အဆိုတော် တီနာ တာနာ ဒေါ်လာ ၇၆ သန်းတန်စံအိမ်ကို အားလပ်ရက် အပန်းဖြေရန် ဝယ်ယူ

အဆိုတော် တီနာ တာနာ ဒေါ်လာ ၇၆ သန်းတန်စံအိမ်ကို အားလပ်ရက် အပန်းဖြေရန် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 Feb 2022 10:17 am တွင် တင်ခဲ့သည်
1148 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာပရိသတ်နှင့်မစိမ်းသူ အဆိုတော် တီနာ တာနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ကန်ဒေါ်လာ ၇၆ သန်းတန်စံအိမ်ကို အားလပ်ရက် အပန်းဖြေရန်အတွက် ဝယ်ယူခဲ့သည်။

တီနာ တာနာသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက အမေရိကန်ပြည်ထောင်စုကို ကျောခိုင်းခဲ့ပြီး ဖြစ်သည်။

သူ၏ လက်တွဲဖော် အာဝင် ဘက်ချ်(ယခု ခင်ပွန်း) နှင့် စတင်ချစ်ကြိုက်ခဲ့ပြီးနောက် အမေရိကကို ကျောခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်ဖွား ဆွစ်လူမျိုး တီနာတာနာသည် အမေရိကတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ၂၀၁၃ ခုနှစ်တွင် အာဝင်ဘက်ချ်နှင့် လက်ထပ်ပြီးချိန်၌ သူမ၏ အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့သည်။

လွန်ခဲ့သော စက်တင်ဘာလအတွင်း တီနာတာနာသည် ဆွစ်ဇာလန်ရှိ အိမ်ခြံမြေပိုင်ဆိုင်မှုကို တိုးချဲ့ရန်အတွက် ဇူးရစ်ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည့် ကမ်းစပ်မှ အဆောက်အအုံ ၁၀ လုံးပါ ခြံကြီးကို ကန်ဒေါ်လာ ၇၆ သန်းဖြင့် ဝယ်ယူခဲ့သည်။

လက်ရှိအချိန်တွင် တီနာတာနာသည် ဆွစ်ဇာလန်၌ အခြေချနေထိုင်နေပြီလည်း ဖြစ်သည်။

ဆွစ်ဇာလန်မှ သတင်းများအရ တင်းနစ်ကြယ်ပွင့် ရောဂျာ ဖက်ဒါရာသည်လည်း တီနာတာနာ ယခုဝယ်ယူလိုက်သော ခြံကြီးကို ဝယ်ရန် တခါက စဉ်းစားခဲ့ဖူးသည်ဟု ဆိုသည်။

ဆွစ်ဇာလန်ထုတ် ဒေသတွင်းသတင်းစာဖြစ်သော Daily Handelszeitung နှင့် တွေ့ဆုံမေးမြန်းခန်းတွင် တီနာတာနာ (ယခု အသက် ၈၂ နှစ်ရှိပြီ) ၏ ခင်ပွန်းက ပြောသည်မှာ ၎င်းတို့ ၂ ဦးလုံး ဆွစ်ဇာလန်နိုင်ငံသားအဖြစ် ရရှိအပြီးတွင် ယခုခြံကြီးကို ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

တီနာတာနာ၏ ခင်ပွန်းမှာ ဂျာမနီနိုင်ငံသား ဖြစ်သည်။

“ဆွစ်ဇာလန်မှာက နေရတာ တော်တော်စိတ်ချမ်းသာတယ်လို့ ကျွန်တော်တို့ခံစားရတယ်။ ကပ်ဘေးနဲ့ အကျိုးဆက်တွေကြောင့် တခြား ဆွစ်လူမျိုးတွေလိုပဲ ကျွန်တော်တို့လည်း ခရီးမသွားကြပါဘူး” ဟု ဘက်ချ်က ပြောသည်။

