Forest Gump ဇာတ်ကားဖြင့် ပရိသတ်၏ ချစ်ခင်ခြင်းခံရသူ တွမ်ဟင့် ဘယ်မှာနေလဲ

Forest Gump ဇာတ်ကားဖြင့် ပရိသတ်၏ ချစ်ခင်ခြင်းခံရသူ တွမ်ဟင့် ဘယ်မှာနေလဲ - Property News in Myanmar from iMyanmarHouse.com
8 Mar 2022 10:39 am တွင် တင်ခဲ့သည်
2001 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တွမ်ဟင့် (Tom Hanks) ၏ အမည်ရင်းမှာ သောမတ်စ် ဂျက်ဖရီ ဟင့်စ်ဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် မွေးဖွားသူဖြစ်ကာ ဟာသဇာတ်မြူး၊ အလွမ်းအဆွေးဇာတ်ကားများဖြင့် နာမည်ကျော်သည်။

ကမ္ဘာပေါ်ရှိ မှတ်မိလွယ်ဆုံး ရုပ်ရှင်ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အမေရိကန်ယဉ်ကျေးမှုပြယုဂ် အဖြစ် သတ်မှတ်ခြင်းခံရသည်။

တွမ်ဟင့်သည် သူ၏ မျိုးဆက်တွင် ချစ်ခင်တန်ဖိုးထားခံရဆုံး ရုပ်ရှင်သရုပ်ဆောင်များ၌ တစ်ဦးအပါအဝင်ဖြစ်သူ ဖြစ်သည်။

စွယ်စုံသရုပ်ဆောင် တွမ်ဟင့်သည် ၁၉၈၀ နှင့် ၉၀ ပြည့်လွန်ကာလများအတွင်း အထင်ကရ ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောက၏ အရေးပါသောသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေသည်။

လူတန်းစားပေါင်းစုံ၊ အရွယ်စုံက လက်ခံထားသော ထပ်ဆင့်အော်စကာဆုရှင် တွမ်ဟင့်အကြောင်း သိဖွယ်ရာများ များပြားလှသည်။ ဤဆောင်းပါးတွင်မူ သူ၏စံအိမ်များ အကြောင်းကိုသာ ဖော်ပြသွားမည်ဖြစ်ပါသည်။

(တွမ်ဟင့် ဘယ်မှာနေလဲ)

တွမ်ဟင့်သည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး လှေအိမ်တစ်ခုပေါ်တွင်ပင် နေထိုင်ခဲ့ဖူးသည်။ တွမ်ဟင့်သည် လော့စ်အိန်ဂျလိမြို့၊ ပစိဖိတ် ပါလစ်ဆိတ်ဒေသတစ်လွှားရှိ စံအိမ်ပေါင်းများစွာတွင် နေထိုင်ခဲ့သည်။

ဂရိနိုင်ငံ၊ အန်တီပဲရော့စ် (Antiparos) နှင့် ပက်တ်မော့စ် (Patmos) ကျွန်းစုများပေါ်တွင်လည်း အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။

(တွမ်ဟင့်၏ လော့စ်အိန်ဂျလိ စံအိမ်)

တွမ်ဟင့်သည် လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ကြယ်ပွင့်များ အခြေချရာဒေသတစ်ခုဖြစ်သော ပစိဖိတ် ပါလစ်ဆိတ်တွင် ဘေးချင်းကပ်လျက်နေအိမ် ၂ လုံးကို ဝယ်ယူထားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့သည်။ တွမ်ဟင့်နှင့် ဇနီးဖြစ်သူ ရီတာ ဝီလ်ဆင်တို့၏ လက်ရှိစံအိမ်မှာ ၎င်း၏ စံအိမ်များအားလုံးတွင် အကောင်းဆုံးဖြစ်သည်။

စတုရန်းပေ ၁၄၅၁၃ ကျယ်ဝန်းသော စံအိမ်ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ချောက်ကမ်းပါးဘေးတွင် တည်ရျှိသော စံအိမ်ကို ထုံးကျောက်ဖြင့် ဆောက်လုပ်ထားသည်။ သို့သော် ကျစ်လစ်ကာ မော်ဒန်ဆန်သည့် အလှရှိသည်။

