Lethal Weapon မင်းသားကြီး ဂျိုးပက်စီ နယူးဂျာစီစံအိမ်ကို ဒေါ်လာ ၅ သန်းဖြင့် ရောင်းချ

Lethal Weapon မင်းသားကြီး ဂျိုးပက်စီ နယူးဂျာစီစံအိမ်ကို ဒေါ်လာ ၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
18 Feb 2022 10:01 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျိုးပက်စီ(မွေး-၁၉၄၃) သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

ဒါရိုက်တာ မာတင်စကော့စီစီ၊ ရုပ်ရှင်သရုပ်ဆောင် ရောဘတ်ဒီနီရိုးတို့နှင့်အတူ Raging Bull (၁၉၈၀)၊ Goodfellas (၁၉၉၀) ၊ Casino (၁၉၉၅) နှင့် The Irishman (၂၀၁၉) ဇာတ်ကားများတွင် ပူးတွဲသရုပ်ဆောင်ခဲ့မှုဖြင့် ထင်ရှားသည်။

Once upon a time in America (၁၉၈၄) ၊ Moonwalker (၁၉၈၈) နှင့် Lethal Weapon ဇာတ်လမ်းတွဲများ (၁၉၈၉ မှ ၁၉၉၈ ထိ) ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

Goodfellas ဇာတ်ကားတွင် စရိုက်ကြမ်းသော စိတ်ဝေဒနာရှင် ဂိုဏ်းခေါင်းဆောင် တော်မီ ဒီဗီတိုအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင် အော်စကာဆု ရရှိခဲ့သည်။

ယခုအခါ ဂျိုးပက်စီသည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ လာဗာလက်ထ်မြို့ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာကြီးတွင် ဖော်ပြသည်။

အဆိုပါဈေးမှာ ၂၀၁၉ ခုနှစ်က ဈေးအောက် များစွာလျော့ကျသွားသည့် ဈေးနှုန်းလည်း ဖြစ်သည်။

မင်းသားကြီး ဂျိုးပက်စီသည် ၂၀၁၉ ခုနှစ်အတွင်း ယခုစံအိမ်ကြီးကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ပထမအကြိမ် ဈေးကွက်တင်ခဲ့ဖူးသေးသည်။

ပထမအကြိမ်ခေါ်ဈေးမှာ ပင်လယ်ကမ်းခြေမြို့ကလေး လာဗာလက်ထ်တွင် အမြင့်မားဆုံးခေါ်ဈေးအဖြစ် စံချိန်တင်ခဲ့ဖူးသည်။ လက်ရှိအားဖြင့် ယင်းဒေသ၏ အလယ်လတ်တန်း အိမ်ခြံမြေဈေးနှုန်းမှာ ကန်ဒေါ်လာ ၈၀၄၀၀၀ ဖြစ်သည်။

သို့အတွက် တန်ဖိုးကြီးစံအိမ်များအနေဖြင့် ရောင်းထွက်ရန် အချိန်စောင့်ရလေသည်။ သို့သော် ပက်စီက ခေါ်ဈေးကို ပြောင်းလိုက်၏။ ပထမဆုံး မျှော်မှန်းခဲ့သည့်ဈေးနှုန်းမရသည့်တိုင် ဂျိုးပက်စီအတွက် များစွာမြတ်စွန်းနေဆဲဖြစ်သည်။

ယခုအိမ်ကို ၁၉၉၄ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၈၅၀၀၀၀ သာ ပေးခဲ့ရသည်။

ဝယ်ယူပြီးနောက် နှစ်ပေါင်းများစွာ ကာလအတွင်း ရုပ်ရှင်သရုပ်ဆောင်ကြီး ပက်စီက စိတ်ကြိုက်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ကြီးမားကျယ်ဝန်းလှသော စံအိမ်ကြီးအတွင်း ရုပ်ရှင်လောကသားဘဝ အမှတ်တရများစွာဖြင့် မွမ်းမံအလှဆင်ထားခဲ့သည်။ ယခုစံအိမ်ကြီးသည် ဂျိုးပက်စီနှင့် ဆက်နွှယ်မှုတန်ဖိုးအပြင် အခြားသော ထူးခြားချက်များစွာရှိနေသေးသည်။

ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၇၂၀၀ ကျယ်ဝန်းသော စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

နှစ်ထပ်အဆောက်အအုံရှိရာသို့ ကြောင်လိမ်လှေကားမှတဆင့် သွားရောက်နိုင်သလို ဓာတ်လှေကားဖြင့်လည်း ရောက်ရှိနိုင်သည်။

အခန်းဖွင့်ပုံစံဆောက်လုပ်ထားမှုနှင့် မှန်နံရံများကြောင့် ဧည့်ခန်းနှင့် ညစာစားခန်းတို့မှာ ပင်လယ်ရေပြင်၏ ရှုမျှော်ခင်းများ ကောင်းစွာမြင်တွေ့ရသည်။

