၂၀၂၂ ကမ္ဘာ့အချောမောဆုံးလူငယ် ကင်တေးယောင်၏ စံအိမ်

၂၀၂၂ ကမ္ဘာ့အချောမောဆုံးလူငယ် ကင်တေးယောင်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
17 Mar 2022 11:08 am တွင် တင်ခဲ့သည်
3041 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ကင်တေးယောင်)

ကင်တေးယောင်သည် နာမည်ကျော် တောင်ကိုရီးယား အဆိုတော်၊ တေးရေး၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

နာမည်ကျော် တောင်ကိုရီးယားလူငယ်အဖွဲ့ BTS ၏ အဆိုတော်ဖြစ်ပြီး အနုပညာအမည် ဗွီ (V ) ဟု လူသိများသည်။

ပြီးခဲ့သောနှစ်အတွင်း စာနယ်ဇင်းဌာန ၂ ခုက ကင်တေးယောင်ကို “၂၀၂၁ ခုနှစ် ကမ္ဘာ့အချောမောဆုံး အမျိုးသား”အဖြစ် ရွေးချယ်ဖော်ပြခဲ့ကြသည်။

တောင်အာရှ သတင်းအေဂျင်စီဖြစ်သော Asian News International က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် V ကို ကမ္ဘာ့အချောမောဆုံးအမျိုးသားအဖြစ် ဖော်ပြခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင်လည်း နာမည်ကျော် ဗြိတိသျှမဂ္ဂဇင်းဖြစ်သော Nubia က ကောက်ယူခဲ့သည့်စစ်တမ်းတစ်ခုအရ ကင်တေးယောင်ကို ၂၀၂၁ ခုနှစ် ကမ္ဘာ့အချောမောဆုံးအမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြသည်။

ကင်တေးယောင်သည် တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးပြည်နယ်၊ ဆီရိုခရိုင်တွင် ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၌ မွေးဖွားသည်။

BTS အဖွဲ့၏ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သော ပွဲဦးထွက်တေးအယ်လ်ဘမ် 2 Cool 4 Skool တွင် ပါဝင်ခဲ့သည့် No More Dream မှာ ကင်တေးယောင်၏ ပထမဆုံးတေးသီချင်း ဖြစ်သည်။

ကင်တေးယောင်၏ အင်စတာဂရမ်အကောင့်မှာ Follower ပေါင်း ၃၄ ဒသမ ၇ သန်း ရရှိထားသည်။

တောင်ကိုရီးယားတွင်လည်း ကင်တေးယောင်ကို အချောမောဆုံး လူငယ်အဖြစ် သတ်မှတ်ထားကြသည်။

YouTube ချန်နယ်တစ်ခုဖြစ်သော Top 10 World ကလည်း ကင်တေးယောင်ကို ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အချောမောဆုံးအမျိုးသားအဖြစ် ဖော်ပြခဲ့ဖူးသည်။

ယခုအခါ Thetealmango.com ကလည်း ကင်တေးယောင်ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် ရွေးချယ်ဖော်ပြလာသည်။

(ကင်တေးယောင်၏ ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်းတန် လူနေခန်း)

BTS (Bangtan Boys) အဖွဲ့သည် အင်စတာဂရမ်စတင်သုံးစွဲပြီးနောက်ပိုင်း မကြာခဏပို့စ်တင်လေ့ရှိရာတွင် ၎င်းတို့၏ ခမ်းနားလှသော စံအိမ်များကို ပရိသတ်များ မြင်တွေ့ခွင့်ရလာကြသည်။

BTS အဖွဲ့သားများဖြစ်သော အာရ်အမ်(RM) , (Jin Suga), ဂျေ-ဟုပ် (J-Hope), (Jimin), ဗွီ (V) နှင့် (Jungkook) တို့သည် Weverse နှင့် Twitter လူမှုကွန်ရက်တို့တွင် မကြာခဏ ဓာတ်ပုံများ တင်လေ့ရှိသည်။

ကင်တေးယောင်ခေါ် V ၏ နေထိုင်ရာမှာ ဆိုးလ်မြို့တော်၊ ဂမ်းနမ်းခရိုင်ရှိ တန်ဖိုးကြီး လူနေခန်းတစ်ခု ဖြစ်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်း တန်ကြေးရှိသည်။

အဆိုပါအခန်းကို ငွေသားချည်း ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟန်မြစ်နှင့် နမ်ဆန်တောင်တန်းများဘေး Hannam Hill တွင် တည်ရှိသည်။