စတုရန်းပေ ၂၄၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးကို အားလပ်ရက် အပန်းဖြေစခန်းနေရာအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဘက်ချ်က ပြောသည်။

ခြံဝန်းကြီးအတွင်း သီးသန့်ရေကန်၊ စမ်းချောင်း၊ ရေကူးကန်နှင့် လှေဆိပ်တို့ ပါဝင်သည်။

တီနာတာနာတို့ စုံတွဲသည် ဆွစ်ဇာလန်နိုင်ငံသားဘဝ မရရှိမီကာလအတွင်း ဇူးရစ်မြို့ပြင်မှ ကီးစ်နာ (Kuesnacht) မြို့ကလေးရှိ ရှာထိုး အယ်လ်ကောင်းကွင် (Chateau Algonquin) ဟု အမည်ရသော စံအိမ်ကြီးတစ်လုံးကို ငှားရမ်းကာ နှစ်အတန်ကြာ နေထိုင်ခဲ့ကြသည်။

ဆွစ်ဇာလန်၏ ဥပဒေအရ နိုင်ငံသားမဟုတ်သူများသည် အိမ်ခြံမြေ ဝယ်ယူခွင့်မရှိချေ။

တီနာတာနာ၏ သီချင်းများသည် မြန်မာပရိသတ်နှင့် မစိမ်းချေ။ သူ၏ သီချင်းအများအပြားကို မြန်မာနိုင်ငံမှ အဆိုတော်များက ပြန်လည်သီဆိုမှု များစွာရှိခဲ့ကြသည်။

တီနာတာနာ (Tina turner ) နှင့် Bryan adams တို့ ပူးတွဲသီဆိုခဲ့သော It's only love သီချင်းကို ဘိုဘိုနှင့် တင်ဇာမော်တို့က အချစ်ကမ်းမဲ့လက်ဟု လည်းကောင်း၊ တီနာတာနာနှင့် ရော့ဒ်စတီးဝပ်တို့ ပူးတွဲသီဆိုခဲ့သော It’s take two ကို ခရစ္စတိုဖာနှင့် သီရိဂျေမောင်မောင်တို့က မနေခဲ့ဘူးဘေဘီ၊ တီနာတာနာ၏ Simply the best ကို ချောစုခင်က အခါးသီးဆုံး၊ missing you ကို ချောစုခင်ကပင် ကိုယ့်အလင်းရှင်၊ Don’t turn around ကို ပိုးဒါလီသိန်းတန်က အသည်းကွဲခြေလှမ်း၊ I don’t wanna lose you ကို တင်ဇာမော်က ပြန်လာခဲ့အချစ်ဆုံး၊ Steamy window ကို တင်ဇာမော်ကပင် ၂၁ ရာစု၊ What you get is what you see ကို စိုးသူက အရေးကြီးတယ်ဟု လည်းကောင်း ပြန်လည်သီဆိုခဲ့ကြသည်။

ထို့အပြင် တီနာတာနာ၏ Sometimes when we touch အမည်ရှိသီချင်းကို မြန်မာနိုင်ငံတွင် လေးဖြူ၊ ဂရေဟမ်၊ ချမ်းချမ်း၊ ထွန်းအိန္ဒြာဗိုလ်နှင့် စည်သူလွင်တို့က သီချင်းခေါင်းစဉ်အမျိုးမျိုးဖြင့် ပြန်လည်သီဆိုခဲ့ကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tina Turner and husband buy $76M Swiss estate as a ‘weekend retreat’ (New York Post)

 

[Zawgyi]

အဆိုေတာ္ တီနာ တာနာ ေဒၚလာ ၇၆ သန္းတန္စံအိမ္ကို အားလပ္ရက္ အပန္းေျဖရန္ ဝယ္ယူ

ျမန္မာပရိသတ္ႏွင့္မစိမ္းသူ အဆိုေတာ္ တီနာ တာနာသည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ကန္ေဒၚလာ ၇၆ သန္းတန္စံအိမ္ကို အားလပ္ရက္ အပန္းေျဖရန္အတြက္ ဝယ္ယူခဲ့သည္။

