ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ဟောင်ကောင်ရုပ်ရှင်ဂန္ထဝင်ကြယ်ပွင့် ချောင်ယွန်ဖတ်သည် သူ၏သာမန်ရိုးစင်းသော ဘဝဖြတ်သန်းပုံတို့ဖြင့် နာမည်ကျော်သော ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။
နေ့စဉ် မြေအောက်ရထားများ တိုးဝှေ့စီးကာ သွားလာခြင်းမှာ လူသိများသည်။
ချောင်ယွန်ဖတ်သည် ဇနီးဖြစ်သူကို မကြာခဏ အံ့အားသင့်အောင် Surprise များ ပြုလုပ်လေ့ရှိသည်။ သူတို့၏ ဘဝလေးမှာ လေးစားအားကျဖွယ်ရာပင်။ ချောင်ယွန်ဖတ်၏ နေအိမ်မွမ်းမံထားမှုမှာ နေချင့်စဖွယ်အိမ်မျိုးဖြစ်နေစေသည်။
တစ်အိမ်လုံး မွမ်းမံထားမှု ခြုံငုံဆိုရလျှင် အလွန်နွေးထွေးမှုရှိပြီး ရိုးရှင်းသည်။ နေအိမ်မှာ စားသောက်ဆိုင်သွင်ပြင်မျိုးလည်းရှိပြီး သနပ်ခါးရောင်နှင့် ခေတ်ဆန်သော အရောင်များကို တွေ့ရသည်။
ညစာ စားသောစားပွဲမှာ အရိုးစင်းဆုံး စတုရန်းပုံသဏ္ဍာန်ဖြစ်သည်။ ယင်းသို့သော ပြင်ဆင်ထားသိုပုံမှာ အလွန်နေအိမ်ဆန်သော မွမ်းမံပုံမျိုး ဖြစ်သည်။
ချောင်ယွန်ဖတ်သည် အလွန်ကျော်ကြားသော ကြယ်ပွင့်တစ်ဦးဖြစ်သော်လည်း သူ၏နေထိုင်မှုမှာ သာမာန်လူတန်းစားတို့နှင့် အလွန်နီးစပ်လှသည်။ မထင်မရှား၊ ရိုးစင်းစွာ၊ ငွေမဖြုန်းတီးပဲ နေထိုင်တတ်လေ့ရှိပြီး တကိုယ်ကောင်းမဆန်တတ်သောသူလည်း ဖြစ်သည်။
နေအိမ်တွင်းရှိ အဖြူရောင်နံရံများကို သာမာန်ရှုခင်းပန်းချီပုံဖြင့်သာ အလှဆင်ထားရာ အဆိုပါအပြင်အဆင်မျိုးမှာ သာမန်လူတန်းစားတို့၏ နေအိမ်တိုင်းတွင် တွေ့ရသော အပြင်အဆင်မျိုး ဖြစ်သည်။
သစ်သား ထမင်းစားပွဲကိုလည်း ပလတ်စတစ် စားပွဲခင်းတစ်ခုဖြင့်သာ အုပ်ထားသည်ကို တွေ့ရသည်။
ယင်းသို့ ရိုးစင်းလှသော စားပွဲခင်းမှာ ကျေးလက်ဆန်သော အငွေ့အသက်ကို ခံစားရစေသည်။
ဧည့်ခန်းအလှဆင်ထားမှုမှာမူ လှပပြီး သဘာဝဆန်သည်။
အခန်းနံရံများမှာ ဥရောပဒီဇိုင်းဖြစ်၏။ မျက်နှာပြင် အခုံးအခွက်ဟန်များဖြင့် အသက်ဝင်သော အငွေ့အသက် ခံစားရသည်။
ပြတင်းများတွင် စတစ်ကာများ အများအပြားကပ်ထားရာ ဆွဲဆောင်မှုတစ်မျိုး ဖြစ်စေသည်။