(သက်တောင့်သက်သာရှိမှုကို နှစ်သက်သူ V)

The My Universe သီချင်းအဆိုရှင် V သည် အလွန်စတိုင်ကျသူတစ်ဦးဖြစ်ကြောင်း သိထားကြသည်။ သို့သော် သူသည် နေအိမ်တွင်မူ သက်တောင့်သက်သာရှိမှုကိုသာ နှစ်သက်သူ ဖြစ်သည်။ အလွန်နူးညံ့လှသော မိုက္ကရိုဖိုင်ဘာ စောင်များကိုသာ V က အသုံးပြုသည်။

(ကင်တေးယောင်၏ ရေချိုးခန်း ဆဲလ်ဖီး)

BTS အဖွဲ့သည် အင်စတာဂရမ် စတင်အသုံးပြုချိန်မှစပြီး ဓာတ်ပုံများစွာတင်ခဲ့ကြသည်။ V သည်လည်း ရေချိုးခန်းထဲတွင် ဆဲလ်ဖီးဓာတ်ပုံရိုက်ကာ တင်ထားခဲ့သည်။

ဓာတ်ပုံထဲတွင် မုတ်ဆိတ်မွှေးများရိတ်နေပုံနှင့် မျက်နှာပေါ်တွင် မျက်နှာသစ်ဆေးအမြှုပ်များ တွေ့ရသည်။

သူ၏ ရေချိုးခန်းမြင်ကွင်းကို ထိုဓာတ်ပုံမှတဆင့် လှစ်ဟတွေ့မြင်ခဲ့ကြရရာ ရေချိုးခန်းမှာလည်း သားနားလှပုံကို တွေ့ရသည်။

(အခန်းထဲက ပန်းချီ)

တေးတေးဟုလည်း ခေါ်ကြသည့် ကင်တေးယောင်က အင်စတာဂရမ်တွင် သောက်ချိန်စားချိန် ဓာတ်ပုံတစ်ခုကိုလည်း တင်ခဲ့ရာ အခန်းနံရံတွင် စိတ္တဇပန်းချီကို တွေ့ရသည်။ V သည် စိတ္တဇပန်းချီများကို နှစ်သက်သူတစ်ဦး ဖြစ်၏။

(ကင်တေးယောင်၏ စံအိမ် အသံလုံလား)

ကင်တေးယောင်၏ ဓာတ်ပုံများမှတဆင့် တွေ့မြင်ရသည်မှာ အဖြူရောင်ကို များစွာအသုံးပြုထားသည်ကို တွေ့ရသည်။

သူ၏ အိမ်ကို အသံလုံအောင်ပြုလုပ်ထားသည်ဟု ယူဆရသည်။ အသေအချာမပြောနိုင်သော်လည်း သူ၏ အခန်းမျက်နှာကျက်တွင် အသံလုံစေသည့် အဖြူရောင်ဘုတ်ပြားတပ်ဆင်ထားသည်ကိုမူ သဲလွန်စအဖြစ် တွေ့ရသည်။

(ပန်းချီခန်း)

ကင်တေးယောင်သည် ပန်းချီဆွဲခြင်းကို နှစ်သက်ပြီး အထူးသဖြင့် မျက်နှာပုံများ ရေးဆွဲရခြင်းကို သဘောကျသည်။

ကင်တေးယောင်က သူရေးဆွဲခဲ့သော ပန်းချီကားကိုလည်း အင်စတာဂရမ်တွင် မျှဝေခဲ့သေးသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BTS: Kim Taehyung aka V's lavish USD 4.55 million apartment is as artistic as Vante with the interiors spelling class and luxury (Thetealmango.com/ bollywoodlife)

 

[Zawgyi]

၂၀၂၂ ကမၻာ့အေခ်ာေမာဆံုးလူငယ္ ကင္ေတးေယာင္၏ စံအိမ္

(ကင္ေတးေယာင္)

ကင္ေတးေယာင္သည္ နာမည္ေက်ာ္ ေတာင္ကိုရီးယား အဆိုေတာ္၊ ေတးေရး၊ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦး ျဖစ္သည္။

နာမည္ေက်ာ္ ေတာင္ကိုရီးယားလူငယ္အဖြဲ႔ BTS ၏ အဆိုေတာ္ျဖစ္ျပီး အႏုပညာအမည္ ဗြီ (V ) ဟု လူသိမ်ားသည္။