တီနာ တာနာသည္ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာကတည္းက အေမရိကန္ျပည္ေထာင္စုကို ေက်ာခိုင္းခဲ့ျပီး ျဖစ္သည္။

သူ၏ လက္တြဲေဖာ္ အာဝင္ ဘက္ခ်္(ယခု ခင္ပြန္း) ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီးေနာက္ အေမရိကကို ေက်ာခိုင္းခဲ့ျခင္းလည္း ျဖစ္သည္။

အေမရိကန္ဖြား ဆြစ္လူမ်ဳိး တီနာတာနာသည္ အေမရိကတြင္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ျပီးေနာက္ ၂၀၁၃ ခုႏွစ္တြင္ အာဝင္ဘက္ခ်္ႏွင့္ လက္ထပ္ျပီးခ်ိန္၌ သူမ၏ အေမရိကန္ႏိုင္ငံသားအျဖစ္ကို စြန္႔လႊတ္ခဲ့သည္။

လြန္ခဲ့ေသာ စက္တင္ဘာလအတြင္း တီနာတာနာသည္ ဆြစ္ဇာလန္ရွိ အိမ္ျခံေျမပိုင္ဆိုင္မႈကို တိုးခ်ဲ႕ရန္အတြက္ ဇူးရစ္ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရသည့္ ကမ္းစပ္မွ အေဆာက္အအံု ၁၀ လံုးပါ ျခံၾကီးကို ကန္ေဒၚလာ ၇၆ သန္းျဖင့္ ဝယ္ယူခဲ့သည္။

လက္ရွိအခ်ိန္တြင္ တီနာတာနာသည္ ဆြစ္ဇာလန္၌ အေျခခ်ေနထုိင္ေနျပီလည္း ျဖစ္သည္။

ဆြစ္ဇာလန္မွ သတင္းမ်ားအရ တင္းနစ္ၾကယ္ပြင့္ ေရာဂ်ာ ဖက္ဒါရာသည္လည္း တီနာတာနာ ယခုဝယ္ယူလိုက္ေသာ ျခံၾကီးကို ဝယ္ရန္ တခါက စဥ္းစားခဲ့ဖူးသည္ဟု ဆိုသည္။

ဆြစ္ဇာလန္ထုတ္ ေဒသတြင္းသတင္းစာျဖစ္ေသာ Daily Handelszeitung ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ တီနာတာနာ (ယခု အသက္ ၈၂ ႏွစ္ရွိျပီ) ၏ ခင္ပြန္းက ေျပာသည္မွာ ၎တို႔ ၂ ဦးလံုး ဆြစ္ဇာလန္ႏိုင္ငံသားအျဖစ္ ရရွိအျပီးတြင္ ယခုျခံၾကီးကို ဝယ္ယူလိုက္ျခင္းျဖစ္ေၾကာင္း ေျပာသည္။

တီနာတာနာ၏ ခင္ပြန္းမွာ ဂ်ာမနီႏိုင္ငံသား ျဖစ္သည္။ “ဆြစ္ဇာလန္မွာက ေနရတာ ေတာ္ေတာ္စိတ္ခ်မ္းသာတယ္လို႔ ကၽြန္ေတာ္တို႔ခံစားရတယ္။ ကပ္ေဘးနဲ႔ အက်ဳိးဆက္ေတြေၾကာင့္ တျခား ဆြစ္လူမ်ဳိးေတြလိုပဲ ကၽြန္ေတာ္တို႔လည္း ခရီးမသြားၾကပါဘူး” ဟု ဘက္ခ်္က ေျပာသည္။

