၂၀၂၂ ကမ္ဘာ့အလှဆုံးမိန်းကလေး ဘယ်လာဟာဒစ်၏ နယူးယောက် Penthouse ခန်း

၂၀၂၂ ကမ္ဘာ့အလှဆုံးမိန်းကလေး ဘယ်လာဟာဒစ်၏ နယူးယောက် Penthouse ခန်း - Property News in Myanmar from iMyanmarHouse.com
17 Mar 2022 12:19 pm တွင် တင်ခဲ့သည်
2750 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိန်းကလေးတစ်ဦး၏ စွဲမက်ဖွယ် ပုံပန်းသဏ္ဍာန်နှင့် စွဲဆောင်နိုင်သည့်ကိုယ်ရည်ကိုယ်သွေးတို့မှာ မျက်လုံးပေါင်း ကုဋေကုဋာကို ဖမ်းစားနိုင်လေ့ရှိသည်။

သို့ဖြစ်ရာ အလှဟူသည် ရှုမြင်သူ၏ မျက်လုံးပေါ်တွင်သာ မူတည်သည်ဟူသော ကျွန်ုပ်တို့ ပြောလေ့ရှိသည့် စကားမှာ မမှန်လှချေ။

အဆိုပါ နတ်မိမယ်တို့၏ မျက်ဝန်းများနှင့် ယဉ်ကျေးမှုဟန်ပန်မူရာ အမျိုးမျိုးတို့ကြောင့် ကမ္ဘာပေါ်တွင် အံ့သြမင်သက်ဖွယ် လိင်ဆွဲဆောင်မှု အားအပြင်းဆုံး မိန်းကလေးတို့ထံမှ သင့်အား မျက်တောင်မခတ် ဖြစ်စေနိုင်သည်။

(ဘယ်လာ ဟာဒစ်)

မကြာသေးမီက သတင်းနှင့် စစ်တမ်းများအရ ဘယ်လာဟာဒစ်သည် ကမ္ဘာပေါ်တွင် လိင်ဆွဲဆောင်မှု အားအပြင်းဆုံးနှင့် မျက်နှာမူရာ အလှဆုံးမိန်းကလေးတစ်ဦးဖြစ်ကြောင်း သုံးသပ်ကြသည်။

ပြီးပြည့်စုံသော မေးရိုး၊ စွဲဆောင်နိုင်သည့် မျက်လုံးများ၊ နှုတ်ခမ်းများ၊ မျက်နှာသွင်ပြင်အလှ အစရှိသည့် ပြီးပြည့်စုံသော အလှတရားကို ပိုင်ဆိုင်ထားသည်။

ဘယ်လာဟာဒစ်သည် မော်ဒယ်လ်တစ်ဦးဖြစ်ပြီး ကမ္ဘာ့နာမည်အကြီးဆုံး ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သော Tommy Hilfiger, Diane von Furstenberg နှင့် Marc Jacob တို့၏ မော်ဒယ်တစ်ဦး ဖြစ်သည်။

နယူးယောက်ပို့စ်တွင် ဖော်ပြချက်အရ ဘယ်လာဟာဒစ်သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်မှ penthouse ခန်းကို လွန်ခဲ့သော နိုဝင်ဘာလအတွင်း တိတ်တဆိတ် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၁၈၀ ရှိပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ သီးသန့်အမိုးပေါ် နားနေဆောင်၊ နံရံမြှုပ် အဝတ်ဗီရိုများ၊ ဝိုင်ပုလင်း ၁၀၀ ကျော် ထားသိုနိုင်သော ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။

ဘယ်လာဟာဒစ်၏ အစ်မဖြစ်သူ ဂျီဂျီဟာဒစ်၏ ချစ်သူ Zayn Malik သည်လည်း အဆိုပါအဆောက်အအုံတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၇ သန်းတန်ကြေးရှိ penthouse ခန်းကို ပိုင်ဆိုင်ခဲ့ဖူးသည်။

သို့သော် ဘယ်လာက ထိုအဆောက်အအုံတွင် အခန်းဝယ်ယူပြီး တစ်လခန့်အကြာတွင် Zayn Malik က သူ၏အခန်းကို ပြန်လည်ရောင်းထုတ်ခဲ့သည်။