ျပီးခဲ့ေသာႏွစ္အတြင္း စာနယ္ဇင္းဌာန ၂ ခုက ကင္ေတးေယာင္ကို “၂၀၂၁ ခုႏွစ္ ကမၻာ့အေခ်ာေမာဆံုး အမ်ဳိးသား”အျဖစ္ ေရြးခ်ယ္ေဖာ္ျပခဲ့ၾကသည္။ ေတာင္အာရွ သတင္းေအဂ်င္စီျဖစ္ေသာ Asian News International က ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္တြင္ V ကို ကမၻာ့အေခ်ာေမာဆံုးအမ်ဳိးသားအျဖစ္ ေဖာ္ျပခဲ့သည္။

ထို႔အျပင္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္တြင္လည္း နာမည္ေက်ာ္ ျဗိတိသွ်မဂၢဇင္းျဖစ္ေသာ Nubia က ေကာက္ယူခဲ့သည့္စစ္တမ္းတစ္ခုအရ ကင္ေတးေယာင္ကို ၂၀၂၁ ခုႏွစ္ ကမၻာ့အေခ်ာေမာဆံုးအမ်ဳိးသားအျဖစ္ ေရြးခ်ယ္ခဲ့ၾကသည္။

ကင္ေတးေယာင္သည္ ေတာင္ကိုရီးယားႏိုင္ငံ၊ ေဒဂူးျပည္နယ္၊ ဆီရိုခရိုင္တြင္ ၁၉၉၅ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္၌ ေမြးဖြားသည္။

BTS အဖြဲ႔၏ ၂၀၁၃ ခုႏွစ္ကထြက္ရွိခဲ့ေသာ ပြဲဦးထြက္ေတးအယ္လ္ဘမ္ 2 Cool 4 Skool တြင္ ပါဝင္ခဲ့သည့္ No More Dream မွာ ကင္ေတးေယာင္၏ ပထမဆံုးေတးသီခ်င္း ျဖစ္သည္။

ကင္ေတးေယာင္၏ အင္စတာဂရမ္အေကာင့္မွာ Follower ေပါင္း ၃၄ ဒသမ ၇ သန္း ရရွိထားသည္။

ေတာင္ကိုရီးယားတြင္လည္း ကင္ေတးေယာင္ကို အေခ်ာေမာဆံုး လူငယ္အျဖစ္ သတ္မွတ္ထားၾကသည္။

YouTube ခ်န္နယ္တစ္ခုျဖစ္ေသာ Top 10 World ကလည္း ကင္ေတးေယာင္ကို ၂၀၂၀ ျပည့္ႏွစ္ ကမၻာ့အေခ်ာေမာဆံုးအမ်ဳိးသားအျဖစ္ ေဖာ္ျပခဲ့ဖူးသည္။

ယခုအခါ Thetealmango.com ကလည္း ကင္ေတးေယာင္ကို ၂၀၂၂ ခုႏွစ္ ကမၻာ့အေခ်ာေမာဆံုး အမ်ဳိးသားအျဖစ္ ေရြးခ်ယ္ေဖာ္ျပလာသည္။

(ကင္ေတးေယာင္၏ ကန္ေဒၚလာ ၄ ဒသမ ၅၅ သန္းတန္ လူေနခန္း)

BTS (Bangtan Boys) အဖြဲ႔သည္ အင္စတာဂရမ္စတင္သံုးစြဲျပီးေနာက္ပိုင္း မၾကာခဏပို႔စ္တင္ေလ့ရွိရာတြင္ ၎တို႔၏ ခမ္းနားလွေသာ စံအိမ္မ်ားကို ပရိသတ္မ်ား ျမင္ေတြ႔ခြင့္ရလာၾကသည္။

BTS အဖြဲ႔သားမ်ားျဖစ္ေသာ အာရ္အမ္(RM) , (Jin Suga), ေဂ်-ဟုပ္ (J-Hope), (Jimin), ဗြီ (V) ႏွင့္ (Jungkook) တို႔သည္ Weverse ႏွင့္ Twitter လူမႈကြန္ရက္တို႔တြင္ မၾကာခဏ ဓာတ္ပံုမ်ား တင္ေလ့ရွိသည္။

ကင္ေတးေယာင္ေခၚ V ၏ ေနထိုင္ရာမွာ ဆိုးလ္ျမိဳ႕ေတာ္၊ ဂမ္းနမ္းခရိုင္ရွိ တန္ဖိုးၾကီး လူေနခန္းတစ္ခု ျဖစ္ျပီး ကန္ေဒၚလာ ၄ ဒသမ ၅၅ သန္း တန္ေၾကးရွိသည္။

