ဆန်ဒရာဘူးလော့ခ် လော့စ်အိန်ဂျလိ ကွန်ဒို ၂ ခန်းရောင်းရာတွင် အရှုံးပေါ်

ဆန်ဒရာဘူးလော့ခ် လော့စ်အိန်ဂျလိ ကွန်ဒို ၂ ခန်းရောင်းရာတွင် အရှုံးပေါ် - Property News in Myanmar from iMyanmarHouse.com
21 Feb 2022 11:20 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရောင်းချသူ- ဆန်ဒရာ ဘူးလော့ခ်

တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဆီယာရာ တာဝါ

ဈေးနှုန်း- ကန်ဒေါ်လာ ၈ သန်း( ၂ ခန်းပေါင်း)

ဆောက်လုပ်သည့်ခုနှစ်-၁၉၆၅

ဗိသုကာပညာရှင်-ဂျက်ခ် အေ-ချာနေး

အသေးစိတ်- ဆီယာရာ တာဝါတွင် တည်ရှိသော အခန်း ၂ ခန်းဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း ၃၇၇၃ စတုရန်းပေ  ယခုလိုမျိုးဖြစ်ခဲသည်။ သို့သော် ဒီတစ်ချီတွင်တော့ ဆန်ဒရာဘူးလော့ခ်တစ်ယောက် အိမ်ခြံမြေ အရောင်းအဝယ်တွင် ကျောကော့သွား၏။ နှစ်ပေါင်းများစွာကာလအတွင်း ဆန်ဒရာဘူးလော့ခ်သည် ဟောလိဝုဒ်၏ အပါးနပ်ဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများတွင် တစ်ဦးအပါအဝင်အဖြစ် နာမည်ကျော်ခဲ့သည်။

လက်ရှိအားဖြင့် စီးပွားရေးနှင့် လူနေအိမ်ခြံမြေများစွာလည်း ပိုင်ဆိုင်ထားပြီး ကာလတန်ကြေး ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရှိ၏။

ဆန်ဒရာဘူးလော့ခ်သည် ဆီယာရာ တာဝါရှိ သူမ၏ ကွန်ဒို ၂ ခန်းကို ပြန်လည်ရောင်းထုတ်ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။

ဆီယာရာ တာဝါသည် Sunset Strip အနီးတွင် တည်ရှိသော ၃၁ ထပ်မြင့်မားသည့် မိုးမျှော်တိုက်တစ်လုံး ဖြစ်ကာ ၁၉၆၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့သည်။

အဆိုပါမိုးမျှော်တိုက်ကြီးသည် ယခင်ကော ယခုပါ နာမည်ကျော် အကျော်အမော်များစွာ နေထိုင်လျက်သည့် နေရာတစ်ခု ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆန်ဒရာ ဘူးလော့ခ်သည် ကွန်ဒို ၂ ခန်းကို ဝယ်လက်တစ်ဦးစီသို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂ ခန်းပေါင်း ရငွေမှာ ကန်ဒေါ်လာ ၈ သန်းဖြစ်သည်။

ဒေါ်လာ ၈ သန်းဟူသည်မှာ များပြားသည့် ငွေပမာဏဖြစ်သော်လည်း ဆန်ဒရာဘူးလော့ခ် ဝယ်ခဲ့ရသည့် ဈေးဖြစ်သော ကန်ဒေါ်လာ ၈ ဒသမ ၇ သန်းအောက် နည်းပါးနေသည်။

ဆန်ဒရာဘူးလော့ခ်က ယင်းအခန်း ၂ ခန်းကို ၂၀၁၄ နှင့် ၂၀၁၇ ခုနှစ်များတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အထပ် ၂၀ မြောက်ရှိ စတုရန်းပေ ၂၁၀၀ ကျယ်ဝန်းသော ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ရုပ်ရှင်ဒါရိုက်တာ တော့ဒ် ဖိလစ်ထံသို့ ရောင်းချခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆန်ဒရာဘူးလော့ခ်သည် ထိုအခန်းကို ၂၀၁၇ ခုနှစ်အတွင်းက ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၅ ဒသမ ၁ သန်း ပေးခဲ့ရခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း အရှုံးပေါ်ခဲ့သည်။

ကျန်တစ်ခန်းတွင်မူ အခြေအနေကောင်းသည်ဟု ဆိုရမည်။ ထိုအခန်းမှာ ၂၂ ထပ်မြောက်တွင် တည်ရှိပြီး အိပ်ခန်း ၂ ခန်းပါသည်။

၂၂ ထပ်မြောက်အခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခု အရောင်းအဝယ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းဖြင့် ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦးထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခန်းကို ဆန်ဒရာ ဘူးလော့ခ်မတိုင်မီက ရုပ်ရှင်သရုပ်ဆောင် မက်သူး ပယ်ရီလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

ဆီယာရာ တာဝါတွင် ယခင်နှင့် ယခု နေထိုင်ခဲ့ဖူးသော ၊ နေထိုင်နေကြသော အကျော်အမော်များမှာ အယ်လ်တန်ဂျွန်၊ ချား (Cher)၊ ဒေးဗစ် ဂက်ဖန်း၊ လင်းဆေးလိုဟန်၊ ကယ်လီ အော့စ်ဘွန်းနှင့် အဒမ် ဆန်ဒလာတို့ ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sandra Bullock Takes Loss on Sale of Two Sierra Towers Condos (dirt)

[Zawgyi]

ဆန္ဒရာဘူးေလာ့ခ္ ေလာ့စ္အိန္ဂ်လိ ကြန္ဒို ၂ ခန္းေရာင္းရာတြင္ အရံႈးေပၚ

ေရာင္းခ်သူ- ဆန္ဒရာ ဘူးေလာ့ခ္

တည္ေနရာ- အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဆီယာရာ တာဝါ

ေစ်းႏႈန္း- ကန္ေဒၚလာ ၈ သန္း( ၂ ခန္းေပါင္း)

