အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နေအိမ်ဘယ်နှစ်လုံး ပိုင်သလဲ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နေအိမ်ဘယ်နှစ်လုံး ပိုင်သလဲ - Property News in Myanmar from iMyanmarHouse.com
10 Feb 2022 10:23 am တွင် တင်ခဲ့သည်
2154 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဒီလာဝယ်ပြည်နယ်တွင် တန်ဖိုးကြီးနေအိမ်များ ပိုင်ဆိုင်ထားပြီး အဆိုပါ နေအိမ်များမှာ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသည်။
(ဂျိုးဘိုင်ဒင် နေအိမ်ဘယ်နှစ်လုံး ပိုင်သလဲ)
ဂျိုးဘိုင်ဒင်သည် သူ၏မိတ်ဆွေများအကြားတွင် “လူလတ်တန်းစားဂျိုး”ဟု လူသိများသည်။ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်စဉ်ကာလများအတွင်း သူ၏ အောက်ခြေဘဝဖြတ်သန်းခဲ့မှုများကို ဂုဏ်ယူစွာ ပြောပြလေ့ရှိသည်။
သမ္မတနှင့် သမ္မတကတော် ဂျေးလ် ဘိုင်ဒင်တို့သည် ဒီလာဝယ်တွင် နေအိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။
သမ္မတက မိမိကိုယ်ကို ညွှန်းဆိုသည်မှာ “အောက်လွှတ်တော်တွင် အဆင်းရဲဆုံး အမတ်များထဲမှ တစ်ဦး ဖြစ်ခဲ့သည်” ဟု ဆိုလေ့ရှိသည်။ ငွေကြေး မကြာခဏကျပ်တည်းနေလေ့ရှိသော ဖခင်နှင့် ကြီးပြင်းခဲ့ရပုံများကို ဘိုင်ဒင်က ပြန်ပြောပြလေ့ရှိသည်။
“စောင့်ထိန်းရမည့် ကတိများ” ဟု အမည်ပေးကာ ရေးသားထုတ်ဝေထားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ဘိုင်ဒင်က မိမိသည် အိမ်ခြံမြေ ဝါသနာကြီးကြောင်း ရေးသားထားသည်။
“အထက်တန်းကျောင်းသားအရွယ် ကလေးဘဝကတည်းက အိမ်ခြံမြေရဲ့ ဖမ်းစားမှုကို ခံခဲ့ရပါတယ်” ဟု ဘိုင်ဒင်က ရေးသားထားသည်။
(ဂျိုးဘိုင်ဒင်ရဲ့ အိမ်တွေ ဘယ်မှာရှိလဲ)
ဘိုင်ဒင်၏ လက်ရှိအိမ်မှာ ဒီလာဝယ်ပြည်နယ်၊ ဂရင်းဗီးလ်မြို့၊ ဝီလ်မင်တန်အရပ်တွင် တည်ရှိသည်။
စတုရန်းပေ ၆၈၅၀ ကျယ်ဝန်းသော စံအိမ်ကို ဘိုင်ဒင်က ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အိမ်ခြံမြေဈေးများ မြင့်တက်လာရာ အဆိုပါနေအိမ်၏တန်ဖိုးမှာ ကန်ဒေါ်လာ ၁ သန်းနီးပါး တန်ကြေးှရှိနေပြီ ဖြစ်သည်။
ဒုတိယ သမ္မတတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းက ဘိုင်ဒင်သည် အဆိုပါအိမ်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) သို့ ကန်ဒေါ်လာ ၂၂၀၀ ဖြင့် အငှားချထားခဲ့သည်။
နောက်ပိုင်းတွင် သားဖြစ်သူ Beau ဦးနှောက်ကင်ဆာရောဂါဖြစ်ပွားချိန်တွင် ဆေးကုသစရိတ် ရရှိရန်အတွက် ဘိုင်ဒင်က ထိုအိမ်ကို ရောင်းချရန် စီစဉ်ခဲ့သည်။
သို့သော် ထိုအချိန်က သမ္မတတာဝန်ထမ်းဆောင်နေသည့် ဘားရက်အိုဘားမားက အိမ်မရောင်းရန် နားချကာ ငွေထုတ်ချေးပေးခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်းတွင် ဂျိုးဘိုင်ဒင်တို့ ဇနီးမောင်နှံသည် ဒီလာဝယ်ပြည်နယ်ရှိ အခြားသောနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
အဆိုပါအိမ်သည် ကမ်းခြေသို့ ခေတ္တလမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ နေအိမ်ပြင်ပတွင်လည်း ဧည့်သည်များကို ဧည့်ခံနိုင်မည့်အရာများ ပါဝင်သည်။
(အိမ်တွေ ပြန်ရောင်းခဲ့တာရှိလား)
ဘိုင်ဒင်သည် ၁၉၇၄ ခုနှစ်တွင် ဇနီးဖြစ်သူ Neilia Biden ကွယ်လွန်ကာ မုဆိုးဖိုဖြစ်ခဲ့ပြီးနောက် နေအိမ်တစ်လုံး ဝယ်ယူခဲ့သည်။
ထိုနေအိမ်မှာ ဒီလာဝယ်ပြည်နယ်၊ ဂရင်းဗီးလ်မြို့တွင် တည်ရှိပြီး ကန်ဒေါ်လာ ၁၈၅၀၀၀ ပေးခဲ့ရသည်။
စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသော အဆိုပါစံအိမ်ကို ဌာနချုပ်ဟု လူသိများသည်။ ၁၉၈၈ ခုနှစ်တွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါစံအိမ်ကို ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည်။
(သူ့အိမ်တွေက ငွေအကြေချေပြီးသားလား)
ဒေသတွင်း မှတ်တမ်းများအရ ဘိုင်ဒင်သည် ဝီလ်မင်တန်အရပ်ရှိ နေအိမ်အတွက် အိမ်ခြံမြေချေးငွေ ကန်ဒေါ်လာ ၅၄၀၀၀၀ ရှိနေပြီး အဆိုပါ ငွေကို ပေးဆပ်ရန် ကျန်ရှိသေးသည်။ သူ၏ ထုတ်ဖော်ပြောပြချက်အရ သူ့တွင် အခြားကြွေးမြီ ၂ ခုလည်း ရှိသေးသည်။
ယင်းအနက်တစ်ခုမှာ သူ၏ သားတစ်ဦးနှင့် ပူးတွဲသည့် ကြွေးမြီ ကန်ဒေါ်လာ ၁၅၀၀၀ မှ ၅၀၀၀၀ ကြားရှိသည်။
အခြားသော သူပိုင်ဆိုင်သည့်နေအိမ်များအတွက် အိမ်ခြံမြေချေးငွေ ရှိ၊ မရှိကိုမူ မသိရချေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: How many houses does Joe Biden have and where are they? (The-Sun)
[Zawgyi]
နောက်ပိုင်းတွင် အိမ်ခြံမြေဈေးများ မြင့်တက်လာရာ အဆိုပါနေအိမ်၏တန်ဖိုးမှာ ကန်ဒေါ်လာ ၁ သန်းနီးပါး တန်ကြေှးရှိနေပြီ ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service