဲနေသော မီးများတွေ့ရပြီး အဖြူရောင်မှန်ဘီရိုများထဲတွင် အသုံးအဆောင်ပစ္စည်း အမျိုးမျိုးလည်း တွေ့ရရာ ကော်ဖီစက်တစ်လုံးလည်း ပါဝင်သည်။

မီးဖိုဆောင်ကြမ်းခင်းမှာ နက်မှောင်သောသစ်သားဖြစ်ပြီး စင်္ကြန်လမ်းဆီမှ ဦးတည်လာခဲ့ခြင်းဖြစ်သည်။

ကြမ်းခင်းအရောင်မှာ အိမ်ရှေ့တံခါး၏ သစ်အရောင်နှင့် သဟဇာတဖြစ်နေသည်။

တံခါးမကြီး၏ တဖက်တချက်စီတွင် မှန်များဖြင့် အကွက်ဖော်ထားရာ နေအလင်းကောင်းစွာရစေပြီး ကိတ်၏ အိမ်အဝင်ခြံစည်းရိုးများဆီသို့ လှမ်းမျှော်တွေ့မြင်နိုင်သည်။

အပေါ်ထပ်ဆီသို့တက်သော လှေကားမှာ တံခါးမကြီး၏ ဝဲဖက်တွင်ဖြစ်ပြီး အဆိုပါလှေကားမှတဆင့် ကိတ်၏ အိမ်ခန်းနှင့် ရေချိုးခန်းတို့ဆီသို့ ရောက်ရှိမည် ဖြစ်သည်။

ရေချိုးခန်းထဲတွင် အဖြူရောင်ရေစိမ်ကန်တစ်ခုနှင့်အတူ အဖြူနှင့်အနက်ရောယှက်သော ကြွေပြားများခင်းထားသည်ကို တွေ့ရသည်။

ကိတ်ဘက်ကင်ဆေး၏ အိပ်ယာမှာ ကြီးမားသော အဖြူရောင်အိပ်ယာကြီးဖြစ်ပြီး စကျင်ကျောက်အသွင် အိပ်ယာဘေးစားပွဲတစ်လုံး၊ အဖြူရောင်အဝတ်ဗီရိုတို့ကို တွေ့ရရာ တစ်အိမ်လုံး၏ အခင်းအကျင်းနှင့် လိုက်ဖက်နေသည်။

(ချစ်သူဟောင်း)

ကိတ်ဘက်ကင်ဆေးသည် ယခုနေအိမ်၏ ဧည့်ခန်းအတွင်း ချစ်သူဟောင်း မိုက်ကယ် ရှန်း (Michael Sheen) (၄၉ နှစ်) နှင့်တူ ရိုက်ကူးထားသောဓာတ်ပုံကို ယခင်က လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်။

၎င်းတို့စုံတွဲ လမ်းခွဲခဲ့ကြသည်မှာ ၁၅ နှစ်ကျော်ရှိပြီဖြစ်သော်လည်း မိတ်ဆွေများအဖြစ် ရှိနေဆဲဖြစ်ကာ အသက် ၂၀ အရွယ် သမီးဖြစ်သူ လီလီကို ပူးတွဲအုပ်ထိန်းနေကြသည်။

ခရစ္စမတ်ကာလတစ်ခုတွင် ကိတ်သည် ယခုဧည့်ခန်းအတွင်း မိုက်ကယ်ရှန်း၏ ရင်ခွင်ထဲတွင် မှီနေပုံကိုလည်း ဓာတ်ပုံတင်ခဲ့ဖူးသည်။

ဧည့်ခန်းအတွင်း ကြီးမားသောအဖြူရောင်ဆိုဖာကြီးနှင့်အတူ များစွာသော စာအုပ်များ၊ စာရွက်စာတမ်းများနှင့် သေတ္တာများကို တွေ့ရသည်။

(ကိတ်နှင့် Toyboy ဖြစ်သူ ပီတီ ဒေးဗစ်ဆန်)

ခရစ္စမတ်ကာလတစ်ခုအတွင်း ကိတ်က သူ၏ ခရစ္စမတ်သစ်ပင်ကြီးကိုလည်း ဗွီဒီယိုရိုက်ကာ တင်ခဲ့ဖူးသည်။

ခရစ္စမတ်ပင်ကြီးကို နို့နှစ်ရောင်လိုက်ကာများ တပ်ဆင်ထားသော ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသည့် ပြတင်းများရှေ့တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