စားသောက်ရန်နေရာပါသော မီးဖိုဆောင်၏အလယ်ဗဟိုတွင် ချက်ပြုတ်ရာနေရာပါဝင်ပြီး ကြွေပြားခင်း ကြမ်းပြင် ဖြစ်သည်။ ဒုတိယထပ်ရှိ Master Bedroom တွင် သီးသန့်လသာဆောင်၊ ရေချိုးခန်းနှင့် ရုံးခန်းတစ်ခုတို့ ပါဝင်သည်။

ရုပ်ရှင်လောက အမှတ်တရများအကြောင်း အသေးစိတ်ကား မသိရချေ။

မီဒီယာခန်းမတွင်မူ Lethal Weapon ဇာတ်ကားမှ pinball ကစားခုံ၊ “Goodfellas” နှင့် “Casino” ဇာတ်ကားများ၏ ရုပ်ရှင်ပိုစတာများကို တွေ့ရသည်။

ဂီတခန်းမအတွင်းတွင်လည်း “Raging Bull” ဇာတ်ကားတွင် ရောဘတ်ဒီနီရိုးနှင့်အတူ သရုပ်ဆောင်ခဲ့သည့် ဓာတ်ပုံအပြင် သူ၏ ဓာတ်ပုံများ နံရံတွင် ချိတ်ဆွဲပြသထားသည်။

နေအိမ်ပြင်ပတွင် ကြီးမားကျယ်ပြောသည့် လသာဆောင်၊ အပူပေးစနစ်ပါသော ရေကန်နှင့် spa တို့အပြင် လှေဆိပ်တစ်ခုလည်း ပါဝင်သေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Joe Pesci’s Jersey Shore Mansion Finally Sells for $5M (realtor)

 

[Zawgyi]

Lethal Weapon မင္းသားၾကီး ဂ်ဳိးပက္စီ နယူးဂ်ာစီစံအိမ္ကို ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်

ဂ်ိဳးပက္စီ(ေမြး-၁၉၄၃) သည္ အေမရိကန္ရုပ္ရွင္သရုပ္ေဆာင္၊ ဂီတပညာရွင္တစ္ဦး ျဖစ္သည္။

ဒါရိုက္တာ မာတင္စေကာ့စီစီ၊ ရုပ္ရွင္သရုပ္ေဆာင္ ေရာဘတ္ဒီနီရိုးတို႔ႏွင့္အတူ Raging Bull (၁၉၈၀)၊ Goodfellas (၁၉၉၀) ၊ Casino (၁၉၉၅) ႏွင့္ The Irishman (၂၀၁၉) ဇာတ္ကားမ်ားတြင္ ပူးတြဲသရုပ္ေဆာင္ခဲ့မႈျဖင့္ ထင္ရွားသည္။

Once upon a time in America (၁၉၈၄) ၊ Moonwalker (၁၉၈၈) ႏွင့္ Lethal Weapon ဇာတ္လမ္းတြဲမ်ား (၁၉၈၉ မွ ၁၉၉၈ ထိ) ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

Goodfellas ဇာတ္ကားတြင္ စရိုက္ၾကမ္းေသာ စိတ္ေဝဒနာရွင္ ဂိုဏ္းေခါင္းေဆာင္ ေတာ္မီ ဒီဗီတိုအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ အေကာင္းဆံုးဇာတ္ပို႔ သရုပ္ေဆာင္ ေအာ္စကာဆု ရရွိခဲ့သည္။

ယခုအခါ ဂ်ဳိးပက္စီသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ လာဗာလက္ထ္ျမိဳ႕ရွိ ကမ္းေျခစံအိမ္ၾကီးကို ကန္ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်လိုက္ျပီျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းစာၾကီးတြင္ ေဖာ္ျပသည္။

အဆိုပါေစ်းမွာ ၂၀၁၉ ခုႏွစ္က ေစ်းေအာက္ မ်ားစြာေလ်ာ့က်သြားသည့္ ေစ်းႏႈန္းလည္း ျဖစ္သည္။

မင္းသားၾကီး ဂ်ဳိးပက္စီသည္ ၂၀၁၉ ခုႏွစ္အတြင္း ယခုစံအိမ္ၾကီးကို ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ပထမအၾကိမ္ ေစ်းကြက္တင္ခဲ့ဖူးေသးသည္။

