ကုချ်ကုချ်ဟိုသာဟဲ ဇာတ်ကား ခေါင်းဆောင်မင်းသမီး ကဂျိုးလ်၏ မွန်ဘိုင်းမြို့စံအိမ်

ကုချ်ကုချ်ဟိုသာဟဲ ဇာတ်ကား ခေါင်းဆောင်မင်းသမီး ကဂျိုးလ်၏ မွန်ဘိုင်းမြို့စံအိမ် - Property News in Myanmar from iMyanmarHouse.com
18 Mar 2022 11:01 am တွင် တင်ခဲ့သည်
3238 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလိဝုဒ် ရုပ်ရှင်မင်းသား အဂျေး ဒေ့ဗ်ဂန်နှင့် ရုပ်ရှင်မင်းသမီး ကဂျိုးလ်တို့စုံတွဲသည် အိန္ဒိယတွင် ပရိသတ်ချစ်ခင်မှုအခံရဆုံး ဘောလိဝုဒ်ကြယ်ပွင့်များတွင် ပါဝင်သည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြသော ကဂျိုးတို့စုံတွဲတွင် ရင်သွေး ၂ ဦး ထွန်းကားထားသည်။

အဂျေးနှင့် ကဂျိုးတို့၏ အိမ်ခြံမြေပိုင်ဆိုင်မှုများအနက် မွမ်ဘိုင်းမြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Juhu တွင် ကျယ်ဝန်းသော ဘန်ဂလိုအိမ်တစ်လုံးလည်း ပါဝင်သည်။

Juhu တွင် အခြားသော ထိပ်သီးကြယ်ပွင့်များဖြစ်သော Hrithik Roshan ၊ အမီတာဘဂျမ်းနှင့် အက်ရှေး ကူးမားတို့လည်း နေထိုင်လျက်ရှိသည်။

(အဂျေးနှင့် ကဂျိုးလ်တို့၏ မွမ်ဘိုင်းစံအိမ်အတွင်းပိုင်းမြင်ကွင်း)

အဂျေးနှင့် ကဂျိုးတို့စုံတွဲ၏ မွမ်ဘိုင်းမြို့စံအိမ်မှာ Shivshakti ဟု အမည်ပေးထားသည်။

Juhu ရှိ အခြားသော ကြယ်ပွင့်တို့၏ စံအိမ်များနှင့် နှိုင်းယှဉ်လျှင် ကဂျိုးတို့စုံတွဲ၏ စံအိမ်၏ မျက်နှာစာမှာ အလွန်လှပစွာမွမ်းမံထားသည်ကို တွေ့ရသည်။ စံအိမ်တွင် ချမ်းမြေ့စဖွယ် နို့နှစ်ရောင်နှင့် အညိုရောင်နေကာများ၊ ခမ်းနားထည်ဝါလှသော လှေကားများနှင့် လှပသော မီးအလှဆင်မှုများဖြင့် မွမ်းမံထားသည်။

ကဂျိုးလ်တို့စုံတွဲ၏ သျှိရှက်တိ ဘန်ဂလိုသည် သစ်ကိုအသားပေးဆောက်လုပ်ထားပြီး ကဂျိုးလ်တို့၏ အင်စတာဂရမ် ဓာတ်ပုံများတွင် တွေ့ရလေ့ရှိသည်။ စံအိမ်၏ လှေကားနေရာမှာ ကဂျိုးလ်၏ ဓာတ်ပုံရိုက်ရာ နောက်ခံနေရာအဖြစ် မကြာခဏအသုံးပြုလေ့ရှိသည်။

အခြားသတိပြုဖွယ်မှာ ရှည်လျားသော မီးအလှဆင်မှုများဖြစ်ပြီး မျက်နှာကြက်မှ တွဲလောင်းချထားခြင်း ဖြစ်သည်။

ထို့အပြင် ရစ်ခွေနေသော လှေကားမှ တွဲလောင်းချထားသော ဘဲဥပုံ မီးလုံးပေါင်းများစွာမှာလည်း သတိပြုမိဖွယ် အလှဆင်ယင်မှု ဖြစ်ကာ ကြီးမားသည့် ရေစက်များ တွဲလွဲခိုနေသည့် ခံစားချက်ကို ရရှိစေသည်။