ဂျီဂျီဟာဒစ်သည် Noho အဆောက်အအုံတွင် အခန်း ၂ ခန်း ဝယ်ယူထားသည်။ ၂၀၁၅ ခုနှစ်အတွင်း အိပ်ခန်း ၂ ခန်းပါအခန်းကို ဝယ်ယူခဲ့ပြီး ၂၀၁၈၊ ဒီဇင်ဘာလတွင် အိပ်ခန်း ၃ ခန်းပါ အခန်းကို ဝယ်ယူခဲ့သည်။ ဂျီဂျီဟာဒစ်က ထို ၂ ခန်းကို အိပ်ခန်း ၅ ခန်းပါ အခန်းကြီးတစ်ခုတည်းဖြစ်အောင် ပေါင်းစည်းသွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဘယ်လာဟာဒစ်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် The Weeknd နှင့် ချစ်ကြိုက်ပြီးနောက်ပိုင်း ချစ်သူနှင့်အတူ နေထိုင်ခဲ့သည်။ ထိုစဉ်က The Weeknd သည် TriBeCa ကွန်ဒိုခန်းတစ်ခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၆၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်လျက်ရှိသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း ၃ လအကြာတွင် ဘယ်လာဟာဒစ်က ကိုယ်ပိုင် Penthouse ခန်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဘယ်လာဟာဒစ် မဝယ်ယူမီက Corcoran အိမ်ခြံမြေကုမ္ပဏီက အဆိုပါအခန်းကို အရောင်းဈေးကွက်တင်ခဲ့ရာတွင် ပရိဘောဂအပြည့်အစုံထည့်သွင်းထားသည့် အခြေအနေဖြင့် အရောင်းကြော်ငြာခဲ့ခြင်း ဖြစ်သည်။

ဘယ်လာဟာဒစ်က ဝယ်ယူခဲ့ရာတွင် အခန်းသီးသန့် ဝယ်ခဲ့သလော (သို့မဟုတ်) ပရိဘောဂများနှင့်အတူ ဝယ်ယူခဲ့သလောကိုမူ မသိရချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Bella Hadid's Luxe New $6.1 Million Soho Penthouse Apartment (elle)

 

[Zawgyi]

 

၂၀၂၂ ကမၻာ့အလွဆံုးမိန္းကေလး ဘယ္လာဟာဒစ္၏ နယူးေယာက္ Penthouse ခန္း

မိန္းကေလးတစ္ဦး၏ စြဲမက္ဖြယ္ ပံုပန္းသ႑ာန္ႏွင့္ စြဲေဆာင္ႏိုင္သည့္ကိုယ္ရည္ကိုယ္ေသြးတို႔မွာ မ်က္လံုးေပါင္း ကုေဋကုဋာကို ဖမ္းစားႏိုင္ေလ့ရွိသည္။

သို႔ျဖစ္ရာ အလွဟူသည္ ရႈျမင္သူ၏ မ်က္လံုးေပၚတြင္သာ မူတည္သည္ဟူေသာ ကၽြႏု္ပ္တို႔ ေျပာေလ့ရွိသည့္ စကားမွာ မမွန္လွေခ်။

အဆိုပါ နတ္မိမယ္တို႔၏ မ်က္ဝန္းမ်ားႏွင့္ ယဥ္ေက်းမႈဟန္ပန္မူရာ အမ်ဳိးမ်ဳိးတို႔ေၾကာင့္ ကမၻာေပၚတြင္ အံ့ၾသမင္သက္ဖြယ္ လိင္ဆြဲေဆာင္မႈ အားအျပင္းဆံုး မိန္းကေလးတို႔ထံမွ သင့္အား မ်က္ေတာင္မခတ္ ျဖစ္ေစႏိုင္သည္။

(ဘယ္လာ ဟာဒစ္)

မၾကာေသးမီက သတင္းႏွင့္ စစ္တမ္းမ်ားအရ ဘယ္လာဟာဒစ္သည္ ကမၻာေပၚတြင္ လိင္ဆြဲေဆာင္မႈ အားအျပင္းဆံုးႏွင့္ မ်က္ႏွာမူရာ အလွဆံုးမိန္းကေလးတစ္ဦးျဖစ္ေၾကာင္း သံုးသပ္ၾကသည္။

ျပီးျပည့္စံုေသာ ေမးရိုး၊ စြဲေဆာင္ႏိုင္သည့္ မ်က္လံုးမ်ား၊ ႏႈတ္ခမ္းမ်ား၊ မ်က္ႏွာသြင္ျပင္အလွ အစရွိသည့္ ျပီးျပည့္စံုေသာ အလွတရားကို ပိုင္ဆိုင္ထားသည္။