ချောင်ယွန်ဖတ်၏ နေအိမ်တည်ရှိသောနေရာမှာ သာမန်လူတန်းစားတို့ နေထိုင်ရာလမ်းတစ်ခုတွင်သာ ဖြစ်သည်။
သူ၏ နေအိမ် ပတ်ဝန်းကျင်ကို ကြည့်လျှင် အနည်းငယ်ညစ်ပတ်ကာ ရှုပ်ပွေလှသောနေရာဖြစ်ကာ အခြားမည်သည့်ကြယ်ပွင့်၏ နေအိမ်မျှ မရှိချေ။
(ချောင်ယွန်ဖတ်)
ချောင်ယွန်ဖတ်သည် ဟောင်ကောင်မှ လန်မားကျွန်းတွင် မွေးဖွားပြီး သူ၏မိခင်မှာ သန့်ရှင်းရေးသမား၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတစ်ဦးဖြစ်ကာ ဖခင်မှာ ခရုဆီကုမ္ပဏီ ဆီတင်ယာဉ်တွင် လုပ်ကိုင်သူ ဖြစ်သည်။
ချောင်ယွန်ဖတ်သည် လျှပ်စစ်မီးမရှိသော ယာတောအသိုင်းအဝန်းတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။
မနက်ပိုင်းတွင် မိခင်နှင့်အတူ လမ်းတကာလိုက်ကာ ပူတင်းရောင်းရပြီး မွန်းလွဲပိုင်းတွင် လယ်ကွင်းများ၌ အလုပ်လုပ်ရသည်။
အသက် ၁၇ နှစ်သားအရွယ်တွင် မိသားစုကို ကူညီပံ့ပိုးရန် ကျောင်းထွက်လိုက်ရပြီး အလုပ်ပေါင်းစုံ လုပ်ရ၏။
ဟိုတယ် တံခါးစောင့်၊ စာပို့သမား၊ ကင်မရာ အရောင်းသမား၊ အငှားယာဉ်မောင်းသမား အစရှိသဖြင့် အလုပ်စုံလှသည်။
ယင်းနောက် ဒေသတွင်း ရုပ်သံဌာနတစ်ခု၏ သတင်းစာကြော်ငြာတစ်ခုကို ဖတ်မိပြီး သရုပ်ဆောင်သင်တန်းတစ်ခုကို လျှောက်လွှာတင်ခဲ့ရာ သူ၏လျှောက်လွှာကို လက်ခံခဲ့ရာမှ စတင်ပြီး ချောင်ယွန်ဖတ်၏ ဘဝမှ တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။
အဆိုပါ ရုပ်သံဌာနနှင့် ၃ နှစ်စာချုပ်ချုပ်ဆိုကာ သူ၏ သရုပ်ဆောင်ဘဝကို စတင်ခဲ့သည်။
(ပိုင်ဆိုင်မှုအားလုံး လှူဒါန်းမည်)
ချောင်ယွန်ဖတ်က China Daily နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူ၏ ပိုင်ဆိုင်မှုမှန်သမျှကို လှူဒါန်းသွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
(ထင်ရှားသောဇာတ်ကားများ)
ချောင်ယွန်ဖတ်၏ အထင်ရှားဆုံးဇာတ်ကားမှာ အာရှတွင် ဒါရိုက်တာ ဂျွန်ဝူး၏ A Better Tomorrow , The Killer and Hard Boiled ဇာတ်ကားများ နာမည်ကျော်ပြီး အနောက်တိုင်းတွင်မူ Crouching Tiger Hidden Dragon နှင့် Priates of the Caribbean At World’s End ဇာတ်ကားများမှာ နာမည်ကျော်သည်။