စတုရန္းေပ ၂၄၀၀၀၀ ေက်ာ္ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးကို အားလပ္ရက္ အပန္းေျဖစခန္းေနရာအျဖစ္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္းလည္း ဘက္ခ်္က ေျပာသည္။

ျခံဝန္းၾကီးအတြင္း သီးသန္႔ေရကန္၊ စမ္းေခ်ာင္း၊ ေရကူးကန္ႏွင့္ ေလွဆိပ္တို႔ ပါဝင္သည္။

တီနာတာနာတို႔ စံုတြဲသည္ ဆြစ္ဇာလန္ႏိုင္ငံသားဘဝ မရရွိမီကာလအတြင္း ဇူးရစ္ျမိဳ႕ျပင္မွ ကီးစ္နာ (Kuesnacht) ျမိဳ႕ကေလးရွိ ရွာထိုး အယ္လ္ေကာင္းကြင္ (Chateau Algonquin) ဟု အမည္ရေသာ စံအိမ္ၾကီးတစ္လံုးကို ငွားရမ္းကာ ႏွစ္အတန္ၾကာ ေနထုိင္ခဲ့ၾကသည္။

ဆြစ္ဇာလန္၏ ဥပေဒအရ ႏိုင္ငံသားမဟုတ္သူမ်ားသည္ အိမ္ျခံေျမ ဝယ္ယူခြင့္မရွိေခ်။

တီနာတာနာ၏ သီခ်င္းမ်ားသည္ ျမန္မာပရိသတ္ႏွင့္ မစိမ္းေခ်။ သူ၏ သီခ်င္းအမ်ားအျပားကို ျမန္မာႏိုင္ငံမွ အဆိုေတာ္မ်ားက ျပန္လည္သီဆိုမႈ မ်ားစြာရွိခဲ့ၾကသည္။

တီနာတာနာ (Tina turner ) ႏွင့္ Bryan adams တို႔ ပူးတြဲသီဆိုခဲ့ေသာ It's only love သီခ်င္းကို ဘိုဘိုႏွင့္ တင္ဇာေမာ္တို႔က အခ်စ္ကမ္းမဲ့လက္ဟု လည္းေကာင္း၊ တီနာတာနာႏွင့္ ေရာ့ဒ္စတီးဝပ္တုိ႔ ပူးတြဲသီဆိုခဲ့ေသာ It’s take two ကို ခရစၥတိုဖာႏွင့္ သီရိေဂ်ေမာင္ေမာင္တို႔က မေနခဲ့ဘူးေဘဘီ၊ တီနာတာနာ၏ Simply the best ကို ေခ်ာစုခင္က အခါးသီးဆံုး၊ missing you ကို ေခ်ာစုခင္ကပင္ ကိုယ့္အလင္းရွင္၊ Don’t turn around ကို ပိုးဒါလီသိန္းတန္က အသည္းကြဲေျခလွမ္း၊ I don’t wanna lose you ကို တင္ဇာေမာ္က ျပန္လာခဲ့အခ်စ္ဆံုး၊ Steamy window ကို တင္ဇာေမာ္ကပင္ ၂၁ ရာစု၊ What you get is what you see ကို စိုးသူက အေရးၾကီးတယ္ဟု လည္းေကာင္း ျပန္လည္သီဆိုုခဲ့ၾကသည္။

ထုိ႔အျပင္ တီနာတာနာ၏ Sometimes when we touch အမည္ရွိသီခ်င္းကို ျမန္မာႏိုင္ငံတြင္ ေလးျဖဴ၊ ဂေရဟမ္၊ ခ်မ္းခ်မ္း၊ ထြန္းအိျႏၵာဗိုလ္ႏွင့္ စည္သူလြင္တို႔က သီခ်င္းေခါင္းစဥ္အမ်ဳိးမ်ဳိးျဖင့္ ျပန္လည္သီဆိုုခဲ့ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tina Turner and husband buy $76M Swiss estate as a ‘weekend retreat’ (New York Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service