အဆိုပါ စံအိမ်၏ ဓာတ်ပုံများ ရှားပါးပြီး အသေးစိတ်အချက်အလက်များ မသိရချေ။

(တွမ်ဟင့်၏ ဂရိနိုင်ငံ အန်တီပဲရော့စ်ကျွန်းမှ စံအိမ်)

ထိပ်တန်းအကျော်အမော်တစ်ဦးအနေဖြင့် တခါတရံတွင် လူမြင်ကွင်းမှ ဝေးကွာသည့် ကျေးလက်နေရာမျိုး လိုအပ်သည်။

တွမ်ဟင့်တို့မိသားစု၏ လူသူဝေးကွာရာ အပန်းဖြေနေရာကား ဂရိနိုင်ငံ အန်တီပဲရော့စ် (Antiparos) ကျွန်းငယ်ကလေးတွင် ဖြစ်သည်။

အန်တီပဲရော့စ် ကျွန်းကလေးသည် ဂရိနိုင်ငံ၏ အရှေ့တောင်ဘက်၊ Aegean ပင်လယ်အတွင်း တည်ရှိသည်။

တွမ်ဟင့်သည် အန်တီပဲရော့စ်တွင် ၂၀၀၄ ခုနှစ်အတွင်း မြေအများအပြား ဝယ်ယူထားခဲ့သည်။

တွမ်ဟင့်တို့ ဇနီးမောင်နှံက အဆိုပါကျွန်းသို့ တတ်နိုင်သမျှ မကြာခဏသွားရောက်လည်ပတ်နိုင်ရန် ကြိုးစားကြသည်။ ၎င်းတို့၏ များပြားလှသော လုပ်ဆောင်ဖွယ်ရာများအကြားမှ အနည်းဆုံး နွေရာသီရောက်တိုင်း လည်ပတ်နိုင်ရန် စီစဉ်ထားကြသည်။

တွမ်ဟင့်၏ စံအိမ်ခြံဝန်းမှာ ၆ ဧက ကျယ်ဝန်းပြီး ဂရိနိုင်ငံ၏ အလှတရားများကို အကောင်းဆုံးရရှိနိုင်သည့်နေရာ တစ်ခုလည်း ဖြစ်သည်။

(တွမ်ဟင့်၏ ဆန်ဖရန်စစ္စကို လှေအိမ်)

တွမ်ဟင့်သည် ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်မလာမီက ဆန်ဖရန်စစ္စကိုတွင် ကြမ်းတမ်းသည့် ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

ဆန်ဖရန်စစ္စကို၏ အရှေ့မြောက်ဘက် ကွန်းကော့ဒ်မြို့ကလေးတွင် ၁၉၅၆ ခုနှစ်အတွင်း မွေးဖွားကာ ဆန်ဖရန်စစ္စကို ဝန်းကျင်တွင် ကြီးပြင်းခဲ့ကာ ဆယ်စုနှစ် ၂ ခုနီးပါး နေထိုင်ခဲ့သည်။

တွမ်ဟင့်သည် ၁၉၇၃ မှ ၁၉၇၆ ခုနှစ်အထိ လှေအိမ်ကလေးတစ်ခုပေါ်တွင် ဖခင်၊ မိထွေးတို့နှင့်အတူ နေထိုင်ခဲ့ရသည်။

တွမ်ဟင့်တို့မိသားစုနေထိုင်သည့် လှေအိမ်ကလေးမှာ စတုရန်းပေ ၁၁၅၂ ပေရှိပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်း ပါဝင်သည်။

နှစ်ထပ်ဆောက်လုပ်ထားသည့် အိမ်ကလေးတွင် အပေါ်ထပ်၌ ဧည့်ခန်းနှင့် မီးဖိုဆောင်တို့ ထားရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tom Hanks House: Inside His Los Angeles Mansion & Greek Island Getaway (velvetropes)

 

[Zawgyi]

Forest Gump ဇာတ္ကားျဖင့္ ပရိသတ္၏ ခ်စ္ခင္ျခင္းခံရသူ တြမ္ဟင့္ ဘယ္မွာေနလဲ

တြမ္ဟင့္ (Tom Hanks) ၏ အမည္ရင္းမွာ ေသာမတ္စ္ ဂ်က္ဖရီ ဟင့္စ္ျဖစ္ျပီး ၁၉၅၆ ခုႏွစ္တြင္ ေမြးဖြားသူျဖစ္ကာ ဟာသဇာတ္ျမဴး၊ အလြမ္းအေဆြးဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္သည္။