ထို့အပြင် မှန်အနောက်ကို နောက်ခံအဖြစ်ထားသည့် ရိုးရိုးလှေကားတစ်ခုကိုလည်း ရှိသည်။

သျှိရှက်တိ ဘန်ဂလိုတွင် အဖြူရောင်စကျင်ကျောက်ပြားခင်း Lobby ခန်းတစ်ခုလည်း ပါဝင်ပြီး ဓာတ်လှေကားတစ်စင်း ၊နေ့ဘက်တွင် အလင်းရောင်ကောင်းစွာ ဆောင်ကြဉ်းပေးမည့် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများလည်း ပါဝင်သည်။

အဆိုပါနေရာမှာလည်း ကဂျိုးလ်က နောက်ခံအဖြစ်ထားကာ ဓာတ်ပုံရိုက်လေ့ရှိသည့် နေရာတစ်ခု ဖြစ်သည်။

ထိုင်ခုံ ၆ လုံးဆန့် ညစာ စားပွဲပါဝင်သော အဖြူရောင်ဧည့်ခန်းတစ်ခုလည်း စံအိမ်အတွင်း ပါဝင်သေးသည်။

ညစာစားပွဲကို နှင်းဖြူရောင် သားရေကုလားထိုင်များက ဝန်းပတ်ထားပြီး ကုလားထိုင်တစ်ခုစီတွင် ရောင်တူ ကူရှင်များဖြင့် အလှဆင်ထားသည်။ ကဂျိုးလ်၏ စံအိမ်အတွင်း အရောင်တစ်ရောင်တည်းကိုသာ အသုံးပြုထားသော အခန်းတစ်ခန်းလည်း ပါဝင်သည်။

အဆိုပါအခန်းကို အသုံးပြုထားသည့် အရောင်မှာ အညိုရင့်ဖြစ်ရာ စံအိမ်အား ချမ်းမြေ့စေသည့် ရသ ပေးစွမ်းလေသည်။

(နေအိမ်သစ်)

သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ အဂျေးနှင့် ကဂျိုးလ်တို့စုံတွဲသည် Juhu တွင်ပင် ရူပီး သန်း ၆၀၀ တန်ကြေးရှိသော ဘန်ဂလိုတစ်လုံး ထပ်မံဝယ်ယူခဲ့သေးသည်ဟု ဆိုသည်။

အဆိုပါ ဘန်ဂလိုမှာ ကိုက် ၅၉၀ ခန့် ကျယ်ဝန်းပြီး သျှိရှက်တိ ဘန်ဂလိုနှင့် နီးကပ်စွာတည်ရှိသည်။

အသစ်ဝယ်ယူလိုက်သော ဘန်ဂလိုကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက အပြီးသတ်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်တွင် လက်ရောက်လွှဲအပ်မှုများ ပြုလုပ်ခဲ့သည်။

ဈေးကွက်သတင်းရင်းမြစ် မှတ်တမ်းများအရ ဘန်ဂလို၏ မူလတန်ကြေးမှာ ရူပီး သန်း ၆၅၀ မှ သန်း ၇၀၀ ကြားရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကဂျိုးလ်တို့ စုံတွဲမှာ လျှော့ဈေးဖြင့် ရလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

(လန်ဒန်မှ စံအိမ်နှင့် အခြားပိုင်ဆိုင်မှုများ)

ကဂျိုးလ်တို့စုံတွဲသည် လန်ဒန်မြို့၊ Park Lane တွင်လည်း တန်ဖိုးကြီး ဘန်ဂလိုအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။ အဆိုပါအရပ်တွင် ရှာရွတ်ခန်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

လန်ဒန်မှ စံအိမ်တန်ကြေးမှာ ရူပီးငွေအားဖြင့် သန်း ၅၄၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

ကဂျိုးလ်တို့စုံတွဲသည် ဂျက်လေယာဉ်တစ်စင်းလည်း ပိုင်ဆိုင်ထားသေးရာ ရူပီး သန်း ၈၄၀ ခန့် တန်ကြေးရှိသော ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဆိုင်သည့် ပထမဆုံး ဘောလိဝုဒ်ကြယ်ပွင့်လည်း ဖြစ်သည်။

(ကုချ်ကုချ် ဟိုသာဟဲ)

ကုချ်ကုချ် ဟိုသာဟဲရုပ်ရှင်ဇာတ်ကား ၁၉၉၈ ခုနှစ်က ရုံတင်ပြသခဲ့သော အချစ်ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး KKHH ဟုလည်း လူသိများသည်။