(ရိုးရှင်းသောဘဝ)
ချောင်ယွန်ဖတ်သည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်ရာ တန်ဖိုးကြီးကားများ၊ တန်ဖိုးကြီးစံအိမ်ကြီးများတွင် နေထိုင်ကာ အကောင်းဆုံးစားသောက်နေထိုင်မှုများရှိလိမ့်မည်ဟု မှတ်ထင်သူများ ရှိနိုင်သည်။
သို့သော် ချောင်ယွန်ဖတ်၏ အသုံးစရိတ်မှာ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၈၀၀ (ကန်ဒေါ်လာ ၁၀၀ ကျော်ခန့်) သာရှိသည်။
ချောင်ယွန်ဖတ်သည် Nokia Keypad ဖုန်းကိုသာ ၁၇ နှစ်ကြာ သုံးစွဲခဲ့ပြီး လွန်ခဲ့သော ၃ နှစ်ခန့်ကမှ ဖုန်းပျက်သွားသောကြောင့် စမတ်ဖုန်းတစ်လုံး ပြောင်းလဲသုံးစွဲခဲ့ခြင်း ဖြစ်သည်။
လျှော့ဈေးဖြင့် ရောင်းချသော ဆိုင်များတွင် ချောင်ယွန်ဖတ်ဈေးဝယ်နေသည်ကို မကြာခဏ တွေ့ကြရလေ့ရှိသည်။
“တခြားသူတွေကို ကြွားဖို့ကျွန်တော် အဝတ်အစားတွေမဝတ်ပါဘူး။ ကျွန်တော့်အတွက် သက်တောင့်သက်သာရှိမယ်လို့ထင်ရင် အဲဒါဆိုလုံလောက်ပါပြီ” ဟု ချောင်ယွန်ဖတ်က ဆိုသည်။
ချောင်ယွန်ဖတ်၏ ဇနီးဖြစ်သူ Jasmine Tan ကလည်း ပိုင်ဆိုင်သမျှလှူဒါန်းပစ်မည့် အစီအစဉ်ကို မကန့်ကွက်ချေ။
ထိုသို့လှူဒါန်းပစ်မည့်အကြောင်းရင်းကို မေးမြန်းသောအခါ ချောင်ယွန်ဖတ်က “ဒါတွေက ကျွန်တော်ပိုင်ဆိုင်တာမှ မဟုတ်တာ။ ကျွန်တော်က ခဏလေးသိမ်းထားပေးရုံပါ” ဟု ဆိုသည်။
“ကျွန်တော့်အိပ်မက်က ပျော်ပျော်ရွှင်ရွှင်နဲ့ သာမာန်ဘဝမျိုးပဲ ဖြတ်သန်းချင်တာ။ လူ့ဘဝမှာ အခက်ခဲဆုံးက ငွေဘယ်လောက်ဝင်သလဲဆိုတာ မဟုတ်ပါဘူး။ စိတ်ကို အေးချမ်းအောင် ဘယ်လ်ိုထားမလဲ.. ကျန်တဲ့ဘဝ သက်တမ်းကို ဘယ်လိုရိုးရိုးရှင်းရှင်း ဖြတ်သန်းမလဲဆိုတာပါပဲ”ဟုလည်း ချောင်ယွန်ဖတ်က ပြောကြားသည်။
(ကြွယ်ဝမှု)
ချောင်ယွန်ဖတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇၁၉ သန်းရှိပြီး အဆိုပါပိုင်ဆိုင်မှုအားလုံးကို ကွယ်လွန်ချိန်တွင် လှူဒါန်းခဲ့မည် ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chow Yun Fat Does Hands-on Repairs for Home After Typhoon (lujuba)