ပထမအၾကိမ္ေခၚေစ်းမွာ ပင္လယ္ကမ္းေျချမိဳ႕ကေလး လာဗာလက္ထ္တြင္ အျမင့္မားဆံုးေခၚေစ်းအျဖစ္ စံခ်ိန္တင္ခဲ့ဖူးသည္။ လက္ရွိအားျဖင့္ ယင္းေဒသ၏ အလယ္လတ္တန္း အိမ္ျခံေျမေစ်းႏႈန္းမွာ ကန္ေဒၚလာ ၈၀၄၀၀၀ ျဖစ္သည္။

သို႔အတြက္ တန္ဖိုးၾကီးစံအိမ္မ်ားအေနျဖင့္ ေရာင္းထြက္ရန္ အခ်ိန္ေစာင့္ရေလသည္။ သို႔ေသာ္ ပက္စီက ေခၚေစ်းကို ေျပာင္းလိုက္၏။ ပထမဆံုး ေမွ်ာ္မွန္းခဲ့သည့္ေစ်းႏႈန္းမရသည့္တိုင္ ဂ်ဳိးပက္စီအတြက္ မ်ားစြာျမတ္စြန္းေနဆဲျဖစ္သည္။

ယခုအိမ္ကို ၁၉၉၄ ခုႏွစ္အတြင္း ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၈၅၀၀၀၀ သာ ေပးခဲ့ရသည္။

ဝယ္ယူျပီးေနာက္ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ရုပ္ရွင္သရုပ္ေဆာင္ၾကီး ပက္စီက စိတ္ၾကိဳက္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ၾကီးမားက်ယ္ဝန္းလွေသာ စံအိမ္ၾကီးအတြင္း ရုပ္ရွင္ေလာကသားဘဝ အမွတ္တရမ်ားစြာျဖင့္ မြမ္းမံအလွဆင္ထားခဲ့သည္။ ယခုစံအိမ္ၾကီးသည္ ဂ်ဳိးပက္စီႏွင့္ ဆက္ႏႊယ္မႈတန္ဖုိးအျပင္ အျခားေသာ ထူးျခားခ်က္မ်ားစြာရွိေနေသးသည္။

ေခတ္ျပိဳင္ဗိသုကာဟန္ျဖင့္ ၁၉၉၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး စတုရန္းေပ ၇၂၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးအတြင္း အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္း ပါဝင္သည္။

ႏွစ္ထပ္အေဆာက္အအံုရွိရာသို႔ ေၾကာင္လိမ္ေလွကားမွတဆင့္ သြားေရာက္ႏိုင္သလို ဓာတ္ေလွကားျဖင့္လည္း ေရာက္ရွိႏိုင္သည္။ အခန္းဖြင့္ပံုစံေဆာက္လုပ္ထားမႈႏွင့္ မွန္နံရံမ်ားေၾကာင့္ ဧည့္ခန္းႏွင့္ ညစာစားခန္းတို႔မွာ ပင္လယ္ေရျပင္၏ ရႈေမွ်ာ္ခင္းမ်ား ေကာင္းစြာျမင္ေတြ႔ရသည္။

စားေသာက္ရန္ေနရာပါေသာ မီးဖိုေဆာင္၏အလယ္ဗဟိုတြင္ ခ်က္ျပဳတ္ရာေနရာပါဝင္ျပီး ေၾကြျပားခင္း ၾကမ္းျပင္ ျဖစ္သည္။ ဒုတိယထပ္ရွိ Master Bedroom တြင္ သီးသန္႔လသာေဆာင္၊ ေရခ်ဳိးခန္းႏွင့္ ရံုးခန္းတစ္ခုတို႔ ပါဝင္သည္။

ရုပ္ရွင္ေလာက အမွတ္တရမ်ားအေၾကာင္း အေသးစိတ္ကား မသိရေခ်။

မီဒီယာခန္းမတြင္မူ Lethal Weapon ဇာတ္ကားမွ pinball ကစားခံု၊ “Goodfellas” ႏွင့္ “Casino” ဇာတ္ကားမ်ား၏ ရုပ္ရွင္ပိုစတာမ်ားကို ေတြ႔ရသည္။

ဂီတခန္းမအတြင္းတြင္လည္း “Raging Bull” ဇာတ္ကားတြင္ ေရာဘတ္ဒီနီရိုးႏွင့္အတူ သရုပ္ေဆာင္ခဲ့သည့္ ဓာတ္ပံုအျပင္ သူ၏ ဓာတ္ပံုမ်ား နံရံတြင္ ခ်ိတ္ဆြဲျပသထားသည္။

ေနအိမ္ျပင္ပတြင္ ၾကီးမားက်ယ္ေျပာသည့္ လသာေဆာင္၊ အပူေပးစနစ္ပါေသာ ေရကန္ႏွင့္ spa တို႔အျပင္ ေလွဆိပ္တစ္ခုလည္း ပါဝင္ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Joe Pesci’s Jersey Shore Mansion Finally Sells for $5M (realtor)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service