ဂမ်းနမ်းစတိုင်အဆိုတော် PSY ၏ လော့စ်အိန်ဂျလိကွန်ဒိုခန်း
ဂမ်းနမ်းစတိုင်အဆိုတော် PSY ၏ လော့စ်အိန်ဂျလိကွန်ဒိုခန်း - Property News in Myanmar from iMyanmarHouse.com
14 Mar 2022 10:38 am တွင် တင်ခဲ့သည်
1361 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂမ်းနမ်းစတိုင်သီချင်းဖြင့် ကမ္ဘာကျော်ခဲ့သူ ကိုရီးယားအဆိုတော် PSY သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် ကွန်ဒိုခန်းတစ်ခန်း ပိုင်ဆိုင်ထားပြီး၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
PSY သည် အဆိုပါအခန်းကို ဝယ်ယူရာတွင် အခန်းဖိုးကျသင့်ငွေအားလုံးကို ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးတွင် ဖော်ပြချက်အရ ကိုရီးယား ပေါ့ပ်ကြယ်ပွင့် PSY ဝယ်ယူခဲ့သော ကွန်ဒိုခန်းမှာ လော့စ်အိန်ဂျလိမြို့၊ Wilshire Boulevard အရပ်ရှိ Blair House အဆောက်အအုံတွင်ဖြစ်သည်။
PSY က အခန်းတန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၄၉ သန်းကို ငွေသားဖြင့် ပေးချေဝယ်ယူခဲ့ခြင်း ဖြစ်သည်။
PSY သည် ဂမ်းနမ်းစတိုင်သီချင်း မသီဆိုချိန်ကတည်းက ကိုရီးယားတွင် ကျော်ကြားနေပြီးဖြစ်ကာ ဂမ်းနမ်းစတိုင်သီဆိုအပြီးတွင်မူ YouTube မှတဆင့် အမေရိကအထိ ထိုးဖောက်ရောက်ရှိသွားခဲ့သည်။
PSY ၏ ဂမ်းနမ်းစတိုင်သီချင်းသည် YouTube တွင် လူကြည့်အများဆုံးထိပ်တန်းဗွီဒီယိုများစာရင်းတွင် ပါဝင်နေပြီး ကြည့်ရှုမှုအကြိမ်ရေ ၄ ဒသမ ၃၆ ဘီလီယံအထိ ရှိသည်။
PSY သည် ဂမ်းနမ်းစတိုင်ဖြင့် ကမ္ဘာကျော်ခဲ့ပြီးနောက်ပိုင်း Scooter Braun ( ဂျပ်စတင်ဘီဘာ၏ မန်နေဂျာ) နှင့် တေးထုတ်လုပ်ရေးစာချုပ်ချုပ်ဆိုခဲ့ကာ Westwood မှ ယခုကွန်ဒိုခန်းကို ဝယ်ယူခဲ့မှုနှင့်အတူ အမေရိကသို့ သူ၏ အနုပညာနယ်ပယ် ချဲ့ထွင်ခဲ့သည်။
မှန်ရောင်ဖိတ်ဖိတ်လက်နေသည့် မော်ဒန်ကွန်ဒိုခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၂၇၇၆ ရှိပြီး Blair အဆောက်အအုံ၏ အထပ်နိမ့်ပိုင်းတွင် တည်ရှိသည်။
Blair ကွန်ဒိုသည် ၁၉၈၉ ခုနှစ်က ဆောက်လုပ်ခဲ့သော ကွန်ဒိုတစ်ခုဖြစ်ပြီး PSY ၏ အခန်းတွင် ကြီးမားသောပြတင်းများနှင့် ခေတ်မီမွမ်းမံပြင်ဆင်ထားမှုများကို တွေ့ရသည်။
(PSY ဘာလဲ)
PSY ၏ အမည်ရင်းမှာ Park Jae Sang ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် ၊ ဂမ်းနမ်းခရိုင်တွင် ၁၉၇၇ ခုနှစ်၌ မွေးဖွားသည်။
ကိုရီးယား အဆိုတော်၊ ရက်ပ်အဆိုတော်၊ တေးရေး၊ တေးထုတ်လုပ်သူတစ်ဦးဖြစ်သည်။
သူ၏ ရယ်စရာကောင်းသောဗွီဒီယိုများ၊ စင်မြင့်ဖျော်ဖြေပုံများဖြင့် နာမည်ကျော်သည်။
ကိုရီးယားတွင် နာမည်ကျော်ကြားပြီးဖြစ်သော်လည်း Gangnam Style သီချင်းဖြင့် နိုင်ငံတကာအထိ ကျော်ကြားသော အဆိုတော်ဖြစ်လာခဲ့သည်။ ဂမ်းနမ်းစတိုင်သီချင်းသည် YouTube ၏ သမိုင်းတွင် ကြည့်ရှုသူ ၁ ဘီလီယံကျော်ခဲ့သည့် ပထမဆုံး ဗွီဒီယိုလည်း ဖြစ်သည်။
သတင်းမီဒီယာများတွင် PSY ကို King of YouTube ဟု တင်စားရေးသားကြသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် PSY သည် နယူးယောက်မြို့၊ Time Square တွင် တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်သည့် နှစ်သစ်ကူးအကြိုပွဲတော်တွင် အမေရိကန် ရက်ပ်အဆိုတော် MC Hammer နှင့်အတူ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ခဲ့သည်။
ဗြိတိသျှ ရော့ခ်အဖွဲ့ကြီး Queen က ဝင်ဘလေကွင်းကြီးတွင် Bohemian Rhapsody သီချင်း ဖျော်ဖြေတင်ဆက်နေပုံကို ကိုရီးယားရုပ်သံလိုင်းတစ်ခုမှ စတင်ကြည့်ရှုလိုက်ရပြီးနောက် ဂီတကို ဝါသနာပါခဲ့ခြင်းဖြစ်ကြောင်း PSY က ပြောဖူးသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Gangnam Style’ singer Psy buys LA condo (nbcnews)
[Zawgyi]
(PSY ဘာလဲ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CarsDB
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service