ကိတ်က ခရစ္စမတ်ပင်ကြီး၏ ထိပ်တွင် သူအလွန်ချစ်ခင်လေးစားသော Queen ဂီတအဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဖရက်ဒီ မာကျူရီ၏ ဖြတ်စရုပ်ပုံကို တပ်ဆင်ထားခဲ့သေးသည်။

ကိတ်ဘက်ကင်ဆေးသည် Pearl Harbor ဇာတ်ကားအပြင် လီယိုနာဒို ဒီကာပရီယိုနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော The Aviator (၂၀၀၄) ဇာတ်ကားဖြင့်လည်း အောင်မြင်မှုများစွာ ရရှိထားသည်။

(ပုလဲဆိပ်ကမ်း-Pearl Harbor)

Pearl Harbor သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ နံနက် ၈ နာရီတွင် အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းစု၊ ပုလဲဆိပ်ကမ်း၌ အခြေစိုက်ထားသော အမေရိကန်ရေတပ်အခြေစိုက်စခန်းကြီးကို ဂျပန်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပုံအား ပြန်လည်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

Pearl Harbor ရုပ်ရှင်ကို ရုပ်ရှင်မင်းသား ဘင် အက်ဖလက်နှင့် မင်းသမီး ကိတ်ဘက်ကင်ဆေးတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။

Pearl Harbor သည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ သန်း ၄၅၀ ရရှိသည်အထိ အောင်မြင်ခဲ့သည်။

အော်စကာဆု ၄ ဆုအတွက် အမည်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးအသံတည်းဖြတ်မှု အော်စကာဆု ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Kate Beckinsale’s Hollywood mansion with pampered puss Clive, huge kitchen, and social gatherings (thesun)

 

 

[Zawgyi]

 

Pearl Harbour တြင္ ခ်စ္သူ၏ သူငယ္ခ်င္းႏွင့္ အခ်စ္နယ္ကၽြံမိေသာ သူနာျပဳဆရာမေလး၏ စံအိမ္

ကိတ္ဘက္ကင္ေဆးသည္ Pearl Harbour ရုပ္ရွင္ဇာတ္ကားတြင္ ခ်စ္သူ၏ သူငယ္ခ်င္းႏွင့္ အခ်စ္နယ္ကၽြံမိ ေသာ သူနာျပဳဆရာမေလး အိဗ္လင္းအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ရာမွ လွ်မ္းလွ်မ္းေတာက္ သရုပ္ေဆာင္တစ္ဦး ျဖစ္လာခဲ့ သည္။

(ကိတ္ဘက္ကင္ေဆး၏ ေၾကာင္ကေလးႏွင့္ ေနအိမ္အတြင္းပိုင္းျမင္ကြင္းမ်ား)

ကိတ္ဘက္ကင္ေဆး (ေမြး ၁၉၇၃) ၏ အမည္ရင္းမွာ ကက္သရင္း ရိုမနီ ဘက္ကင္ေဆးျဖစ္ျပီး အဂၤလန္ ရုပ္ရွင္မင္းသမီး၊ ေမာ္ဒယ္လ္တစ္ဦး ျဖစ္သည္။ ကိတ္ဘက္ကင္ေဆး၏ အိမ္ေထာင္ဦးစီးမွာ လူရႊင္ေတာ္ ပီတီ ေဒးဗစ္ဆန္ (Pete Davidson) ျဖစ္လာဖြယ္ရွိေသာ္လည္း လက္ရွိအားျဖင့္ အေသအခ်ာေျပာႏိုင္သည္မွာမူ ကလစ္ဗ္ (Clive) အမည္ရွိ ေၾကာင္ကေလးမွာ အိမ္ၾကီးရွင္ ျဖစ္ေနျခင္းျဖစ္၏။

အသက္ ၄၀ ေက်ာ္ျပီျဖစ္ေသာ ကိတ္ဘက္ကင္ေဆးသည္ လက္ရွိအားျဖင့္ အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္တြင္ သူ၏ ေၾကာင္ကေလးႏွုင့္အတူ တစ္ဦးတည္းသာ ေနထိုင္လ်က္ရွိသည္။

ထိုသို႔တစ္ဦးတည္းေနထိုင္ရင္း သူငယ္ခ်င္းမ်ားကို မၾကာခဏေခၚကာ ဧည့္ခံေကၽြးေမြးေလ့ရွိသည္။