ရှာရွတ်ခန်၊ ကဂျိုးလ်၊ ရာနီ မူကာဂျီနှင့် ဆယ်လ်မန်ခန်းတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင်သာမက မော်ရီးတီးယပ်စ်ကျွန်းနှင့် စကော့တလန်နိုင်ငံတို့တွင်ပါ သွားရောက်ရိုက်ကူးခဲ့သော ဇာတ်ကား ဖြစ်သည်။

သရုပ်ဆောင်ဆုအားလုံးရရှိခဲ့သည့်တစ်ခုတည်းသောရုပ်ရှင်ဖြစ်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသား၊ အကောင်းဆုံးဇာတ်ဆောင်မင်းသမီး၊ အကောင်းဆုံးဇာတ်ပို့မင်းသား၊ အကောင်းဆုံးဇာတ်ပို့ မင်းသမီးဆုများ ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ဒွေးနှင့်ထက်ထက်မိုးဦးတို့က အဆိုပါဇာတ်ကားကိုမှီးကာ ရင်ထဲမှာဘာညာဘာညာ ဟူသောအမည်ဖြင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခဲ့ရာတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kajol and Ajay Devgn house: A peek inside the actor couple’s Mumbai home ( housing )

 

[Zawgyi]

ကုခ်္ကုခ်္ဟိုသာဟဲ ဇာတ္ကား ေခါင္းေဆာင္မင္းသမီး ကဂ်ဳိးလ္၏ မြန္ဘိုင္းျမိဳ႕စံအိမ္

ေဘာလိဝုဒ္ ရုပ္ရွင္မင္းသား အေဂ်း ေဒ့ဗ္ဂန္ႏွင့္ ရုပ္ရွင္မင္းသမီး ကဂ်ဳိးလ္တို႔စံုတြဲသည္ အိႏိၵယတြင္ ပရိသတ္ခ်စ္ခင္မႈအခံရဆံုး ေဘာလိဝုဒ္ၾကယ္ပြင့္မ်ားတြင္ ပါဝင္သည္။

ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ အတူပါဝင္သရုပ္ေဆာင္ခဲ့ၾကေသာ ကဂ်ဳိးတို႔စံုတြဲတြင္ ရင္ေသြး ၂ ဦး ထြန္းကားထားသည္။

အေဂ်းႏွင့္ ကဂ်ဳိးတို႔၏ အိမ္ျခံေျမပိုင္ဆိုင္မႈမ်ားအနက္ မြမ္ဘိုင္းျမိဳ႕၏ လူကံုထံရပ္ကြက္တစ္ခုျဖစ္ေသာ Juhu တြင္ က်ယ္ဝန္းေသာ ဘန္ဂလိုအိမ္တစ္လံုးလည္း ပါဝင္သည္။

Juhu တြင္ အျခားေသာ ထိပ္သီးၾကယ္ပြင့္မ်ားျဖစ္ေသာ Hrithik Roshan ၊ အမီတာဘဂ်မ္းႏွင့္ အက္ေရွး ကူးမားတို႔လည္း ေနထုိင္လ်က္ရွိသည္။

(အေဂ်းႏွင့္ ကဂ်ဳိးလ္တို႔၏ မြမ္ဘိုင္းစံအိမ္အတြင္းပိုင္းျမင္ကြင္း)

အေဂ်းႏွင့္ ကဂ်ဳိးတို႔စံုတြဲ၏ မြမ္ဘိုင္းျမိဳ႕စံအိမ္မွာ Shivshakti ဟု အမည္ေပးထားသည္။

Juhu ရွိ အျခားေသာ ၾကယ္ပြင့္တို႔၏ စံအိမ္မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ကဂ်ဳိးတို႔စံုတြဲ၏ စံအိမ္၏ မ်က္ႏွာစာမွာ အလြန္လွပစြာမြမ္းမံထားသည္ကို ေတြ႔ရသည္။ စံအိမ္တြင္ ခ်မ္းေျမ့စဖြယ္ ႏို႔ႏွစ္ေရာင္ႏွင့္ အညိဳေရာင္ေနကာမ်ား၊ ခမ္းနားထည္ဝါလွေသာ ေလွကားမ်ားႏွင့္ လွပေသာ မီးအလွဆင္မႈမ်ားျဖင့္ မြမ္းမံထားသည္။