[Zawgyi]
ပိုင္ဆိုင္သမွ်အားလံုးလွဴပစ္မည့္ ေခ်ာင္ယြန္ဖတ္၏ ေဟာင္ေကာင္စံအိမ္
ေဟာင္ေကာင္ရုပ္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ေခ်ာင္ယြန္ဖတ္သည္ သူ၏သာမန္ရိုးစင္းေသာ ဘဝျဖတ္သန္းပံုတို႔ျဖင့္ နာမည္ေက်ာ္ေသာ ရုပ္ရွင္သရုပ္ေဆာင္ျဖစ္သည္။
ေန႔စဥ္ ေျမေအာက္ရထားမ်ား တိုးေဝွ႔စီးကာ သြားလာျခင္းမွာ လူသိမ်ားသည္။
ေခ်ာင္ယြန္ဖတ္သည္ ဇနီးျဖစ္သူကို မၾကာခဏ အံ့အားသင့္ေအာင္ Surprise မ်ား ျပဳလုပ္ေလ့ရွိသည္။ သူတို႔၏ ဘဝေလးမွာ ေလးစားအားက်ဖြယ္ရာပင္။ ေခ်ာင္ယြန္ဖတ္၏ ေနအိမ္မြမ္းမံထားမႈမွာ ေနခ်င့္စဖြယ္အိမ္မ်ဳိးျဖစ္ေနေစသည္။
တစ္အိမ္လံုး မြမ္းမံထားမႈ ျခံဳငံုဆိုရလွ်င္ အလြန္ေႏြးေထြးမႈရွိျပီး ရိုးရွင္းသည္။ ေနအိမ္မွာ စားေသာက္ဆိုင္သြင္ျပင္မ်ဳိးလည္းရွိျပီး သနပ္ခါးေရာင္ႏွင့္ ေခတ္ဆန္ေသာ အေရာင္မ်ားကို ေတြ႔ရသည္။
ညစာ စားေသာစားပြဲမွာ အရိုးစင္းဆံုး စတုရန္းပံုသ႑ာန္ျဖစ္သည္။ ယင္းသို႔ေသာ ျပင္ဆင္ထားသိုပံုမွာ အလြန္ေနအိမ္ဆန္ေသာ မြမ္းမံပံုမ်ိဳး ျဖစ္သည္။
ေခ်ာင္ယြန္ဖတ္သည္ အလြန္ေက်ာ္ၾကားေသာ ၾကယ္ပြင့္တစ္ဦးျဖစ္ေသာ္လည္း သူ၏ေနထိုင္မႈမွာ သာမာန္လူတန္းစားတို႔ႏွင့္ အလြန္နီးစပ္လွသည္။ မထင္မရွား၊ ရိုးစင္းစြာ၊ ေငြမျဖဳန္းတီးပဲ ေနထိုင္တတ္ေလ့ရွိျပီး တကိုယ္ေကာင္းမဆန္တတ္ေသာသူလည္း ျဖစ္သည္။
ေနအိမ္တြင္းရွိ အျဖဴေရာင္နံရံမ်ားကို သာမာန္ရႈခင္းပန္းခ်ီပံုျဖင့္သာ အလွဆင္ထားရာ အဆိုပါအျပင္အဆင္မ်ဳိးမွာ သာမန္လူတန္းစားတို႔၏ ေနအိမ္တိုင္းတြင္ ေတြ႔ရေသာ အျပင္အဆင္မ်ဳိး ျဖစ္သည္။
သစ္သား ထမင္းစားပြဲကိုလည္း ပလတ္စတစ္ စားပြဲခင္းတစ္ခုျဖင့္သာ အုပ္ထားသည္ကို ေတြ႔ရသည္။
ယင္းသို႔ ရိုးစင္းလွေသာ စားပြဲခင္းမွာ ေက်းလက္ဆန္ေသာ အေငြ႔အသက္ကို ခံစားရေစသည္။
ဧည့္ခန္းအလွဆင္ထားမႈမွာမူ လွပျပီး သဘာဝဆန္သည္။
အခန္းနံရံမ်ားမွာ ဥေရာပဒီဇိုင္းျဖစ္၏။ မ်က္ႏွာျပင္ အခံုးအခြက္ဟန္မ်ားျဖင့္ အသက္ဝင္ေသာ အေငြ႔အသက္ ခံစားရသည္။
ျပတင္းမ်ားတြင္ စတစ္ကာမ်ား အမ်ားအျပားကပ္ထားရာ ဆြဲေဆာင္မႈတစ္မ်ဳိး ျဖစ္ေစသည္။