(ကိတ္ဘက္ကင္ေဆး ဖူးဖူးမႈတ္ထားေသာ ေၾကာင္ကေလး ကလစ္ဗ္) လက္ရွိတြင္ ကိတ္ဘက္ကင္ေဆးသည္ ၎ေအာက္မ်ားစြာအသက္ငယ္ျပီး အသက္ ၂၅ ႏွစ္သာရွိေသးေသာ လူရႊင္ေတာ္ ပီတီ ေဒးဗစ္ဆန္ႏွင့္ ခ်စ္ၾကိဳက္ေနသည္။

ဖူးဖူးမႈတ္အလိုလိုက္ခံထားရသူ ေၾကာင္ကေလးကလစ္ဗ္မွာ ဇိမ္က်က်ဘဝႏွင့္ေနရျပီး သူ၏ သခင္ အေက်ာ္အေမာ္ မိခင္ ကိတ္ဘက္ကင္ေဆးက ေၾကာင္ကေလးကို လွလွပပ အဝတ္အစားမ်ား ဝတ္ဆင္ေပးေလ့ရွိသည္။ ကိတ္ဘက္ကင္ေဆး အင္စတာဂရမ္တြင္ တင္ခဲ့ေသာ ဓာတ္ပံုတစ္ပံု၌ ေတြ႔ရသည္မွာ ေၾကာင္ကေလးသည္ ခ်စ္သူမ်ားေန႔ (Valentine's Day) အထိမ္းအမွတ္အျဖစ္ ၾကီးမားေသာ ပန္းေရာင္ဖဲၾကိဳးၾကီးျဖင့္ ဓာတ္ပံုရိုက္ခံ ေနပံုကို ေတြ႔ရသည္။

အျခားဓာတ္ပံုတစ္ပံုတြင္မူ ေၾကာင္ကေလးကလစ္ဗ္အား ဒိုင္ႏိုေဆာပံုသ႑ာန္ ျပင္ဆင္ေပးထားသည္ကိုလည္း ေတြ႔ရသည္။

ကိတ္၏ ေၾကာင္ကေလးသည္ သခင္ျဖစ္သူ၏ ၾကီးမားေသာ သစ္သားညစာစားပြဲၾကီးေပၚတြင္ ထိုင္ေနပံုကိုလည္း ေတြ႔ရျပီး ညစာစားပြဲကို အနက္ေရာင္သားေရထိုင္ခံုျမင့္မ်ားျဖင့္ ဝန္းပတ္ထားသည္ကိုလည္း ေတြ႔ရသည္။ အဆိုပါပံု၏ ေနာက္ဘက္တြင္မူ ၾကီးမားေသာ ေက်ာက္တံုးမီးလင္းဖိုၾကီးတစ္ခုကို ဖေယာင္းတိုင္မ်ားစြာျဖင့္ အလွဆင္ထားပံုအား ျမင္ခြင့္ရၾကသည္။ (ကိတ္၏ ေက်ာက္တံုးမီးလင္းဖိုႏွင့္ ၾကီးမားေသာ ျပင္သစ္တံခါးမ်ားကို ဤဓာတ္ပံုတြင္ ေတြ႔ရသည္။)

(ကလစ္ဗ္၏ ဇိမ္က်က် ေၾကာင္အိပ္ရာ)

ထို႔အျပင္ ပလတ္စတစ္ေစ့မ်ားထည့္ထားေသာ ထိုင္ခံုတစ္ခုႏွင့္ သက္ေတာင့္သက္သာရွိေသာ ေၾကာင္ျခင္း တစ္ခုကိုလည္း ၾကမ္းျပင္တြင္ ေတြ႔ရသည္။ သို႔ေသာ္ ကလစ္ဗ္၏ အိမ္ရာမွာ စံအိမ္အတြင္း ဤတစ္ခုတည္းသာ မဟုတ္ေသး။ ကိတ္ဘက္ကင္ေဆးက အဝတ္ေသတၱာေဟာင္းတစ္ခုကိုလည္း ဇိမ္က်ေသာအိပ္ယာအျဖစ္ ေၾကာင္ကေလးအတြက္ ေျပာင္းလဲေပးထား ပံုကို ယခင္က ဓာတ္ပံုတင္ခဲ့ဖူးသည္။

ေၾကာင္ကေလးကလစ္ဗ္သည္ အနက္ေရာင္သားေမႊးအတြင္း တိုးေဝွ႔ေနပံုကို အဆိုပါဓာတ္ပံုတြင္ေတြ႔ရသည္။