ကဂ်ဳိးလ္တို႔စံုတြဲ၏ သွ်ိရွက္တိ ဘန္ဂလိုသည္ သစ္ကိုအသားေပးေဆာက္လုပ္ထားျပီး ကဂ်ဳိးလ္တို႔၏ အင္စတာဂရမ္ ဓာတ္ပံုမ်ားတြင္ ေတြ႔ရေလ့ရွိသည္။ စံအိမ္၏ ေလွကားေနရာမွာ ကဂ်ဳိးလ္၏ ဓာတ္ပံုရိုက္ရာ ေနာက္ခံေနရာအျဖစ္ မၾကာခဏအသံုးျပဳေလ့ရွိသည္။

အျခားသတိျပဳဖြယ္မွာ ရွည္လ်ားေသာ မီးအလွဆင္မႈမ်ားျဖစ္ျပီး မ်က္ႏွာၾကက္မွ တြဲေလာင္းခ်ထားျခင္း ျဖစ္သည္။

ထို႔အျပင္ ရစ္ေခြေနေသာ ေလွကားမွ တြဲေလာင္းခ်ထားေသာ ဘဲဥပံု မီးလံုးေပါင္းမ်ားစြာမွာလည္း သတိျပဳမိဖြယ္ အလွဆင္ယင္မႈ ျဖစ္ကာ ၾကီးမားသည့္ ေရစက္မ်ား တြဲလြဲခိုေနသည့္ ခံစားခ်က္ကို ရရွိေစသည္။

ထို႔အျပင္ မွန္အေနာက္ကို ေနာက္ခံအျဖစ္ထားသည့္ ရိုးရိုးေလွကားတစ္ခုကိုလည္း ရွိသည္။

သွ်ိရွက္တိ ဘန္ဂလိုတြင္ အျဖဴေရာင္စက်င္ေက်ာက္ျပားခင္း Lobby ခန္းတစ္ခုလည္း ပါဝင္ျပီး ဓာတ္ေလွကားတစ္စင္း ၊ေန႔ဘက္တြင္ အလင္းေရာင္ေကာင္းစြာ ေဆာင္ၾကဥ္းေပးမည့္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ ျပတင္းမ်ားလည္း ပါဝင္သည္။

အဆိုပါေနရာမွာလည္း ကဂ်ဳိးလ္က ေနာက္ခံအျဖစ္ထားကာ ဓာတ္ပံုရိုက္ေလ့ရွိသည့္ ေနရာတစ္ခု ျဖစ္သည္။

ထိုင္ခံု ၆ လံုးဆန္႔ ညစာ စားပြဲပါဝင္ေသာ အျဖဴေရာင္ဧည့္ခန္းတစ္ခုလည္း စံအိမ္အတြင္း ပါဝင္ေသးသည္။

ညစာစားပြဲကို ႏွင္းျဖဴေရာင္ သားေရကုလားထိုင္မ်ားက ဝန္းပတ္ထားျပီး ကုလားထုိင္တစ္ခုစီတြင္ ေရာင္တူ ကူရွင္မ်ားျဖင့္ အလွဆင္ထားသည္။ ကဂ်ဳိးလ္၏ စံအိမ္အတြင္း အေရာင္တစ္ေရာင္တည္းကိုသာ အသံုးျပဳထားေသာ အခန္းတစ္ခန္းလည္း ပါဝင္သည္။

အဆိုပါအခန္းကို အသံုးျပဳထားသည့္ အေရာင္မွာ အညိဳရင့္ျဖစ္ရာ စံအိမ္အား ခ်မ္းေျမ့ေစသည့္ ရသ ေပးစြမ္းေလသည္။

(ေနအိမ္သစ္)

သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပခ်က္မ်ားအရ အေဂ်းႏွင့္ ကဂ်ိဳးလ္တို႔စံုတြဲသည္ Juhu တြင္ပင္ ရူပီး သန္း ၆၀၀ တန္ေၾကးရွိေသာ ဘန္ဂလိုတစ္လံုး ထပ္မံဝယ္ယူခဲ့ေသးသည္ဟု ဆိုသည္။

အဆိုပါ ဘန္ဂလိုမွာ ကိုက္ ၅၉၀ ခန္႔ က်ယ္ဝန္းျပီး သွ်ိရွက္တိ ဘန္ဂလိုႏွင့္ နီးကပ္စြာတည္ရွိသည္။