ေခ်ာင္ယြန္ဖတ္၏ ေနအိမ္တည္ရွိေသာေနရာမွာ သာမန္လူတန္းစားတို႔ ေနထိုင္ရာလမ္းတစ္ခုတြင္သာ ျဖစ္သည္။
သူ၏ ေနအိမ္ ပတ္ဝန္းက်င္ကို ၾကည့္လွ်င္ အနည္းငယ္ညစ္ပတ္ကာ ရႈပ္ေပြလွေသာေနရာျဖစ္ကာ အျခားမည္သည့္ၾကယ္ပြင့္၏ ေနအိမ္မွ် မရွိေခ်။
(ေခ်ာင္ယြန္ဖတ္)
ေခ်ာင္ယြန္ဖတ္သည္ ေဟာင္ေကာင္မွ လန္မားကၽြန္းတြင္ ေမြးဖြားျပီး သူ၏မိခင္မွာ သန္႔ရွင္းေရးသမား၊ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးသူတစ္ဦးျဖစ္ကာ ဖခင္မွာ ခရုဆီကုမၸဏီ ဆီတင္ယာဥ္တြင္ လုပ္ကိုင္သူ ျဖစ္သည္။
ေခ်ာင္ယြန္ဖတ္သည္ လွ်ပ္စစ္မီးမရွိေသာ ယာေတာအသိုင္းအဝန္းတြင္ ၾကီးျပင္းခဲ့သူ ျဖစ္သည္။
မနက္ပိုင္းတြင္ မိခင္ႏွင့္အတူ လမ္းတကာလိုက္ကာ ပူတင္းေရာင္းရျပီး မြန္းလြဲပိုင္းတြင္ လယ္ကြင္းမ်ား၌ အလုပ္လုပ္ရသည္။
အသက္ ၁၇ ႏွစ္သားအရြယ္တြင္ မိသားစုကို ကူညီပံ့ပိုးရန္ ေက်ာင္းထြက္လိုက္ရျပီး အလုပ္ေပါင္းစံု လုပ္ရ၏။
ဟိုတယ္ တံခါးေစာင့္၊ စာပို႔သမား၊ ကင္မရာ အေရာင္းသမား၊ အငွားယာဥ္ေမာင္းသမား အစရွိသျဖင့္ အလုပ္စံုလွသည္။
ယင္းေနာက္ ေဒသတြင္း ရုပ္သံဌာနတစ္ခု၏ သတင္းစာေၾကာ္ျငာတစ္ခုကို ဖတ္မိျပီး သရုပ္ေဆာင္သင္တန္းတစ္ခုကို ေလွ်ာက္လႊာတင္ခဲ့ရာ သူ၏ေလွ်ာက္လႊာကို လက္ခံခဲ့ရာမွ စတင္ျပီး ေခ်ာင္ယြန္ဖတ္၏ ဘဝမွ တစ္ဆစ္ခ်ဳိးေျပာင္းလဲခဲ့သည္။
အဆိုပါ ရုပ္သံဌာနႏွင့္ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ သူ၏ သရုပ္ေဆာင္ဘဝကို စတင္ခဲ့သည္။
(ပိုင္ဆိုင္မႈအားလံုး လွဴဒါန္းမည္)
ေခ်ာင္ယြန္ဖတ္က China Daily ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ သူ၏ ပိုင္ဆိုင္မႈမွန္သမွ်ကို လွဴဒါန္းသြားရန္ ဆံုးျဖတ္ထားေၾကာင္း ေျပာၾကားခဲ့သည္။
(ထင္ရွားေသာဇာတ္ကားမ်ား)
ေခ်ာင္ယြန္ဖတ္၏ အထင္ရွားဆံုးဇာတ္ကားမွာ အာရွတြင္ ဒါရိုက္တာ ဂၽြန္ဝူး၏ A Better Tomorrow , The Killer and Hard Boiled ဇာတ္ကားမ်ား နာမည္ေက်ာ္ျပီး အေနာက္တိုင္းတြင္မူ Crouching Tiger Hidden Dragon ႏွင့္ Priates of the Caribbean At World’s End ဇာတ္ကားမ်ားမွာ နာမည္ေက်ာ္သည္။
