လီဗာပူးနည်းပြ ယာဂန်ကလော့ဖ်က နည်းပြဟောင်း ဘရန်ဒန် ရော့ဂျာ၏ စံအိမ်ကို ငှားရမ်းနေထိုင်လျက်ရှိ
လီဗာပူးနည်းပြ ယာဂန်ကလော့ဖ်က နည်းပြဟောင်း ဘရန်ဒန် ရော့ဂျာ၏ စံအိမ်ကို ငှားရမ်းနေထိုင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Feb 2022 11:37 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လီဗာပူး၏ ထွန်းတောက်ခဲ့စဉ်ကာလများတွင် လီဗာပူးကို ဦးဆောင်မောင်းနှင်ခဲ့သူဖြစ်ပြီး ယခုအခါတွင် လက်စ်တာအသင်း (Leicester) နည်းပြဖြစ်နေသူ ဘရန်ဒန် ရော့ဂျာစ်သည် လက်စ်တာကို ဦးဆောင်ကာ အန်းဖီးကွင်းသို့ လာရောက်ယှဉ်ပြိုင်ရချိန်များတွင် အိမ်ပြန်ရောက်သကဲ့သို့ ခံစားရမည်ဖြစ်၏။
လီဗာပူးတွင် ဘရန်ဒန် ရော့ဂျာစ်၏ နေအိမ်ရှိသည်။ သို့သော် လက်ရှိအားဖြင့် နေအိမ်တွင် နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။
လီဗာပူးတွင်ရှိသော သူ့အိမ်ကို ယာဂန် ကလော့အား ငှားရမ်းထားသည် မဟုတ်လော။
ယာဂန် ကလော့သည် ၂၀၁၅ ခုနှစ်တွင် လီဗာပူးနည်းပြအဖြစ် သူ့နေရာကို အစားထိုး ဝင်ရောက်လာသူ ဖြစ်၏။
မိမိနေရာ ဆက်ခံမည့်သူအပေါ် မလိုမုန်းတီးစိတ်မထားဘဲ မိမိနေအိမ်အား ငှားရမ်းခဲ့ခြင်းမှာ မိမိ၏ စိတ်ကူးစိတ်သန်းပင်ဖြစ်ကြောင်း အသက် ၄၉ နှစ်ရှိပြီဖြစ်သော ရော့ဂျာစ်က ထုတ်ဖော်ပြောကြားသည်။
“ကျွန်တော်က ကလပ်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေတတ်တဲ့လူစားမျိုးပါ။ အထူးသဖြင့် ကျွန်တော်နဲ့ အလုပ်တွေအတူတွဲလုပ်ခဲ့တဲ့အပြင် ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ ဂျော်ဒန်နဲ့ ဂျိမ်းစ် မီလ်နာတို့လို ကစားသမားတွေအတွက် ဝမ်းမြောက်ရပါတယ်” ဟု ရော့ဂျာစ်က တယ်လီဂရပ်ဖ်သတင်းစာသို့ ပြောသည်။
“ဂျော်ဒန်က ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်လိုက်တဲ့အချိန်မှာ သူ့အတွက် ကျွန်တော်ပျော်ရွှင်ရတယ်။ သူဘယ်လောက်တိုးတက်သွားခဲ့တယ်…အဲဒီအတွက် ဘယ်လောက်အလုပ်လုပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိလို့ပါ”
“ကျွန်တော်က ခါးသီးမုန်းတီးနေရတဲ့သူမျိုး ဘယ်တော့မှ ဖြစ်မနေချင်ဘူး။ ဒါကြောင့်ပဲ ယာဂန်ကို ကျွန်တော့်အိမ်မှာ နေခွင့်ပေးခဲ့တာပါ။ လီဗာပူးက ကစားသမားဆက်ဆံရေးအရာရှိ ရေးဟော်ဂန် (ယခု လီဗာပူး၏ အော်ပရေးရှင်း မန်နေဂျာ)နဲ့ ကျွန်တော်က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ သူက ကျွန်တော့်ကို လာပြောခဲ့တယ်။ ယာဂန်က လီဗာပူးမှာ နေဖို့အိမ်ရှာရခက်နေတယ်လို့ ပြောတော့ ကျွန်တော်က ….ငါ ..လန်ဒန်မှာ ခဏပြောင်းနေမှာ။ လက်စ်တာမှာ ရှိလိမ့်မှာမဟုတ်ဘူး။ အဲဒါကြောင့် ယာဂန် လာနေလို့ရတယ်…လို့ ပြောခဲ့ပါတယ်”
“ဘောလုံးအသင်း မန်နေဂျာတစ်ယောက် နေရာသစ်ကိုပြောင်းရွှေ့ရတာ ဘယ်လိုလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ မိသားစုကို အထိုင်ချပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေချင်မှာပါပဲ။ သူက ကျွန်တော့်အိမ်ကို လက်ခံလိုက်ပြီး အဲ့ကတည်းက နေနေတာ ခုထိပါပဲ။ ကျွန်တော်က သူ့ကို အောင်မြင်စေချင်သလို ကလပ်ကိုလည်း အောင်မြင်စေချင်ပါတယ်”
အသက် ၅၄ နှစ်ရှိပြီဖြစ်သော ယာဂန်ကလော့သည် အိမ်တွင်းရေကူးကန်တစ်ခုပါသော ရော့ဂျာစ်၏အိမ်တွင် ကောင်းစွာအထိုင်ကျနေပြီ ဖြစ်သည်။
လက်စ်တာအသင်းသည် ၂၀၁၅ -၁၆ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားရရှိခဲ့ပြီး ၎င်းတို့၏ ပထမဆုံးလိဂ်ဖလားလည်း ဖြစ်သည်။ သတင်းစာပေါင်းများစွာက လက်စ်တာအသင်း ဖလားရခဲ့မှုကို အားကစားလောက၏ ဂယက်အရိုက်ဆုံး ဖြစ်ရပ်ဟု ဖော်ပြခဲ့ကြသည်။ ကလပ်၏ သမိုင်းကြောင်းတလျှောက် ယခင်က အမြင့်ဆုံးရောက်ရှိခဲ့သည့် နေရာမှာ ဒုတိယနေရာအထိသာဖြစ်ပြီး ၁၉၂၈-၂၉ ဘောလုံးရာသီက ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jurgen Klopp lives in Brendan Rodgers’ house… and it was the ex-Liverpool manager’s kind-hearted idea (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CarsDB
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service