ထို႔အျပင္ေၾကာင္ကေလး ကလစ္ဗ္ကိုလည္း သူ၏ ပံုေရးဆြဲထားေသာ ၾကီးမားသည့္ ပန္းခ်ီကားတစ္ကား လက္ေဆာင္ေပးထားေသးသည္။

(ကိတ္သည္ သူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားႏွင့္အတူ ၾကီးမားေသာ မီးဖိုေဆာင္ေနရာတြင္ မၾကာခဏ ေတြ႔ဆံုေလ့ရွိသည္)

မီးဖိုေဆာင္တြင္ အျဖဴေရာင္ဗီရိုအဆင့္မ်ား၊ စက်င္ေက်ာက္စားပြဲမ်က္ႏွာျပင္မ်ား၊ လက္ေဆးကန္ေဘးတြင္ အမ်ဳိးမ်ဳိးေသာ ထုတ္ကုန္ပစၥည္းမ်ားလည္း ေတြ႔ရမည္ ျဖစ္သည္။

ကိတ္သည္ သူငယ္ခ်င္းမ်ားႏွင့္ မီးဖိုေဆာင္အတြင္း ဆံုစည္းၾကပံုကို လူမႈကြန္ရက္တြင္ မၾကာခဏ ဓာတ္ပံုတင္ေလ့ရွိသည္။

ညစာ စားပြဲ၏ အေပၚဆီတြင္ တြဲေလာင္းဆြဲေနေသာ မီးမ်ားေတြ႔ရျပီး အျဖဴေရာင္မွန္ဘီရိုမ်ားထဲတြင္ အသံုးအေဆာင္ပစၥည္း အမ်ဳိးမ်ဳိးလည္း ေတြ႔ရရာ ေကာ္ဖီစက္တစ္လံုးလည္း ပါဝင္သည္။

မီးဖိုေဆာင္ၾကမ္းခင္းမွာ နက္ေမွာင္ေသာသစ္သားျဖစ္ျပီး စၾကၤန္လမ္းဆီမွ ဦးတည္လာခဲ့ျခင္းျဖစ္သည္။

ၾကမ္းခင္းအေရာင္မွာ အိမ္ေရွ႕တံခါး၏ သစ္အေရာင္ႏွင့္ သဟဇာတျဖစ္ေနသည္။

တံခါးမၾကီး၏ တဖက္တခ်က္စီတြင္ မွန္မ်ားျဖင့္ အကြက္ေဖာ္ထားရာ ေနအလင္းေကာင္းစြာရေစျပီး ကိတ္၏ အိမ္အဝင္ျခံစည္းရိုးမ်ားဆီသို႔ လွမ္းေမွ်ာ္ေတြ႔ျမင္ႏိုင္သည္။

အေပၚထပ္ဆီသို႔တက္ေသာ ေလွကားမွာ တံခါးမၾကီး၏ ဝဲဖက္တြင္ျဖစ္ျပီး အဆိုပါေလွကားမွတဆင့္ ကိတ္၏ အိမ္ခန္းႏွင့္ ေရခ်ဳိးခန္းတို႔ဆီသို႔ ေရာက္ရွိမည္ ျဖစ္သည္။

ေရခ်ဳိးခန္းထဲတြင္ အျဖဴေရာင္ေရစိမ္ကန္တစ္ခုႏွင့္အတူ အျဖဴႏွင့္အနက္ေရာယွက္ေသာ ေၾကြျပားမ်ားခင္းထားသည္ကို ေတြ႔ရသည္။

ကိတ္ဘက္ကင္ေဆး၏ အိပ္ယာမွာ ၾကီးမားေသာ အျဖဴေရာင္အိပ္ယာၾကီးျဖစ္ျပီး စက်င္ေက်ာက္အသြင္ အိပ္ယာေဘးစားပြဲတစ္လံုး၊ အျဖဴေရာင္အဝတ္ဗီရိုတို႔ကို ေတြ႔ရရာ တစ္အိမ္လံုး၏ အခင္းအက်င္းႏွင့္ လိုက္ဖက္ေနသည္။

(ခ်စ္သူေဟာင္း)

ကိတ္ဘက္ကင္ေဆးသည္ ယခုေနအိမ္၏ ဧည့္ခန္းအတြင္း ခ်စ္သူေဟာင္း မိုက္ကယ္ ရွန္း (Michael Sheen) (၄၉ ႏွစ္) ႏွင့္တူ ရိုက္ကူးထားေသာဓာတ္ပံုကို ယခင္က လူမႈကြန္ရက္တြင္ တင္ခဲ့ဖူးသည္။