ေဆာက္လုပ္သည့္ခုႏွစ္-၁၉၆၅

ဗိသုကာပညာရွင္-ဂ်က္ခ္ ေအ-ခ်ာေနး

အေသးစိတ္- ဆီယာရာ တာဝါတြင္ တည္ရွိေသာ အခန္း ၂ ခန္းျဖစ္ျပီး စုစုေပါင္းအက်ယ္အဝန္း ၃၇၇၃ စတုရန္းေပ ယခုလိုမ်ဳိးျဖစ္ခဲသည္။ သို႔ေသာ္ ဒီတစ္ခ်ီတြင္ေတာ့ ဆန္ဒရာဘူးေလာ့ခ္တစ္ေယာက္ အိမ္ျခံေျမ အေရာင္းအဝယ္တြင္ ေက်ာေကာ့သြား၏။ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဆန္ဒရာဘူးေလာ့ခ္သည္ ေဟာလိဝုဒ္၏ အပါးနပ္ဆံုးအိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ နာမည္ေက်ာ္ခဲ့သည္။

လက္ရွိအားျဖင့္ စီးပြားေရးႏွင့္ လူေနအိမ္ျခံေျမမ်ားစြာလည္း ပိုင္ဆိုင္ထားျပီး ကာလတန္ေၾကး ကန္ေဒၚလာ သန္း ၁၀၀ နီးပါးရွိ၏။

ဆန္ဒရာဘူးေလာ့ခ္သည္ ဆီယာရာ တာဝါရွိ သူမ၏ ကြန္ဒို ၂ ခန္းကို ျပန္လည္ေရာင္းထုတ္ရန္ မၾကာေသးမီက ဆံုးျဖတ္ခဲ့သည္။

ဆီယာရာ တာဝါသည္ Sunset Strip အနီးတြင္ တည္ရွိေသာ ၃၁ ထပ္ျမင့္မားသည့္ မိုးေမွ်ာ္တိုက္တစ္လံုး ျဖစ္ကာ ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့သည္။

အဆိုပါမိုးေမွ်ာ္တိုက္ၾကီးသည္ ယခင္ေကာ ယခုပါ နာမည္ေက်ာ္ အေက်ာ္အေမာ္မ်ားစြာ ေနထုိင္လ်က္သည့္ ေနရာတစ္ခု ျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဆန္ဒရာ ဘူးေလာ့ခ္သည္ ကြန္ဒို ၂ ခန္းကို ဝယ္လက္တစ္ဦးစီသို႔ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ၂ ခန္းေပါင္း ရေငြမွာ ကန္ေဒၚလာ ၈ သန္းျဖစ္သည္။

ေဒၚလာ ၈ သန္းဟူသည္မွာ မ်ားျပားသည့္ ေငြပမာဏျဖစ္ေသာ္လည္း ဆန္ဒရာဘူးေလာ့ခ္ ဝယ္ခဲ့ရသည့္ ေစ်းျဖစ္ေသာ ကန္ေဒၚလာ ၈ ဒသမ ၇ သန္းေအာက္ နည္းပါးေနသည္။

ဆန္ဒရာဘူးေလာ့ခ္က ယင္းအခန္း ၂ ခန္းကို ၂၀၁၄ ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အထပ္ ၂၀ ေျမာက္ရွိ စတုရန္းေပ ၂၁၀၀ က်ယ္ဝန္းေသာ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၃ ဒသမ ၆ သန္းျဖင့္ ရုပ္ရွင္ဒါရိုက္တာ ေတာ့ဒ္ ဖိလစ္ထံသို႔ ေရာင္းခ်ခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဆန္ဒရာဘူးေလာ့ခ္သည္ ထိုအခန္းကို ၂၀၁၇ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၅ ဒသမ ၁ သန္း ေပးခဲ့ရျခင္းျဖစ္ရာ ယခုအေရာင္းအဝယ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္း အရံႈးေပၚခဲ့သည္။

က်န္တစ္ခန္းတြင္မူ အေျခအေနေကာင္းသည္ဟု ဆိုရမည္။ ထိုအခန္းမွာ ၂၂ ထပ္ေျမာက္တြင္ တည္ရွိျပီး အိပ္ခန္း ၂ ခန္းပါသည္။

၂၂ ထပ္ေျမာက္အခန္းကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခု အေရာင္းအဝယ္တြင္ ကန္ေဒၚလာ ၄ ဒသမ ၄ သန္းျဖင့္ ခ်မ္းသာၾကြယ္ဝေသာ အမ်ဳိးသမီးတစ္ဦးထံ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

အဆိုပါအခန္းကို ဆန္ဒရာ ဘူးေလာ့ခ္မတိုင္မီက ရုပ္ရွင္သရုပ္ေဆာင္ မက္သူး ပယ္ရီလည္း ပိုင္ဆိုင္ခဲ့ဖူးသည္။

ဆီယာရာ တာဝါတြင္ ယခင္ႏွင့္ ယခု ေနထိုင္ခဲ့ဖူးေသာ ၊ ေနထိုင္ေနၾကေသာ အေက်ာ္အေမာ္မ်ားမွာ အယ္လ္တန္ဂၽြန္၊ ခ်ား (Cher)၊ ေဒးဗစ္ ဂက္ဖန္း၊ လင္းေဆးလိုဟန္၊ ကယ္လီ ေအာ့စ္ဘြန္းႏွင့္ အဒမ္ ဆန္ဒလာတို႔ ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sandra Bullock Takes Loss on Sale of Two Sierra Towers Condos (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service