အဆိုပါအခန္းကို ေငြသားခ်ည္း ေပးေခ်ကာ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ဟန္ျမစ္ႏွင့္ နမ္ဆန္ေတာင္တန္းမ်ားေဘး Hannam Hill တြင္ တည္ရွိသည္။

(သက္ေတာင့္သက္သာရွိမႈကို ႏွစ္သက္သူ V)

The My Universe သီခ်င္းအဆိုရွင္ V သည္ အလြန္စတိုင္က်သူတစ္ဦးျဖစ္ေၾကာင္း သိထားၾကသည္။ သို႔ေသာ္ သူသည္ ေနအိမ္တြင္မူ သက္ေတာင့္သက္သာရွိမႈကိုသာ ႏွစ္သက္သူ ျဖစ္သည္။ အလြန္ႏူးညံ့လွေသာ မိုကၠရိုဖိုင္ဘာ ေစာင္မ်ားကိုသာ V က အသံုးျပဳသည္။

(ကင္ေတးေယာင္၏ ေရခ်ဳိးခန္း ဆဲလ္ဖီး)

BTS အဖြဲ႔သည္ အင္စတာဂရမ္ စတင္အသံုးျပဳခ်ိန္မွစျပီး ဓာတ္ပုံမ်ားစြာတင္ခဲ့ၾကသည္။ V သည္လည္း ေရခ်ဳိးခန္းထဲတြင္ ဆဲလ္ဖီးဓာတ္ပံုရိုက္ကာ တင္ထားခဲ့သည္။

ဓာတ္ပံုထဲတြင္ မုတ္ဆိတ္ေမႊးမ်ားရိတ္ေနပံုႏွင့္ မ်က္ႏွာေပၚတြင္ မ်က္ႏွာသစ္ေဆးအျမွဳပ္မ်ား ေတြ႔ရသည္။

သူ၏ ေရခ်ဳိးခန္းျမင္ကြင္းကို ထိုဓာတ္ပံုမွတဆင့္ လွစ္ဟေတြ႔ျမင္ခဲ့ၾကရရာ ေရခ်ဳိးခန္းမွာလည္း သားနားလွပံုကို ေတြ႔ရသည္။

(အခန္းထဲက ပန္းခ်ီ)

ေတးေတးဟုလည္း ေခၚၾကသည့္ ကင္ေတးေယာင္က အင္စတာဂရမ္တြင္ ေသာက္ခ်ိန္စားခ်ိန္ ဓာတ္ပံုတစ္ခုကိုလည္း တင္ခဲ့ရာ အခန္းနံရံတြင္ စိတၱဇပန္းခ်ီကို ေတြ႔ရသည္။ V သည္ စိတၱဇပန္းခ်ီမ်ားကို ႏွစ္သက္သူတစ္ဦး ျဖစ္၏။

(ကင္ေတးေယာင္၏ စံအိမ္ အသံလံုလား)

ကင္ေတးေယာင္၏ ဓာတ္ပံုမ်ားမွတဆင့္ ေတြ႔ျမင္ရသည္မွာ အျဖဴေရာင္ကို မ်ားစြာအသံုးျပဳထားသည္ကို ေတြ႔ရသည္။

သူ၏ အိမ္ကို အသံလံုေအာင္ျပဳလုပ္ထားသည္ဟု ယူဆရသည္။ အေသအခ်ာမေျပာႏိုင္ေသာ္လည္း သူ၏ အခန္းမ်က္ႏွာက်က္တြင္ အသံလံုေစသည့္ အျဖဴေရာင္ဘုတ္ျပားတပ္ဆင္ထားသည္ကိုမူ သဲလြန္စအျဖစ္ ေတြ႔ရသည္။

(ပန္းခ်ီခန္း)

ကင္ေတးေယာင္သည္ ပန္းခ်ီဆြဲျခင္းကို ႏွစ္သက္ျပီး အထူးသျဖင့္ မ်က္ႏွာပံုမ်ား ေရးဆြဲရျခင္းကို သေဘာက်သည္။

ကင္ေတးေယာင္က သူေရးဆြဲခဲ့ေသာ ပန္းခ်ီကားကိုလည္း အင္စတာဂရမ္တြင္ မွ်ေဝခဲ့ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BTS: Kim Taehyung aka V's lavish USD 4.55 million apartment is as artistic as Vante with the interiors spelling class and luxury (Thetealmango.com/ bollywoodlife)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service