ကမၻာေပၚရွိ မွတ္မိလြယ္ဆံုး ရုပ္ရွင္ၾကယ္ပြင့္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး အေမရိကန္ယဥ္ေက်းမႈျပယုဂ္ အျဖစ္ သတ္မွတ္ျခင္းခံရသည္။

တြမ္ဟင့္သည္ သူ၏ မ်ဳိးဆက္တြင္ ခ်စ္ခင္တန္ဖုိးထားခံရဆံုး ရုပ္ရွင္သရုပ္ေဆာင္မ်ား၌ တစ္ဦးအပါအဝင္ျဖစ္သူ ျဖစ္သည္။

စြယ္စံုသရုပ္ေဆာင္ တြမ္ဟင့္သည္ ၁၉၈၀ ႏွင့္ ၉၀ ျပည့္လြန္ကာလမ်ားအတြင္း အထင္ကရ ရုပ္ရွင္မ်ားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ရုပ္ရွင္ေလာက၏ အေရးပါေသာသရုပ္ေဆာင္တစ္ဦးအျဖစ္ ရပ္တည္ေနသည္။

လူတန္းစားေပါင္းစံု၊ အရြယ္စံုက လက္ခံထားေသာ ထပ္ဆင့္ေအာ္စကာဆုရွင္ တြမ္ဟင့္အေၾကာင္း သိဖြယ္ရာမ်ား မ်ားျပားလွသည္။ ဤေဆာင္းပါးတြင္မူ သူ၏စံအိမ္မ်ား အေၾကာင္းကိုသာ ေဖာ္ျပသြားမည္ျဖစ္ပါသည္။

(တြမ္ဟင့္ ဘယ္မွာေနလဲ)

တြမ္ဟင့္သည္ အေမရိကန္ျပည္ေထာင္စု၊ ဆန္ဖရန္စစၥကိုျမိဳ႕တြင္ ၾကီးျပင္းခဲ့သူျဖစ္ျပီး ေလွအိမ္တစ္ခုေပၚတြင္ပင္ ေနထုိင္ခဲ့ဖူးသည္။ တြမ္ဟင့္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ပစိဖိတ္ ပါလစ္ဆိတ္ေဒသတစ္လႊားရွိ စံအိမ္ေပါင္းမ်ားစြာတြင္ ေနထုိင္ခဲ့သည္။

ဂရိႏိုင္ငံ၊ အန္တီပဲေရာ့စ္ (Antiparos) ႏွင့္ ပက္တ္ေမာ့စ္ (Patmos) ကၽြန္းစုမ်ားေပၚတြင္လည္း အိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားသည္။

(တြမ္ဟင့္၏ ေလာ့စ္အိန္ဂ်လိ စံအိမ္)

တြမ္ဟင့္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ နာမည္ေက်ာ္ ၾကယ္ပြင့္မ်ား အေျခခ်ရာေဒသတစ္ခုျဖစ္ေသာ ပစိဖိတ္ ပါလစ္ဆိတ္တြင္ ေဘးခ်င္းကပ္လ်က္ေနအိမ္ ၂ လံုးကို ဝယ္ယူထားခဲ့ျပီး ၂၀၁၇ ခုႏွစ္တြင္ ျပန္လည္ေရာင္းခ်ခဲ့သည္။ တြမ္ဟင့္ႏွင့္ ဇနီးျဖစ္သူ ရီတာ ဝီလ္ဆင္တို႔၏ လက္ရွိစံအိမ္မွာ ၎၏ စံအိမ္မ်ားအားလံုးတြင္ အေကာင္းဆံုးျဖစ္သည္။

စတုရန္းေပ ၁၄၅၁၃ က်ယ္ဝန္းေသာ စံအိမ္ကို ၂၀၁၀ ျပည့္ႏွစ္၊ ဇန္နဝါရီတြင္ ကန္ေဒၚလာ ၂၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းပါဝင္ျပီး ေခ်ာက္ကမ္းပါးေဘးတြင္ တည္ရွိ်ေသာ စံအိမ္ကို ထံုးေက်ာက္ျဖင့္ ေဆာက္လုပ္ထားသည္။ သို႔ေသာ္ က်စ္လစ္ကာ ေမာ္ဒန္ဆန္သည့္ အလွရွိသည္။