ဘယ္လာဟာဒစ္သည္ ေမာ္ဒယ္လ္တစ္ဦးျဖစ္ျပီး ကမၻာ့နာမည္အၾကီးဆံုး ဖက္ရွင္အမွတ္တံဆိပ္မ်ားျဖစ္ေသာ Tommy Hilfiger, Diane von Furstenberg ႏွင့္ Marc Jacob တို႔၏ ေမာ္ဒယ္တစ္ဦး ျဖစ္သည္။

နယူးေယာက္ပို႔စ္တြင္ ေဖာ္ျပခ်က္အရ ဘယ္လာဟာဒစ္သည္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္မွ penthouse ခန္းကို လြန္ခဲ့ေသာ ႏိုဝင္ဘာလအတြင္း တိတ္တဆိတ္ ဝယ္ယူခဲ့သည္ဟု ဆိုသည္။

အခန္းအက်ယ္အဝန္းမွာ စတုရန္းေပ ၂၁၈၀ ရွိျပီး အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္း၊ သီးသန္႔အမိုးေပၚ နားေနေဆာင္၊ နံရံျမွဳပ္ အဝတ္ဗီရိုမ်ား၊ ဝိုင္ပုလင္း ၁၀၀ ေက်ာ္ ထားသိုႏိုင္ေသာ ဝိုင္သိုေလွာင္ခန္းတို႔ ပါဝင္သည္။

ဘယ္လာဟာဒစ္၏ အစ္မျဖစ္သူ ဂ်ီဂ်ီဟာဒစ္၏ ခ်စ္သူ Zayn Malik သည္လည္း အဆိုပါအေဆာက္အအံုတြင္ ကန္ေဒၚလာ ၁၀ ဒသမ ၇ သန္းတန္ေၾကးရွိ penthouse ခန္းကို ပိုင္ဆိုင္ခဲ့ဖူးသည္။

သို႔ေသာ္ ဘယ္လာက ထိုအေဆာက္အအံုတြင္ အခန္းဝယ္ယူျပီး တစ္လခန္႔အၾကာတြင္ Zayn Malik က သူ၏အခန္းကို ျပန္လည္ေရာင္းထုတ္ခဲ့သည္။

ဂ်ီဂ်ီဟာဒစ္သည္ Noho အေဆာက္အအံုတြင္ အခန္း ၂ ခန္း ဝယ္ယူထားသည္။ ၂၀၁၅ ခုႏွစ္အတြင္း အိပ္ခန္း ၂ ခန္းပါအခန္းကို ဝယ္ယူခဲ့ျပီး ၂၀၁၈၊ ဒီဇင္ဘာလတြင္ အိပ္ခန္း ၃ ခန္းပါ အခန္းကို ဝယ္ယူခဲ့သည္။ ဂ်ီဂ်ီဟာဒစ္က ထို ၂ ခန္းကို အိပ္ခန္း ၅ ခန္းပါ အခန္းၾကီးတစ္ခုတည္းျဖစ္ေအာင္ ေပါင္းစည္းသြားရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။

ဘယ္လာဟာဒစ္သည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာတြင္ The Weeknd ႏွင့္ ခ်စ္ၾကိဳက္ျပီးေနာက္ပိုင္း ခ်စ္သူႏွင့္အတူ ေနထိုင္ခဲ့သည္။ ထိုစဥ္က The Weeknd သည္ TriBeCa ကြန္ဒိုခန္းတစ္ခန္းကို တစ္လလွ်င္ ကန္ေဒၚလာ ၆၀၀၀၀ ျဖင့္ ငွားရမ္းေနထိုင္လ်က္ရွိသည္။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လတြင္ လမ္းခြဲခဲ့ၾကျပီးေနာက္ပိုင္း ၃ လအၾကာတြင္ ဘယ္လာဟာဒစ္က ကိုယ္ပိုင္ Penthouse ခန္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဘယ္လာဟာဒစ္ မဝယ္ယူမီက Corcoran အိမ္ျခံေျမကုမၸဏီက အဆိုပါအခန္းကို အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ ပရိေဘာဂအျပည့္အစံုထည့္သြင္းထားသည့္ အေျခအေနျဖင့္ အေရာင္းေၾကာ္ျငာခဲ့ျခင္း ျဖစ္သည္။

ဘယ္လာဟာဒစ္က ဝယ္ယူခဲ့ရာတြင္ အခန္းသီးသန္႔ ဝယ္ခဲ့သေလာ (သို႔မဟုတ္) ပရိေဘာဂမ်ားႏွင့္အတူ ဝယ္ယူခဲ့သေလာကိုမူ မသိရေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Bella Hadid's Luxe New $6.1 Million Soho Penthouse Apartment (elle)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service