အသစ္ဝယ္ယူလိုက္ေသာ ဘန္ဂလိုကို ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလအတြင္းက အျပီးသတ္ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ၂၀၂၁ ခုႏွစ္၊ ေမလ ၇ ရက္တြင္ လက္ေရာက္လႊဲအပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

ေစ်းကြက္သတင္းရင္းျမစ္ မွတ္တမ္းမ်ားအရ ဘန္ဂလို၏ မူလတန္ေၾကးမွာ ရူပီး သန္း ၆၅၀ မွ သန္း ၇၀၀ ၾကားရွိေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ကဂ်ဳိးလ္တို႔ စံုတြဲမွာ ေလွ်ာ့ေစ်းျဖင့္ ရလိုက္ျခင္း ျဖစ္သည္ဟုဆိုသည္။

(လန္ဒန္မွ စံအိမ္ႏွင့္ အျခားပိုင္ဆိုင္မႈမ်ား)

ကဂ်ဳိးလ္တို႔စံုတြဲသည္ လန္ဒန္ျမိဳ႕၊ Park Lane တြင္လည္း တန္ဖိုးၾကီး ဘန္ဂလိုအိမ္တစ္လံုး ပိုင္ဆိုင္ထားေသးသည္။ အဆိုပါအရပ္တြင္ ရွာရြတ္ခန္လည္း ေနအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

လန္ဒန္မွ စံအိမ္တန္ေၾကးမွာ ရူပီးေငြအားျဖင့္ သန္း ၅၄၀ ခန္႔ တန္ေၾကးရွိသည္ဟု ဆိုသည္။

ကဂ်ဳိးလ္တို႔စံုတြဲသည္ ဂ်က္ေလယာဥ္တစ္စင္းလည္း ပိုင္ဆုိင္ထားေသးရာ ရူပီး သန္း ၈၄၀ ခန္႔ တန္ေၾကးရွိေသာ ကိုယ္ပုိင္ဂ်က္ေလယာဥ္ပိုင္ဆိုင္သည့္ ပထမဆံုး ေဘာလိဝုဒ္ၾကယ္ပြင့္လည္း ျဖစ္သည္။

(ကုခ်္ကုခ်္ ဟိုသာဟဲ)

ကုခ်္ကုခ်္ ဟိုသာဟဲရုပ္ရွင္ဇာတ္ကား ၁၉၉၈ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ အခ်စ္ဟာသဇာတ္ျမဴး ရုပ္ရွင္ဇာတ္ကားျဖစ္ျပီး KKHH ဟုလည္း လူသိမ်ားသည္။

ရွာရြတ္ခန္၊ ကဂ်ဳိးလ္၊ ရာနီ မူကာဂ်ီႏွင့္ ဆယ္လ္မန္ခန္းတို႔ ပါဝင္သရုပ္ေဆာင္ခဲ့ၾကသည္။

အိႏိၵယႏိုင္ငံတြင္သာမက ေမာ္ရီးတီးယပ္စ္ကၽြန္းႏွင့္ စေကာ့တလန္ႏိုင္ငံတို႔တြင္ပါ သြားေရာက္ရိုက္ကူးခဲ့ေသာ ဇာတ္ကား ျဖစ္သည္။

သရုပ္ေဆာင္ဆုအားလံုးရရွိခဲ့သည့္တစ္ခုတည္းေသာရုပ္ရွင္ျဖစ္ကာ အေကာင္းဆံုးဇာတ္ေဆာင္မင္းသား၊ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီး၊ အေကာင္းဆံုးဇာတ္ပို႔မင္းသား၊ အေကာင္းဆံုးဇာတ္ပို႔ မင္းသမီးဆုမ်ား ရရွိခဲ့သည္။ ျမန္မာႏိုင္ငံတြင္လည္း ေဒြးႏွင့္ထက္ထက္မိုးဦးတို႔က အဆိုပါဇာတ္ကားကိုမွီးကာ ရင္ထဲမွာဘာညာဘာညာ ဟူေသာအမည္ျဖင့္ ရုပ္ရွင္ရိုက္ကူးထုတ္လုပ္ခဲ့ရာတြင္လည္း ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kajol and Ajay Devgn house: A peek inside the actor couple’s Mumbai home ( housing )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service