(ရိုးရွင္းေသာဘဝ)
ေခ်ာင္ယြန္ဖတ္သည္ အလြန္ခ်မ္းသာၾကြယ္ဝသူျဖစ္ရာ တန္ဖိုးၾကီးကားမ်ား၊ တန္ဖိုးၾကီးစံအိမ္ၾကီးမ်ားတြင္ ေနထုိင္ကာ အေကာင္းဆံုးစားေသာက္ေနထိုင္မႈမ်ားရွိလိမ့္မည္ဟု မွတ္ထင္သူမ်ား ရွိႏိုင္သည္။
သို႔ေသာ္ ေခ်ာင္ယြန္ဖတ္၏ အသံုးစရိတ္မွာ တစ္လလွ်င္ ေဟာင္ေကာင္ေဒၚလာ ၈၀၀ (ကန္ေဒၚလာ ၁၀၀ ေက်ာ္ခန္႔) သာရွိသည္။
ေခ်ာင္ယြန္ဖတ္သည္ Nokia Keypad ဖုန္းကိုသာ ၁၇ ႏွစ္ၾကာ သံုးစြဲခဲ့ျပီး လြန္ခဲ့ေသာ ၃ ႏွစ္ခန္႔ကမွ ဖုန္းပ်က္သြားေသာေၾကာင့္ စမတ္ဖုန္းတစ္လံုး ေျပာင္းလဲသံုးစြဲခဲ့ျခင္း ျဖစ္သည္။
ေလွ်ာ့ေစ်းျဖင့္ ေရာင္းခ်ေသာ ဆိုင္မ်ားတြင္ ေခ်ာင္ယြန္ဖတ္ေစ်းဝယ္ေနသည္ကို မၾကာခဏ ေတြ႔ၾကရေလ့ရွိသည္။
“တျခားသူေတြကို ၾကြားဖို႔ကၽြန္ေတာ္ အဝတ္အစားေတြမဝတ္ပါဘူး။ ကၽြန္ေတာ့္အတြက္ သက္ေတာင့္သက္သာရွိမယ္လို႔ထင္ရင္ အဲဒါဆိုလံုေလာက္ပါျပီ” ဟု ေခ်ာင္ယြန္ဖတ္က ဆိုသည္။
ေခ်ာင္ယြန္ဖတ္၏ ဇနီးျဖစ္သူ Jasmine Tan ကလည္း ပိုင္ဆိုင္သမွ်လွဴဒါန္းပစ္မည့္ အစီအစဥ္ကို မကန္႔ကြက္ေခ်။
ထိုသို႔လွဴဒါန္းပစ္မည့္အေၾကာင္းရင္းကို ေမးျမန္းေသာအခါ ေခ်ာင္ယြန္ဖတ္က “ဒါေတြက ကၽြန္ေတာ္ပိုင္ဆိုင္တာမွ မဟုတ္တာ။ ကၽြန္ေတာ္က ခဏေလးသိမ္းထားေပးရံုပါ” ဟု ဆိုသည္။
“ကၽြန္ေတာ့္အိပ္မက္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သာမာန္ဘဝမ်ဳိးပဲ ျဖတ္သန္းခ်င္တာ။ လူ႔ဘဝမွာ အခက္ခဲဆံုးက ေငြဘယ္ေလာက္ဝင္သလဲဆိုတာ မဟုတ္ပါဘူး။ စိတ္ကို ေအးခ်မ္းေအာင္ ဘယ္လို္ထားမလဲ.. က်န္တဲ့ဘဝ သက္တမ္းကို ဘယ္လိုုရိုးရိုးရွင္းရွင္း ျဖတ္သန္းမလဲဆိုတာပါပဲ”ဟုလည္း ေခ်ာင္ယြန္ဖတ္က ေျပာၾကားသည္။
(ၾကြယ္ဝမႈ)
ေခ်ာင္ယြန္ဖတ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၇၁၉ သန္းရွိျပီး အဆိုပါပိုင္ဆိုင္မႈအားလံုးကို ကြယ္လြန္ခ်ိန္တြင္ လွဴဒါန္းခဲ့မည္ ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Chow Yun Fat Does Hands-on Repairs for Home After Typhoon (lujuba)