၎တို႔စံုတြဲ လမ္းခြဲခဲ့ၾကသည္မွာ ၁၅ ႏွစ္ေက်ာ္ရွိျပီျဖစ္ေသာ္လည္း မိတ္ေဆြမ်ားအျဖစ္ ရွိေနဆဲျဖစ္ကာ အသက္ ၂၀ အရြယ္ သမီးျဖစ္သူ လီလီကို ပူးတြဲအုပ္ထိန္းေနၾကသည္။

ခရစၥမတ္ကာလတစ္ခုတြင္ ကိတ္သည္ ယခုဧည့္ခန္းအတြင္း မိုက္ကယ္ရွန္း၏ ရင္ခြင္ထဲတြင္ မွီေနပံုကိုလည္း ဓာတ္ပံုတင္ခဲ့ဖူးသည္။

ဧည့္ခန္းအတြင္း ၾကီးမားေသာအျဖဴေရာင္ဆိုဖာၾကီးႏွင့္အတူ မ်ားစြာေသာ စာအုပ္မ်ား၊ စာရြက္စာတမ္းမ်ားႏွင့္ ေသတၱာမ်ားကို ေတြ႔ရသည္။

(ကိတ္ႏွင့္ Toyboy ျဖစ္သူ ပီတီ ေဒးဗစ္ဆန္)

ခရစၥမတ္ကာလတစ္ခုအတြင္း ကိတ္က သူ၏ ခရစၥမတ္သစ္ပင္ၾကီးကိုလည္း ဗီြဒီယိုရိုက္ကာ တင္ခဲ့ဖူးသည္။

ခရစၥမတ္ပင္ၾကီးကို ႏို႔ႏွစ္ေရာင္လိုက္ကာမ်ား တပ္ဆင္ထားေသာ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားသည့္ ျပတင္းမ်ားေရွ႕တြင္ ထားရွိခဲ့ျခင္း ျဖစ္သည္။ ကိတ္က ခရစၥမတ္ပင္ၾကီး၏ ထိပ္တြင္ သူအလြန္ခ်စ္ခင္ေလးစားေသာ Queen ဂီတအဖြဲ႔ၾကီးမွ ေရွ႕ထြက္အဆိုေတာ္ ဖရက္ဒီ မာက်ဴရီ၏ ျဖတ္စရုပ္ပံုကို တပ္ဆင္ထားခဲ့ေသးသည္။

ကိတ္ဘက္ကင္ေဆးသည္ Pearl Harbor ဇာတ္ကားအျပင္ လီယိုနာဒို ဒီကာပရီယိုႏွင့္ တြဲဖက္သရုပ္ေဆာင္ခဲ့ေသာ The Aviator (၂၀၀၄) ဇာတ္ကားျဖင့္လည္း ေအာင္ျမင္မႈမ်ားစြာ ရရွိထားသည္။

(ပုလဲဆိပ္ကမ္း-Pearl Harbor)

Pearl Harbor သည္ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္၊ နံနက္ ၈ နာရီတြင္ အေမရိကန္ျပည္ေထာင္စု၏ ဟာဝိုင္အီကၽြန္းစု၊ ပုလဲဆိပ္ကမ္း၌ အေျခစိုက္ထားေသာ အေမရိကန္ေရတပ္အေျခစိုက္စခန္းၾကီးကို ဂ်ပန္တို႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကပံုအား ျပန္လည္ရိုက္ကူးထားသည့္ ရုပ္ရွင္ဇာတ္ကားျဖစ္သည္။

Pearl Harbor ရုပ္ရွင္ကို ရုပ္ရွင္မင္းသား ဘင္ အက္ဖလက္ႏွင့္ မင္းသမီး ကိတ္ဘက္ကင္ေဆးတို႔ ပါဝင္သရုပ္ေဆာင္ခဲ့ၾကျပီး ၂၀၀၁ ခုႏွစ္တြင္ ရံုတင္ျပသခဲ့သည္။

Pearl Harbor သည္ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ သန္း ၄၅၀ ရရွိသည္အထိ ေအာင္ျမင္ခဲ့သည္။

ေအာ္စကာဆု ၄ ဆုအတြက္ အမည္စာရင္းဝင္ခဲ့ျပီး အေကာင္းဆံုးအသံတည္းျဖတ္မႈ ေအာ္စကာဆု ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Kate Beckinsale’s Hollywood mansion with pampered puss Clive, huge kitchen, and social gatherings (thesun)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service