အက်ရှင်မင်းသားကြီး အာနိုးမိသားစု ကာလကြာရှည်နေထိုင်ခဲ့သောစံအိမ် ဒေါ်လာ ၁၁ သန်းဖြင့် ရောင်းချမည်
အက်ရှင်မင်းသားကြီး အာနိုးမိသားစု ကာလကြာရှည်နေထိုင်ခဲ့သောစံအိမ် ဒေါ်လာ ၁၁ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
15 Feb 2022 10:24 am တွင် တင်ခဲ့သည်
2402 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
အက်ရှင်သရုပ်ဆောင် မင်းသားကြီး အာနိုး ရှဝါဇနက်ဂါနှင့် ဇနီးဟောင်းတို့ ကာလကြာရှည်နေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်စံအိမ် ကန်ဒေါ်လာ ၁၁ သန်းဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာပြန်သည်။
ယခုဈေးကွက်တင်လာသည့်ပိုင်ရှင်မှာ ကနေဒီမိသားစုမှဖြစ်ပြီး အာနိုး ရှဝါဇနက်ဂါ၏ ဇနီးဟောင်းမှာလည်း ကနေဒီမိသားစုဝင်တစ်ဦး ဖြစ်သည်။
ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်ဘဝအပြင် ကယ်လီဖိုးနိးယားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူ အာနိုးနှင့် ကမ္ဘာသိ သတင်းသမား ဇနီးဟောင်း မာရီယာ ရှရိုင်ဗာတို့က ယခုစံအိမ်ကြီးကို ၁၉၈၆ မှ ၂၀၁၃ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။
ယခုစံအိမ်ကြီးတွင်ပင် သားသမီး ၄ ဦးကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင်ကား အာနိုး ရှဝါဇနက်ဂါသည် အိမ်ဖော်ဖြစ်သူနှင့် ကလေးရထားကြောင်း ဇနီးဖြစ်သူ သိရှိသွားပြီးနောက်ပိုင်း လင်မယားကွာရှင်းပြတ်စဲခဲ့ကြသည်။
၂၀၁၃ ခုနှစ်တွင် လင်မယားကွာရှင်းပြတ်စဲခဲ့ပြီး မကြာမီတွင်ပင် ယခုစံအိမ်ကြီးကို ရောဘတ်ကနေဒီ၏သား စာရေးဆရာ/ရှေ့နေ မက်ဇ်ဝဲလ် ကနေဒီ Maxwell Kennedy ထံ ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့သည်။
အာနိုး၏ ဇနီးသည်လည်း ကနေဒီမိသားစုဝင်ဖြစ်ရာ ယခုစံအိမ်ကြီးသည် ကနေဒီအသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှှုအောက်တွင် ၁၉၈၆ ခုနှစ်မှစကာ ယခုဈေးကွက်တင်ချိန်အထိ ရှိနေခဲ့သည်ဟု ဆိုနိုင်သည်။
ယခုခေါ်ဈေးမှာ လွန်ခဲ့သော ၈ နှစ်က အာနိုးထံမှ ဝယ်ယူခဲ့သည့် ဈေးအောက် နည်းပါးသည့် ခေါ်ဈေးလည်း ဖြစ်သည်။
စတုရန်းမီတာ ၃၈၈ ရှိသော ခြံဝန်းကြီးသည် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Pacific Palisades အရပ်မှ ချောင်ကျကာ သီးသန့်ရှိသော စံအိမ် ၁၆ လုံးအနက်မှ တစ်ခုလည်းဖြစ်သည်။
၁၉၈၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ခေတ်ပြိုင်ဗိသုကာဟန်စံအိမ်ဖြစ်ကာ ခြံဝန်းအကျယ် ၇၀၈၂ စတုရန်းမီတာရှိပြီး Will Rogers ပန်းခြံနှင့် Rustic Canyon ချောင်းတို့ကြားတွင် တည်ရှိသည်။
စံအိမ်အတွင်း လေဝင်လေထွက်ကောင်းသော အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ မီးလင်းဖို ၃ ခု၊ ကြီးမားသော မီးဖိုဆောင်တစ်ခုနှင့် တဆက်တည်းရှိသော မိသားစုနားနေခန်း၊ spa၊ sauna ၊ လှိုဏ်ဂူသဏ္ဍာန် ရေကန်၊ ဝက်သစ်ချပင်၊ သဖန်းပိုးစာပင်နှင့် သြစတေးလျ ယူကလစ်ပင်များ ဝန်းပတ်ထားသော တင်းနစ်ကွင်းတို့ ပါဝင်သည်။
ယခုစံအိမ်ကြီးကို ပိုင်ဆိုင်ခဲ့သူများမှာ ဒိတ်ဒိတ်ကြဲများ ဖြစ်ရုံမျှမက အဆိုပါနေရာဝန်းကျင်ကလေးသည်လည်း ဟောလိဝုဒ်ထိပ်တန်းကြယ်ပွင့်များ အခြေချရာနေရာဖြစ်ခဲ့ရာ စတီဗင် စပီးလ်ဘတ်၊ တွမ်ဟန့်၊ မစ်ရှဲလ် ပိုင်းဖာ (Michelle Pfeiffer)၊ ဘင် အက်ဖလက်နှင့် မက်ထ် ဒါမွန်တို့ အပါအဝင်ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The former longtime family home of Arnold Schwarzenegger and Maria Shriver hits the market for $US11 million (domain)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service