အဆိုပါ စံအိမ္၏ ဓာတ္ပံုမ်ား ရွားပါးျပီး အေသးစိတ္အခ်က္အလက္မ်ား မသိရေခ်။

(တြမ္ဟင့္၏ ဂရိႏိုင္ငံ အန္တီပဲေရာ့စ္ကၽြန္းမွ စံအိမ္)

ထိပ္တန္းအေက်ာ္အေမာ္တစ္ဦးအေနျဖင့္ တခါတရံတြင္ လူျမင္ကြင္းမွ ေဝးကြာသည့္ ေက်းလက္ေနရာမ်ဳိး လိုအပ္သည္။

တြမ္ဟင့္တို႔မိသားစု၏ လူသူေဝးကြာရာ အပန္းေျဖေနရာကား ဂရိႏိုင္ငံ အန္တီပဲေရာ့စ္ (Antiparos) ကၽြန္းငယ္ကေလးတြင္ ျဖစ္သည္။

အန္တီပဲေရာ့စ္ ကၽြန္းကေလးသည္ ဂရိႏိုင္ငံ၏ အေရွ႕ေတာင္ဘက္၊ Aegean ပင္လယ္အတြင္း တည္ရွိသည္။

တြမ္ဟင့္သည္ အန္တီပဲေရာ့စ္တြင္ ၂၀၀၄ ခုႏွစ္အတြင္း ေျမအမ်ားအျပား ဝယ္ယူထားခဲ့သည္။

တြမ္ဟင့္တို႔ ဇနီးေမာင္ႏွံက အဆိုပါကၽြန္းသို႔ တတ္ႏိုင္သမွ် မၾကာခဏသြားေရာက္လည္ပတ္ႏိုင္ရန္ ၾကိဳးစားၾကသည္။ ၎တို႔၏ မ်ားျပားလွေသာ လုပ္ေဆာင္ဖြယ္ရာမ်ားအၾကားမွ အနည္းဆံုး ေႏြရာသီေရာက္တိုင္း လည္ပတ္ႏိုင္ရန္ စီစဥ္ထားၾကသည္။

တြမ္ဟင့္၏ စံအိမ္ျခံဝန္းမွာ ၆ ဧက က်ယ္ဝန္းျပီး ဂရိႏိုင္ငံ၏ အလွတရားမ်ားကို အေကာင္းဆံုးရရွိႏိုင္သည့္ေနရာ တစ္ခုလည္း ျဖစ္သည္။

(တြမ္ဟင့္၏ ဆန္ဖရန္စစၥကို ေလွအိမ္)

တြမ္ဟင့္သည္ ေဟာလိဝုဒ္ၾကယ္ပြင့္ျဖစ္မလာမီက ဆန္ဖရန္စစၥကိုတြင္ ၾကမ္းတမ္းသည့္ ဘဝကို ျဖတ္သန္းခဲ့ရသူ ျဖစ္သည္။

ဆန္ဖရန္စစၥကို၏ အေရွ႕ေျမာက္ဘက္ ကြန္းေကာ့ဒ္ျမဳိ႕ကေလးတြင္ ၁၉၅၆ ခုႏွစ္အတြင္း ေမြးဖြားကာ ဆန္ဖရန္စစၥကို ဝန္းက်င္တြင္ ၾကီးျပင္းခဲ့ကာ ဆယ္စုႏွစ္ ၂ ခုနီးပါး ေနထိုင္ခဲ့သည္။

တြမ္ဟင့္သည္ ၁၉၇၃ မွ ၁၉၇၆ ခုႏွစ္အထိ ေလွအိမ္ကေလးတစ္ခုေပၚတြင္ ဖခင္၊ မိေထြးတို႔ႏွင့္အတူ ေနထုိင္ခဲ့ရသည္။

တြမ္ဟင့္တို႔မိသားစုေနထိုင္သည့္ ေလွအိမ္ကေလးမွာ စတုရန္းေပ ၁၁၅၂ ေပရွိျပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္သည္။

ႏွစ္ထပ္ေဆာက္လုပ္ထားသည့္ အိမ္ကေလးတြင္ အေပၚထပ္၌ ဧည့္ခန္းႏွင့္ မီးဖိုေဆာင္တို႔ ထားရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tom Hanks House: Inside His Los Angeles Mansion & Greek Island Getaway (velvetropes)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service